အတွေ့ လေးရယ်မှ အို အကြုံ

” ဒိုင်း ဒိုင်း ဒိုင်း ”

” ဆော်ပြီဟေ့ အကြောင်းမကြားဘာမကြာနဲ့”

“ဗိုလ်မူုး ပြန်ပစ်လိုက်ရတော့မလား”

“ဟေ့ယောင် ရဲဘော် မောင်သန်း ငါရာထူးတိုးသွားပြီလို့ ဘယ်နှ ခါပြောရမလဲ

ဗိုလ်ချုပ်ကွ ဗိုလ်ချုပ်”

“မေ့သွားလို့ပါ ဗိုလိမူုး အဲ အဲ ဗိုလ်ချုပ် ရေ”

နေရာကာ မြန်မာပြည်အောက်ပိုင်း ဧရာဝတီ မြစ်လယ်သောင်ပြင် ကိုင်းတော

ကြီးထဲ ကျနော်တို့ တပ်ရင်း ပိတ်မိနေ ချိန်ဖြစ်၏ ။

ကြံခင်းမြို့ အစွန်ဘက် ရွှေတောင်စုရွာကလေးအနီးတွင်ဖြစ်၏။

အော်စစ်သားဘဝမလွယ်ပါလား။မနက်စာ လွတ်သွားပြီ ။

ရန်သူက အင်အားများသည်မို့ ကိုယ်က ပြေးရသည့်ဘဝ ။

ပြေးစရာမြေ မရှိ ။ ရေပြင်ကခြားနေသည်။ ကူးစရာလှေကလည်း ရန်သူ့

လက်ချက်ကြောင့် ရေအောက် မြုပ်ချေပြီ။ တဖက်မှရန်သူ များကလည်း

ကျနော်တို့ ပိတ်မိနေသည်ကို အတိအကျ သိနေလေပြီ။ သို့ပေမဲ့ ကိုင်းတော

အတွင်း ဘယ်နေရာမှာရှိသည်ကိုသူတို့မသိ။ ရှိနေသည်ကိုတော့သိနေသည်။

ကျနော်တို့ရှိနိုင်မည့်နေရာကို မှန်းသမ်း ရမ်းသန်းပစ်နေခြင်းဖြစ်သည်။

အမှန်ကတော့ကျနော်တို့ ဘက်မှ လှုုပ်ရှားမူ့ ကြောင့် ပြန်လည်ပစ်ခတ်ပါက

သူတို့ ကျနော်တို့ ၏ တည်နေရာကိုသိရှိနိုင်ရန် ဆွပစ် ပစ်နေခြင်းပင်။

ကျနော်ကဲ့သို့ စစ်ရေးအတွေ့အကြုံ မရှိသူဆိုပါက ရန်သူ့ပရိယယ် အတွင်း

သက်ဆင်းသွားနိုင်သည်။

“မောင်သန်း ဒို့ တပ်ဖွဲ့မှာမင်းနဲ့ငါ နှစ်ယောက်ပဲကျန်တယ် ။ ဒီတော့ မင်းငါ့

အမိန့်ကို သေချာနာခံမှဖြစ်မယ်။ မင်းနာခံမယ်ဆို ဒိတိုက်ပွဲဟာ ဒို့တိုက်ပွဲဖြစ်သွား

မယ်”

” ဟုတ် ဗိုလ်ချုပ် ဒီတိုက်ပွဲအောင်ရင် ကျနော့်ရာထူးလေးးးးးး”

“အေးဒီတိုက်ပွဲမှာအောင်ပွဲခံခဲ့ရင် မင်းကို တရစ် ပေးမယ် ”

“ဒါတော့မတရားဘူးဗိုလ်ချုပ် ဗိုလ်ချုပ်ကြတော့ တပ်သားကနေ ဗိုလ်မူုး

တန်းဖြစ်တယ် ခု ဗိုလ်မူုးကနေ ဗိုလ်ချုပ်တန်းဖြစ်တယ် နဲနဲတော့တိုးပေးဗျာ”

“အရေးထဲ ရာထူးဈေးဆစ်နေတယ် အေးအေး မင်းငါ့အမိန့်ကိုတဝေမသိမ်း

နာခံရင် တပွင့်ပေးမယ်ကွာ ဟုတ်ပြီလား”

“ဟုတ်ဗိုလ်ချုပ်”

” အုန်းးးဒုံးးး ”

“ဒက် ဒက် ဒက် ဒက် ”

တဖတ်မှလည်း အပစ်အခက်စိတ်လာသည်။

ရေ ရှည်ငြိမ်နေ၍ မဖြစ်တော့ ။ ပြောက်ကျားစနစ်သုံးမှဖြစ်မည်။

ရန်သူ တပ်စိတ်တစိတ်မှ ၃ ၄ ယောက်က ရှေ့ ကိုက် နှစ်ဆယ်အတွင်း

ရောက်လာလေပြီ။ သူတို့ကိုမြင်နေရသော်လည်း သူတို့ က ကျနော်တို့ ကိုမမြင်။

သူတို့မှာကျနော်တို့ကိုမမြင်ရ၍ ကြောက်ကြောက်ရွံ့ ရွံ့ ဖြစ်နေသည်ကို ဖုံးမထားနိုင်။

သို့သော် အင်အားချင်း လက်နက်ချင်း သာနေ၍ အနည်းငယ်တော့ အားတက်နေပုံ

ရသည်။

“မောင်သန်း နောက်ကို ဖြေးဖြေးဆုတ် အသံမထွက်စေနဲ့”

ရန်သူကားသုံးယောက်အတိအကျဖြစ်လေသည်။ အနားသို့ရောက်လာသည်။

ကျကျနနစေ့စေ့စပ်စပ်ရှာသည်။ ကျနော်တို့ နှစ်ယောက် မှာ ကိုင်းတောအောက်

မြက်ခင်းများလှန်ကာအောက်အတွင်း ဝပ်နေကြ၍ မမြင်နိုင်မတွေ့နိုင်ရှိနေသည်။

“မရှိဘူး ဝေ့ ရှေ့ဆက်ရှာကြမယ် ”

တယောက်က ခေါင်းဆောင်ဖြစ်ဟန်တူသည်။ သူတို့ကျနော်တို့ရှေ့ မှကျော်သွားသည်။

” မောင်သန်း မင်းတယောက်တာဝန်ယူ ငါနှစ်ယောက်တာဝန်ယူမယ်”

မောင်သန်းအားပြောပြောဆိုဆိုပြောပြီး ခါးကြားမှ ဓါးမြောင်ကိုထုတ်၍ လည်လှီးဟန်ပြလိုက်

သည်။ မောင်သန်းသဘောပေါက်ကြောင်ပြသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။

ရန်သူသုံးဦးမှာလည်းရှေ့သို့မဲ၍ ကိုင်းတောအတွင်း သေနပ်ဖြင့်ပစ်ခြင်း ရှာခြင်း

လုပ်နေ၍ နောက်မှလာသောကျနော်တို့နှစ်ယောက်ကို သတိမပြုနိုင်။

မောင်သန်း နောက်ဆုံးမှတယောက်ကို ခုန်အုပ်လိုက်သည်။မြန်လိုက်သည့်ကောင်။

မျက်စေ့ထဲ တပွင့်မြင်နေ ရော့လား မသိ။ ပါစပ်ပိတ်၍ ရင်ဝသို့ဓါးမြောင်ထိုးစိုက်

လိုက်သည်မှ လျပ်စီးလျပ်သလောက်မြန်သည်။တိကျသည် ။ ကျန်နှစ်ယောက်သိပင်

မသိလိုက်ရှေ့ဆက်ရှာနေသည်။ ကျနော်လည်း အားကျမခံနောက်ကရှိသေူနကို အသာ

ကပ်၍ ပါစပ်ပိတ် ဓါးမြောင်ဖြင့်လည်လှီးလိုက်သည်။အသံပင်မထွက် ။ နောက်ဆုံးတယောက်

သူကိုတော့သတ်၍မဖြစ် မေးစရာရှိတာမေးရန်ချန်ထားရမည်။

သူကလည်း နောက်တွင်သူ့လူတွေဘာဖြစ်ကုန်သည်ကို မသိ ။ရှေ့ကိုပဲမဲနေသည်။

ကျနော်တို့နှစ်ယောက်လဲ ခပ်တည်တည်နောက်မှ ဆက်လိုက်သည်။

“ဒီကောင်တွေ ပုန်းတာ ကောင်းလှချေလား” ပြောပြီးနောက်သို့လှည့်ကြည့်

သည်။ “ဟီးးးးးး” ရုတ်တရက်မို့ထင်သည် ကြောင်တောင်တောင်နှင့် ကျနော်ကို

စူးစိုက်ကြည့်နေသည်။ ” ရှုးးးးးး” ဆို၍ သူ့ပါစပ်ကိုပိတ်သည်။ဓါးကို ဗိုက်ထောက်

၍ ကိုင်းတောအတွင်းဆွဲသွင်းလိုက်သည်။

“မောင်သန်း ဟိုနှစ်ကောင်ကို ဒီဘက်ဆွဲ ပြီး ဝှက်ထားလိုက် ”

“ဟုတ် ဗိုလ်ချုပ် ”

” ကဲ ငါမေးမယ်ကောင်းကောင်းဖြေ မဟုတ်ရင်မင်းကို ဒီက ကျုရိုးနဲ့ မသေမချင်း

ထိုးသတ်ပစ်မယ် ”

” ဟုတ် ဟုတ်ဖြေပါ့မယ် ကျုရိုးနဲ့တော့ မထိုးပါနဲ့ ဗျာ ”

“အေး မင်းတို့ ခေါင်းဆောင်ဆောင် ဘယ်မှာလဲ အင်အားဘယ်လောက်ရှိသလဲ”

” သူ သူ သူ တို့ အရှေ့ ခြမ်းဘက်မှာပါ အင်အားက ၄ ယောက်ပါ ”

“ကဲရှေ့ ကလိုက်ပြစမ်းကွာ ”

သဲသောင်ပြင်မှာရေကျချိန်နွေ မို့ တမျော်တခေါ် ကြီး ဖြစ်နေသည်။ အရှေ့ဘက်သို့

ကိုင်းတောကိုပတ်သွားလျှင် ခရီးမတွင်နိုင်။

“မောင်သန်း ကိုင်းတောကို ဖြတ်မယ် မင်းရှေ့ က လမ်းကြောင်းရှင်း စိတ်ချရင်အကြောင်း

ပြန်”

မောင်သန်း ကိုင်းတောကိုသတိအနေထားနှင့်ဖြတ်ဝင်သည်။ ကင်းရှင်းကြောင်းအချက်ပြလျင်

ကျနော်က ရန်သူကိုရှေ့ကထားလျက် ကိုင်းတောအတွင်းဝင်သည်။

ကိုင်းတော့အရှေ့ဘက်အစပ်တွင် မောင်သန်း ဝပ်လျက် တိတ်တိတ်အချက်ပြ၍ ဖြည်းဖြည်း

သွားရသည်။

ကိုင်းတော အရှေ့ ဘက်သဲသောင်ပြင်တွင်လူနှစ်ယောက် ရေကြက်တကောင်ကိုကင်နေ

သည်။

” ဘယ်မလဲ မင်းတို့ ခေါင်းဆောင်”

” ဟိုဘက်အကွေ့နားမှာလေ ခြုံ ထိုင်နေတယ်”

ရောနိပ်ဟ ။ ပွဲသိမ်းတော့မည်။ ခေါင်းဆောင်ကိုမိလျင်ပွဲသိမ်ပြီ။

ခေါင်ဆောင်ဖြစ်သူက အရေးထဲ ခြုံတိုး ( -ီး ပါနေခြင်း) နေ၍ ဖမ်းဖို့မခက်ခဲ။

“မောင်သန်း ဒီကိစ္စ မင်းပဲရှင်းလိုက်ကွာ”

မောင်သန်းတတ်တတ်ကြွကြွဖြင့် ခေါင်းဆောင်အနားနောက်ဘက်မှ တဖြည်းဖြည်း

ချင်း ကပ်သွားသည်။ ခေါင်းဆောင်ဆိုသူကလဲ မိမိကိစ္စ အပေါ်အာရုံစိုက် စိတ်နှစ်

ထားပုံရသည်။ မိမိနေရာ မိမိလူများနဲ့ဆိုတော့စိတ်ချနေတာလဲဖြစ်နိုင်သည်။

မောင်သန်း ကအနားသို့အရောက် –

“ဟေ့ မလူပ်နဲ့ လက်မြောက်”

” အေးပါကွာ ဒီနေ့ မင်းတို့နိုင်ပါတယ်ကွာ”

“ဟဲဟဲ ဒါကြောင့်ပြောတာပေါ့ကွ မင်းခန့်ကျော်ကိုလာစိန်မခေါ်နဲ့လို့ပြောတာပေါ့ကွ

ခုတော့မင်းတို့ရှုံးပြီမလား”

“အမယ် ငါဗိုက်နာလို့ မင်းအခွင့်အရေးရသွားတာပါ ”

” ကဲဘယ်မလဲ ရေကြက်ကင် ”

“ဟေ့ယောင်တွေ ပေးလိုက် နောက်နေ့ မကျေပွဲ နွဲ ကြသေးတာပေါ့”

” ရတယ်အချိန်မရွေးပဲကိုယ့်လူရေ မနေ့ ကဖရဲသီးတောင်မစားရသေးဘူးကွ ဟဲဟဲ”

အော်ငယ်ငယ်က နွေကျောင်းပိတ်ရက်တွေမှာ မြစ်လယ်ကသောင်ပြင်ပေါ်မှာ စစ်တိုက်

တမ်းကစားခဲ့တာတွေ သတိရလို့။ လွမ်းလိုက်တာ ငယ်ငယ် ရယ် :mrgreen:

6 comments

  • garfield

    August 14, 2013 at 11:48 am

    အဟမ်းးးး
    စဖတ်ကြည့်တော့ စစ်သား လော်ဘီလားလို့။

    ငယ်တုန်းကတော့ စစ်တိုက်တမ်း ကစားရတာကို ပျော်ခဲ့တဲ့။
    ကွန်မန်ဒို တပ်ဖွဲ့ ရုပ်ရှင်တို့ဘာတို့ကိုလည်း ကြိုက်ခဲ့တယ်။

    နောက်တော့ လူ့အသက် တစ်ချောင်း ကိစ္စ တွေးမိတဲ့ အချိန်မှာ စစ် ဆိုတာကိုမုန်းတယ်။
    လူနည်းစု ၂ ဖွဲ့ရဲ့ စံနစ်တွေ ယုံကြည်ချက်တွေ မတူတာကို အကြောင်းပြုပြီး စစ်တိုက်ခိုင်းတဲ့ ခေါင်းဆောင်တွေကို မုန်းတယ်။
    နောက်ပြီး တိုင်းပြည် ကာကွယ်ဖို့ ကိုင်ရတဲ့ လက်နှက်နဲ့ တိုင်းပြည်ကို ပြန်နှိပ်စက်တဲ့ စိတ်ဓာတ်တွေကို မုန်းတယ်။

    မုန်းရတာ မောတာအေ။
    သွား ဂလု လိုက်အူးမှ။ (ရေ) 😀

    မောင်လေးက နောက်တယ်။
    အမ က စစ် ဆို မုန်းတာမှ နွားနို့ အစစ်ဆိုရင် ကို ရေရော ရော သောက်တယ် တဲ့။ 🙂

  • Mr. MarGa

    August 14, 2013 at 12:53 pm

    အတွေ့လေးရယ်မှ အို အကြုံ ဆိုလို့
    ဆရာမင်းလူရဲ့ ဝတ္ထုကိုများ ပြောသလားလို့
    ဟုတ်လဲဟုတ်ဖူး လူဇိုး…

  • မင်းခန့်ကျော်

    August 14, 2013 at 1:40 pm

    ဟေ့လူတွေ

    ခု ကျုပ်ရာထူးထပ်တိုးသွားပြီဗျ !

    ဗိုလ်ချုပ်မူုးကြီးချုပ် :mrgreen:

  • လူကလေး

    August 14, 2013 at 2:05 pm

    ခင်ဗျား ခေါင်းစဉ်ကြည့်ရင်း…မင်းလူဝတ္ထုကိုတောင် သတိရမိတယ်..

    တကယ်စစ်တိုက်တာမှ ဟုတ်ရဲ့ လားလို့ တွေးရင်းကနေ ပဲ ဖတ်လို့ ပြီးသွားလေရဲ့ ..

  • ရွှေမိုးတိမ်

    August 14, 2013 at 2:32 pm

    ဟီးးး
    သည်းထိတ်ရင်ဖိုပဲ ဖတ်လိုက်ရတာ ….လက်စသတ်မှပဲ ငယ်ငယ် ကစစ်တိုက်တမ်းကစားတာဖြစ်နေဒယ်။
    အရစ်တွေ အပွင့်တွေ အဆစ်တောင်းနေတုန်းကတော့ ထင်လိုက်မိသား …တညိုးပါလားလို့ 😀

  • အလင်းဆက်

    August 14, 2013 at 7:32 pm

    ဘာာာာာာ
    လွမ်းလိ်ုက်တာ..ငယ်ငယ်ရယ်… ဟုတ်လား ။

    ငယ်ငယ် တဲ ့…
    အဟင့်……….

    သားသားဂျစ်တူလေး ရဲ ့ အိမ်အခေါ် နာမည်လေးဂလည်း..ငယ်ငယ်….

    :kwi:

    ============

Leave a Reply