ဖေဖေသို့ ….

Normal
0

false
false
false

EN-US
JA
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”MS Mincho”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

images

ဖေဖေ

လူဖြစ်လာစဉ် ငယ်ရွယ်စဉ်ကစလို့

မေတ္တာတွေပေးခဲ့ဖူးတယ်

ပူအိုက်တဲ့နွေညတွေမှာ

သားချော့တေးကိုဆိုလို့

ငြိမ်းအေးစွာ အိပ်ပျော်စေခဲ့တယ်။

 

ဖေဖေ

ဥတုသုံးပါးစလုံးမှာ မနိုင်ဝန်ကိုထမ်း

ပင်ပင်ပန်းနဲ့

ဒီသားသမီးတွေအတွက် ရုန်းကန်ခဲ့ဖူးတယ်။

ပိုင်ဆိုင်မှုတွေ ပိုလျှံမနေခဲ့ပေမယ့်

အေးမြတဲ့အရိပ်အောက်မှာ

ဖေဖေရဲ့မေတ္တာတွေနဲ့

သမီးတို့ ဖူလုံခဲ့ရပါတယ်။

 

ရာသီတွေအလီလီပြောင်းလို့

ဒီသားသမီးတွေအရွယ်ရောက်

အသက်တွေလဲကြီးခဲ့ပေ့ါဖေဖေ။

 

ဆေးပေ့ါလိပ်တစ်တို ၊ ဖန်ခွက်တစ်လုံးနဲ့

ဖေဖေ့ရဲ့ ညနေခင်းတွေ

တကယ်ပဲ အေးမြရဲ့လား

ဆေးလိပ်ငွေ့တွေရှုရှိုက်လို့

ဖေဖေ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ

ကြံ့ခိုင်မှု လျော့ရဲလာနေပေမယ့်

သမီးတို့ကို ချစ်တဲ့အချစ်တွေ

မကုန်ခမ်းနိုင်တာကိုတော့

သိပါရဲ့ ဖေဖေ…

 

နောက်ဆုံးဆိုတဲ့အချိန်မျိုး

မရောက်သေးခင်

ဒီအသိုက်မြုံလေး တည်မြဲအောင်

ကျားကန်ထားချင်မိပါရဲ့

 images11

ဖေဖေ က

မွှေးရနံ့တွေ ပြယ်နေတဲ့ လမင်း

ဒါပေမယ့် ရင်ထဲမှာတော့ ပန်းတစ်ခင်း ဖူးပွင့်နေမယ်….

 

ရွှေမိုးတိမ်

24 comments

  • garfield

    August 13, 2013 at 2:46 pm

    ဖေချစ် သမီးလေးပါလားကွယ်။

    တူတူပဲ။

    🙂

    • ရွှေမိုးတိမ်

      August 13, 2013 at 2:57 pm

      စိတ်ထဲမှာထင်တာတော့ မေ့ကိုပိုချစ်သလိုပဲ ။ ဒါပေမယ့် ချရေးလိုက်တိုင်း ဖေဖေ့အကြောင်းတွေချည်းဖြစ်နေတယ်။ ဖေ့ ကို ပိုသနားလို့နေမှာ 🙂

  • kyeemite

    August 13, 2013 at 3:08 pm

    လိမ်မာလိုက်တဲ့ မိုးတိမ်လေးပါလားကွယ်.. 🙂
    ကဗျာရေးကလည်းကောင်းပ

    • ရွှေမိုးတိမ်

      August 13, 2013 at 3:13 pm

      အားပေးတာ ကျေးဇူးပါဗျ … ဒါနဲ့ ကိုကြီးမိုက် ပုံလေးက လှုတ်နေတာနော် ။ ဘယ်လိုလုပ်ထားတာလဲမသိဘူး 🙂

  • အရီးခင်

    August 13, 2013 at 3:19 pm

    အဖေ့ ကို လွမ်းသွားပါရဲ့။
    အရီးက အဖေ့အချစ်ဆုံးသမီး ပါတဲ့ ရွှေမိုးတိမ် ရေ။
    ကျန်တဲ့ ကျားတွေ က မျောက်တွေ ကိုး။ 😉

    • ရွှေမိုးတိမ်

      August 13, 2013 at 3:27 pm

      အရီးခင် က ဖေချစ်သမီးလေးဆိုတော့ ကံကောင်းတာပေ့ါ ။ ဖေ ကလဲ လိမ္မာလို့ချစ်တာနေမှာ 🙂

  • Myo Thant

    August 13, 2013 at 3:31 pm

    အဖေဖြစ်နေတဲ့ကျနော်
    ကျနော်လွမ်းနေတဲ့အဖေ
    သတိရမိတယ်အဖေ

    • ရွှေမိုးတိမ်

      August 13, 2013 at 4:00 pm

      မိဘဖြစ်တဲ့အချိန်မှာ မိဘမေတ္တာကိုပိုနားလည်လာတယ်တဲ့။ အရင် က နားလည်ခဲ့ သိတတ်ခဲ့တာက အပေါ်ယံ ၊ ကိုယ်တကယ်မိဘဖြစ်သွားတဲ့ အချိန်မှာကျတော့ ကိုယ့်အဖေ အမေရဲ့ ရင်ထဲက ကိုယ့်အပေါ်ထားရှိတဲ့ အချစ်တွေ၊ မေတ္တာတွေကို ကိုယ်တိုင်ရှင်းရှင်းလင်းလင်းကြီးနားလည်ခံစားသိမြင်လိုက်ရလို့နေမှာပေ့ါနော်။

  • Wow

    August 13, 2013 at 3:58 pm

    အသက် ၇၁ မှာဆုံးသွားတဲ့ အဖေကို လွမ်းတာ… ဘာပဲဖြစ်ဖြစ် ၉ဝ ကျော်လောက်တော့ နေချင်စေမိတာ… 🙁

    • ရွှေမိုးတိမ်

      August 13, 2013 at 4:06 pm

      စိတ်မကောင်းပါဘူး….. ကျနော်တို့လဲ တစ်နေ့တော့ ကြုံလာရမှာပါပဲ…. မိဘဆိုတာ ဘာနဲ့မှအစားထိုးလို့မရတဲ့အရာ ……

  • မဟာရာဇာ အံစာတုံး

    August 13, 2013 at 4:05 pm

    အဖေကို ချစ်တတ်သူလေး ပါဒဂါး ..
    ကျုပ်လည်း အဖေကို ချစ်ဒယ် …
    ကျုပ်တွက်တော့ …
    အဖေ က မှောင်နေတဲ့ ဘွကို လမ်းပြတဲ့ ဆြာဂျီးဘာဘဲရယ် …

    • ရွှေမိုးတိမ်

      August 13, 2013 at 4:13 pm

      ဖေချစ်သူများအဖွဲ့ပေါ့ 🙂

  • ခင် ခ

    August 13, 2013 at 4:34 pm

    မိဘနှစ်ပါး ချစ်တယ်ထား
    နေခဲ့ပျော်ခဲ့ ဒီမိသားစုနဲ့
    မမျော်လင့်သောကြမ္မာ
    မခေါ်ဘဲနဲ့လာ
    ပြန်မလာသောခရီး
    အဖေထွက်ခွါသွားပြီး
    အမေကိုတော့ဂရုစိုက်နေပေါ့
    ရွှေမိုးကဗျာဖတ်ရတဲ့အခါ
    လွမ်းနေမိတယ် အဖေရယ် ။

    • ရွှေမိုးတိမ်

      August 14, 2013 at 11:30 am

      sis မေမေကံကောင်းတာပေ့ါ ။ လိမ်မာတဲ့သမီးလေးရှိတာ ။ 🙂

  • အလင်းဆက်

    August 13, 2013 at 5:41 pm

    ကောင်းလိုက်တဲ့ ကဗျာလေးဗျာ
    တကယ်ပါ
    ဒီလို စာသားမျိုး ဖတ်ရ ရင် နှစ်သက်ကြည်နူးမိတယ်

    ရေးပါဦးဗျ
    အားပေးနေမယ့်
    အလက်ဆင်း

    • ရွှေမိုးတိမ်

      August 14, 2013 at 11:10 am

      အားပေးတာ ကျေးဇူးပါဗျ ကိုအလင်းဆက် 🙂

  • သျှားသက်မာန်

    August 13, 2013 at 6:39 pm

    ဒါကြောင့်ကျေးဇူးကြီးပေတို့ဖေဖေဖြစ်နေတာပေါ့လို့…

    • ရွှေမိုးတိမ်

      August 14, 2013 at 11:12 am

      ဟုတ်ပ ဟုတ်ပ ။

  • ဦး ကြိမ်

    August 13, 2013 at 9:01 pm

    သိပ်လည်းမမြှောက်နဲ့
    အဖေလည်း ယဲ့ယဲ့ပဲရှိတော့တယ်
    မင်းတို့လည်းဝင်ထမ်းကြအုံး…။

    • ရွှေမိုးတိမ်

      August 14, 2013 at 11:18 am

      ဟုတ်ကဲ့ ဦးကြိမ် …. 🙂

  • ကိုသု

    August 13, 2013 at 10:39 pm

    ကျွန်တော်လဲ ဂျစ်ဒယ် အဖေကိုပြောဒါ

    • ရွှေမိုးတိမ်

      August 14, 2013 at 11:23 am

      ကျနော်က ဖေ့ကိုရော မေ့ကိုရော ဂျစ်ဒယ် ။

  • ဦးကြောင်ကြီး

    August 14, 2013 at 8:55 am

    ရွှေမိုးတိမ်
    ပြည့်ဖြိုးစိန်
    ငွေတိုးအိမ်
    နေကိုးကြိမ်…

    • ရွှေမိုးတိမ်

      August 14, 2013 at 11:26 am

      အဲ … ဦးကြောင် အဲ့ဒါ ဒီရွာထဲက ရွာသူရွာသားတွေပဲလား ။ ကျနော်နာမည်နဲ့ ကာရန်လိုက်တယ်ဗျ 😀

Leave a Reply