ပန်းသခင်

ပန်းသခင်

ဒီပန်းချီကားလေးကို ပန်းသခင်လို ့ အမည်ပေးခဲ့ပါတယ်.. အမေရိကန်ကဘဲ ဝယ်ယူသွားပါတယ်..။

မြန်မာ့ ပုသိမ်ထီးလေးတွေ နာမည်ကြော်ကြားပြီး လူသုံးများပေမယ့် ပုသိမ်ထီးလေးတွေရဲ ့ နောက်ဘက်ကိုတော့ စိတ်ဝင်စားသူ နည်းလှပါတယ်..။

အဘွား အသက်အရွယ်နဲ ့ လက်တုန်ခြေတုန်ကြားကနေ ပန်းပွင့်လေးတွေ ပန်းနွယ်လေးတွေ သေသပ်လှပ မြန်ဆန်နဲ ့ စုတ်ချက်လေးတွေနဲ ့ဖန်ဆင်းသွားတာ.. အံ့ဩ စရာ ကောင်းလွန်းလှပါတယ်..။

အဘွားတို ့ရဲ ့ ဘဝတွေဟာ နွမ်းပါးလှပါတယ်..

လူက ပင်ပန်း..

ဘဝက နွမ်းလျ ပေမယ့် လှပ လန်းဆန်းတဲ့ ပန်းလေးတွေ အများကြီးကို အဘွား ဘဝ တစ်လျှောက်လုံးနီးပါး ဖန်းတီးခဲ့ပါတယ်..။

ဒီပန်းချိီကားကို ..

ဖန်တီးရှင် ..

ဘဝထဲက အလှ

နေပူပူ

နာမည်တွေ အများကြီး ပေးလို ့ရပါတယ်..

ဒါပေမယ့် ….နေ ့စား (သို ့မဟုတ်) ထီးအလက်ရေ နဲ ့တွက်ပြီးမှ အနည်းငယ်သော ငွေကြးလေးကို ရတဲနွမ်းပါးလွန်းလှတဲ ့ အဘွားလို အနုပညာရှင်ကြီးကို့ ဘယ်သူမှ အထင်ကြီးပြီး နေရာပေးဆက်ဆံချင်မှာ မဟုတ်ပါဘူး….။

ကျနော် အမြင်မှာတော့ အဘွားက သခင်.. အမြင့်က သခင်..

ပန်းလေးတွေ ရဲ ့သခင်ပါ..။

အနုပညာ သံယောဇဉ်နဲ ့ ကျနော် အဘွားကို ခေါ်ချင်တာက ……

ပန်းသခင်…..။

 

ကျော်စွာခေါင်

 

 

 

15 comments

  • မဟာရာဇာ အံစာတုံး

    August 14, 2013 at 1:00 am

    တုန်ယင်နေတဲ့ လက်ကလေးတွေက
    အလှပဂေး ပန်းကလေးတွေကို ပေါက်ဖွားစေတယ် …
    ရေလည် မိုက်ဒလယ် ….

    ဒါ့ထက် .. ပန်းချီတစ်ကားလောက် အပ်ဂျင်ရို့
    ရမား သိဝူးးး
    ဟို .. ဟို .. ဟိုတစ်ခါ ပန်းချီလေဂျာ …
    အိုက်ဒါ … ဒီဘက် လှည့်နေဒဲ့ ပုံစံနဲ့ တစ်ပုံလောက် … ဟီးးးဟီးးး
    :mrgreen:

  • lele kyi

    August 14, 2013 at 5:07 am

    အဖြူရောင်ပုသိမ်ထီးလေးကိုလွမ်းသွားတယ်။ အဖြူရောင်အနားဖွာ လေးတွေရယ် ပန်းနုရောင် အပွင့်အခက်လေးတွေရယ်။ ကျမ မေမေ က ဝါးတစ်လုံးထီးလို့ခေါ်ခဲ့တယ်။ ခေါက်လိုက်ရင်ဝါးလုံးနဲ့ တူသွားလို့။ ငယ်ငယ်က အလှုသွားမယ်ဆိုရင် ချိတ်ထမီလေး ဝတ်။ ပုံတော်ဖိနပ်စီး ။ ပုသိမ်ထီးလေးနဲ့ ဆို ပြည့်စုံသွားပြီ။ ဟီးးးသူကြီးသမီး မဟုတ်ဘူးလို့။ ပုသိမ်ထီးအကြောင်းရိုက်ထားတဲ့ မြဝတီ ကလွှင့်တဲ့ဒေါ့ကူမန်ထရီ ကြည့်ဘူးတယ်။ ပန်းသခင် အဘွားကို လေးစားဦးညွှတ်ပါတယ်။

  • garfield

    August 14, 2013 at 8:03 am

    ချစ်တယ်တော့။
    ပုသိမ်ထီးလေးတွေကို!!!
    😀
    ကြည့်ရင်းကို ပုသိမ်ထီးလေးတွေ လေတိုက်လို့ လှုပ်လာသလိုလို။ 🙂

  • ဦးကျောက်ခဲ

    August 14, 2013 at 8:07 am

    ပန်းသခင် အဘွားအိုနဲ့ ရောင်စုံထီးလှလှလေးတွေကို…
    ဆြာခေါင် အနုစိတ်သွားတာ လှလိုက်တာဗျာ…
    စကားအတင်းစပ် မောင်ကျောက်ရဲ့ အဘွားကြီး (အဖွားရဲ့ အမ)က…
    ပုသိမ်ထီးလုပ်ငန်း လုပ်တာလေ…
    ငယ်ငယ်က သောင်းကျန်းလွန်းလို့ ထီးကျိုး၊ ဆေးခွက်မှောက် ဆိုတော့…
    ကျောက်စ်သူငယ်ကို အလွန်ကြောက်…
    😀

  • ဦးကြောင်ကြီး

    August 14, 2013 at 8:18 am

    Tuesday, August 13, 2013
    အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်း ဆောင်ရွက်နေသူများအား ဖမ်းဆီးအရေးယူ

    ကိုကျော်စွာခေါင်က ရဲဂျီးလား… 🙄

    ၁၀-၈-၂၀၁၃ ရက်နေ့ ၂၂၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ ““ပန်းသခင်”” Beauty spa တွင် အနှိပ်ခန်းနှင့်တွဲ၍ ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ သက်သေများအား ကြိုတင်စေလွှတ်၍ ဝင်ရောက်ရှာဖွေခဲ့သည်။

    (သစ်ထူးလွင်ဆိုက်မှကူးယူသည်)

  • kai

    August 14, 2013 at 10:41 am

    ရောင်စုံလေးတွေထည့်ရင်..ပါရင်.. ဓါတ်ပုံဖြစ်ဖြစ်..ပန်ချီဖြစ်ဖြစ်.. လှတယ်ဗျ..
    နောက်ပြီး.. ရင့်ရော်ရွတ်တွနေတဲ့.. မျက်နှာတွေမှာလည်း.. အလှတရားရှိတယ်..

    တွဲထားတော့.. အလှပေါ်အလှဆင့်တာပေါ့…။
    အမေရိကားက.. အမေရိကန်တယောက်ဝယ်သွားတယ်ပေါ့နော.. :mrgreen:

  • kyeemite

    August 14, 2013 at 10:49 am

    ပန်းသခင် အဘွားရဲ့ အင်းကျီနဲ့ မျက်နှာပေါ်ကို
    ပုသိမ်ထီးအဝါရဲ့ရောင်ပြန်နေပုံလေး စုတ်ချက်ကောင်းလှသဗျာ…

  • Crystalline

    August 14, 2013 at 12:27 pm

    အဖွားနှစ်ယောက်စလုံးရဲ့ပုံကိုကြိုက်တယ်.. ချင်းတောင်ကအဖွားကိုလည်းချစ်တယ်..
    အာက်ပြည်ကအဖွားကိုလည်းသနားတယ်… 🙂

  • Mr. MarGa

    August 14, 2013 at 12:46 pm

    အင်း….
    ပန်းတို့ရဲ့ သခင်ပါလား…
    သူနိုင်တဲ့ အားနဲ့
    ပိုင်သလောက် လုပ်နေတာ….
    ဒါနဲ့ ပုံက ကြည့်ရင်းကြည့်ရင်း တရုတ်အဘွားအိုနဲ့ ပိုတာလာသလား လို့..

  • အရီးခင်

    August 14, 2013 at 1:57 pm

    လူအိုတွေ ရဲ့ နွမ်းပါးတဲ့ ဘဝ
    ကလေးငယ် တွေ ရဲ့ အနာဂါတ်မလှ တဲ့ ဘဝ
    တွေကို တွေ့တိုင်း ရင်ထဲ မှာ တကယ်ဘဲ ခံစားရတယ်။
    သူတို့ တွေ က လူများစု ဆင်းရဲ နေပြီး သူတို့ ခံစားရမဲ့ ရပိုင်ဖွင့် တွေ ကို လက်ဝါးကြီး အုပ်ထားတဲ့ သူတွေ ရဲ့ စာနာမှု မရှိတဲ့ ငါကောင်းစားရေး စိတ် တွေကို ဘယ်လိုမှ နားလည်လို့ မရဘူး။
    ပြောင်းသင့်နေပြီ။

    အနုပညာမှာ ဝင်မခံစားဘဲ တစ်ခြားလျှောက်ပြောနေသမို့ ပန်းချီဆရာ စိတ်တိုမသွားလောက်ပါဘူးနော။

    • garfield

      August 14, 2013 at 2:00 pm

      မဆိုးဘူးတဲ့ အရီးရေ။
      ဒီလူဂျီးက အားဂျီးသဘောကောင်းတယ်။

      အနော်ရယ်..
      မမ ရယ်…
      လဲ့လဲ့ရယ် …. ကို ပုံတူဆွဲပေးဦးမှာတဲ့။ 😀

      ဟိဟိဟိ။
      နောက်ပြီး တစ်ရွာလုံးကို ပန်းချီကားတစ်ချပ်စီ လက်ဆောင်ပေးအူးမှာတဲ့ဗျားးးးး

      အဟွတ်။
      စိတ် အဆိုးနဲ့နော်။ :mrgreen:

  • အလင်းဆက်

    August 14, 2013 at 8:12 pm

    ဟုတ်တယ်…

    ဒါ..ပန်းသခင်..ပဲ…

    ပန်းသခင် ဆိုတဲ ့ နာမည် လေးက လွဲရင်…
    တခြား..ဘယ်လို စကားလုံးနဲ ့ မှ မလိုက်ဖက်နိုင်….

  • kai

    August 15, 2013 at 4:25 am

    ငါနော်.. နောက်ချင်လာပြီ…
    ဟလပီညိုငရုတ်သီးတွေစွတ်စားပြီး.. ပန်းသခင်ဖြစ်နေလို့… :mrgreen:

  • Ma Ma

    August 15, 2013 at 7:31 am

    ပန်းချီဆရာကို ပန်းချီဆရာက ပြန်ဆွဲတယ်လို့ မြင်မိတယ်။

    နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။
    အနုပညာရဲ့ တန်ဖိုး ကွာခြားမှု ကြီးမားတာကိုလည်း မြင်မိတယ်။

    အဲဒီထဲမှာ လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေ ကွာခြားမှုကိုလည်း တွေးမိသွားတယ်။

  • Ma Ei

    August 15, 2013 at 12:54 pm

    ပုသိမ်ထီးလေးတွေနဲ့ မိန်းမလှပုံလေးတွေ တွေ့နေရာက
    ပန်းသခင်ကိုတွေ့လိုက်ရတော့လဲ ထူးထူးခြားခြားလှနေပါတယ် …
    စိတ်ဝင်စားမိတဲ့ ပန်းချီကားလေး တစ်ချပ်ပါဘဲ…

Leave a Reply