တောင်ကိုရီးယားနိုင်ငံက ထူးဆန်းအံ ့ဖွယ် ကျွန်းနှင် ့ပင်လယ်…

khinmintatthuAugust 2, 20101min391

နိုင်ငံတကာက လာရောက်ကြည် ့ရှုသူတွေနှင် ့ပါစည်ကားလှပါတယ်… တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ ့ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ ့အံ ့ဩဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို ့ ခေါ်ဆိုတဲ ့အလွန်ထူးဆန်းလွန်းတဲ ့သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ ့ရှိပါတယ်… တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင် ့မိုဒိုကျွန်းအကြားကရေပြင်မှာ အရှည် ၂.၈ ကီလိုမီတာ ( ၁.ရ မိုင်ခန် ့) နဲ ့အကျယ် ၄ဝ မီတာ ( ၁၃၁ ပေ ခန် ့ ) ရှိတဲ ့မြေပြင်ပေါ်လာပြီး လူ တွေဖြတ်သွားလို ့ရအောင် တစ်နာရီလောက်ကြာအောင် ဖြစ်နေတတ်ပါတယ်… ဩကာသလောကကြီးဟာဆန်းကျယ်လှပါတယ်… ထိုသဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ ့ကျင်းပကြပြီးကမာ္ဘတစ်ဝှမ်းကလာရောက်ကြသူတွေ လည်းနှစ်စဉ်ပါဝင်လေ ့ရှိကြပါတယ်… ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမာ္ဘမှ မသိရှိကြသေးပါဘူး….၎င်းနှစ်မှာပြင်သစ်ပြည်က သံ တမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ ့ပြီး နောက်ထိုအကြောင်းကို ပြင်သစ်သတင်း စာမှာရေးသားခဲ ့ပြီးနောက်မှ ကမာ္ဘကသိရှိသွားခဲ ့တာဖြစ်ပါတယ်… ကမာ္ဘ္ဘ ့တစ်ခြားဘယ်နေရာမှာမှ ဒီလိုမရှိပါ…. ထိုဖြစ်ရပ်ဆန်းကြယ်ရဲ ့သမိုင်းကတော ့ဒီလိုပါ… တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ ့ရွာကလေးဟာ ကျားဆိုးတွေရဲ ့ရန်ပြုတိုက်ခိုက်ခြင်းခံခဲ ့ရပါတယ်…ရွာသားတွေ အားလုံးဟာ အနီးအနားက မိုဒိုကျွန်းကိုထွက်ပြေးခိုလုံနိုင်ခဲ ့ကြပေမယ် ့အသက်အရွယ်ကြီးရင် ့သူအဘွား အိုတစ်ဦးကတော ့ကူညီမယ် ့သူမရှိလို ့နောက်မှာကျန်နေခဲ ့ရရှာပါတယ်… စိတ်ပျက်အားငယ်စွာနဲ ့သူမဟာ ပင်လယ်စောင် ့နတ်မင်းကိုတိုင်တည်ရှိခိုးဆုတောင်းခဲ ့ရာမှာ၊ နတ်မင်း ကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ ့တောရိုင်းတိရိစာ္ဆန်တွေရဲ ့ဘေးကနေ လွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို ့ဖန်ဆင်းပေးခဲ ့တယ်လို ့ဆိုပါတယ်… အဲဒီကနေစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင် လျော ့နည်းပေးခဲ ့ရတယ်လို ့ဆိုပါတယ်… ကြုံတောင် ့ကြုံခဲမို ့လာရောက်ဆင်နွှဲကြပါတယ်… ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ ့မှာဖြစ်ပေါ်လေ ့ရှိပါတယ်… ကိုရီးယားတွေကတော ့နှစ်စဉ် မတ်၊မေ နဲ ့ဂျူလိုင် လတွေမှာ ပွဲတော်ကိုကျင်းပကြပါတယ်… အခုတော ့ပိုမိုများပြားလာတဲ ့ဧည် ့သည်တွေကြောင် ့ပွဲတော်ကို ဧပြီ လမှာလည်းကျင်းပဖို ့ဆုံးဖြတ်ခဲ ့ကြ ပါတယ်…

forward mail

One comment

  • char too lan

    August 3, 2010 at 4:50 am

    photo မပါတာလား မပေါ်တာလား ??
    ကြည့်ချင်လို ့ပါ

Leave a Reply