တကယ်လို့ ..တကယ်တော့..

ムラカミAugust 13, 20131min26826

တကယ်လို့

အချစ် ဆိုတာ အဆိပ် ဆိုရင်

ငါ့အတွက် ဖြေဆေး မလိုဘူး shee..

 

ကိုယ့်အသံကိုယ် နားဝင်ပီယံ အဖြစ်ရဆုံး

အချိန်ကို ပြောပါဆိုရင်တော့

မင်းနာမည် ရေရွတ်တဲ့အချိန် ပေါ့ကွယ်..

 

လူတွေက ငါတို့၂ယောက်ကို

သိပ် သဲကြတယ် ကဲကြတယ် ပြောပစေဦး

ငါတို့ ပြုံးပြုံးလေး လက်ခံနိုင်ရဲ့ …

 

တကယ်တော့

နင်ဟာ အရင်ဘဝက ငါ့ ခန္ဒာကိုယ် တခြမ်း ဆိုတာ

သူတို့ မသိလို့ ပါကွယ်…

 

26 comments

  • ဦးကျောက်ခဲ

    August 13, 2013 at 11:52 am

    တက်ကယ်လို့ရရင် တကယ် ကယ်လိုက်ချဉ်ပါတယ်…
    ” မီးပွိုင့်နဘေးက ခလေးမ… ငိုနေတာကြည့်ရင်းနဲ့…. ”
    ဆက်မဆိုတော့ပါဘူး…ဟီ ဟိ
    😀

  • Shee

    August 13, 2013 at 11:54 am

    ငါရောပဲ…….
    .နင့်ကိုအရမ်းချစ်တယ်.မောင်

  • Shee

    August 13, 2013 at 11:57 am

    အူးလေးကျောက်….နှင်းလေးကိုပြစ်ပြီး ကယ်တော့မယ်ပေါ့…အကြံကောင်းမဆီရာဂျာာာ..မမနှင်းသနားပါဒယ်…

  • Myo Thant

    August 13, 2013 at 12:22 pm

    ဪ အပူသည်တွေပါလားကွယ် ၊
    အဲဒါ အပူ ဆိုတာ မကြုံရသေးတော့လည်း
    အချစ်သည်သာ ဘဝပေါ့ ၊
    ဒုက္ခ ဒုက္ခ
    ( ဟီး ဟီး နောက်တာနော် )

    • Min Zarni

      August 13, 2013 at 12:29 pm

      အူးလေးလည်း အာရှတိုက်က အပျော်ဆုံးယောက်ျား နံပါတ်၄ ဖြစ်ဖို့ ဆုတောင်းပေးပါတယ်ဗျာ…
      ဘုရားသခင် သာလို့ ကောင်းချီးပေးပါစေ ..။

      အာမင်။

      • Myo Thant

        August 13, 2013 at 1:11 pm

        ငါ့မှာ အမေရှိတယ် ၊ အရမ်းသိတတ်တဲ့ သားသမီးလေးတွေရှိတယ် ၊
        အလိုက်သိတဲ့ ရုံးဝန်ထမ်းတွေရှိတယ် ၊
        သိပ်ခင်မင်စရာ ရွာသူရွာသားတွေရှိတယ် ၊
        တွေ့လိုက်တိုင်း ပြုံးပြတတ်တဲ့ သူကလေး ( အဲ အဲ ရွာထဲကဟုတ်ဘူးနော် ) ရှိတယ် ၊
        ဘာလိုသေးလဲ အချစ်ရယ် ၊

        ကမ႓ာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက် 🙂

  • မဟာရာဇာ အံစာတုံး

    August 13, 2013 at 1:08 pm

    ဟီးဟီး
    နာ့ဂို ကဲလွန်းသည်းလွန်းဒယ်လို့ ပေါဂျဒဲ့လူဒွေဂို
    ဒီကဗျာ ပျံရွတ်ပျရမယ် …
    ကျေးဇူး စပါယ်ရှယ် …

    • Min Zarni

      August 13, 2013 at 1:15 pm

      ကျုပ်တို့ကို မြောက်အမေရိကတိုက် က ဂွအကျဆုံး အယ်ချုပ်တယောက် ချဉ်နေလောက်ဘီ ..
      ငိငိ

  • GARFIELD

    August 13, 2013 at 2:13 pm

    တကယ်လို့
    အချစ် ဆိုတာ အဆိပ် ဆိုရင်
    မင်းဇာနည်ဆိုတဲ့ကောင်ကို မကျွေးဘဲ…
    ကားနဲ့တိုက်သတ်လိုက်မယ်…

    သူ့အသံကို နားဝင်ပီယံ မဖြစ်ဆုံး
    အချိန်ကို ပြောပါဆိုရင်တော့
    တရှီးရှီးနဲ့ အရူးချီးပန်းနေတဲ့ အချိန်ပေါ့ကွယ်…

    လူတွေရှေ့မှ မင်းတို့၂ယောက်ကို
    သိပ် သဲကြတယ် ကဲကြတယ် ပြောပစေဦး
    ငါကတော့ မယုံဘူးဆို ပြုံးပြုံးလေး လက်ခံနိုင်ရဲ့ …

    တကယ်တော့
    အခုဟာ လောလောလပ်လပ်က ဒီကောင့်ဦးနှောက်တခြမ်း ခြစားသွားတာ
    သူတို့ မသိလို့ပါကွယ်…

    ခင်မင်လျက်-
    ဂါဂါး

    • Min Zarni

      August 13, 2013 at 2:25 pm

      သားကို ဒီလူဝတုတ်ကြီး ကားနဲ့ တိုက်သတ်မတဲ့
      အားမိုး ကယ်ပါ..

  • black chaw

    August 13, 2013 at 2:32 pm

    တကယ်လို့များ
    မင်းအပြုံးလေးများ မရှိရင်
    ဘယ်ပွင့်မလဲ ပန်းလေးတွေ
    အလှကင်းမဲ့ လောကအလယ်
    ကိုယ်ဘယ်လိုနေရမလဲ…။
    -:mrgreen:

  • Crystalline

    August 13, 2013 at 2:35 pm

    အဲလိုလူမျိုးတွေက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ.. နောနော/ဒေးဖိုး မသိလေဘူးလားကွီ :mrgreen:

  • Shee

    August 13, 2013 at 2:53 pm

    အချစ်မျက်ကန်းလေ….ကျောကျော..ဒေးခွား.ရဲ့…..အဲ့…ခုတော့သူကအရင်ကသူမဟုတ်တော့ဖူး….သေချာပါတယ်…မောင် ကျမကိုအရမ်းချစ်တယ်ဆိုတာ….:D

  • Shee

    August 13, 2013 at 2:58 pm

    ကားနဲ့တိုက်မယ်ဆိုတဲ့..အူးဂါးဂါး…..
    လာပလေ့ဇေ မြဝတီနယ်စပ်ကို ချီးကားငှားပြီးတိုက်ခိုင်းမဲ့အပြင် ရေလယ်ကျွန်းပို့ပစ်မယ်…ငဲငဲ

  • အရီးခင်

    August 13, 2013 at 2:59 pm

    အသံတူလွန်းသနော် ဒီ မောင်ဂီနဲ့ရှီး … 😉

    • Wow

      August 13, 2013 at 3:37 pm

      ဟုတ်တယ်အရီးရေ ရေလယ်ကျွန်းကိစ္စက ရက်ပိုင်းနဲ့ မသိလောက်ဝူးနော်…
      စကားဖွဲ့ပေါလောက်စရာလဲမဟုတ်လေတော့…. အရီးပေါသလို အသံတူတူလွန်းးးးးး :kwi:

  • Shee

    August 13, 2013 at 4:58 pm

    တိန်…….အမှန်ကန်ပါဟယ်…နော်ရှီးမှနော်ရှီးပါ..vzo,skype,wechat..ဘာနဲ့ချက်ချင်လဲကျော……ငင်းငင်းးး

  • အလင်းဆက်

    August 13, 2013 at 6:10 pm

    တကယ်လို ့
    အချစ်ဆိုတာ
    အဆိပ်ဆိုလည်း
    ငါလည်း သောက်ချင်တယ်
    ပြုံးပြီးတော့ပေါ့

    🙂

    • Min Zarni

      August 13, 2013 at 6:34 pm

      အဆိပ်မသောက်ပါနဲ့ ဒညင်းဝက်ရယ် မာဂယောက်ပြား ငိုနေပါ့မယ်

  • သျှားသက်မာန်

    August 13, 2013 at 6:28 pm

    ကောင်းပါတယ်ဆက်ရေးပါလား…တုံးတိကြီးနဲ့ဖြတ်လိုက်တယ်..

  • cobra

    August 13, 2013 at 8:18 pm

    အားကျလိုက်ထှာနော်….
    တစ်ယောက်လောက်ရှာရမလိုပဲ။

  • TNA

    August 13, 2013 at 9:08 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးလို့ဘဲပြောဒေါ့မယ်။ ဘာပြောရမှန်းကိုမသိဒေါ့လို့။ ဘယ်သွားသွားလွတ်ကိုမလွတ် ဘူးအေ။ ခက်တော့ခက်နေဘီ။ ချစ်နိုင်သူတွေချစ်ကြပါချစ်ကြပါ။ အင်းးးးးးးးးးးးးးးးးးးးးးးး

  • ဦး ကြိမ်

    August 13, 2013 at 9:09 pm

    ညားခါစလင်မယားထင်တယ်
    စောင့်ကြည့်ကြပါအုံး……..။

    • GARFIELD

      August 14, 2013 at 10:42 am

      ဟဟ… ဦးကြိမ်ရာ…
      ညားခါစလင်မယားလို့အထိတောင် မောင်ဂီကို အထင်ကြီးသလားတဲ့…
      မောင်ဂီရေ… မင်းဦးကြိမ်ကို ဘီယာသာလိုက်တိုက်လိုက်ပေတော့…
      တစ်ရွာလုံးမှား မင်းကိုအထင်ကြီးတာ သူတစ်ယောက်ပဲရှိတယ်…

      ခင်မင်လျက်-
      ဂါဂါး

  • lele kyi

    August 14, 2013 at 5:35 am

    မျိုးကြီး သီချင်း ၂ပုဒ် ဒီကပေါက်ဖွားလာတယ်ထင်ပ့။

  • ဦးကြောင်ကြီး

    August 14, 2013 at 9:15 am

    တကယ်လို့
    အယ်ပျို့
    ငယ်သမို့
    ရှယ်ဗျို့
    လည်စို့
    ဆည်ဖို့
    နွယ်တို့
    ဝယ်မှို့…

Leave a Reply