အကျွန်ုပ်နှင့် ထီးချက်စောင့် နတ်သမီး ပုစ္ဆာ (၄) ချက်

Mahar MyanmarAugust 14, 20132min36724

Pagan PalaceIMG_3226 Pagan Palace 2 IMG_3221

အကျွန်ုပ်နှင့်  ထီးချက်စောင့် နတ်သမီး  ပုစ္ဆာ () ချက်

 

အကျွန်ုပ် သည် မင်းကြီး မျက်တော် မူသဖြင့်  ယောက္ခမ ရွာ ဖြစ်သော ဥတ္တရယဝမဇ္ဈ ဂုုံး ရွာ  သို့  ခေတ္တ ရှောင်တိမ်းနေစဉ်.. နေပြည်တော်  မှ မြင်းသည်တော် မင်းလုလင် သည် စာချွန်တော်ဖြင့်..မင်းကြီး အား  ဖူးတွေ့ရန်  လာရောက်  ခေါ်ငင်သဖြင့် အကျွန်ုပ် သည် လည်း ဝမ်းသာအားရ ( တော်လေးဝဝင် အမရာဒေဝီ နှင့် တွေ့ဆုံ ရန် ) နေပြည်တော်  သို့ အပြင်း ပြန်လည် လိုက်ပါ ခဲ့ ရပေတော့သည် ။

မင်းကြီး၏  ပြဿနာ ကား ထီးချက်စောင့် နတ်သမီး မှ..ပုစ္ဆာ လေးရပ် အားမေးမြန်းထားရာ ..ဖြေနိုင်တော် မူခြင်း မရှိသဖြင့်   .. အကျွန်ုပ်  မှ  ၎င်း ပြဿနာ အား  အောက်ပါ  အတိုင်းအားပါးတရ  ဖြေဆိုပေးခဲ့ ရပေတော့ သည် တကား   ။

()   အမေး  ။    အရှင်မင်းကြီး၊ အကြင်သူသည် အကြင်သူကို လက်ဖြင့်လည်းကောင်း၊ ခြေဖြင့်လည်းကောင်း၊ ရင် မျက်နှာ စသည်တို့   ၌ ပုတ်ခတ်၏။ ထိုသို့ ပုတ်ခတ်လျက်ပင် ခံရသောသူသည် ပုတ်ခတ်သောသူ ကို အလွန် ချစ်ခင် လေးမြတ်၏။ ထိုပုဂ္ဂိုလ် ကား အဘယ်သူနည်း။

 

အဖြေ  ။     နောင် အနာဂါတ် အွန်လိုင်း တစ်ခွင် ၌ အကြင် သကောင့်သားတို့  သည်..ပို့စ်ဖြင့် ၎င်း၊  မန့်ဖြင့် ၎င်း၊ ဘလော့ များဖြင့် ၎င်း ၊ သမ္မတကြီး နှင့် တကွ ဝန်ကြီးဌာနများ၊ လွှတ်တော် နှင့် အမတ်များ  အား ဆဲရေးတိုင်းထွာ ၏။ သို့သော်လည်း.. ၎င်းတို့အား အရေးယူရန် အွန်လိုင်း ဥပဒေ မထွက်သေး ပါ၍ အလွန် ချစ်ခင် လေးမြတ် တန်ဘိုးထားလျှက် ရှိ ရပေ၏။  သို့ဖြစ်၍ အဖြေသည်  လာလတ္တံ့သော  ဒီမိုကလေစီ မင်း အစိုး ကို ဆိုလိုပါသည် ။

နတ်သမီး   ( သာဓု  ..   သာဓု  ..   သာဓု  )

 

() အမေး  ။      အရှင်မင်းကြီး ။ အကြင်သူသည် အကြင်သူ ကို အလိုရှိတိုင်း ဆိုမြည်ဆဲရေး၏ ။ ထိုသို့ ဆဲရေးလျက် ထိုသူ၏ လာခြင်း ကိုကား အလိုရှိ၏။ ထိုသို့ ဆဲရေးလျက်  ထိုသူ၏ လာခြင်း ကိုကား အလိုရှိသည်ဖြစ်၍ စင်စစ်အားဖြင့် အလွန် ချစ်ခင် မြတ်လေးသည်ဖြစ်၏ ။ ထိုသူကား အဘယ်သူ နည်း ။

 

အဖြေ  ။   နောင်အနာဂါတ် ကာလ ၌ ဒီမို ကလေစီနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ခေါင်းဆောင် ကြီးအား အွန်လိုင်း တစ်ခွင် တွင် ဆဲရေး လျှက် ထို ခေါင်းဆောင် ၏ ဦးဆောင်ခြင်း ကိုကား အလိုရှိသည် ဖြစ်၍ ထိုသူ အား အလွန် တန်ဘိုးထား အားကိုး ချစ်ခင်ကြပေလိမ့်မည်။ အဖြေကား နောင် ပေါ်လတ္တံ့သော အနာဂါတ် ဒီမို ကလေစီ နှင့် ကမ္ဘာ့ လူ့အခွင့်အရေး ခေါင်းဆောင် အမျိုးသမီးကြီးပင်  ဖြစ်ပေသည် ။

နတ်သမီး   ( သာဓု  ..   သာဓု  ..   သာဓု  )

 

 

(အမေး  ။     အရှင်မင်းကြီး ၊ အကြင်သူသည်  အကြင်သူ ကို မဟုတ် မမှန် စကားဖြင့် ယိုးစွပ်၏ ။ ပျက်မှု စကား၊ နားမကြည်ဖြူ ၊ ထိုသူ မနှစ်မြို့ မနာလိုအောင် ဆို၏။ ထို အစွပ် အစွဲ ခံ ရသူကလည်းယိုးစွက်သူ ကို တစ်ဖန်ပြန်လှန် ၍ မဟုတ် မမှန် စကားဖြင့် ဆိုပြန်၏။ ထိုသို့  အချင်းချင်း ပျက်မှုစကား နှင့် နားမခံသာအောင် တစ်ယောက် ကို တစ်ယောက် ယိုးစွပ် မြည်လျှက် စင်စစ် သဖြင့် အလွန် ချစ်ခင် လေးမြတ်ခြင်း ဖြစ်၏။ ထိုသူတို့  ကား  အဘယ်သူတို့  ဖြစ်လေသနည်း ။

 

အဖြေ  ။   အို အရှင် မင်းကြီး  နောင် တိုးတက်လာ လတ္တံ့သော အင်တာနက် ဆက်သွယ်ရေးခောတ်ကြီး ၌ တစ်ဘက် နှင့် တစ်ဘက်  အပြိုင် အဆိုင် မဟုတ်မမှန် ပို့်စ် များ..ဖြင့် ယိုးစွပ် ကြပေလိမ့်မည်။ သို့သော် စင်စစ် အား ဖြင့် ၎င်း တို့ နှစ်ဖွဲ့သည် ကား အချင်းချင်း ချစ်ခင်လေးစား ယိုင်းပင်း ကာ လုပ်စား ကြပါ၏။

အချို့လည်း နှစ်ပို့စ် ခွဲ   သုံးပို့စ် ခွဲ  မှ သည်  ပို့စ်ခွဲပေါင်း မြောက်များစွာဖြင့် ပတ်လည် ရိုက် ကာ တစ်ဦး တည်း ဒိုင်ခံ ၍ ချဲလင့် လုပ်ပေလိမ့်မည် ။ သို့ဖြစ် ပါ၍ အဖြေသည်ကား     တိုင်းပြည်တွင်း   တိုင်းပြည်ပ  ဒီမို ကလေစီ   လူ့အခွင့်အရေး  အလှူခံ  ဘက်တော်သား အချို့  အဖွဲ့ များ ကို ဆိုလို ခြင်းဖြစ်ပါသည်။ (အမှန် အကန်  ဒီမိုသမား များ ကို  မဆိုလို  ပါ ) ။

နတ်သမီး   ( သာဓု  ..   သာဓု  ..   သာဓု  )

 

 

(၄)   အမေး။    ။  အရှင်မင်းကြီး ။ အကြင်သူသည် အကြင်သူ ၏ အဖျော် ၊ အဝတ် ၊ ပုဆိုး ၊ အိပ်ယာ နေရာတို့ ကို လိုရာ ဆောင်ယူ ၍ သုံးဆောင်၏ ။ ထိုသို့ မိမိ ဥစ္စာ ကို ယူ၍ သုံးဆောင်သူ ဖြစ်လျက်လည်းဥစ္စာရှင်သည် ထိုသူ ယူ၍ သုံးဆောင် တိုင်းပင် အလွန်ချစ်ခင် လေးမြတ်ခြင်းဖြစ်၏။ ထိုသူကား အဘယ်သူ ဖြစ်သနည်း ။

 

 

အဖြေ။     ။  နောင် ပေါ်ပေါက်လာမည့်   တိုင်းပြည် ၏ နိုင်ငံရေး လော က တွင်.   တိုင်းပြည် အတွက်  အနစ်နာခံ  ပေးဆပ် မှု  များကြောင့် စွန့်လွတ် ဝံ့သူ ကျောင်းသားခေါင်းဆောင်  အချို့ သူများ သည် ဟိုတို့ ဒီထောင် ဟိုပညာ ဒီပေး အဘယ်မည်သည်  လုပ်ကွက်  မျှ  မရှိပါ  ပဲလျက်  ပြည်သူ ပြည်သား  တို့၏ အဖျော်၊ အဝတ် ၊ ပုဆိုး ၊ အိပ်ယာ တို့ ကို နည်း မျိုးစုံ သုံးလျက် ကမ္ဘာ လှည့်ပေ အံ့ ။

အခမ်းအနား များ ကျင်းပလျှက် ဖြုန်းတီး ပေအံ့ ။  ပြည်သူ များ၏ ချစ်ခင်လေးမြတ် မှု ကို လည်း ရနေ လတ္တံ့  ။  သို့ပါသော ကြောင့် ၎င်း အတွက် အဖြေကား  …  ပေါ်ပေါက် လတ္တံ့ သော ..မျိုးဆက် ကျောင်းသား အိုကြီး  များ ကို ဆိုလို ပေသည် ။ ( အမှန် အကန် စိတ်ဓါတ်ပြင်းပြ  စွာဖြင့် အနစ်နာခံ တိုင်းပြည် အကျိုးသယ်ပိုး သူများ ကို  မဆိုလို  ပါ ။ )

နတ်သမီး   ( သာဓု  ..   သာဓု  ..   သာဓု  )

 

 

ထိုသို့  အကျွန်ုပ် ဖြေ ဆိုပြီး  …  သကာလ  ..  ထီးချက်စောင့် လုံခြုံရေး နတ်သမီး သည်.. အဖြေများ အား ဝမ်းမြောက် အားရ   ပြီး  ကိုယ်ထင် ပြလျှက်  .. စတီး ဟန်းချိန်း လက်ကောက် ဘယ် ညာ တစ်စုံ စီ ပူဇော် ကန်တော့ လျှက်  နတ်ပြည်သို့  ခေတ္တ  ခဏ…. ( ဘုရားစူး ) ခဏ  ပင့်ဆောင် သွားလေသတည်း  ။

 

 

မဟာမြန်မာ ပညာယှိ

 

 

 

 

 

 

 

24 comments

  • Wow

    August 14, 2013 at 10:10 am

    အော် လက်ထိတ်ခတ်ပြီး ခေါ်သွားဒယ်ပေါ့ :mrgreen:

    • Mahar Myanmar

      August 14, 2013 at 10:40 am

      လက်ထိပ် ခတ် တာ
      ဟုတ်ပါဘူး ဟယ်..
      ပညာ ကို ပူဇော် တာ ပါ..
      အလွန် ကို နှစ်ထောင်း အားရလွန်း လို့
      နတ်ပြည် ကို ခဏ ဆို ပြီး ပင့် သွား တာ ပါ..
      ကြား စကား တွေ ယုံ နဲ့ နော်…

    • garfield

      August 14, 2013 at 10:55 am

      ဪ ကားပြာကြီးနဲ့ခေါ်သွားဒယ်ပေါ့။
      :mrgreen:

      • Mahar Myanmar

        August 14, 2013 at 11:20 am

        နတ်သမီး က ကား စီး မလား ဂါဂါ ရဲ့
        ကား ပြာ လို့ မပြော ပါ နဲ့..
        ရင်နာ လွန်း လို့ …
        ပန်း ရထား ပြာ လောက် တော့ သုံး ပေး..
        သူတို့ သိပ်ဆိုး…
        အချုပ် ထဲ ပဲ ပို့ နေကြ တာပဲ..
        ကြောက်ပါ တယ် .. ဆို မှ
        ပို့စ် တင် တာတောင်
        ကိုယ့် ဘာ သာမနည်း ဆင်ဆာ
        ထား ရတယ်..
        ရွာ သူကြီး ကြောက် ရတယ် လေ

  • ဦးကြောင်ကြီး

    August 14, 2013 at 10:23 am

    အမေး။ အကြင်သူသည် နွားသားစားပြီး ၇၈၆နံပါတ် မြတ်နိုးသော်လည်း ဝက်သားတုတ်ထိုး မပြတ်တီးလျက် ဘလက်လေဘယ်လ် နှစ်ထပ်ကွမ်းမှ သောက်တော်မူသည်။ နှုတ်မှ ပရလောက မရှိဆိုသော်ငြား ညဖက် အပေါ့သွားလျင် မိန်းမလုပ်သူ လိုက်စောင့်ပေးရသည်။ ထိုသူကား အသူနည်း…
    အဖြေ။ နောင်အနာဂတ် မဆိုင်း ယခုပင် ဂေဇက်ရွာသဂျီး ကိုယ်ဟာကိုယ် တင်မြှောက်ထားသူ မာမွတ်လျှာပွတ်တို့၏ အရှင်သခင် အယာတိုလာ ခိုမ်မေနီဆိုသူ ဖြစ်၏။ စင်စစ်မူဂါး ၎င်းသည် ပုဂံခေတ် အရည်းကြီး ဝင်စားသူဖြစ်၍ ထေရဝါဒ သာသနာအား အသွေးထဲ အသားထဲမှ မုန်းတီးကာ ပစ္စုပ္ပန်မျက်မှောက်တွင် ဝါရင့်ဂျော်လကီ ဖြိုးဒစ်ရှုနှင့် တယောက်တလှည့် ဆော်ပလော်တီးနေသူ ဖြစ်ပေတီး…။

    • Mahar Myanmar

      August 14, 2013 at 10:48 am

      အကျွန်ုပ် မသိသေး သော ဟစ်စထရီ မို့..
      အကျွန်ုပ် လေ့လာ ချေဦး မည် ..အကြင် ဦးကြောင်ကြီး
      လေ့လာ မှတ်သား ပြီး သကာလ ..
      အကျွန်ုပ် ရွှေ ဉာဏ် တော် နှုင့်
      နှိုင်း ချင့် ဝေဘန် ကာ ဆုံးဖြတ် ပေးမည်
      အသင် သတိ ချပ် ရန် ကား..
      အကျွန်ုပ် တိုင်းပြည် သည် ..
      ထေရ ဝါဒ သာသနာ ထွန်း ကားသော
      တိုင်းပြည် ဖြစ် နေပေသေးသည် တကား ။

  • Mr. MarGa

    August 14, 2013 at 12:54 pm

    နတ်ပြည်ကိုခေါ်သွားတာ သေချာလား
    နတ်ပြည်ကိုရောက်မလာဘူး
    ကြားကနေ ဘယ်က ဖြတ်ခုတ်သွားသလဲကွ ဟေ

    • Mahar Myanmar

      August 14, 2013 at 1:06 pm

      ဥ .. ဥ.. ဦး..မာ…….. ဃ
      ……ကျွန်….ကျွန် တော် ..
      လူ.. လူ .. ထီး နော်..
      နတ်သမီး က အပျို ပါ ဆို ဆို.. လို့
      လိုက်.. လိုက် လာ ရ တာ ပါ ဗျာ…
      တာ့ တာ့ ..
      လမ်း မှာ ဆင်း ပြေး ပြီ ဗျို့ …

      • Mr. MarGa

        August 14, 2013 at 1:10 pm

        အင်
        ဖြစ်ရမယ်
        လောလောဆယ်တော့ နတ်ပြည်မှာ နတ်သားဆိုလို့ သိပ်မရှိသေးဘူး
        ရောက်လာသမျှကလဲ နတ်သမီး ချည်းဘဲနော့
        လာချင်ရင် အချိန်မရွေး…သိလား

  • အရီးခင်

    August 14, 2013 at 8:22 pm

    အမေး(၁) နဲ့ (၃) ကို ကိုယ့် Version နဲ့ ကိုယ် ဖြေမယ်။ 😉

    အမေး(၁) ရဲ့ အဖြေ
    ရွာ့အချစ်တော် တိုက်တိုက် ရဲ့ သမီးလေး

    အမေး(၃) ရဲ့ အဖြေ
    ရွာ့လုလင်ပျို မောင်ရှုံးတို့ မောင်နှံ

    ဒါထက် မဟာမြန်မာ လို စကားမျိုးစုံ ပြောတတ်သူတစ်ယောက် ရွာထဲ ဝင်လာတာ အားရဝမ်းသာ ကြိုဆိုပါတယ်နော။ 😛

    • Mahar Myanmar

      August 15, 2013 at 9:08 am

      ဟာဗျာ
      အရီး လေး ခင် ကလည်း
      ကျုပ် ကို စကား မျိုး စုံ ပြောတတ် တယ် တဲ့…
      ကျုပ် က တစ်ခွန်း ဆို တစ်ခွန်း ပါ ဗျာ ..
      နိုင်ငံရေး သမား တွေ လို လည်း မပလီ တတ် ပါဘူး
      အမတ် တွေ လို လည်း ကတိ တွေ ပေး ပြီး လွှတ်တော် ထဲ သွား မအိပ်ပါဘူး
      အုပ်ချုပ် သူ အစ်ိုး ရလို အခု တစ်ညိုး တော်ကြာ တစ်ညိုး မလုပ်တတ် ပါဘူး
      တရားသူ ကြီး တွေ လို လည်း အုပ်ချုပ်ရေး ဆီ က အမိန့် မစောင့် ပါဘူး
      ပြန်ကြား ရေး လို ပြည်ပ မီဒီယာ တွေ လို လည်း ဗလောင်း ဗလဲ မပြော တတ် ပါဘူး

      ဟီး.. လိမ် တာ လေး တစ် ခု ပဲ.. ရွာ ထဲ ဝင်ပြီ နော်..ဘယ်မှာ တည်း လို့ ဘယ်မှာဧည့်စာရင်း တိုင် ရမလဲ ခင်ဗျာ…
      ကြာပါတယ် .. အရီးလေး အိမ် ပဲ တည်း တော့ မယ်…

      • lele kyi

        August 15, 2013 at 6:08 pm

        အရီး သူ့ကို ခြံစောင့်ခန့်ပြီး ခွေးကတက် မှာ အိပ်ခိုင်းလိုက် ကျမ တိုက်ဂါးလွှတ်ပေးလိုက်မယ်။ (ခွေးကတက်=တောရွာများတွင် အိမ်ရှေ့ အဝင်အဝလှေကားထစ်ကိုခေါ်ပါသည်။ တိုက်ဂါး = အဲ့ဒီ ခွေးကတက်ပိုင်ရှင်) 😉

        • အရီးခင်

          August 15, 2013 at 8:04 pm

          အရီးလေး ဆိုတဲ့ ရွာသူလေး တစ်ယောက် ရှိသေးတယ် လဲ့လဲ့ ရဲ့။
          သူလဲ ပျောက်နေပြန်တယ်။
          ပြန်လာပါဦး အရီးလေး ရယ်။

          ကိုမဟာ ရေ
          သူကြီး က ရွာထိပ် ဘုန်းကြီးကျောင်း ဘေးက မြေကွက်ကြီးယူ လိုက်တဲ့။
          စကားမျိုးစုံ ဆိုတာ ပလိစိချောက်ချက် ပြောတာကို မဆိုလိုပါဘူး။
          ဘက်စုံ က အပြောကောင်းတယ် လို့ ဆိုလိုပါတယ်။
          ရေချမ်းချမ်း ပေးပါ သဘောဖြစ်သွားတာ ကြောင်လွှတ်ပါ။ 😛

        • Mahar Myanmar

          August 16, 2013 at 9:22 am

          လီလီကျီ ..
          ညည်း စိတ် ကလေး လှ သလောက် ရုပ် ကလေး ပုပ် တယ်..
          အရီး ခင် က မှ အား ကိုး ရသေး တယ်..
          ဟော.. ဘုန်းကြီး ကျောင်း ဘေး မြေ ကွက် အပိုင် စား ရပြီ …ဟိဟိ
          လန-၁၃၉ ကျ ပြီး ရဲ့ လား ..စုံစမ်း ပေးဦး..
          အဲဒီ နေရာ ကို ၁ဝ ပြား စာ မြေ ကွက် တွေ ပိုင်း ပြီး စက်မှု ဇုံ တည် မယ်…
          နိင်ငံခြား အင်ဗက်စမန့် ကို ဖိတ် ခေါ် မယ်..
          ညည်း ရှယ်ယာ ကြို ဝင် ထား နော်..

        • Mahar Myanmar

          August 16, 2013 at 9:27 am

          အော် အရီးခင် ခင်ဗျား..
          မဟာမြန်မာ က ချက် ဆို .. သောက်ပြီး မူးပြီး သား ပါ ခင်ဗျ..
          (..စကားမျိုးစုံ ဆိုတာ ပလိစိချောက်ချက် ပြောတာကို မဆိုလိုပါဘူး။
          ဘက်စုံ က အပြောကောင်းတယ် လို့ ဆိုလိုပါတယ်။…)
          အရီးခင် ပြောလိုတာ ကို သိ ကြောင်း ပါ ..စိတ် မကောင်း မဖြစ်ပါ နဲ့…
          ဖြစ်ရင် လည်း ..မပူ ပါ နဲ့.. ဆရာဝန် ဆီ လိုက်ပို့ မယ် ့ လူ တွေ ရွာ ထဲ မှာ ရှိပါတယ်..

  • ကိုသု

    August 15, 2013 at 12:48 pm

    ဓာတ်ပုံတွေလဲသဘောကျပြီး အရေးအသားလဲ Like သွားဂျောင်းပါ။

  • kai

    August 15, 2013 at 2:27 pm

    တောက်စ်….
    အဲဒီနတ်သမီးသာ.. ဖမ်း.. ယူအက်စ်အိပ်စ်စပို့လုပ်လိုက်ရင်.. ဘီလီယံပဲ..
    သာဓု.. သာဓု… ငါထုလို့.. ပုပါစေ… :kwi:

    • အရီးခင်

      August 15, 2013 at 8:10 pm

      အဲဒီနတ်သမီး ကို ရှင့် အိမ်မှာ ခေါ်ထား မှာလား သူကြီးမင်း ရဲ့။
      အမေးအမြန်းထူပါဘိ နဲ့။
      😉

      • Mahar Myanmar

        August 16, 2013 at 9:35 am

        သူကြီး က အသူ တုန်း ဗျ…
        ကျုပ် က လူသစ် ပါ..
        ( ရာအိမ် မှူး မပေး တောင် ဆယ်အိမ် ခေါင်း ပေး မလား လို့
        တောင်း မလို့ ဗျ..)
        မရ တဲ့ အဆုံး .. သူကြိး သူမီး ကို ပဲ…
        တောင်း ရဲ ဘူး နော်..
        ( သမီး မရှိ ရင် သူကြီး မလုပ် ရ )

        • lele kyi

          August 16, 2013 at 10:42 am

          ကြောင်ကုတ်ခံချင်တယ်ထင်ပ့။

        • Mahar Myanmar

          August 16, 2013 at 4:24 pm

          လီလီ ..
          မြန်မာ ကား တွေမှာ သူကြီး ဆိုတာ နဲ့ သမီး ပါပြိီးသား မို့ပါ
          မင်းသား မင်းသမီး ကလည်း သယ်ချင်း တွေ ပါပြီး သား..
          အလုပ် အကိုင် သာ မရှိတာ..အဆင် ကို ပြေ လို့..
          ဆင်းရဲ ပြန်ရင် လည်း ကုန်းကောက်စရာ မရှိ ရောဂါ က ထူ သေး..
          …………….
          ကြောင် ကုတ် တယ် လို့ မသုံး နဲ့ လေ.
          ကြောင် ချစ် တယ် လို့ သုံး ပါ ဟ.. နုနု ရွရွ လေး ပေါ့

    • Mahar Myanmar

      August 16, 2013 at 9:31 am

      လူ ကုန်ကူ း ရင် အမှု ကြီး နော် ထောင် အနည်း ဆုံး ၁ဝ နှစ်..
      နတ်သမီး ကုန်ကူး လို့ ကတော့…. ဘယ်နှနှစ် လဲ သင်ချာ နည်း နဲ့
      တွက်ကြည့်ပေတော့.. သူမို့ မကြောက်မရွံ့ ကြံစည် ရဲ ပေတယ်…
      စာဖတ် နေတဲ့ ဘဘ ကြီး မြေး လား…

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 9:50 am

    မောင်မင်းလူကြီး
    နတ်ပြည်က ပြန်ရောက်တဲ့အခါ
    ထပ်ခေါ်ချင်တဲ့လူ ရှိသေးတယ် …
    ကျွန်ုပ် နတ်ပြည်အဆင်း လေဆိပ်ပြတင်း က စောင့်နေပါ့မယ် …
    ဒူ .. ဝေ .. ဝေ …

Leave a Reply