အကျွန်ုပ် ကျောင်းဆရာ..

Mahar MyanmarAugust 14, 20131min24522

 

တစ်နေ့သ၌  …အကျွန်ုပ်   သည်..

သူတစ်ပါး   အား  ဦးဆောင်လမ်းပြ  ဆရာ  တစ်ဦး

ဖြစ်ချင်သော  ဆန္ဒ  အရ…

အနီးအနား  သို့   ဝေ့ဝိုက်  ကြည့် ရှု  လိုက်သော်  အခါ..

တူမ  တော်  အနှီ  သူငယ်တန်း  ကလေး  မအား

မြင် ချေ  သည်  တမုံ့  ။

 

”  ကစ်ကစ်  လာ  ..  ဦး  စာသင်ပေး  မယ်

ဖတ်စာအုပ်  ယူခဲ့  ”

 

ဟူ၍   ကျောင်းဆရာ စတိုင်  ဆံပင် ဘုတ်သိုက်ဖြင့်

အကယ်ဒမီ ရ  မင်သား  အလား  မင်မောင်း  ကောင်းကောင်း

ဖြင့်  ခေါ်လိုက်ချေ ပေ၏ ။

အနှီ  ကလေးမ  ကား  ငယ်ငယ်  က ကြောက်ရင်းစွဲ

ရှိသမို့  ..ဘာ..အခွင့် အရေး  ..ညာ  အခွင့်အရေး  ဟူ၍

ကွန်ပလိန်း  မတက်  ပဲ  မြန်မာစာဖတ်စာ  အုပ် ကိုင်ကာ အကျွန်ုပ်

ရှေ့မှောက်  မျက်ရည် တစမ်းစမ်း ဖြင့်

ရောက်လာပေသည်  တကား  ။

 

အကျွန်ုပ်   လည်း  ၎င်း ၏ မျက်ရည်များ  ကို

မမြင် ဟန်ဆောင် လျှက်  စာသင်ကြားခြင်း  တည်း

ဟူသော  အလုပ်  ကို  စလိုက်ရပေသည်  ။

 

အကျွန်ုပ်  လည်း  ဖတ်စာ အုပ်  ကို  အနှစ် ၃ဝ အ တွေ့အကြုံ ရင့်

ဆရာကြီး စတိုင်  ဖြင့် လှန် ကြည့် လိုက်ရာ   အကျွန်ုပ်    ငယ်ငယ်  က

ခရက်ဒစ် ရပြီး  ဒစ်စတေားရှင်း  ဖြင့်  အောင်မြင် ခဲ့ ဘူး  သော  စာပုဒ် တစ်ပုဒ်  ကို

မြင် တွေ့လိုက်  ပေ  ရာ..

အကျွန်ုပ်  ခြေရာ   နင်း  စေလို  သော  ဆန္ဒဖြင့်    ……

 

 

”    ကဲ..ကစ်ကစ်

အရှေ့က  ဦး  ဆို   သလို  ..  လိုက်..  ဆို  ”

 

”   ဟုတ် ”

 

”   ည အခါ…”

”   ည အခါ…”

 

”  လ သာသာ..”

”  လ တာတာ..”

 

” ကစားမလား ?…  ”

”  အင်း…   “..

……………………………………

………………………………….

 

 

 

 

မဟာမြန်မာ  ပညာယှိ

999024_10200230629153593_416190862_n

22 comments

  • garfield

    August 14, 2013 at 2:08 pm

    ဟယ်
    ကြောက်စရာကြီး (အဲလေ) ကျောင်းဆရာကြီးတော့!!!

    ရုတ်တရက် သဘောမပါလို့ ၂ ခါ ဖတ်လိုက်ရတယ်။
    😀

    • Mahar Myanmar

      August 15, 2013 at 9:08 am

      ဂါဂါ ရယ် ကစ်ကစ် လောက် တောင် အရိပ်ပြ အကောင် မမြင် ဘူး..
      ဟို က …သူ့ ဦးလေး ကို ကျော သွား တာ လေ..
      အဲဒါ နဲ့ ပဲ ကျောင်း ဆရာ အလုပ် စိတ် နာ ပြီး … တစ်ခြား အလုပ် ပြောင်း လုပ် လိုက် တယ်….. မူကြို မှာ လုံခြုံရေး အစောင့်…

      ကလေး တွေ ကျုပ် ကို ကျော်ပြီး မှ စာသင်ခန်း ထဲ ရောက်တယ်
      ဗွီအိုင်ပီ ပေါ့..

  • ရွှေမိုးတိမ်

    August 14, 2013 at 2:40 pm

    😀 နားမလားဆိုရင်ရော ကစ်ကစ် က ဘာပြန်ကျောမလဲမတိဘူး ။

    • Mahar Myanmar

      August 15, 2013 at 9:10 am

      နားမလား မရောက် လိုက်ဘူး ဗျာ..
      ကျုပ်တုန်း က နား မလာ း ထိ ရောက်တယ်..ဂုဏ်ထူး ရတယ်..
      ကစ်ကစ် က နား မလား ထိ မရောက် လို့ အမှတ် ပြည့် ရတယ် ဗျ…

  • lele kyi

    August 14, 2013 at 3:52 pm

    ကျမ မှာလည်း အဲ့လို အိုင်ကျူမြင့်မြင့် တူမတော်တွေရှိတယ်။ ကြွားတာ။
    တူတော်မောင် ငရှုတ်ကို သတိရသွားပြန်တယ်။ ထုံးစံအတိုင်း သူ့ကိုမေးဘူးတယ်။ သားကြီးလာရင် ဘာလုပ်မလဲ လို့။ “သားကြီးလာရင် လူလုပ်မယ်တဲ့။အခုထက်ထိမောင်နှမတွေ စကားစပ်မိရင်အဲ့အကြောင်းပြောမိတုန်း။ ကျမ ကလေး အတွေးတွေကို နားထောင်ရတာကြိုက်တယ်။ 🙂

    • Mahar Myanmar

      August 15, 2013 at 9:12 am

      ဟုတ်တယ် လာသေး တယ် တစ်ခါ
      ဝက်သား တောင် အဆီ တွေ အသား တွေ ခွဲ မပြော တတ် တော့..
      သူ့ ကို တဲ့ ..ဝက်သား သွားကြား ညပ် တဲ့ ဟာ ပဲ ကျွေး ပါ တဲ့..

      ကဲ လီလီကျီ စီးစား ကျိ ပေါ့.. ဘာ ဆို လဲ ဆို တာ..

      • lele kyi

        August 15, 2013 at 5:58 pm

        အင်း ချာမာ (ဆြာမဟာ) ဟင့်န်အရစဉ်းစားလိုက်တော. ဝက်ဆီတုံးတောင်းတာဖြစ်မယ်။ (စီးစား=အဆီစား)။ ဒါပေ မဲ့ မျက်လုံးထဲရော နားထဲရော အန်တီမြင့်မြင့်ခင်ရဲ့ ဝက်သားတုံးကြီး လက်သီးဆုပ် ရယ် ဟေးးလားကွဲ ့မောင်ရို ့ပဲ မြင်ကြားနေတယ်။ 🙂 အဖြေ ခရက်ဒစ် ဟုတ်။

        • Mahar Myanmar

          August 16, 2013 at 9:01 am

          ဝက်သား သွားကြား ညပ် တဲ့ ဟာ ဆို တာ..
          အဆီ မကြိုက် လို့ အသား ကို ရွေး ကျွေး ပါ လို့ ဆိုလို တာ ပါ…
          ကလေး အပြော က ဝက်သား ကို ပြောကြောင်းပါ ခင်ဗျာ..
          လီလီကျီ တစ်မှတ် မှ မရပါ မှား ပါသည်

    • မဟာရာဇာ အံစာတုံး

      August 15, 2013 at 12:48 pm

      ငယ်ငယ်က
      မင်းကြီးလာရင် ဘာလုပ်မလဲ မေးရင်
      ဂလို အရွှဲ့တိုက်ပီး ဖြေဒတ်ဒယ် …

      ” ဆိတ်ဘဒီးကို လည်မှာဆွဲ -ာဂေါင်း လုပ်မှာဗျဲစ် .. ”

      :mrgreen:

      • Mahar Myanmar

        August 16, 2013 at 9:09 am

        ကို အံစာုံး တို့ က လောင်းကစားသမား လုပ်သင့် တာ ပါ

  • အလင်းဆက်

    August 14, 2013 at 7:17 pm

    အဟိ ။
    နားမလား.တောင် မမေးလိုက်ရဘူး ။

    အဟိ အဟိ ။
    အဲဒီ ခလေးလည်း..သားသားလိုပဲ..။
    🙂

  • Mahar Myanmar

    August 15, 2013 at 9:13 am

    အော် အမှတ် ၁၀ဝ နဲ့ အောင် လာ တယ် ပေါ့..
    တော် ထှာ ကွယ်..
    ကျုပ်များ ဖြင့် ဂုဏ်ထူး ရတာ ကို တော် တယ် မှတ် နေတာ..
    အခုခောတ် ကလေး တွေ များ တယ် တော်…

  • Ma Ma

    August 15, 2013 at 9:28 am

    ကစားမလား
    အင်း ….. တဲ့။
    ပညာရှိဦးလေးရဲ့ တူမလို့ မပြောရဘူး။ :kwi:

    • Mahar Myanmar

      August 15, 2013 at 9:51 am

      ဟုတ် တယ် ဗျာ
      အဲဒီ တုန်း က ကိုယ့်စကား နဲ့ ကိုယ် မို့
      ကစား ခွင့် ပေး လိုက် ရတယ်..

      ကျောင်းဆရာ လုပ် သက် တစ်မိနစ် တောင ် မပြည့် ပါဘူး ဗျာ
      ပြုတ် သွား တယ်..

  • Ma Ei

    August 16, 2013 at 10:19 am

    မေး …ကစားမလား
    ဖြေ …အင်း …..
    ဒါနဲ့ဘဲ ဆရာ တပည့်
    တူဝရီးနှစ်ယောက်
    ကစားကြပါလေရော….
    🙂

    • Mahar Myanmar

      August 16, 2013 at 4:26 pm

      ကစားဖော် ရ သွား တာ ပေါ့..
      ကလေး ဆို တာ ကလေး ဆက်ဆံ ရင်း နဲ့
      လူကြီး လည်း ခဏခဏ ခံ ရ တတ် ပါတယ်..
      ကြည့် ကစား နော်..

  • lele kyi

    August 16, 2013 at 10:26 am

    ဒီချာမာ က နာမည်နဲ့လိုက်အောင်ချာတယ်။ အဲ တော်တယ်။ သားသား နဲ့ မီးမီး အတွက် ဂိုက်ခေါ်ပေးရမယ် ပညာရေးစိတ်အေးရပြီ။

    • Mahar Myanmar

      August 16, 2013 at 4:31 pm

      ကိုယ့် ကလေး ကိုယ် ထိန်း ချာ မ မအား ဘူး
      ဆော့ နေတယ် မြင်ဘူး လား..

  • ဦးကြောင်ကြီး

    August 20, 2013 at 10:15 am

    ညအခါ
    ထလတာ
    ငါ့မှာကွာ
    ခွစရာရှာ
    လသာဖြာ
    မြပြာညှာ
    ဆွတာကြာ
    ဘွသာယာ…

  • kai

    August 20, 2013 at 12:37 pm

    နာမယ်မှာ”ရဲ”ပါတဲ့..ကောင်လေးကပြောတဲ့အဖြစ်ကလေးပါ..
    အမေ။ ။ “မလုပ်နဲ့.. ငရဲကြီးမယ်..”
    သား။ ။ “တကယ်ကြီးမှာလားဟင်… လုပ်မယ်..လုပ်မယ်.. ” :mrgreen:

    • nozomi

      August 20, 2013 at 1:23 pm

      အခုမှ သကြီး အမည် အရင်း က ” သရဲကြီး ” ဆိုတာ သိတော့တယ်

  • GARFIELD

    August 20, 2013 at 1:51 pm

    ဟိုစကားလေးတစ်ခွန်းသတိရတယ်…
    ကလေးကို စိတ်ပါအောင်စာမသင်နိုင်ပဲ…
    အတင်းအဓမ္မ တုတ်ကိုင်စာသင်တာတို့… ငေါက်ငန်းစာသင်တာတို့ကို…
    ကျောင်းခန်းထဲက အာဏာရှင်စနစ်လို့ ဆိုသတဲ့…

    အိုဘယ့်… အာဏာရှင်စနစ်…

    ခင်မင်လျက်-
    ဂါဂါးကြီး

Leave a Reply