သပွတ်အူတို ့ ၏အာဏာ

” ဟေ… ဟုတ်လား  ‘.. အေးအေး  သားတို ့အဖေကိုပြောလိုက် ။ မနက် ဆယ်နာရီခွဲ ရောက်အောင် လာခဲ့မယ်လို ့…ကြားလား ”

ဟုတ်  ဟုပြောဆိုကာ.. ဆယ်အိမ်မှူးသား ..လှစ်ခနဲ..ပြေးထွက် သွားသည် ။

ရာအိမ်မှုးကြီးမှာ တအံ့တဩ ဝမ်းပမ်းတသာ မျက်နှာနှင့်  သူ ့မိန်းမကို

“‘ ဟိုဘက်ရပ်ကွက်က  ဝါဆိုသင်္ကန်း ကပ် ဒံပေါက် ကျွေးမယ်ဆိုလို ့.. လာဖိတ်တာလေ ..” ဟု အားပါးတရ ပြောလိုက်သည် ။

ဟိုတလောက  နာရေးတစ်ခု ဖြစ်သည် ။ နာရေးဖြစ်သေ ာအိမ်က အနည်းငယ် ဆင်းရဲသည် ။  ရပ်ကွက် ရဲ ့ သာရေးနာရေး ကူညီမှု အသင်းက

ကူညီတာကို ကောင်းကောင်း ကြည့်နေပါသော ရာအိမ်မှူး  ။

ရက်လည် ဆွမ်းသွတ်ကို  1500 ကျပ် ကူငွေ ထည့်ကာ  ဆယ်အိမ်မှူ း သုံးယောက်ကိုခေါ်ပြီး .သွားခဲ့သည် ။

( ရှက်ဖို ့ပင် မေ့နေသည် )

ယခု ..ဝါဆိုသင်္ကန်းကပ်ရန်… နံနက်ဆယ်နာ ရီခွဲတွင် လူစုကာ.. သွားစားဖို ့.. ဟန်တပြင်ပြင် အဆင်သင့်ဖြစ်နေချိန်..

သွားမယ့်လူ စုစုပေါင်း က( မရှိဘူးဆို ..ဆယ့်နှစ်ယောက် ဆယ်သုံးယောက်လောက်ပင် ရှိမလား..မသိ )

ဆယ်တစ်နာရီ ဘုန်းကြီး သီလပေးနေသောကြောင့် ..ရပ်ကွက် ဥက္ကဌ နှင့် အပေါင်းအပါများ မိုးတိုးမတ်တပ်နှင့် စောင့်ဆိုင်းနေသည် ။

( ရှက်ရကောင်းမှန်းမသိ )
ဟိုတလောက ကျွန်တော်တို ့လမ်းထဲတွင် မိသားစုအချင်းချင်း အိမ်တွင်းရန် ဖြစ်နေကြသည်မှာ မောင်နှင့်အစ်မ သားနှင့်အမိ  မကြားဝံ့မနာသာ

အော်ဟစ် ဆူပူနေသည်မှာ.. တာဝတိ ံသာမှ  ဦးမာဃ တောင်  ကြားရမလောက်ပင် ။ ဂဇက်မှ ဦးမာ ဃ မဟုတ်ပါ ။

ရာအိမ်မှူးရောက်လာကာ.. မင်းတို မတိတ်ကြသေးဘူးလား..ငါဖုန်းဆက်လိုက်ရမလားဟေ့ လို ့.. အော်တာပင်  သူတို ့အသံကို မလွှမ်းမိုးနိုင်ပါ ။

ဆယ်အိမ်မှူး.ရောက်လာကာ.. ” ဟာ အဘ သူတို့ က ဒီလိုဖြစ်နေကျပါ…။ ရိုးနေပြီ ။ လာ အဘ  ဆိုင်သွားရအောင် ” ဆိုပြီး.ခေါ်ထုတ်သွာေးလသည်။

ဆယ်အိမ်မှူးဆီ ရန်ဖြစ်နေသော အိမ်က မနက်မနက်ဆို  မုန့်ဟင်းခါး သုံးပွဲ အမြဲရောက်နေကျ ။

ရန်ဖြစ်သော အိမ်က မုန့်ဟင်းခါးရောင်းသည်လေ ။

ရာအိမ်မှူး ဆယ်အိမ်မှူးများ  ခွဲဝေ သုံးနေသော ဆင်းကဒ်
ရာအိမ်မှူး ဆယ်အိမ်မှူးများ ခွဲဝေ သုံးနေသော ဆင်းကဒ်

ယခု   တန်ဖိုးနည်းဖုန်း ဆင်းကဒ်များ မဲဖောက်ပေးတော့.. ရာအိမ်မှူး  ဆယ်အိမ်မှူးတို ့ မတည့်ကြတော့ပေ။

သူ ့လူက ဘယ်နှစ်လုံး ။ ကိုယ့်လူက ဘယ်နှစ်လုံ းပဲ.. ရလိုက်တာ..ဆိုပြီး…. ( တိတိတိတ် ရန်ပွဲများ ) ဖြစ်နေကြသည် ။

ရာအိမ်မှူးက ဆယ်အိမ်မှူး မကောင်းကြောင်းပြောသလို … ဆယ်အိမ်မှူးကလည်း. ရာအိမ်မှူး.အရှက် တကယ်ပင် မရှိကြောင်း..

တစ်ယောက်ကွယ်ရာတစ်ယောက် ပြောနေကြသည် ။ သူတို့တွေ ကြားမှာ.. ရင်ကြားဝင်စေ့ပေးသူကိုတောင်  ရန်သူကြိးတစ်ယောက်လို..

ဆက်ဆံနေကြသည် ။

”  ဒီကောင်တွေ အကြောင်း လာမပြောစမ်းပါနဲ ့ကွာ..” လို ့… ပြောသူက  ရာအိမ်မှူး ။

” ဒီကောင်ကြီး..ဒီနေရာက မြန်မြန် နှုတ်ထွက်အောင်လုပ်ရမယ်.လို ့… လက်ခမောင်းခတ်နေသူများက ဆယ်အိမ်မှူးတွေပင် မဟုတ်ပါလား ။

ကျွန်တော့် ရဲ ့ရပ်ကွက်ထဲမှာ.. ရာအိမ်မှူး..အာဏာရသူနျင့် ဆယ်အိမ်မှူး.အာဏာ ရသူများကိုသာပြောဆ်ိုခြင်း ဖြစ်ပါသည် ။

ဘယ်မြို ့နယ်  ဘယ်ရပ်ကွက် မှ  ရာအိမ်မှူး ဆယ်အိမ်မှူးများကို မရည်ရွယ်ပါ ။

အာဏာ ပါဝါ တွေ  ရူးကြပေတော့သကိုး….

ချစ်ခြင်းမေတ္တာဖြင့်

မိုးမင်းသား

 

 

 

10 comments

  • အလင်းဆက်

    August 13, 2013 at 7:23 pm

    အာဏာရူး
    ပလာတူးများ..
    ကျန်းမာချမ်းသာကြပါဇေ..
    သူတို ့.. ကျန်းမာနေမှ
    သူတို ့ထက် ဆိုးတဲ ့ ဟာတွေ..
    မြန်မြန် ရောက်မလာမှာ..

    :kwi:

  • မရဏဖွား

    August 13, 2013 at 8:14 pm

    ကျွန်တော်တို့အစိုးရ ရဲ ့လက်ဆင့်ကမ်းပေးနေသောကျက်သရေတုံး အမွေတွေကတော့အံ့မခန်းစရာ…
    ပေါ်တင်ခိုးနည်း၊ပေါ်တင်လိမ်နည်း၊ကလိမ်ကကျစ်ကျနည်း၊ဗျောင်လိမ်နည်း၊ဗျောင်ညာနည်း၊
    ခိုးချောင်ခိုးဝှက်လုပ်နည်း၊မသထာရေစာ စားနည်း၊မသထာရေစာမြိုကျနည်း၊…..
    ရေးရင်ကုန်နိူင်ဖွယ်ရာမရှိ…….။

  • Wow

    August 14, 2013 at 9:51 am

    ရွာ့ဆယ်အိမ်ခေါင်းရွေတိုက်တော့ဒီထဲ မပါလောက်ဝူးထင်ဒယ် :mrgreen:

  • garfield

    August 14, 2013 at 11:51 am

    သပွတ်အူ ကမှ ချေးတွန်းလို့ ရသေးအေ။
    :mrgreen:

  • ဒါ သူတို့ရဲ့ နောက်ဆုံးစားပေါက်ဆိုပြီး အပီလုပ်နေကြတာ နေမှာပေါ့… လုပ်ကြပါစေ… ကုသိုလ်ရတယ်ပဲ မှတ်ထားတယ်.. 🙂

  • kyeemite

    August 14, 2013 at 11:59 am

    ရွာ့ဆယ်အိမ်ခေါင်း ဒီအချိန်လောက်ဆို အနှီးလျှော်နေရလောက်ပီ.. 😀

  • မိုး မင်းသား

    August 14, 2013 at 7:07 pm

    မရဏဖွားရေ……

    ရေးရရင်တော ့…မရဏပြောသလိုပါပဲ…

    ရေးလို ့..ဆူံးနိူင်မယ်မထင်ပါ……

    ရေးလို ့တော ့မဆုံးဘူကွယ်…….(မေတ္တာတုံးတွေအကြောင်းလေ)

  • မိုး မင်းသား

    August 14, 2013 at 7:13 pm

    ကိုရွှေတိုက်ကိုပြောတာမဟုတ်တဲ ့အတွက်…..

    သူအေးအေးဆေးဆေး…အနှီးလျှောပေစေလေ…….

  • မိုး မင်းသား

    August 14, 2013 at 7:18 pm

    ဂါဖီးလ်ရေ….

    ပြောတာမှန်လိုက်တာ…..

    အမှန်ဆိုရင်…နှူူှိင်းစရာမရှိလို ့ပြောလိုက်ရတာ…..စကောလောက်ဖောက်မနက်တဲ ့လူမျိုးတွေပါအေ…..

Leave a Reply