အထဲမှာ ဗလာပဲ ရှိတဲ့ သစ်သီး

alinsettAugust 14, 20131min20137

အထဲမှာ ဗလာပဲ ရှိတဲ့ သစ်သီး

__________________________

 

သံယောဇဉ်တစ်ဖက်ကမ်းက

 

အချစ် မျက်ကမ်းတစ်ယောက်

 

အခုတော့ . . . .

 

တစ္ဆေကြောက်နေပြီ ။

——————-

 

ငါ ကိုယ်တိုင် သိမ်းခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်

 

ဇာတ်သိမ်း ပြင်ပြီး ပြန်စချင်တယ်ဆိုမှတော့. . .

 

ငါ . . . .

 

တွယ်ငြိခြင်း အကျဉ်းထောင်ထဲမှာ

 

ပျော်မွေ ့ချင်သေးတာ . . . ။

———————–

 

လက်ညိုးတွေကို မုန်းလို ့

 

ဂဘာဦးတုန်းက ဂူတစ်လုံး ရှာဖွေ ပုန်းခဲ့သူ

 

နေတွေ. . .လ တွေနဲ့လည်းးးးဝေးခဲ့ပြီ

——————————-

 

ခိုဝင်ခဲ့ဖူးတဲ့ အရိပ်ကို တက်နင်းရင်း

 

ကောက်ကျစ်စွာပြုံးပြီး လက်ပြခဲ့သူ

 

လက်ညိုးတွေကလည်း မုန်းလိုက်ပြီ ။

——————————-

 

ဒီဘဝ ဒီမျှပဲ. . . လို ့

 

ခပ်လွယ်လွယ် ပြောလိုက်ပေမယ့်

 

သံသရာ စက်ဝိုင်းကို ခိုစီးရင်းးး

 

ဒီအရာကိုပဲ ဖက်တွယ်ထားချင်ခဲ့ပြီ ။

——————————

 

မမေ ့ရက်ပါဘူးးးး

 

အသေမတတ်တဲ့ လူညံ့မို ့

 

အမှတ်တရနေ ့မှာ သေလိုက်ချင်တယ် ။

———————————

 

အထဲမှာ . . . . .

 

ဗလာပဲ ရှိတဲ့ သစ်သီးတစ်လုံးလို . . . .

 

ငါ ကိုယ်တိုင်အတွက်တောင်

 

ငါဟာ ရိက္ခာ မဖြစ်ခဲ့။

——————-

 

စိတ် ပျက် တယ် ကွယ် ။

 

——————-

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

37 comments

  • မဟာရာဇာ အံစာတုံး

    August 14, 2013 at 7:49 am

    ငှက်ပျောအူလို
    အနှစ်မရှိ အကာ အတိပြီးတဲ့ အဖြစ်တွေမှာ
    အထဲမှာ ဗလာပဲ ရှိတဲ့ သစ်သီးဆိုတာ
    တွေးကြည့်ရင် … ပါမွှား အဆင့်သာသာပါပဲကွာ …။
    အရာ အားလုံးဟာ …
    ဗလာ .. ဗလာ … ဗလာ ….
    သာဒု … သာဒု … သာဒု ပါ …..။

    • အလင်းဆက်

      August 14, 2013 at 7:53 am

      တိန်

      ကိုယ်က အပီအပြင် ခံစားနေတာ
      တူပြောလိုက်တော့လည်း
      ဘာမှ မဟုတ်ပါလား

      🙂

      • TNA

        August 14, 2013 at 1:36 pm

        အိုက်ဒါ သင်္ဘောပင်ကိုပြောဒါဖြစ်မယ်။

    • lele kyi

      August 14, 2013 at 5:30 pm

      ငှက်ပျောအူ မှာလည်း အူတိုင်ဆိုတာရှိပါတယ် ကွဲ ့။ နောက်ခါ မုန့်ဟင်းခါးဆိုင်မှာ တောင်းချည်။

  • garfield

    August 14, 2013 at 8:04 am

    ဘာသီးတုန်းးးး

    လက်သီးလားးးးးး

    😀

    • ဦးကျောက်ခဲ

      August 14, 2013 at 8:14 am

      စားချင်လို့လား… မိဇာဂျီး
      ကိုကို၄ ကို ကျွေးခိုင်းလိုက်လေ… ဟီ ဟိ
      😀

      • garfield

        August 14, 2013 at 8:21 am

        အသီးထဲ လက်သီးရယ် မီးသီးရယ် ကို ရှောင်တယ်လေ။
        😀

        • ဦးကျောက်ခဲ

          August 14, 2013 at 8:34 am

          ဒါဆို ပဒိုင်းသီးတော့စားတယ်ပေါ့…
          ဟီ ဟိ မောင်ဂီကတော့ စားပြီးသွားပြီ…
          😀

        • Min Zarni

          August 14, 2013 at 9:05 am

          တားမြစ်ထားတဲ့ အဆိပ်သီး
          ဆုပ်လည်း စူး စားလည်းရူးပေမယ့်
          မောင် မခူးဘဲတော့ မနေနိုင်ဘူး Shee ရယ်..

        • အလင်းဆက်

          August 14, 2013 at 5:43 pm

          မမခိုင်ဇာ
          လက်သီးနဲ ့မီးသီးကို
          ရှောင်တယ်ဆိုတော့
          ကြယ်သီးတို ့ ဘာတို ့ကိုကော
          ရှောင်ဘူးလားးး

          သားသားတော့လေ

          ချစ်သုဝေ အကျီ င်္က ကြယ်သီးလေးကို
          သိပ် ချစ်တာပဲ

          ဂလု

          🙂

        • lele kyi

          August 14, 2013 at 5:58 pm

          ဒညင်းသီးစားပြီး ဇာနည် ဒချိ ဒချိ လို့အော်နေတယ်ထင်တာ။ ခုုတော့ အဆိပ်သီးစားပြီး တရှီးးးရှီးးးး မြည်နေတာကိုး။

      • garfield

        August 14, 2013 at 8:46 am

        စားမိရင်တောင် ဂလို တော့ ရူးမယ်မထင်။
        တမီးက သည်းခြေခိုင်တယ်။
        😀

  • ဦးကြောင်ကြီး

    August 14, 2013 at 9:12 am

    ဗလာပဲရှိ
    မနွှာဘဲသိ
    ကညာဖွဲအိ
    အသာဆွဲကြည့်…

    • အလင်းဆက်

      August 14, 2013 at 9:28 am

      အသာ ဆွဲကြည့်
      တစ်ရာပဲသိ
      ဒဂါ မဲကျိ
      နှစ်ခါ ဆွဲစိ
      ဗြိ

      🙂

  • Wow

    August 14, 2013 at 9:27 am

    ဗလာပဲရှိတဲ့သစ်သီးဆိုတော့ အခွံဂိုဝါးစားပစ်ဟာ… :mrgreen:

    • အလင်းဆက်

      August 14, 2013 at 12:47 pm

      ဖတ်ရှု ခံစားပေးသွားသော
      Wow
      ကျေးကျေးဘာ

      🙂

      အခွံတော့ ချားချင်ဝူးးး

  • Mahar Myanmar

    August 14, 2013 at 10:07 am

    ဗလာ ဗလာ နဲ့
    ကြော်ငြာ ပြနေတာ ..
    သူ့နှလုံးသား ဆို တာ.
    ပျား အိမ် လို ပဲ.. အခန်းဖွဲ့များစွာ
    ိစိန်ခေါ် လို့ တိမ် ပေါ် လိုက် ရင်းနဲ့
    နတ်သမီး နဲ့ညား တာ လဲ အခါခါ..
    ဒါတောင် ဗလာ ပါ .. တဲ့
    ဟာဟ..
    ဇာတ် တွေ က ဆုံး ဆုံး သွားလို ့
    ပြန် စရတာ မော .. မောနိုင်ဘူး. တဲ့
    အလင်း ဆက် အတွက်
    ဘယ်သူ အတင်း ချက် ချင်သလဲ.
    ကဲ.. မောနင်း လေး.. ပက်လိုက်မယ်
    ဂလု ။

    • အလင်းဆက်

      August 14, 2013 at 5:41 pm

      ကဗျာ ဖတ် သွားတဲ့အပြင်
      ကျွန်တော့်အတွက် ကဗျာပါ စပ်ပေးသွားလို ့
      ကျေးဇူးပါ

      လေးစားစွာဖြင့်

  • kyeemite

    August 14, 2013 at 10:17 am

    မိုးအေးအေးမှာ ကဗလာသီးစားချင်နေတယ်ထင်တယ်… 😀

    • အလင်းဆက်

      August 14, 2013 at 5:39 pm

      အဟိ

      ချစ်သုဝေလေးသာ ခွါကျွေးရင်
      ဘာသီး ဖြစ်ဖြစ် စားးးးးချင်ဒယ်ဂျာာာာာ

      🙂

      🙂

  • TNA

    August 14, 2013 at 1:37 pm

    နင်သင်္ဘောပင်ကိုပြောဒါလားဟင်။

  • lele kyi

    August 14, 2013 at 5:52 pm

    အင်းးးမလာတော့ဘူးလို့စဉ်းစားထားပေမဲ့ ဂေဇက်ထဲက မထွက်နိုင်သေးဘူး။ အဲ့တော့ ငယ်ငယ်က အကြောင်းရေးလိုက်အုံးမယ်။
    မေမေ က ကျမတို့မောင်နှမတွေကို အိပ်ယာမဝင်ခင်ပုံပြင်ပြောပြလေ့ရှိတယ်။ မေမေ့ နားမှာဝိုင်းထိုင်ပြီး နားထောင်ကျတာပေါ့။ရွွှှေယုန်နဲ့ရွှေကျား ကတော့ခဏခဏ ကြားရတာပေါ့။ ပုံပြင်တော်တော် စုံပါတယ်။ တစ်ခါတလေ စကားထာ မေးတတ်တယ်။ တနေ့ကျတော့ ပြောစရာပုံပြင်ထပ်နေလို့ထင်တယ် ဗာရာဏသီ ပုံပြင်ကိုခုလိုပြောပြတယ်။ ဟိုးးးးရှေးးးရှေးးးးတုန်းကပေါ့ ဗာရာဏသီပြည်မှာ ဘာ မင်းကြီး အုပ်ချုပ်နေတယ်။ တနေ့တော့ ဘာသီးကြီးချောင်းထဲမျောလာတယ်တဲ့။ အဲဒါနဲ့ ဆယ်ယူပြီး ဘာ ဒါးကြီးနဲ့ ခွဲလိုက်တာ ဘာမှ မရှိဘူးတဲ့။ ကျမ တို့တွေ ဝိုင်းအော်ကြတာပေါ့ မေမေ ညာတယ်လို့။ မေမေ ကတစ်ခါတစ်လေ အဲ့လို ခပ် တည်တည်နဲ့ နောက်တတ်တယ်။

    • အလင်းဆက်

      August 14, 2013 at 5:59 pm

      အဟိ

      အန်တီလီရေ
      ဒါဆို အက်ဒါ
      ဘာပုံပြင်လဲ မေးလို့မရတဲ့ပုံပြင် ပေါ့နော်

      ကျနော်လည်း
      ငယ်ငယ်က မေမေပြောပြတဲ့ပုံပြင်တွေကို
      သတိရတွားပြီ

    • Min Zarni

      August 14, 2013 at 6:09 pm

      ရွှေယုန်နဲ့ ရွှေကျား ခေတ်မစိလော့ဘု
      ခုခေတ်က. မယ်ကျားနဲ့မောင်ဖား ခေတ်.

      ငိငိ

      • lele kyi

        August 14, 2013 at 6:28 pm

        ဖားရုပ်ဆိုးပုံပြင်လဲပြောပြခဲ့ဘူးတယ်။ ဟိုးးရှီးးးးရှီးးးးတုန်းကပေါ့ ရုပ်ဆိုးလွန်းလှတဲ့ ဖားတစ်ကောင်နေထိုင်ကျက်စားနေတဲ့ အိုင်ငယ်တစ်ခုကို ချောမောလှပတဲ့ ကျားမလေးတစ်ကောင်မျက်စိလည်လမ်းမှားပြီးရောက်လာသတဲ့။ အဲ့မှာ ကျားမလေးကမောပန်းလို့ရေဆင်းသောက်ရင်းသတိမထားမိပဲ အရုပ်ဆိုးလွန်းလှတဲ့ အဲ့ဖားကိုနင်းမိတာ ဖေါင်းရာကပြားသွားပြီး တရှီးးးးးးရှီးးးးးနဲ့မြည်နေပါသတဲ့ကွယ်။ မောင် ညီမလေးတို့ရေ ပုံပြင်လေးကတော့ ဒါပဲကွယ်။

        • အလင်းဆက်

          August 14, 2013 at 7:14 pm

          ပုံကျင်ရေးဂ ကောင်းရိုက်တာ.. အန်တီ ။
          🙂

      • အလင်းဆက်

        August 14, 2013 at 7:16 pm

        ချစ်သုဝေနဲ ့ အောင်ရဲလင်းနဲ့တူတဲ့အလင်းဆက်တို ့… တော့
        ခေတ်စိသေးပါလယ်..ဝေ့
        🙂

    • kai

      August 15, 2013 at 4:50 am

      .. ပြည်မသိ ဗာရာဏသီ ၊ မင်းမသိ ဗြဟ္မဒတ် တဲ့..
      ထပ်တိုးပေးလိုက်မယ်…
      ဘုရားဟောမသိ.. အဋ္ဌကထာလို့…
      ကြည့်ပါလား.. ကျမ်းပြုဆရာက.. ရှင်မဟာဗုဒ္ဓဃောသ တဲ့..။ “ဗုဒ္ဓ”တောင်မှ.. “မဟာ”တိုးလိုက်သေး…။ :mrgreen:

  • lele kyi

    August 14, 2013 at 6:14 pm

    အလင်းဆက်ရေ မေမေကပြော တယ်။ တိုင်းပြည်မသိ ဗာရာဏသီ။ မင်း မသိ ဗြတ်မဒက်တဲ့။ အဲ့လိုနဲ့ ပုံပြင်တွေသာပြောင်းသွားတယ် ဗာရာဏသီ နဲ့ ဗြဟ်မဒက် ကကိုမထွက်ဘူး။

    • အလင်းဆက်

      August 14, 2013 at 7:15 pm

      အန်တီလီရေ…။
      အဲဒီ စကားကလည်း..တညိုးလေးနော်…။

      အချက်အလက် တိကျအောင်မရှာနိုင်တဲ ့အခါ အားကိုးလိုက်လို ့ရတဲ ့စကားပုံပေါ့လေ..
      🙂

  • GARFIELD

    August 15, 2013 at 11:34 am

    ကျုပ်မုံရွာဘက်မှာ အလုပ်ခဏသွားလုပ်ဖူးတုန်းက…
    ညနေပိုင်း ဧရာဝတီမြစ်ကမ်းမှာ ထိုင်နေတုန်း…
    ဘေးက အသည်ကြီးက အော်ပြီးဖြတ်သွားတယ်…

    ” လုံခြုံသီး” တဲ့…
    တစ်ရက်လဲမဟုတ်… နှစ်ရက်လဲမဟုတ်…
    (၃)ရက်လောက်ကျ မနေနိုင်လို့ ခေါ်မေးကြည့်တော့…
    ကျွန်တော်တို့ အခေါ် ဂွေးချိုသီးဖြစ်နေတယ်…

    ကိုအလင်းဆက်ရေ…
    လူ့ဘဝမှာ ဗလာအသီးဖြစ်တာထက်… လုံခြုံသီးမဖြစ်ဖို့အရေးကြီးသကိုး…
    အဲဒီတော့ ကိုအလင်းဆက်ရေ… အဲဒီတော့ပေါ့ဗျာ…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • အလင်းဆက်

      August 15, 2013 at 12:51 pm

      အော်

      လုံခြုံသီး လို ့လည်း ခေါ် သကိုးးး
      အဟိ
      အဟိ

      ဒါရှု ိ ဗလာသီး ဖြစ်ရတာ တော်သေးတယ်နော်

      🙂

Leave a Reply