လေကြောင်းလိုင်း ရှုပ်ထွေးမှုများကို လျှော့ချပေးမည့် အနာဂတ်လေယာဉ်များ

Mr WorldWideAugust 14, 20131min2182

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့သည် လေကြောင်းလိုင်းရှုပ်ထွေးမှုများကို အလွယ်ကူဆုံးဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ရပ်အား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းနည်းလမ်းမှာ လေယာဉ်များကို ပြန်လည်ပြုပြင် တီထွင်သွားရန်ပင်ဖြစ်ပါသည်။

castoel

လွန်ခဲ့သောငါးနှစ်ခန့်က သုတေသနအဖွဲ့သည် ပြေးလမ်းတိုတိုဖြင့် ပျံတက်၊ဆင်းသက်နိုင်ပြီး မြန်နှုန်း ပိုမိုမြင့်မားကာ ခရီးသည်ဦးရေ ၁၀ဝ အထိ တင်ဆောင်နိုင်မည့် Cestol ခရီးသည်တင်လေယာဉ်ကြီးကို ဒီဇိုင်းဆွဲ တီထွင်စမ်းသပ်ခဲ့ကြသည်။ ထိုလေယာဉ်ကြီးသည် ပေ ၃၀၀ဝ အရှည်သာရှိသည့် လေယာဉ်ပြေးလမ်းမှ လေထဲသို့ မတ်စောက်စွာ ထောင့်ချိုးပျံတက်နိုင်သလို လေထဲမှနေ၍လည်း ထိုလေယာဉ်ပြေးလမ်းသို့ မတ်စောက်စွာ ထောင့်ချိုးဆင်းသက်နိုင်ပါသည်။ အဆိုပါလေယာဉ်ကြီးသည် အရှိန်အနည်းငယ်ကို အသုံးပြုရုံဖြင့် လေပင့်အား  (Lift force) မြင့်မားစွာပင့်တင်ပေးနိုင်သည့် Circulation-Control Wing များကို အသုံးပြုကာ ဒီဇိုင်းရေးဆွဲ တီထွင်ထားကြောင်းနှင့် ယခုဆိုလျင်မိမိတို့အနေဖြင့် လေယာဉ်ကွင်းများရှိ လေယာဉ်ပြေးလမ်း အလျားများကို ၅ဝ ရာခိုင်နှုန်းအထိ လျော့ချတည်ဆောက်လာနိုင်တော့မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ လေယာဉ်အင်ဂျင်နီယာဌာန တွဲဖက်ပါမောက္ခ David Marshall  က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သောနှစ်က NASA သုတေသနဌာနရှိ သိပံ္ပပညာရှင်များသည် အလေးချိန် ပေါင် ၂၅၀ဝ ခန့်ရှိပြီး တောင်ပံအလျား ၁ဝ ပေရှိသော လေယာဉ် Model တစ်ခုကို Wind-tunnel စမ်းသပ်မှု ပြုလုပ်အောင်မြင်ခဲ့ ကြသည်။ ထိုစမ်းသပ်မှုကို Amelia (for Advanced Model for Extreme Lift and  Improved Aeroacoustics)  ဟု အမည်ပေးခဲ့ကြပါသည်။

အခြားသောသုတေသနပညာရှင်များကလည်း Cestol ခရီးသည်တင်လေယာဉ်ကြီးကို ပိုမိုပြည့်စုံ ကောင်းမွန်စေရန် လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ လေ့လာမှုရလဒ်အနေဖြင့် Cestol လေယာဉ်သည် ခရီးစဉ်များ ဆိုက်ရောက်၊ထွက်ခွာမှုအတွက် စီတန်းစောင့်ဆိုင်းနေရသော အခြားလေယာဉ်များ၏ ပုံမှန် လေယာဉ်ပြေးလမ်းပြင်ပမှ ပျံတက်၊ ဆင်းသက်မှုများ  ပြုလုပ်နိုင်ကြမည်ဖြစ်ပါသည်။ Cestol လေယာဉ်များသည် လေယာဉ်ပြေးလမ်းတိုသော လေယာဉ်ကွင်းများ ၊သို့မဟုတ် သေးငယ်သော လေယာဉ်ကွင်းများ၌ ပျံတက်၊ ဆင်းသက်နိုင်သည်။ ထို့အတွက်ကြောင့် လေယာဉ်ပြေးလမ်းအတွင်း လေယာဉ်များ ပိတ်ဆို့ရှုပ်ထွေးနေမှုများကို သက်သာစေပြီး လေကြောင်းလိုင်းများ Delay ဖြစ်မှုကို လျော့ချပေးနိုင်မည် ဖြစ်ပါသည်။
Cestol လေယာဉ်များကို ဒီဇိုင်းပိုင်းဆိုင်ရာ တိုးတက်တီထွင်မှုများအတွက် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူ ပြုလုပ်ရဦးမည်ဖြစ်သောကြောင့် နောက်ထပ် ၁၂ နှစ်ခန့်အချိန်ထိ  လေကြောင်းကုန်သွယ်၊ ခရီးသွားမှုတွင် အသုံးပြုနိုင်ဦးမည် မဟုတ်သေးပေ။ သို့သော်Cestol လေယာဉ်ကို အမှန်တကယ် တည်ဆောက်ပြီးစီးချိန်တွင်မူ ၎င်းသည် လေကြောင်းလောက၌ နေရာယူ လွှမ်းမိုးရပ်တည်လာမည်ဖြစ်ပါသည်။ “Boeing လေယာဉ်ကြီးတွေကို Amelia စမ်းသပ်မှုကဲ့သို့ ပြောင်းလဲတီထွင်လာမယ့်အစီအစဉ် ဖြစ်၊မဖြစ်ကိုတော့ ကျွန်တော်မသိသေးပါဘူး၊ ဒါပေမယ့် နည်းပညာတိုးတက် တီထွင်လာမှုတွေကိုတော့ ကျွန်တော်မျော်လင့်နေပါတယ်ဓ ဟု Marshall  က ပြောကြားခဲ့ပေသည်။

 

Source:http://www.popsci.com/

2 comments

  • GARFIELD

    August 14, 2013 at 10:55 am

    မသေခင်တော့ မြင်သွားရမယ်ထင့်…

    ခင်မင်လျက်-
    ဂါဂါး

  • kyeemite

    August 14, 2013 at 11:50 am

    မဖြစ်နိုင်တာမရှိ မဖြစ်သေးတာသာရှိလို့ ဒါကြောင့်ဆိုကြတာပေါ့..

Leave a Reply