၂၀၁၃-၀၈-၁၄

ムラカミAugust 14, 20131min29317

 

 

 

ထူးအိမ်သင်
(၁.၇.၁၉၆၃ – ၁၄.၈.၂၀၀၄)
အဘ – ဦးထွန်းမြင့်
အမိ – ဒေါ်မြရင်
ပုသိမ်မြို့တွင် မွေးဖွား
အမည်ရင်းမှာ ကျော်မြင့်လွင်
မူလတန်းပညာကို အ.မ.က(၂၀)တွင် သင်ကြားခဲ့
အထက်တန်းပညာကို အ.ထ.က(၃)တွင် သင်ကြားခဲ့
၁၉၇၉ – ၈ဝ တွင် ဧရာဝတီတိုင်း၊ ဒေသကောလိပ်၊ ပုသိမ်သို့ တက်ရောက်ခဲ့
၁၉၈၁ တွင် မော်လမြိုင်သို့ မိသားစုဖြင့် ပြောင်းရွှေ့
မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဖြင့် ကျောင်းပြီး
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး(KC francis)ထံမှ
ဂီတသင်္ကေတနှင့် ဂီတပညာသင်ယူ
၁၉၈၆ တွင် ပထမဆုံး တေးစီးရီးကို စတင်သွင်းယူ
၁၄.၈.၂၀၀၄၊ နံနက်(၁၁ း ၄၀)တွင် ကွယ်လွန်
ဇနီးသွယ်သွယ်အေးနှင့် သမီး မိကွန်ထောတို့ ကျန်ရစ်
(သျှပ်မှူးကျော် အမည်ဖြင့်လည်း ကဗျာများရေးသားခဲ့)
နာရီပေါ်မှ မျက်ရည်စက်များ
မှောဆရာအိပ်မက်
သက်ငြိမ်
အတ္တပုံဆောင်ခဲများ
အကြင်နာအိပ်မက်
အရင်အတိုင်း
စကားလုံးမရှိတဲ့ကောင်းကင်
ထူးအိမ်သင်(Umplugged Live)
မြို့ပြလရောင်တမ်းခြင်း
ဝင်ရိုးစွန်းမီး
အမေ(သို့)မေတ္တာတော်ဘွဲ့
အစိမ်းရောင် ရက်စွဲများ
အမှတ်တရဒဏ်ရာ
တစ်နေ့စာအလွဲများ
ချစ်ခြင်းအားဖြင့်
…စသည့် တစ်ကိုယ်တော် တေးစီးရီးများ သီဆိုခဲ့သည့်အပြင် အခြားအနုပညာရှင်များဖြင့် တွဲဖက်သီဆိုထားသော တေးစီးရီးများလည်းရှိခဲ့သည်။Illustrated by Zaw Kant Lant
with Wacom Bamboo Pen & Touch(CTH-470) + Adobe Illustrator CS5

 

 

1119913_704488392901636_250963734_o

 

 

 

 

17 comments

  • Min Zarni

    August 14, 2013 at 2:51 pm

    ကနေ့ သီချင်းငှက် အသံတိတ်သွားတား ကိုးနှစ်ပြည့်လို့ ကသံ့လက်ရာလည်းကြိုက်လွန်းလို့ တောင်းယူရှဲပါသည်

  • Min Zarni

    August 14, 2013 at 2:57 pm

    နှုတ်ဆက်လိုက်ဖို့အားတင်းထားရင်းပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ အချိန်နာရီတွေကျော်လွန်ရေလို ဖြတ်ပြီး စီးနေဆဲ ပါ ကိုငှက်ရေ.

  • Shee

    August 14, 2013 at 3:00 pm

    ကိုငှက်..သီချင်းတွေအားလုံးမသိပေမဲ့…တုနှိုင်းမဲ့ရတနာ ကိုတော့အရမ်းကြိုက်တယ်…

    စိတ်မကောင်းပါဖူး…အစောကြီးအရင်သွားနှင့်လိုလေ….ဒီလိုအဆိုတော်ကြီးတွေ အရင်သွားတော့တကယ်နှမျောမိပါတယ်…:(

  • kai

    August 14, 2013 at 3:25 pm

    သူ ရဲ ေ က ာ င် း ေ ခ တ် ၊ သ စ္စ ာ ေ ဖ ာ က် ေ ခ တ်
    ေ အ ာ င် ေ ဝ း
    ဩဂုုတ် ၁၃၊ ၂၀၁၃

    ငှက်ရေ…
    သစ်ပင်တစ်ပင်လုံး
    အရွက်ဆိုလို ့
    တစ်ရွက်မှမရှိတော့ဘူး။

    မြေကြီးအောက်
    တောက်ပတဲ့အမြစ်တွေသာ
    ရုန်းကန်တုန်းပေါ ့။

    မင်းသေသွားတာကောင်းတယ်
    ငှက်။
    နို ့မို ့ရင်
    မင်းသီချင်း ‘‘အဆုံးသတ်တိုက်ပွဲ”
    မူးမူးနဲ ့အော်နေတဲ့ငနဲတွေ
    မင်းဆဲမိနေဦးမယ်။

    မင်းဆိုးမင်းညစ်တို ့လက်မှာ
    သေသူကို
    ရှင်သူ မနာလိုဖြစ်သတဲ့။

    ဖြစ်မပေါ ့
    သေသူတွေက
    နာမည်ကောင်းနဲ ့သေသွား
    မြေကြီးထဲ
    ဘယ်တော့မှသစ္စာမဖောက်။

    ရှင်သူတွေသာ
    မထင်မှတ်ဘဲ
    တစ်ယောက်ပြီးတစ်ယောက်
    သစ္စာဖောက်သွား
    မသေခင်
    နာမည်ဆိုးနဲ ့ပျောက်သွား။

    ဒီနေ ့က
    တိုက်ပွဲမလို
    ပူးပေါင်းဆောင်ရွက်ဖို ့သာလိုသတဲ့။

    ခေတ်ကြီးထဲ
    တဝုန်းဝုန်းခုန်ချ
    အတုံးအရုံး
    ကြွေပြနေလိုက်ကြတာ
    သစ်ပင်တစ်ပင်လုံး
    အရှိုးရာတွေချည်းပါလား။

    ငှက်ရေ…
    သူတို့ပဲ သူရဲကောင်း
    သူတို့ပဲ သစ္စာဖောက်။

    မြွေပွေးကိုက်တုန်းကမသေ
    မြက်ရှောပတ်မှသေကြ
    မတတ်နိုင်ဘူး။

    မသေခင်
    ပျောက်ဆုံးနေတဲ့အနာဂတ်ကိုတော့
    တွေ ့အောင်ရှာရဦးမယ်။

    အမေဇုန်မြစ်ကြီးရဲ ့
    အောက်နက်နက်မှာ
    နောက်ထပ် အမေဇုန်မြစ်ကြီးတစ်စင်း
    ရှိနေတယ်ဆိုတာ
    (မြေကြီးအောက်က)
    မင်းအသိဆုံးပေါ့ကွာ။

    ငှက်ရေ…
    မင်းသေသွားတာကောင်းပါတယ်။

    မြေကြီးအောက်မှာပဲ
    စိမ်းစိုတဲ့အမြစ်တွေနဲ ့
    တို့ခေတ်ကိုရောက်နှင့်နေဦးပေါ ့ညီလေးရာ။ ။

    (ထူးအိမ်သင်ကွယ်လွန်ခဲ့တဲ့ ၁ဝ နှစ်ပြည့်အမှတ်တရ)
    အောင်ဝေး

    • Min Zarni

      August 14, 2013 at 3:45 pm

      ၉နှစ်ပြည့်လုပ်ပါဗျာ ၂၀၀၄ ကနေ့ ၂၀၁၃ ဆိုတော့.
      တပုဒ်လုံးဖတ်လာလိုက်တာ အောက်ဆုံးကျမှ ဖိုးသိုးဖတ်သတ် ဖြစ်ရတယ်.

      ဟိုဘဲကြီးတွေတော့ မူးမူးနဲ့ သီချင်းအဆိုကောင်းတာ. ဘာတဲ့.
      လေယာဉ်ပျံ ဗုံးကျဲလို့မသေ တင့်ကားကြိတ်လို့မသေ. ဆိုက်ဂျဲရိုး တိုက်မှ အသက်ထွက်သတဲ့. လေ.

      ငိငိ. မခေဘု.

    • အလင်းဆက်

      August 14, 2013 at 5:49 pm

      သူကြီး ထည့်ပြသွားတဲ့
      ကဗျာလေးက တကယ် ထိတယ်ဗျာ

      ကဗျာ တွေ စာတွေနဲ့
      အလွမ်းကို သီဖွဲ ့တဲ့အခါ
      ဘာနဲ့မှ မတူအောင်
      ခံစားမှု ထဲ မျောတယ်

  • nozomi

    August 14, 2013 at 3:26 pm

    ကိုငှက်ကြီး အနုပညာကတော့ တကယ်လေးစားတယ်ဗျ တကယ်လဲ သဘောကျတယ်

    ” ဒီလိုအဆိုတော်ကြီးတွေ အရင်သွားတော့တကယ်နှမျောမိပါတယ်…” ဆိုတော့ ဘယ်အဆိုကျော်တွေ သွားရင်တော့ မနှမြောဘူးလဲ သိချင်သား… 😀

  • ဦးကျောက်ခဲ

    August 14, 2013 at 3:42 pm

    ဒီလူကြီးရဲ့ ရင်ဘတ်ထဲက လိပ်ပြာတစ်ကောင် ဟောသည့် ကျောက်တုံးပေါ် နားခဲ့ဖူးတာမို့…
    မိတ်ဆွေကြီးရေ ရေဝေးမှာ သားသတ်သမားကြီး ဦးစိန်လွင်နဲ့ ငြင်းမနေနဲ့ဦး…
    🙁

  • lele kyi

    August 14, 2013 at 4:13 pm

    ကိုငှက်အကြောင်းဖတ်ရတာ ဝမ်းနည်းတယ်။ ကွန်မန့်တွေ ကဗျာတွေ ကလည်း ပိုဝမ်းနည်းစေတယ်။

  • Shee

    August 14, 2013 at 4:27 pm

    အိန်းအိန်း….တို့တစ်ဖွဲ့သွားရင်…….:P

  • ရွှေမိုးတိမ်

    August 14, 2013 at 4:36 pm

    ချစ်သူများ က လွမ်းကြဘီ …

  • မိုး မင်းသား

    August 14, 2013 at 7:13 pm

    နာရီပေါ်မှ မျက်ရည်စက်များ
    မှောဆရာအိပ်မက်
    သက်ငြိမ်
    အတ္တပုံဆောင်ခဲများ
    အကြင်နာအိပ်မက်
    အရင်အတိုင်း
    စကားလုံးမရှိတဲ့ကောင်းကင်
    ထူးအိမ်သင်(Umplugged Live)
    မြို့ပြလရောင်တမ်းခြင်း
    ဝင်ရိုးစွန်းမီး
    အမေ(သို့)မေတ္တာတော်ဘွဲ့
    အစိမ်းရောင် ရက်စွဲများ
    အမှတ်တရဒဏ်ရာ
    တစ်နေ့စာအလွဲများ
    ချစ်ခြင်းအားဖြင့်…….ဒါတွေအားလုံးကို…အားပေးခဲ ့တဲ ့လူဆိုရင်…

    ယုံကြည်ပေးနိူင်မလား……မင်းဇာနည်ရေ……

    မမေ ့နိူင်သေးတဲ ့သူတွေထဲမှာ…..ကိုငှက်တစ်လည်းပါဝင်ပါတယ်လေ…..

  • အရီးခင်

    August 14, 2013 at 8:30 pm

    “သိပ်လှ တဲ့ မိန်းကလေး သူ့ရင်ထဲ မှာ ရက်စက်တဲ့ ဆူးတွေ နဲ့” တဲ့။
    သူ့ရဲ့ အသံချိုချို လေး နဲ့ စွပ်စွဲချက်တွေ။

  • အရီးခင်

    August 15, 2013 at 1:39 am

    Facebook ထဲက Message ………..
    သေမင်း က အကောင်း ကြိုက်လွန်းတယ် … “ဆရာမင်းလူ” ကောင်းရာသုဂတိ လားပါစေ …..
    😥

  • kyeemite

    August 15, 2013 at 1:22 pm

    “သေမင်းကအကောင်းကြိုက်လွန်းတယ်” တဲ့လား…
    ဟုတ်တယ်ဗျာ…ပြောတတ်လိုက်တာ

  • မြစပဲရိုး

    August 15, 2015 at 1:53 pm

    ရက်လွဲ သွားလို့ မနေ့က မတင် ဖြစ် မိတာ။
    တကယ်တော့ သူတို့ နှစ်ယောက် (ထူးအိမ်သင် နဲ့ မင်းလူ) က ရက် အတူတူ ကျောခိုင်းသွားခဲ့တာဘဲ။
    အဆုံးမဲ့မိုးသားထဲကို ထွက်သွားခဲ့တာ ….
    ၁၁ နှစ်တောင် ရှိခဲ့ပြီ။

    +++++++++++++
    အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်
    အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနှုတ်ဆက်
    အပြာရောင်ကျောပိုးအိတ်ကိုလွယ် ဒါဏ်ရာအဟောင်းလေးကိုထည့်
    သွားရတော့မယ် အဆုံးမဲ့မိုးသားထဲကို
    ငါပျံသန်းခဲ့ ငါ့ရဲ့နှလုံးသားထဲမှာ လေလွင့်ခြင်းငှက် ……………..

    https://www.youtube.com/watch?v=hEAr0j125Rg

  • မြစပဲရိုး

    August 15, 2015 at 1:55 pm

    ညီလေးရေ – ထူးအိမ်သင် (တေးရေး/ တေးဆို)

    အို ညီလေးရေ .. ယုံကြည်ချက်နဲ့အသက်ရှင်ခြင်းက
    အကောင်းဆုံးပါ . ကမ္ဘာမြေကြီးအား မင်းတစ်ယောက်အတွက်
    သက်သက်ဝန်ပို မလေးဖို့ရာ .. အသေအချာစဉ်းစား လူတွေကောင်းဖို့
    ရည်ရွယ်ကျိုးစားကြတဲ့အခါ .. မင်းအတ္တစိတ်ကို မီးပုံရှို့နိုင်မှ

    အို ညီလေးရေ .. မှန်တာလုပ်ပေါ့ ဟုတ်တာပြောလိုက်
    ဘာအကြောင်းလဲကွာ .. ရှင်သန်ခြင်းရဲ့ ပြည့်ဝတဲ့
    အနက်အဓိပွါယ်ကို မင်းသိပါ .. အမှန်တရားအတွက်ကာကွယ်
    အမှားအယွင်းတွေကို တိုက်ခိုက်ကြတဲ့အခါ
    မင်းအသက်နဲ့ဘဝကို စွန့်လွတ်ထားနိုင်မှ
    ယုံကြည်ပါ အမှန်တရား .. အရိုးသားဆုံးလှုပ်ရှား

    ဒုက္ခနဲ့ရင်ဆိုင်လာရင် .. မတုန်လှုပ်ဘူးမဟုတ်လား
    ယုံကြည်ပါ အမှန်တရား .. အရိုးသားဆုံးလှုပ်ရှား
    အကောင်းဆုံးကို ရှာဖွေပေးဆပ်နိုင်မှ
    မင်းချစ်တဲ့လောကကြီး .. သာယာဖို့ ကောင်းသောရည်ရွယ်ချက်နဲ့
    လူငယ်လေးတစ်ယောက်အဖြစ်ပေါ့ကွာ
    လူသားတိုင်းအပေါ်မှာ ချစ်တဲ့စိတ်ကလေးထား
    ..
    ..
    ..
    ..
    ညီလေးရေ လမ်းမမှားအောင် ရွေးကာ
    အချိန်များဟာ နည်းလွန်းတယ် ဘဝ မှာ
    ညီလေးရေ မြစ်တစ်ခုမှာ ရေ နှစ်ခါ ချိုးလို့ မရနိုင်တာ မင်းနားလည်ပါ

    ညီလေးရေ လောကစာမျက်နှာ
    သင်ကြားပါ ကောင်းမှုရှာတဲ့ အခါ
    ညီလေးရေ အများအကျိုးဆောင်ယူပါ
    နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ

    စည်းနှစ်ဖက်ရဲ့ ကြား မင်းမရပ်နဲ့ကွာ
    . တွေဝေတတ်သူ အလုပ် တို့ နဲ့ မဆိုင်ပါ
    လမ်းတစ်ခုသာရွေး အမှား သို့မဟုတ် အမှန်
    ဒါဘဲပေါ့ကွာ ယုံကြည်စိတ်ထား
    မင်းသွေးများ အားနည်းနေလား သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
    လောက ကောင်းကျိုး ထမ်းရွက်မဲ့ လူသားတစ်ယောက်အဖြစ်နဲ့

    ညီလေးရေ လမ်းရွေးပြီးရင်သွားကွာ
    အချိန်မရှိပါ တို့နောက်မှာ သေခြင်းတရား
    ညီလေးရေ လမ်းဆုံးရင် ရွာတစ်ရွာ … ရောက်ရှိဖို့ ယုံပါ စွဲမြဲခိုင်မာ

    ညီလေးရေ မင်းအကြောင်းဟာ သမိုင်းမှာ
    မှတ်သားစရာ မရှိခဲ့တယ် မဟုတ်ပါ
    ညီလေးရေ အားလုံးဟာ မရေရာ
    ဝမ်းနည်းဖို့ မလိုတာ မင်းနားလည်ပါ ….

    https://www.youtube.com/watch?v=vpLrZymLOp4

Leave a Reply