မြန်မာ့ရိုးရာ စားစရာများ

ဒီတစ်ခေါက်တော့ ကုသိုလ်တော်ဘုရားသွားရင်း ဘုရားမှာရောင်းတဲ့မုန့်တွေအကုန် ရွာထဲ သယ်လာခဲ့ပါတယ် ။ ဘုရားလဲ ဖူးရင် မုန့်လည်းစားရင်းပေါ့လေ …. 😀

 

ပွဲဦးထွက်မုန့် ... သူ့နာမည်က မုန့်လုံးကြီးဆီစိမ်တဲ့ဗျ ။ စားလို့ကတော့လွှတ်ကောင်းတာပဲ ။ မုန့်သားက နူးညံ့ပြီး အထဲမှာ အုန်းသကြားလေးတွေပါတာကိုး ။
ပွဲဦးထွက်မုန့် … သူ့နာမည်က မုန့်လုံးကြီးဆီစိမ်တဲ့ဗျ ။ စားလို့ကတော့လွှတ်ကောင်းတာပဲ ။ မုန့်သားက နူးညံ့ပြီး အထဲမှာ အုန်းသကြားလေးတွေပါတာကိုး ။

 

ဒီမုန့် က သူတို့ အခေါ် ကန်စွန်းလုံးကြော်တဲ့ ။ ဒီက မုန့်လုံးကြီးမှတ်နေတာ ။ လုံးလုံးကြီးကြီးဆိုတော့လေ :)
ဒီမုန့် က သူတို့ အခေါ် ကန်စွန်းလုံးကြော်တဲ့ ။ ဒီက မုန့်လုံးကြီးမှတ်နေတာ ။ လုံးလုံးကြီးကြီးဆိုတော့လေ 🙂

 

ဒါကတော့ ရွှေကြည် ဆနွင်းမကင်းပေါ့ဗျာ ( ရွှေကြည်ဆိုလို့ ရွာထဲက အစ်မတစ်ယောက်နဲ့နာမည်တူတယ်နော့ ) :-)
ဒါကတော့ ရွှေကြည် ဆနွင်းမကင်းပေါ့ဗျာ ( ရွှေကြည်ဆိုလို့ ရွာထဲက အစ်မတစ်ယောက်နဲ့နာမည်တူတယ်နော့ ) 🙂
ဒီဟာကတော့ ထန်းသီးမုန့် ။ ရွှေမိုးတိမ် ရဲ့  ဖေးဘရိတ်တစ်ခုပေါ့ဗျာ ။
ဒီဟာကတော့ ထန်းသီးမုန့် ။ ရွှေမိုးတိမ် ရဲ့ ဖေးဘရိတ်တစ်ခုပေါ့ဗျာ ။
ထန်းသီးမုန့်ကိုပဲ နောက်ထပ် ဗားရှင်းတစ်မျိုး ။  ဘယ်လိုဗားရှင်းနဲ့ထုတ်ထုတ် ထန်းသီးနံ့မွှေးမွှေး မုန့်သားနူးနူးညံ့ညံ့ အရသာဆိမ့်လေးမို့ ကြိုက်စ်
ထန်းသီးမုန့်ကိုပဲ နောက်ထပ် ဗားရှင်းတစ်မျိုး ။ ဘယ်လိုဗားရှင်းနဲ့ထုတ်ထုတ် ထန်းသီးနံ့မွှေးမွှေး မုန့်သားနူးနူးညံ့ညံ့ အရသာဆိမ့်လေးမို့ ကြိုက်စ်
ဟော့ဒီက .... ဘိန်းမုန့်
ဟော့ဒီက …. ဘိန်းမုန့်
ရင်ထဲကိုအေးမြသွားမယ့် ရေခဲ့ရေ ... အဲလေ .. ဟုတ်ပေါင်ဘူး ။   ကျောက်ကျော ပြောတာ ။ ကျောက်ကျောဆိုလို့ လေ အုန်းသီးစိမ်းနုုနုလေးတွေ နိုင်းချင်းနဲ့ ထိုးထားတဲ့ ကျောက်ကျောလေးစားချင်ထှာာ
ရင်ထဲကိုအေးမြသွားမယ့် ရေခဲ့ရေ … အဲလေ .. ဟုတ်ပေါင်ဘူး ။ ကျောက်ကျော ပြောတာ ။ ကျောက်ကျောဆိုလို့ လေ အုန်းသီးစိမ်းနုုနုလေးတွေ နိုင်းချင်းနဲ့ ထိုးထားတဲ့ ကျောက်ကျောလေးစားချင်ထှာာ

 

ကဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ် .... မုန့်ခေါပြင် လေးပါ ။ ဒါလေးတော့ စားဖူးတဲ့သူနည်းမယ်ထင်တာပဲ ....က ိုယ်တိုင်တောင် အဲ့နေ့ကမှ အမြည်းလေးကျွေးပါ့ ဆိုပြီး အန်တီကြီးဆီကတောင်းစားခဲ့တာ ...
ကဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ် …. မုန့်ခေါပြင် လေးပါ ။ ဒါလေးတော့ စားဖူးတဲ့သူနည်းမယ်ထင်တာပဲ ….က ိုယ်တိုင်တောင် အဲ့နေ့ကမှ အမြည်းလေးကျွေးပါ့ ဆိုပြီး အန်တီကြီးဆီကတောင်းစားခဲ့တာ …

 

ကဲ …နေ့လည်စာချိန်ကြီး မုန့်သည်ဝင်နှောက်သွားလို့ ထမင်းမစားနိုင်ဘဲနေပါဦးမယ်ဗျာ။

ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာမုန့်လေးတွေ အားပေးသွားတာ ကျေးဇူးပါနော့   🙂

 

 

ရွှေမိုးတိမ်။

 

 

 

 

 

 

 

 

 

 

 

32 comments

  • sorrow weaver

    October 26, 2013 at 11:22 am

    မိုက်သကွာ…အဲ့မျိုးလေးတွေကို ရေနွေးကြမ်းကလေးနဲ့ မြည်းပစ်ရမှာနော့်….. 🙂

  • ရွှေမိုးတိမ်

    October 26, 2013 at 11:36 am

    ဟုတ်ပါ့ ။ ရွာဝတ္ထုလေးတွေထဲကလို ကွပ်ပျစ်ပေါ်မှာ ဖျာကြမ်းလေးခင်းပြီးတော့ပေ့ါဗျာာာ

  • kai

    October 26, 2013 at 11:44 am

    ကာလသမီးရွှေမိုးတိမ်ရေ…
    မုန့်လေးတခုချင်းဆီကို.. ပါတဲ့ပစ္စည်းအမယ်လေးတချို့.. ဥပမာ..
    မုန့်လုံးကြီးဆီစိမ် – ကောက်ညှင်းနဲ့လုပ်တယ်..။ အထဲမှာ ဘာပါပါတယ်.။ အပြင်ကနေ.. အုန်းဆန်ဖြူးထားတယ်..။ ချိုတယ်..။စိမ့်တယ်..စသဖြင့် ထပ်ဖြည့် ရေးပေးပါလား..
    ပုံနှိပ်သတင်းစာမှာသုံးမယ်လေ..။ :mrgreen:

    • ရွှေမိုးတိမ်

      October 26, 2013 at 11:49 am

      ဟုတ်ကဲ့ ။ သမီးဈေးသည်ဆီမယ် နည်းနည်းထပ်ဗျူးလိုက်ဦးမယ် ။ ဂယ်တော့ သမီး က စားဖို့ပဲ ချိတ်ဝင်စားမိခဲ့တာပါ ။ 😀

  • Mr. MarGa

    October 26, 2013 at 11:47 am

    ဗိုက်ဆာတဲ့အချိန်
    အချိုပွဲ လိုနေတဲ့အချိန်မှာ
    ကွက်တိကို တွေ့တာပဲ…
    အဲ.. တစ်ခုတော့ ပြောဦးမယ်
    ဟို အုန်းလုံးကြော်(ကန်စွန်းလုံးကြော်) ကိုလေ
    ဘေးတိုက်လေး ရိုက်လို့ မရဘူးလား
    အခုကျ ကြည့်ရတာ တစ်မျိုးပဲ…
    ကြွားရရင်တော့
    အဲဒါအကုန်လုံး ဖေးဘရိတ် မုန့်တွေပဲ
    ပြီးတော့ စားနေကျတွေ ဟီဟိ

    • ရွှေမိုးတိမ်

      October 26, 2013 at 11:51 am

      သိကြားမင်းပြောမှ ကိုယ်ရိုက်လာတဲ့ ပုံကြည့်မိတယ် ။ ဟိဟိ … နောက်ခါဘေးတိုက်ရိုက်ခဲ့မယ်နော့ ။။ ခုလဲ သည်းခံကြည့်လိုက်ပါ ။ လုံးလုံးလေးဒွေ ချစ်ချာကောင်းပါတယ် 😀

  • kyeemite

    October 26, 2013 at 1:11 pm

    ပထမဆုံးက “ မုန့်လုံးကြီးဆီစိမ်” လေးပြင်ဆင်ထားပုံတော်တော်သဘောကျမိတယ်
    ဟိုတယ်တွေမှာတောင်တင်ကျွေးလို့ရလောက်တဲ့ မြန်မာ့ရိုးရာစားစရာတွေပါပဲ
    အားလုံးကို ကြိုက်ပါ၏ 😀

    • ရွှေမိုးတိမ်

      October 28, 2013 at 9:52 am

      အကြိုက်ချင်းတူတယ် ဦးကြီးမိုက် 😀

  • marblecommet

    October 26, 2013 at 3:25 pm

    ကျောက်ကျောလေးကို
    ဇလုတ် ဇလုတ်နဲ့
    စားလိုက်ချင်သား……

    • ရွှေမိုးတိမ်

      October 28, 2013 at 9:55 am

      အုန်းစိမ်းကျောက်ကျောလေးဆို ပိုကောင်း

    • ရွှေမိုးတိမ်

      October 28, 2013 at 10:03 am

      ချားချင် မန်းလေးလာဗျ ပေါ ပေါ … ဝယ်ကျွေးမယ် 😀

  • TNA

    October 26, 2013 at 4:19 pm

    စားချင်လိုက်တာ။ ထန်းသီးမုန့်ကဝါဝါလေးတွေပဲမြင်ဖူးတယ်။ ဒလိုဖြူဖြူတခါမှမတွေ့ဖူးဘူး

    • ရွှေမိုးတိမ်

      October 28, 2013 at 10:04 am

      ဖြူဖြူလေးလည်း ကောင်း တယ် ဂျ 🙂

  • Ma Ma

    October 26, 2013 at 4:53 pm

    နောက်တစ်ခါမန်းလေးသွားရင် ဘုရားကြီးဖူးဖို့အပြင် ဘုရားကြီးက မြန်မာမုန့်စားဖို့ အစီအစဉ်တစ်ခု ထပ်တိုးရမယ်။ 🙂

    • ရွှေမိုးတိမ်

      October 28, 2013 at 10:09 am

      ပွဲတော်ရက်တွေ လာ မမ … အာ့ဆို မုန့်တွေ ပိုစုံတယ် 😀

  • အရိပ်စစ်

    October 26, 2013 at 5:02 pm

    တဂယ် စားချင်တာ
    ဗိုက်ဆာနေတဲ့ ချိန်ကြီးမို့လေ…

    • ရွှေမိုးတိမ်

      October 28, 2013 at 10:12 am

      အရိပ်စစ်လေး ကို ပုံဒွေပြပြီး နှိပ်စက်သလိုဖြစ်တွားပြီ …
      နီးနီးနားနား ရှိတဲ့ မုန့်လေးစားထားနှင့်နော် ။

  • ဗုံဗုံ

    October 27, 2013 at 9:37 am

    အထုဝယ်ကျွေး….အထုဝယ်ကျွေး…
    မကျွေးရင် ..နိုမှာဘဲ.. :mrgreen:

    • ရွှေမိုးတိမ်

      October 28, 2013 at 10:16 am

      ဗုံဗုံလေး က စိတ်ကြီးသားးးတော့ 😀

  • lele kyi

    October 27, 2013 at 11:23 am

    မုန့်ပုံတွေ ကြည့်ပြီး ကိုယ့်ဒေသ ကအစားအသောက်တွေ သတိရသွားတယ်။ အဲ့ဒီ မုန့်လုံးကြီး ဆီစိမ်လိုပဲ။ မုန့်လုံးကြီး အုန်းနို့ဆမ်း ဆိုတာကို ကြိုက်တယ်။ အထဲမှာ ပေါက်ပေါက်ဆုပ်ရယ်။ အုန်းသီးခြစ်ရယ်. ထန်းညက်ရယ် ထည့်လုံးပြီးပြုတ် ပြီး အပြင်ကနေ အုန်းနို့အဆီချက်ထားတာကိုလောင်းထားတာ။ မေမေ ကထန်းသီးမုန့်လုပ်တာ စပါယ်ရှစ်လစ်..ငယ်ငယ်က အဲ့မုန့်စားချင်ရင် မောင်နှမတွေ ထန်းပင်အောက် ထန်းသီးမည့်သွားရှာကြတာ။ ထန်းသီး အသားတွေကို ဇကာလေးနဲ့တိုက် ပိတ်ပါးစနဲ့ စစ်။ ပြီး ကြိ်တ်ထားတဲ့မုန့်နှစ်ရယ်။ထန်းညက်ရည် ရယ် ဆားနဲနဲထည့် သမအောင် မွှေပြီး ပုံစံခွက်ထဲထည့်ပေါင်းတာ။ ထန်းသီးနံ့မွှေးမွှေးနဲ့ မုန့်ပွပွလေး အရမ်းကောင်းမှကောင်း။ အဝါညို ရောင်လေး။ ပုံထဲမှာတော့ အဖြူရောင် ရယ်။ ရန်ကုန်မှာတော့ အဝါရောင်တောက်တောက်တွေရယ်။အရောင်တွေကြောက်လို့စားရဲဘူး။ မုန့်ခေါပြင် ကို သိရသလောက် ကောက်ညင်းပေါင်းပြီးသားကို ဆုံနဲ့စီးနေအောင်ပြန်ထောင်းထားတာ။ အမဲရောင် အတွက်ကောက်ညှင်းငချိပ်ရယ် အဖြူရောင်က ရိုးရိုးကောက်ညှင်းပေါ့။ နှမ်းထောင်းလေးဖြူးပြီစား။ အရမ်းကောင်း။

    • ရွှေမိုးတိမ်

      October 28, 2013 at 10:34 am

      လဲ့ကြည် မေမေ က ချစ်စရာကောင်းလိုက်တာ ။။။ ထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ကျွေးတယ် 🙂

  • Crystalline

    October 27, 2013 at 2:38 pm

    အပေါ်ဆုံးမုန့်လေးကစားချင်စရာလေး.. ကိုယ့်ရဲ့ရောဂါကလည်း ကိုယ်တိုင်လည်းလုပ်မစားတတ်.. မုန့်သည်ဆီကဝယ်လည်း ဆေးပြီးမှစားရဲတယ်.. ခက်စ်တော့နေပြီ :))

    • ရွှေမိုးတိမ်

      October 28, 2013 at 10:27 am

      ဟုတ်တယ် ။ မြန်မာမုန့်တွေက ပါဝင်ပစ္စည်းတွေက ဥပါဒ်မဖြစ်ပေမယ့် လုပ်တာကိုင်တာ မသန့်ရှင်းကြတေးဘူးး 🙁

  • ကိုရင်စည်သူ

    October 27, 2013 at 3:57 pm

    တိမီလေးမိုးတိမ်.. မုန့်ဒွေကလည်း ကောက်ညှင်းဒွေများတော့ စားရင်တော့
    ချုပ်မှာပဲ… ဘွစည်က ချုပ်စာနဲ့ မတည့်လို့.. မြင်ဒါမြင်ရ မကျင်လိုက်ရဒါများကွယ်..။
    နောက်တစ်ခါတင်ရင်လေ.. ပွင့်စာလေးတွေ ရေးတင်ပါလို့ အားပေးပီရစီကွယ်…။
    ဇီဇာကြောင်ဒတ်လာတော့လည်း အပေါ်က တစ်ယောက်လိုများ လူလွတ်ဖြစ်သွားမလားမသိပါဘူးကွယ်.. 😳

    • ရွှေမိုးတိမ်

      October 28, 2013 at 10:23 am

      ဟုတ်ကဲ့ ကိုရင်စည် ။ ချုပ်စာနဲ့ မတည့်သူအတွက် ပွင့်စာလေးဒွေ ရှာလိုက်ပါဦးမယ်ညော် 😀

  • ကျော်စွာခေါင်

    October 27, 2013 at 9:05 pm

    မရွှေမမိုးတိမ်
    တော်တော် ဒုက္ခပေးတဲ့ ကလေး
    ပုံတွေကြည့်ရင်း စိတ်ကို မနည်းထိမ်းရတယ်.. ထန်းသီးမုန် ့က လွဲလို ့ အကုန်ကြိုက်တယ်..။
    နောက်ထပ်တင်ပေးပါဦး…
    မုန် ့လုပ်နည်းလေးပါဆို ပိုကောင်း။
    ကွာ့ကို လုပ်စားမှ စားရမယ့် ဘွပါ…။

    • ရွှေမိုးတိမ်

      October 28, 2013 at 10:20 am

      ဟုတ် ကိုကျော်စွာ … နောက်ခါ ပုံတင်ရင် လုပ်နည်းလေးတွေပါ မေးပြီးတွဲတင်မယ် …
      ဒါနဲ့ ထန်းသီးမုန့်ပဲမကြိုက်တာဆို တာ ဘာရို့ပါလိမ့်ညော်…

  • Ma Ei

    October 28, 2013 at 10:15 am

    ပထမဦးဆုံးပုံက မုန့်လုံးကြီးဆီစိမ် တဲ့လား…
    မုန့်လိပ်ပြာမှတ်လို့ အထဲမှာ ပဲဝါ အချိုလေးတွေထည့် လိပ်ထားပြီး အုန်းသီးဖြူး စားရတာမျိုးလေ….

  • ရွှေမိုးတိမ်

    October 28, 2013 at 10:18 am

    မုန့်လိပ်ပြာ က ဒီမှာတော့ ဝိုင်းဝိုင်းဖြူဖြူလေးလားလို့ မအိ ။ ကျနော်လည်း လေးထောင့်လေးကိုဈေးသည်က မုန့်လုံးကြီးဆိစိမ်ဆိုလို့ ထူးဆန်းနေတာ …

  • မဟာရာဇာ အံစာတုံး

    October 29, 2013 at 4:41 pm

    ဒီထဲက မုန့်ဒွေ အကုန်ကြိုက်ဒယ်
    သည်းလေး ..
    ဒီပို့စ်လေးကို မှတ်ထားကွယ် … နော် ..
    :mrgreen:

Leave a Reply