မြေညီထပ်

ဦးသုAugust 13, 20131min1428

မြေညီထပ်

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ကျမှ ရုံးထဖို့ ခွန်အားပြည့်ဝကြတဲ့

ရေစုပ်စက်ရဲ့ ရင်ခေါင်းကွဲအော်သံတွေကြားမှာ

သန်းခေါင်ထက် ညဉ့်နက်ခဲ့တဲ့ကျွန်တော်

အသားကျခဲ့ရပြီ။

 

ဈေးသည်တိုင်းခေတ်မှီပြီး လော်စပီကာအသေးကိုယ်စီကိုင်နိုင်တာကြောင့်

ညပိုင်းညဉ့်နက် အတွေးနယ်ချဲ့တက်ကျမ်းတွေဖတ်တဲ့ကျွန်တော်

နေဖင်မထိုးခင် မနိုးချင်ပဲ

နိုးခဲ့ရပြီ။

 

နေ့ခင်းကြောင်တောင် မှောင်မိုက်နေတဲ့မီးဖိုချောင်မှာ  

နေရောင်ခြည်နဲ့လင်းချင်ပေမယ့် မနှစ်လိုတဲ့ အာရုံနှစ်ပါးကြောင့်

ချွေတာချင်တဲ့ စွမ်းအင်ကိုလဲ

သုံးမြဲသုံးခဲ့ဖူးပြီ။

 

အလှူခံမျိုးစုံ အလှူခံနည်းမျိုးစုံကြောင့်

လှူသင့်တယ်ထင်တာကိုလှူရင်း

မလှူသင့်ဖူး ထင်တာကိုးလဲ

အကုသိုလ်ထိုင်ပွားတတ်ခဲ့ပြီ။

 

လူတစ်ကိုယ်မြေဘယ်လောက်လိုလဲဆိုတဲ့ တော်လ်စတွိုင်းကြီးလဲ

တိုက်ခန်းရှေ့ မြေလွတ်လေးမှာ ကားရပ်ဖို့ အပြိုင်အဆိုင်နေရာဦးနေသူတွေကိုကြည့်ပြီး

ဪ သူမြင်ရင် ဘာစာတွေထပ်ရေးအုံးမှာပါလိမ့်လို့

တွေးမိခဲ့ဖူးပြီ။

 

                                                     Ko Thou.

 

 

 

8 comments

  • မဟာရာဇာ အံစာတုံး

    August 14, 2013 at 1:10 am

    အောက်ဆုံး အပိုဒ်ကို အကြိုက်ဆုံးပဲ ….။
    ရေလည် လန်းဒယ် ….။


    လူတစ်ကိုယ်မြေဘယ်လောက်လိုလဲဆိုတဲ့ တော်လ်စတွိုင်းကြီးလဲ
    တိုက်ခန်းရှေ့ မြေလွတ်လေးမှာ ကားရပ်ဖို့ အပြိုင်အဆိုင်နေရာဦးနေသူတွေကိုကြည့်ပြီး
    ဪ သူမြင်ရင် ဘာစာတွေထပ်ရေးအုံးမှာပါလိမ့်လို့
    တွေးမိခဲ့ဖူးပြီ။

  • ကိုသု

    August 14, 2013 at 11:09 am

    ကြိုက်တယ်ဆိုတော့လဲ ဆက်ရေးဖြစ်ဖိုအားရှိတာပေါ့ဗျာ ။ ကျေးဇူး

  • garfield

    August 14, 2013 at 11:19 am

    မြေညီထပ် ဆိုတော့ ရှင်းရော။

    စကားမစပ်။
    ဘရိဒစ် အခေါ်မှာကျ မြေညီထပ်ကို ဂရောင်း ဖလော လို့ ခေါ်ပြီး
    အမေဒိကန် အခေါ်မှာကျ မြေညီထပ်ကို ဖတ်(စ) ဖလောလို့ ခေါ်လေ့ရှိတယ်။

    အဲဒီ အခေါ် အဝေါ် ၂ ခုမှာ ရွာလည်ဖူးလို့ပါ။

    မြန်မှာလိုတော့ ရှင်းတယ် မြေကြီး အပေါ်နားက အထပ်ကို မြေညီထပ်။

    ကဗျာလေးက ကောင်းတယ်။ 😀

    KZ

  • kyeemite

    August 14, 2013 at 11:55 am

    ကျုပ်လည်းမြေညီထပ်နေတာဗျာ…ဆိုတော့ ကိုသုရေးဖွဲ့ပြတဲ့အချက်လေး

    တွေကတော့ ကနေ့လက်တွေ့ဖြစ်နေတဲ့ နိစ္စဓူဝ ဒုက္ခ ပါ ကိုသုရေ…ဂွတ်တယ်ဗျာ.. 🙂

  • ဟုတ်တယ်… ရေစက်မောင်းတိုင်း မြေညီထပ်က လူတွေကို အားနာမိတယ်… ဒါမယ့် တို့နိုင်ငံမှာက မြေညီထပ်က ဈေးအကြီးဆုံးဆိုတော့… ဂုဏ်ယူလိုက်ပါ ကိုသုရယ်… 🙂

  • Mr. MarGa

    August 14, 2013 at 12:49 pm

    မြေညီထပ် ဆိုတာ ပေါ့သေးသေး မဟုတ်ဘူး ဗျ
    လက်ရှိမှာတော့ အကွက်အကွင်း ကောင်းတဲ့ နေရာထဲမှာပါတယ်။။

  • လူကလေး

    August 14, 2013 at 3:59 pm

    အေးဗျာ .. ခင်ဗျားတို့ အဲလို များများ ရေးတော့ .. ကဗျာ ဘယ်လိုရေးရမလဲ .. ပိုလေ့လာလို့ ရတာပေါ့ ..
    မိုက်တယ်ဗျာ. .

    ကဗျာနဲ့ ပတ်သက်ရင်တော့ ဟို အလှူခံကိစ္စ .. အဲဒါက တော့ တူတူပဲခံစားရတယ်လို့ ..

Leave a Reply