နှမြောခြင်း

ဦးသုAugust 13, 20131min1448

နှမြောခြင်း

ငြိမ်နေတဲ့ညမှာ သောက်လက်စခွက်ကိုကြည့်ပြီး

တိုးတိုးညင်းညင်းတေးသံကိုနားထောင်ရင်းနဲ့

ကိုငှက်ကို နှမြောမိတယ်၊ အယ်ဖြူကိုနှမြောမိတယ်။

တွေးရင်း…တွေးရင်း

တာရာမင်းဝေကိုနှမြောတယ်၊ စိုင်းထီးဆိုင်ကိုနှမြောတယ်

အောင်မြင်မှုနဲ့အတူဆုံးရှူံးသွားတဲ့ ဒိုးလုံးကိုလဲနှမြောတယ်။

ဒီအချိန်အထိ ဘာမှဖြစ်မလာဘဲ

ဖြုန်းလိုက်မိတဲ့ အချိန်တွေကိုလဲနှမြောတယ် ။

နှမြောမိဆုံးကတော့…

မနက်မိုးလင်းလို့ အမူးပြေချိန်မှာ

မနေ့ညက ကုန်အောင်သောက်လိုက်တဲ့ပုလင်းနဲ့

ကုန်ခါနီးဖြစ်အောင် ဖြုန်းလိုက်မိတဲ့ပိုက်ဆံကို ….နှမြောတယ်။

 

Ko Thou.

8 comments

  • မဟာရာဇာ အံစာတုံး

    August 14, 2013 at 1:05 am

    ခီညားဟာဂလည်း …
    ပုလင်းလည်း နှမြော …
    ပိုက်ဆံလည်း နှမြော ဆိုဒေါ့ကာ ….
    လှေနံ နှစ်ဖက်နင်းသလို ဖစ်နေဘီ ….
    ရေထဲ ပြုတ်ကျအုံးမယ် ….
    ဒီရေက ကူးလို့ ရဒဲ့ရေ မီဟုတ်ဘူး …

  • kyeemite

    August 14, 2013 at 10:53 am

    အံစာတုံးရေ…သူက
    ပုလင်းလည်း နှမြော …
    ပိုက်ဆံလည်း နှမြော ဆိုဒေါ့ကာ ….အလကားတိုက်မဲ့ဒကာကို
    ကဗျာဆိုပီးရှာတာဖြစ်ကြောင်း…. 😀

  • ကိုသု

    August 14, 2013 at 11:06 am

    ဦးကြီးမိုက်က ချက်ဆိုဗိုက်ကပ်ပြီးသား

  • ရွှေမိုးတိမ်

    August 14, 2013 at 2:57 pm

    ဟုတ်သားပဲ …ကုန်ခါနီးဖြစ်အောင်ဖြုန်းလိုက်မိတဲ့ပိုက်ဆံကိုနှမြောတယ်ဆိုရင် နောက်နေ့မသောက်တော့ဘူးလားလို့ ထင်ရမှာ ။ ခုက ကုန်အောင်သောက်လိုက်မိဒဲ့ ပုလင်းကိုလည်းနှမြောတယ်ဆိုတော့ကာ 🙂

  • အာဂ

    August 14, 2013 at 5:19 pm

    မနှမြောလိုက်ရတဲ့ ဟာမှန်သမျှ ပြန်လိုချင်တဲ့ အခါမရရင် နှမြောမိတယ်။…

  • အလင်းဆက်

    August 14, 2013 at 7:35 pm

    တာရာမင်းဝေကိုနှမြောတယ်၊ စိုင်းထီးဆိုင်ကိုနှမြောတယ်

    နှမြောတာချင်း…တူတယ်ဗျာ..။

  • အရီးခင်

    August 15, 2013 at 2:01 am

    မင်းလူ ကိုရောတကယ်နှမြော ရတော့ မှာလား ?

  • သျှားသက်မာန်

    August 15, 2013 at 1:45 pm

    မိုက်တယ်ကိုသုရေ…ရေရေလယ်လယ်မို်က်ဒယ်..

Leave a Reply