“___ ထီး ___”

==============================

ထီးကို ယောက်ျားဆောင်း အဖြစ် ပုံသွင်းခဲ့သူ Jonas Hanway (1712-86)

==============================

မြန်မာလို “ထီး” …။
အင်းဂလိ လို “Umbrella” ….။
(မှတ်ချက် ။ ။ ကာရန် မလိုက်ရ။)

မြန်မာမှု မှာတော့ဖြင့် “ထီး” ကို ဒီလို ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

“…….
ထီးသည် နေပူသည့်အခါ အပူမှကာကွယ်ရန်၊ မိုးရွာသည့်အခါ စွတ်စိုခြင်းမှ ကာကွယ်ရန်၊ ဦးခေါင်းထက်တွင် အုပ်မိုးရသော လူ့အသုံးအဆောင်ပစ္စည်း ဖြစ်သည်။
…….”

Source : http://my.wikipedia.org/wiki/ထီး

==============

အင်္ဂလိပ်လို “Umbrella” ဆိုတဲ့ စကားကတော့ ဒီလို ရှိပါတယ်။
Umbrella (ထီး) ဆိုတဲ့ စကားလုံးဟာ ဘယ်ကနေ ဆင်းသက်လာသလဲ ဆိုရင် “Umbra” ဆိုတဲ့ လက်တင် စကားက ဆင်းသက်လာတဲ့ စကားပဲ ဖြစ်တယ်။ “Umbra” ရဲ့ အဓိပ္ပါယ် ကတော့ Shade or Shadow ဖြစ်ပါတယ်။ “အရိပ်” လို့ ပြောလို့ ရမယ်ပေါ့နော့။ ဒီတော့ အရင်းစစ်လိုက်ရင် “ထီး” ဆိုတာ “အရိပ်” လို့ ပြောနိုင်ပါလိမ့်မယ်။

“ထီး” ကို နောက်ထပ် ခေါ်တဲ့ အမည်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ … parasol, a brolly, parapluie, rainshade, sunshade, gamp, bumbershoot, umbrolly တို့ပဲ ဖြစ်ပါတယ်။

ထီး တွေကို လွန်ခဲ့တဲ့ နှစ် (၄၀၀၀) လောက်က စပြီး တီထွင် ခဲ့ကြပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ နေပူဒဏ်ကို ကာကွယ်ဖို့ အတွက်ပါပဲ။ “ထီး” ကို မိုးဒဏ် ကာကွယ်ဖို့ အတွက် စတင် အသုံးပြုခဲ့တာကတော့ တရုတ်လူမျိုးများပါပဲ။

၁၆ ရာစုမှာ “ထီး” ဟာ အနောက်နိုင်ငံတွေမှာ စတင်ပြီး အသုံးများလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဥရောပ တောင်ပိုင်းမှာ ပိုပြီး အသုံးများ ထင်ရှားလာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက “ထီး” ကို အမျိုးသမီးတွေ အလှဆင်ယင်ရာမှာ (ကြွားတဲ့နေရာမှာ) အသုံးပြုတဲ့ ပစ္စည်း တစ်ခု အဖြစ်သာ အသုံးပြုခဲ့ပါတယ်။ “ထီး” ဆို အမျိုးသမီးသုံး ပစ္စည်းလို့ပဲ ယူဆခဲ့ကြတယ်လို့ ပြောလို့ ရနိုင်ပါတယ်။

နောက်ပိုင်းမှာ ပါရှား ခရီးသွား စာရေးဆရာ Jonas Hanway (1712-86) ဟာ ဥရောပ တောင်ပိုင်းမှာ မိန်းမဆောင်း အဖြစ် အသုံးများနေတဲ့ ဒီ “ထီး” ကို ယူလာခဲ့ပြီး အင်္ဂလန်မှာ ၁၃ နှစ်လောက် အသုံးပြုခဲ့ရာကနေစလို့ “ထီး” ဟာ ယောက်ျားတွေ အသုံးပြုဖို့ အကျုံးဝင်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ အချို့သော အင်္ဂလန် လူကြီးများဟာ သူတို့ရဲ့ ထီးတွေကို “Hanway” ဆိုပြီးတောင် သုံးနှုန်းလေ့ ရှိခဲ့ပါတယ်။

==================

ကမ္ဘာ့ ပထမဆုံး ထီးဆိုင်
==================

ကမ္ဘာပေါ်မှာ ပထမဆုံး ထီးတွေကို စတင် ရောင်းချခဲ့တဲ့ ဆိုင်ကတော့ “James Smith and Sons” (ဂျိမ်းစ် စမစ်နှင့် သားများ) ဆိုင်ပဲ ဖြစ်ပါတယ်။ 1830 ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အခုထိတိုင်အောင် ရှိပါသေးတယ်။ သူ့ရဲ့ လိပ်စာ ကတော့ … 53 New Oxford Street in London, England ဖြစ်ပြီး Website လိပ်စာ ကတော့ … http://www.james-smith.co.uk/ ဖြစ်ပါတယ်။

=====================
By – မဟာရာဇာ အံစာတုံး
Source : Internet
=====================

21 comments

  • အလင်းဆက်

    August 13, 2013 at 11:21 am

    ဗဟုသုတ ရပါအိ

    ထီးကို ကာရန် နဲ ့ဖတ်ကျိမိသေးဒယ်

    မီး လို ့

    အဟိအဟိ
    🙂

    • Min Zarni

      August 13, 2013 at 11:28 am

      ကျော်က တခြား ကာရံနဲ့ ဖတ်သွားဒါဗျ…
      ငိငိ

      • မဟာရာဇာ အံစာတုံး

        August 13, 2013 at 1:07 pm

        တိန် …
        ဒီလူဒွေ ကာရန် မလိုက်ရလို့ ပြောထားတာကို
        တကယ်ဘဲ …
        အို .. ဘိုဖတ်ဖတ်ပေါ့ …
        သာဒု .. သာဒု .. သာဒု .. ပေါ့ …
        :mrgreen:

  • garfield

    August 13, 2013 at 11:35 am

    အခုတလော ခေတ်စားနေတဲ့ ကာရန်ပါလားးးး

    😀

    • မဟာရာဇာ အံစာတုံး

      August 13, 2013 at 1:28 pm

      ဒီကာရန် ..
      သဂျားနဲ့ တွေ့တိုင်း ..
      ထွက်ထွက်တွားဒတ်ဒယ် …

  • ခင် ခ

    August 13, 2013 at 11:41 am

    မိုးတွင်းမှာဆောင်းတဲ့ ထီး
    နွေမှာဆောင်းတဲ့ ထီး
    ဆောင်းမှာဆောင်းတဲ့ ထီး
    မတူကြဘူးတဲ့ မောင်အံ ရဲ့။

    • မဟာရာဇာ အံစာတုံး

      August 13, 2013 at 1:40 pm

      တူဝူးလားဟင်င် ..
      တားဂဒေါ့ ..
      ထီး ကို မိုးဒွင်းဘဲ ဆောင်းဒယ်
      ကျန်ဒဲ့ချိန် ဆောင်းဝူးးး
      သုံးနှစ်ရှိတာတောင် ထီးက ဒီတစ်ချောင်းတည်း .. ဟီးးးး

      • ခင် ခ

        August 13, 2013 at 4:52 pm

        မိုးမှာထီးဆောင်းရင် မိုးရွာထဲမို့ ထီးလေးက ရွဲစိုလို့
        နွေမှာထီးဆောင်းရင် နေပူထဲမို့ ထီးလေးက ပူကျွတ်လို့
        ဆောင်းမှာနှင်းတွေကြားထဲဆောင်းရင် မစိုမခြောက် စိုဖန့်ဖန့်ပေါ့လေ
        အဲဒီလိုမတူတာပြောချင်တာပါ ဆောင်းတဲ့ထီးကတော့ တစ်ချောင်းထဲဖြစ်မှာပေါ့ မောင်အံရယ် ဟိ ဟိ်။

        • TNA

          August 13, 2013 at 9:15 pm

          ကျွန်မကတော့ နွေမှာဆောင်းတဲ့ထီးကို မိုးမှာဆောင်းလဲဆောင်းရော တကိုယ်လုံးတုတ်တုတ်ကျသွားဒယ်။ ချုပ်ရိုးတွေက အပေါက်တွေဖြစ်နေတော့ မိုးယိုလို့။ ထီးအောက်မှာစိုရွှဲလို့ အာဟိ

  • ဦးကျောက်ခဲ

    August 13, 2013 at 11:43 am

    UM BRE LLA အံဖြဲထား လို့…
    ငယ်ငယ်က သွားပိုးစားလို့ အစာစားပြီးတိုင်း ပါးစောင်နှိုက်တတ်တဲ့…
    သူငယ်ချင်း တစ်ယောက်ကို စဖူးတယ်…
    ဟမ်း… အခုတော့ မောင်အံတို့က ထီးတော်မိုးဖြစ်နေပြီကိုး…
    😀

    • မဟာရာဇာ အံစာတုံး

      August 13, 2013 at 2:05 pm

      သည်းလေးတွက်ဆို …
      ကို ထီးတော်မိုး …
      ဘူဒွေ ဘိုပေါပေါ
      ကျေကျေနပ်နပ်ကြီး မိုး ..
      ရမ်း ရမ်း ချစ်တာကိုး ….
      :mrgreen:

  • kyeemite

    August 13, 2013 at 1:36 pm

    “ထီး”သုတေသန စာတမ်းဂျီးပါဒကား
    “ဘီး” သု့တေသနလေးလည်းလုပ်ပါအုံးဟ
    “ချီး” သုတေသနကတော့ တစ်ခါက ကိုအောင်ပုလုပ်သွားပြီပီ 😀

    • GARFIELD

      August 13, 2013 at 2:09 pm

      တော်သေးတာပေါ့… “ချီး” မှာတင်ရပ်သွားလို့…
      မဟုတ်ရင် ကိုဖုန်းကျော်ပြေးခေါ်ရတော့မလိုပဲ…

      ခင်မင်လျက်-
      ဂါဂါး

      • မဟာရာဇာ အံစာတုံး

        August 13, 2013 at 2:17 pm

        “ချီး” မှာတင် “ရပ်’ လိုက်တော့ …
        အီးပါရင် ဆန့်တန့်တန့်ဂျီးတော့ မဖြစ်စေနဲ့ပေါ့ …
        ချီး ဆိုတာ ဖီးလ်နဲ့ ပါမှ ရသာချိဒါ …
        :mrgreen:

  • အရီးခင်

    August 13, 2013 at 3:00 pm

    ထီးတော်မိုး ရာထူး ရသွားလို့
    စိတ်နာနာ နဲ့ ရေးနေသလားဘဲ။ 😉

    • GARFIELD

      August 13, 2013 at 3:24 pm

      ထီးတော်မိုးတင်ဘယ်ကမလဲ… အိတ်ဆွဲ… ခြင်းဆွဲပါ ဖြစ်ချင်ဖြစ်နေမှာ…
      အော်… တို့တွေလဲ ငယ်ရာကကြီးလာတာပါပဲ… အခုတော့ ပြန်ငယ်လို့မရတော့ဘူး…

      ခင်မင်လျက်-
      ဂါဂါး

      • မဟာရာဇာ အံစာတုံး

        August 14, 2013 at 12:41 am

        ဟမ်းးးး
        ဂါဂါးဂျီး ကိုးမန့်ကို BC ပေးပလိုက်ချင်ဒါ ..
        ကွက်တိနဲ့ ဒတ်ထိဘဲ ….
        ဒါမယ့် …..
        အိုက်လိုဒွေ လုပ်နေဒါလည်း ဒဂယ်ဂျီးကို လိုက်လိုက်လျောလျောဂျီးဘဲ ခည ….
        ကိုယ့်သည်းလေး ပင်ပန်းမှာ စိုးညို့ရယ်ဘာ …. ဟီးးဟီးးး
        :mrgreen:

        • GARFIELD

          August 14, 2013 at 12:01 pm

          ရွှေတောင်ကြားထဲမှာတွေ့ရင်တော့… ဖေ့ဘွတ်ပေါ်ဓာတ်ပုံရောက်ပြီသာမှတ်…

          ခင်မင်လျက်-
          ဂါဂါးကြီး

  • ရွှေမိုးတိမ်

    August 13, 2013 at 4:40 pm

    ထီးရဲ့သမိုင်းကဒီလိုရှိသကိုး 🙂

  • ဦးကြောင်ကြီး

    August 14, 2013 at 10:04 am

    ပုသိမ်ဝါးထီးက တရုတ်ပြည်က လာတာဖြစ်မယ်နော်… ဘုန်းကြီးတွေမှာလည်း ဝါးထီးရှိသမို့ အိန္ဒိယကနေပဲ လာသလား… တီလုပ်နဲ့ကီလား ဘယ်ထီး အရင်လဲ အသိဝူး… ကြေးမုံဂျီးကတော့ ထီးအဆောင်းဗူး.. ထမီခေါင်းမြီးခြုံဒယ်ဆိုပဲ… အယုံဘူး ဓါတ်ပုံပြ….. 😀

  • ကိုရင်စည်သူ

    August 14, 2013 at 2:03 pm

    ခင်ညားကြီးတို့ပဲ သာပါတယ်ဗျာ.. သာပါတယ်။ အချစ်ဆိုတဲ့ အရာရှိရင် မိုးရေတွေကြားမှာတောင် ထီး မလိုပဲ
    အားလုံးကို နွေးထွေးစေပါတယ်..။ မိုးရေတွေဟာ နှင်းစက်လေးတွေလို့
    တောင် စိတ်က ထင်မှတ်ရမယ်..။ ရေစိုအလှလေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်လိုက်ရင် ရင်ဖိုစေတယ်။
    ဟီးး စိတ်ကူးယဉ်ကျည့်တာ.. လူပျိုလူလွတ်စစ်စစ်လေးဆိုတော့လဲ… :mrgreen:
    ထီးတောင် ပြန်ငှားပီး အိမ်ပြန်ရတဲ့ ကိုယ်လိုကောင်အတွက် ထီးတော်မိုးရာထူးမချိတာ အဆန်းမဟုတ်ပါဘူး။

Leave a Reply