“မိန်းကလေးတို့ရဲ့ကျက်သရေ”

“မိန်းကလေးတို့ရဲ့ကျက်သရေ”

 

 

ပြီးခဲ့တဲ့ ရက်က ဘဏ်ကနေငွေထုတ်အပြီး လာကြိုတဲ့သူကိုစောင့်နေတုံးကပါ။

ကျနော်ရပ်နေတဲ့ လမ်းနံဘေးမှာ စကားပြောနေကြတဲ့  ကောင်လေးတစ်ယောက်နဲ့

ကလေးမလေးနှစ်ယောက်ကို မြင်မိတော့အတော်လေးကိုစိတ်လေသွားပါတယ်။

တစ်ယောက်ကဆိုင်ကယ်ကိုခွထိုင်နေပြီးတစ်ယောက်ကတော့ မတ်တပ်ရပ်လို့နေပါတယ်။

ထို်င်နေတဲ့ကောင်မလေးက စကပ်အတိုကိုဝတ်ထားပြီး စကားပြောနေရင်းပေါင်ကို

ဟလိုက် စိလိုက်လုပ်နေတော့ လမ်းသွားလမ်းလာတွေကို မှတ်တမ်းတင်နေသလိုပါဘဲ။

ကိုယ်က သူနဲ့ဘေးတိုက်ရပ်နေမိတာ တော်ပါသေးရဲ့လို့ဆိုရပါမယ်။

နို့မဟုတ်ရင်  သူရဲ့ “ဟစိတီဗွီကင်မရာ” စက်ကွင်းက ကျနော်လဲလွတ်မယ်မထင်။

သူ့ဘေးမှာရပ်နေတဲ့ကောင်မလေးဝတ်ထားတဲ့ဘောင်းဘီအတိုလေးကလဲအောက်ခံ

ဘောင်းဘီသာသာလောက်ဘဲရှိပါတယ်။

ဝတ်ထားတဲ့ ဘောင်းဘီက တကယ့်ကိုအကွက်မပေါ်တော့

လောက်အောင်ဟောင်းနွမ်းနေတဲ့ ချည်သားအကွက်ေဘောင်းဘီတိုကပ်ကပ်ကလဲမြင်ရတာညစ်ထပ်ထပ်။

ဘောင်းဘီတိုထဲမှာလျိုဝင်နေတဲ့ ပေါင်ပိန်ပိန်နှစ်ချောင်းကလဲ ညိုညစ်ညစ်။

မျက်နှာကြည့်ပြန်တော့ ဘာမှလိမ်းခြယ်မထား  အဆီပြန်နေတဲ့မျက်နှာပြောင်။

လက်မောင်းကိုနေပူလောင်မှာစိုးလို့ လက်အိပ်အရှည်ကြီးစွတ်ထားပေမယ့်

တိုနံ့နံ့ အင်္ကျီကိုဝတ်ထားပြန်တော့ ဗိုက်ပေါ်ချက်ပေါ်။

ဆိုင်ကယ်ပေါ်ထို်င်နေတဲ့ကလေးမကတော့အကျီအမဲရောင်လက်ရှည်ကိုဝတ်ထားပါတယ်။

ရှေ့က လုံပေမယ့်နောက်ကျောက ခြင်ထောင်ဇာပါးပါးလိုအစမျုးိနဲ့ဆိုပြန်တော့

ကျောတစ်ပြင်လုံးက ဟာလာဟင်းလင်းဖောက်ထွင်းလို့မြင်နေရပါတယ်။

နောက်ကျောတစ်ပြင်လုံးမှာ လုံတဲ့နေရာဆိုလို့ လက်တစ်လုံးသာသာလောက်ရှိတဲ့ ကြိုးလေးတစ်ချောင်းဘဲရှိပါတယ်။

နှစ်ယောက်လုံးကို ကြည့်ရတာ ဖုံစုတ်စုတ်နဲ့ပါ။

ကောင်မလေးနှစ်ယောက်စလုံးကတော့ ဆေးဆိုးထားလို့နီကျင်ကျင်

မဖီးမသင် ဆံပင်ဖွာလန်ကျဲလေးတွေနဲ့။

စကားပြောနေတဲ့ကောင်လေးကတော့ဆံပင်ကို နောက်မှာမြင်းမြီးလုိုစုစည်းလို့

ချည်ထားပြီး  နားကွင်းကလေးနဲ့ဆိုတော့

ယောကျာ်းနဲ့မတူဘဲ မိန်းမနဲ့တောင်ဆင်နေသလိုလို။

လက်မှာရော ခြေထောက်မှာရောတက်တူးရုပ်တွေကအပြည့်။

တီရှပ်က အရိုးခေါင်းအရုပ်အမဲ  ဂျင်းဘောင်းဘီအကောင်းကို ဒူးနားမှာ

သေချာစုတ်အောင်လုပ်ထားတဲ့ ဒီဇိုင်းနဲ့။

သုံးယောက်သား စကားတွေပြောလိုက်ရီလိုက်။

ကောင်မလေးကလဲ သူ့ကို တဖတ်ဖတ်နဲ့ရိုက်လိုက်။

ဟီးတိုက်ပြီးရီလိုက် သူ့တို့ဟာသူတို့တော့ လောကကြီးထဲမှာသူတို့ဘဲရှိနေသလို

ဘယ်သူ့ကိုမှ ထည့်မတွက်တဲ့ ပုံစံအပြည့်။

 

စတိုင်ရှိမှ စတားဖြစ်တယ်လို့ ခံယူထားတဲ့ခေတ်မှာတော့

သူ့လဲဒါဘဲ ငါ့လဲဒါဘဲ ဘာဆန်းသလဲဆိုတဲ့အတွေးနဲ့

ကြည့်သောသူမြင်၏ဆိုပြီး ဝတ်ချင်သလိုဝတ်တဲ့ခေတ်

အစုတ်အပြတ်တွေကိုမှ အဟုတ်မှတ်တဲ့ခေတ်

ပေါ်ချင်ပေါ်မပေါ်ချင်နေ မလုံပေမယ့် လှပါတယ်ဆိုပြီး စတိုင်ထုတ်တဲ့ခေတ်

မခို့တရို့နဲ့ မလှုပ်လှုပ်အောင်လုပ်ပြတဲ့ခေတ် ကြီးဆိုတော့လဲ

သူခေတ်နဲ့သူဘဲလို့ဘဲ တွေးမိပါတယ်။

 

အဲလိုပစ္စလက္ခတ်ဝတ်စားထားပေမယ့် အတော်များများက မိကောင်းဖခင်

သားသမီးတွေ တက္ကသိုလ်အဆင့်ကိုရောက်နေတဲ့ကလေးတွေဖြစ်ကြပါတယ်။

ခေတ်ရေစီးကြောင်းအရ ဒူးပေါ်ပေါင်ပေါ်ဝတ်ချင်လဲဝတ်ပေါ့။

မြင်ပါများလို့ ရိုးသွားတော့လဲ အကြည့်ရ မဆိုးဘူးဆိုတာလိုဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်သူနေရာနဲ့သူဝတ်ဘို့တော့လိုပါတယ်။

ကားပေါ်က မဆင်းဘဲသွားလာနေရတဲ့ မိန်းကလေးများအဖို့ကတော့

ဘယ်လောက်တိုတာဝတ်ဝတ် ပြဿနာမရှိပေမယ့်  ဆို်င်ကယ်နဲ့ဘဲ

သွားလာနေတဲ့ မိန်းကလေးများကတော့ သိပ်တိုတာ မဝတ်သင့်ဘူးလို့ထင်ပါတယ်။

အဝတ်အစားဝတ်တဲ့အခါမှာလဲ သန့်ရှင်းတဲ့ အရောင်အသွေးရှိတဲ့အဝတ်အစားကို

ဝတ်ဆင်သင့်ပါတယ်။

 

ကျနော်တို့ငယ်ငယ်က စည်းကမ်းကြီးတဲ့အဖွားနဲ့နေခဲ့ရပါတယ်။

ကျနော်တို့ အဒေါ်တွေဆိုရင် မနက်အိပ်ယာထတာနဲ့ မျက်နှာသစ်။

သနပ်ခါးလေးပါးပါးလူး။

ဆံပင်ကို ဖီးသင်လို့ သပ်သပ်ရပ်ရပ်စီးနှောင်ထား။

ညဝတ်အိပ်ထားတဲ့အဝတ်အစားကို အိမ်နေရင်းဝတ်တဲ့အဝတ်အစားနဲ့လဲပြီးမှ

အိမ်မူကိစ္စတွေကိုလုပ်ကြရပါတယ်။

အဝတ်အစားကိုတောင်အတန်းအစားခွဲလို့ဝတ်ခိုင်းပါတယ်။

ညအိပ်တဲ့အဝတ်အစားကတော့ ခပ်နွမ်းနွမ်း။

အတော်အသင့်လတ်တာက အိမ်နေရင်းဝတ်ဘို့။

ထသွားလာသွားဝတ်ဘို့က အသင့်အတင့်ကောင်းတာ။

အပြင်ကိုခပ်ဝေးဝေးသွားမယ်ဆိုရင်ဝတ်တဲ့အဝတ်က အကောင်း။

အဲတကယ်လို့များ ပွဲနေပွဲထို်င်သွားမယ်ဆိုရင်တော့ အဘိုးတန်အကောင်းဆုံးပေ့ါ။

 

အခုခေတ်များမှာတော့ ကြုံသလို ဝတ်ချင်သလိုဝတ်ပါဘဲ။

အိပ်ယာထဲဝတ်တဲ့ အဝတ်အစားနဲ့ အပြင်ထွက်ချင်ထွက်နေတတ်ပါတယ်။

့ အခုခေတ်မိန်းကလေးများက စကပ်ထမီဝတ်ကြပါတယ်။

ချပ်ချပ်ရပ်ရပ်ရှိသလို ခဏခဏထမီပြင်ဝတ်ဘို့မလိုတာကတော့ ကောင်းတဲ့အချက်ပါဘဲ။

ခက်တာက ဆိုင်ကယ်များစီးပြီဆိုလို့ကတော့ ထမီအကွဲကြောင်းကကြီးတော့ ပေါင်ရင်းအထိပေါ်နေတတ်ပါတယ်။

ပိုဆိုးတာ ဗိုက်ပူပူ ဒေါ်ဒေါ်မမများ ဝတ်ထားလို့တာကတော့ အရှေ့အလယ်ပိုင်းနဲ့

အနောက်အောက်အရပ် သူနို်င်ကိုယ်နိုင်ပြိုင်နေသလိုပါဘဲ။

 

အခုခေတ်မှာမိန်းကလေးအတော်များများက ဘောင်းဘီအဝတ်များပါတယ်။

ရှေးခေတ်က ဘောင်းဘီတွေက ဂွကြားက ခပ်ပွပွ။

အခုခေတ်မှာတော့ ဂွကြားက အကပ်။

ပိန်ပိန်ပါးပါးကလေးမတွေဝတ်ထားတာဘာမှမဖြစ်ပေမယ့်

ဘော်ဒီတောင့်တောင့် မမတွေဝတ်လို့ကတော့ …………..။

အခုခေတ် ဘောင်းဘီတွေကနောက်ပိုင်းကတိုတို။

အဲတော့ ဆိုင်ကယ်နောက်ကထိုင်လိုက်ရင်

ခုံပေါ်မှာထိုင်လိုက်ရင် နောက်ပိုင်းက ဟနေတော့

အောက်ခံဘောင်းဘီ ကိုပါမြင်နေရပါတယ်။

အမြင်မတော်ပေမယ့် မကြည့်လဲမြင်နေရတာအမှန်ပါဘဲ။

 

လူဖြစ်စကျောက်ခေတ်လူသားဘဝမှာ ဘာမှဝတ်စရာမလို သဘာဝအတိုင်း။

နောက်ယဉ်ကျေးပါတယ်ဆိုတဲ့အချိန်မှာတော့ ဖုံးသင့်တာဖုံးကွယ်သင့်တာကွယ်။

တကယ်တော့ ဖုံးကွယ်ခြင်းဆိုတာကလဲ အလှတရားတစ်ခုပါဘဲ။

ခုခေတ်မှာတော့ ကွယ်သင့်တာ ဖယ် ဖုံးသင့်တာကိုလွှတ်ဆိုတော့

အလှတွေပျောက်လို့ကျောက်ခေတ်ကိုတဖြည်းဖြည်းပြန်ရောက်သွားသလိုပါဘဲ။

ကဲ …………………………………….

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

13-8-2013

 

 

 

 

21 comments

  • Ko chogyi

    August 14, 2013 at 9:59 pm

    ကျွန်တော်တို့ငယ်ငယ်က မိန်းကလေးတွေအပြင်ထွက်ရင်
    စိတ်မချလို့ အိမ်ကအဖော်လိုက်ပေးတယ်။
    အခုကျတော့ ညအိမ်ပြန်မအိပ်ပဲ သူငယ်ချင်းအိမ်မှာအိပ်မယ်လို့
    ဖုန်းဆက်ရင် စိတ်ချနေတယ်မိဘတွေကရှိနေတော့
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ချစ်လင်းအိမ်

    August 15, 2013 at 4:28 am

    ဒုက္ခပါပဲ
    သောက်တလွဲတွေခေတ်မှီနေကြတယ်။

  • Ma Ma

    August 15, 2013 at 7:55 am

    ခုရက်ထဲမှာပဲ တရားတစ်ပုဒ်နာမိတာ…..
    ကုသိုလ်ပြုတဲ့အခါမှာ လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ကြည်ညိုစွာ လှူဒါန်းရင် အဖိုးတန်တွေ သုံးဆောင်ရတယ်တဲ့။
    အဲဒါနဲ့ ပြောင်းပြန် ပစ်စလက်ခတ် လုပ်မိသူတွေကတော့ ကောင်းမွန်တဲ့ အဝတ်တွေ အစားတွေကို မနှစ်သက်ဘူး။
    ခုခေတ်မှာ အဟောင်းအနွမ်း အပြဲအစုတ်တွေ ဝတ်နေကြတာ အဲဒီလို ဒါနမကောင်းခဲ့လို့တဲ့။ :eee:

  • ရွှေမိုးတိမ်

    August 15, 2013 at 9:45 am

    ဟုတ်တယ် ကိုပေါက်ရေ။ မန်းလေး မှာ တခါခါ မြင်နေရတာ အမြင်မတော်ဘူး ။ ကလေးတွေအကုန်လုံးက အဲလိုဝတ်မှ ခေတ်မီတယ်ဆိုပြီး အကုန် အဲ့ပုံတွေပဲဝတ်စားနေကြပြီ။ ဖြူဖြူရော မဲမဲရော ညိုညိုရော ပိန်ပိန်ရော ဝဝရော ……အကုန် အဲ့ပုံ….

  • မရဏဖွား

    August 15, 2013 at 9:50 am

    ဟုတ်ပ…….မိန်းခလေးရေ
    အကောင်းကိုတောင်အဆိုးဖြစ်အောင်လုပ်ဝတ်မှ ခေတ်မှီတယ်ဆိုတော့( သွားပြီပေါ့ )
    ကိုယ့်သားသ္မီး တူမ သားချင်း နဲ့ နီးစပ်ရာဆွေမျိုးမိတ်ဆွေ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေကို
    ရသလောက်နားဝင်အောင်သွန်သင်ဆုံးမ ပြောဆိုကြပါတော့…။

  • garfield

    August 15, 2013 at 10:57 am

    လှဖို့ထက်
    လူကြည့်ခံရဖို့
    အလေးထားနေသရွေ့

    🙁

  • kyeemite

    August 15, 2013 at 11:45 am

    “အလှတွေပျောက်လို့ကျောက်ခေတ်ကိုတဖြည်းဖြည်းပြန်ရောက်သွားသလိုပါဘဲ။”
    ကိုပေါက်ရေ…ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းနေကြတာပေါ့ဗျာ..ဟဲဟဲ :loll:
    နောက်တာပါနော..
    ကိုပေါက်ရဲ့စေတနာကို မြင်ပါရဲ့..ပြုပြင်ဘို့တော့ ခက်တယ်ဗျာ..
    ကိုယ့်သားသမီးအရင်းတောင် မနဲချွန်းအုပ်နေရတယ်… :eee:

  • ဦးကျောက်ခဲ

    August 15, 2013 at 12:04 pm

    ဟောင်ကောင်မှာတော့ မိန်းကလေးတို့ရဲ့ကျက်သရေ ဆိုတာ…
    ထွားရမယ် ဖော်ရမယ်လို့များ မှတ်ယူထားကြသလားမသိ…
    ကိုယ်တွေက မျက်စေ့ရှက်လို့ မျက်နှာလွှဲနေရတယ်…
    ဒါတောင်… သမင်လည်ပြန်ဆိုလား ဘာလား… ဟီး ဟီး
    😀

  • kai

    August 15, 2013 at 12:21 pm

    ရှေးဂွမ်တိ..ဂွမ်တိကတော့.. အောက်ကအတိုင်းမိန်းမကောင်းအင်္ဂါရပ်တွေဆိုပြီးယူကြသဗျ..
    ကုလားပြည်မှာပေါ့…

    ထွားရမယ်ဆိုပြီး… ပြကြရတယ်..
    ဖေါ်ရမယ်ဆိုပြီး.. နက်သောချက်ကိုမြင်လွယ်ရအောင်.. ခါးတိုလေးတွေဗိုက်ဖေါ်ဝတ်ကြရတယ်… (ကားလားမလေးတွေ.. ရှု ့ )
    ၁၁။သိမ်မွေ ့သောအင်္ဂါရှိခြင်း
    ၁၂။ကောင်းသောကိုယ်ရှိခြင်း
    ၁၃။ဖွံ ့သောပေါင်ရှိခြင်း
    ၁၄။ကိုယ်မွေးနည်းခြင်း အကြောင်းတော့ မပြောတော့ပါဘူး..

    ဆိုတော့..
    သူ့ခေတ်.. သူ့အခါ.. သူ့သဘောအတိုင်းပေါ့လို့ပါပဲ…။ :mrgreen:
    ==
    မိန်းမကောင်း အင်္ဂါရပ် (၆၄) ရပ်

    ယင်းတို ့ကား –
    (၁)ခြေလက္ခဏာ = ၁၃ ရပ်
    (၂)ကိုယ်လက္ခဏာ = ၁၆ ရပ်
    (၃)စိတ်လက္ခဏာ= ၆ ရပ်
    (၄)လက်ဖဝါးလက္ခဏာ = ၉ ရပ်
    (၅)လည်ပင်းလက္ခဏာ = ၁ ရပ်
    (၆)အသံလက္ခဏာ = ၃ ရပ်
    (၇)မျက်နှာလက္ခဏာ = ၈ ရပ်
    (၈)သွားလက္ခဏာ = ၁ ရပ်
    (၉)မျက်စေ့လက္ခဏာ = ၄ ရပ်
    (၁၀)ဆံပင်လက္ခဏာ = ၃ ရပ်

    ကိုယ်လက္ခဏာ (၁၆) ရပ်
    ၁။ တက်သစ်စ လရောင်နှင် ့တူသော ကိုယ်ရောင်
    ၂။လင်္ကျာရစ်လည်သောအချက်
    ၃။လင်္ကျာရစ်လည်သောဗွေ
    ၄။ရွှေသောအဆင်း
    ၅။နက်သောချက်
    ၆။ရှည်သောလက်
    ၇။ သိမ်မွေ ့သောအင်္ဂါ
    ၈။ကြီးမြတ်သော သားမြတ်
    ၉။ဆင်ကဲ့သို ့သွားခြင်း
    ၁၀။သိမ်မွေ ့သော ခါးရှိခြင်း
    ၁၁။သိမ်မွေ ့သောအင်္ဂါရှိခြင်း
    ၁၂။ကောင်းသောကိုယ်ရှိခြင်း
    ၁၃။ဖွံ ့သောပေါင်ရှိခြင်း
    ၁၄။ကိုယ်မွေးနည်းခြင်း
    ၁၅။လိပ်ကျောကုန်းကဲ့သို ့အင်္ဂါရှိခြင်း
    ၁၆။ကြာပန်းကဲ့သို ့မွှေးသောကိုယ်နံ ့ရှိခြင်း

    စိတ်လက္ခဏာ (၆) ရပ်
    ၁။ဖြူစင်သောနှလုံးရှိခြင်း
    ၂။ကောင်းသောအကျင့်သီလရှိခြင်း
    ၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
    ၄။ချစ်ခင်နှစ်သက်ခြင်း
    ၅။အရိပ်ခြေသိခြင်း
    ၆။ဖြောင့်မတ်တည်ကြည်ခြင်း

    လည်ပင်း လက္ခဏာ (၁) ရပ်
    ၁။လည်ရေး ၃ ဆင့်ရှိခြင်း

    အသံလက္ခဏာ (၃) ရပ်
    ၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
    ၂။ အဆိုအမိန် ့နှင့်သာယာသောအသံရှိခြင်း
    ၃။ ဥဩသံနှင့်တူသောအသံရှိခြင်း

    မျက်နှာလက္ခဏာ ၈ ရပ်
    ၁။ လပြည် ့ဝန်းနှင် ့တူစွာရှိခြင်း
    ၂။ ရှည်သောမျက်နှာရှိခြင်း
    ၃။ နီသောနှုတ်ခမ်းရှိခြင်း
    ၄။ ဖြိုးမောက်သောနှာတံရှိခြင်း
    ၅။ ပြည် ့ဖြိုးသောပါးရှိခြင်း
    ၆။ မှဲ ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
    ၇။ သံတ္တိမည်သောအရေးကဲ ့သို ့ နဖူးပြင်၌ အရေးရှိခြင်း
    ၈။ ချွန်သောနှာခေါင်းရှိခြင်း

    သွားလက္ခဏာ (၁) ရပ်
    ၁။ ခရုသင်းပွင့်သစ်စကို လွှနှင် ့ဖြတ်သည် ့အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

    မျက်စေ့လက္ခဏာ ၄ ရပ်

    ၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ ့ရှိခြင်း
    ၂။ ကြာညိုပန်းနှင် ့တူသောမျက်စေ့ (အချို ့မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
    ၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
    ၄။ ပဒုမ္မာကြာကဲ ့သို ့ အချို ့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

    ဆံပင်လက္ခဏာ (၃) ရပ်
    ၁။ အဖျားကော့သော ဆံပင်ရှိခြင်း
    ၂။ ရှည်သော ဆံပင်ရှိခြင်း
    ၃။ သိမ်မွေ ့သော ဆံပင်ရှိခြင်း
    ဤကားကောင်းခြင်း ၆၄ ရပ်တည်း။

  • ခင် ခ

    August 15, 2013 at 12:41 pm

    ယဉ်ကျေးမှု့အမွေအနှစ်အရ ရှေးရိုးအစဉ်အလာအမြင်အရတော့ ကိုပေါက်ရေးပြသလို အခုခေတ် ဝတ်ပုံစားပုံတွေက အများအားဖြင့် သဟဇာတမကျပေဘူးဆိုဟုတ်နိုင်ပါတယ်။
    ဒါပေမယ့် ကျွန်တော်ကတော့ ရိုးရာအမွေအနှစ်ထိန်းကာ ကျက်သရေဖြာစေဖို့ မြန်မာဆန်ဆန် ဝတ်ကြတဲ့မိန်းကလေးတွေ တွေ့ရရင်ချီးကျုးမိသလို ခေတ်အကြိုက်ခေတ်အလိုက် ဝတ်ကြသွားကြတဲ့ မိန်ကလေးတွေကိုလည်း ဝတ်ပုံစားပုံကအချိုးမကျဘူးလို့ မထင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်သူငယ်ချင်းတွေထဲမှာ ခေတ်ဆန်ဆန် အဝတ်စားတွေကို အမှီပြုရောင်းကာ စီးပွားရှာနေကြသူတွေပါနေတာကိုး။ ကျွန်တော်တောင်မှ တစ်ချိန်ချိန် ထိုစီပွားမလုပ်နိုင် ဘူးလို့မပြောနိုင်သေးတော့ အမိတို့စိတ်တိုင်းကျတာဝတ်ကြပေါ့ဗျာ။

  • သျှားသက်မာန်

    August 15, 2013 at 2:28 pm

    စာသားအရေးအသားဘယ်လောက်တောင်ကောင်းသလဲဆိုရင်..မျက်လုံးထဲမှာပါကွက်ကွက်ကွင်းကွင်းပေါ်
    လာတဲ့အထိပါပဲ..ကိုပေါက်ဆိုတော့လည်း..အထူးပြောစရာမလိုတော့ပါဘူး…အဲလိုစာသားမျိုးကိုအရမ်းကြိုက်ပါတယ်.

  • e tone

    August 15, 2013 at 2:52 pm

    မင်္ဂလာပါ လေးလေးရေ …
    မိန်းကလေးတို့ရဲ့ ကျက်သရေဆိုတဲ့ ခေါင်းစဉ်မြင်မိမှ …..

    ကိုယ်တိုင်လက်ခံထားတဲ့ ကျက်သရေ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်က ဘာပါလိမ့်လို့ ပြန်တွေးကြည့်မိတယ် ။

    ရိုးရိုးယဉ်ယဉ် ဖြီးလိမ်းပြင်ဆင် ဝတ်စားတတ်တာလား … ဟုတ်သေးဘူး … ။
    ခေတ်နဲ့အမှီ လိုက်ဖက်စွာ ဆင်ယင်တတ်တာလား …. ဟုတ်သေးဘူး … ။
    သွက်လက်တက်ကြွစွာ နေထိုင်တတ်တာလား …. ဟုတ်သေးဘူး… ။
    ဘာသာ တရား ရိုသေကိုင်းရှိုင်းလွန်းတာလား … ဟုတ်သေးဘူးပဲ …. ။
    အိမ်တွင်းမှု နိုင်နင်းတာကို ခေါ်တာလား …ဒါလည်း ဟုတ်သေးဘူးပဲ …. ။ တယောက်တည်း တွေးရင်း … ကိုယ်တိုင်လက်ခံထားတဲ့ ဝေါဟာရရဲ့ အဓိပါ္ပယ်ကို အဖြေရှာနေတာ … ဟုတ်သေးဘူးချည်းပဲ .. ထွက်နေတယ် … ။ :bu:

    ကာလ ဒေသနဲ့ လိုက်ပြီး ၊ ပြုမူ ပြောဆို နေထိုင် ဆင်ယင်ထုံးဖွဲ ့တတ်တာကိုကပဲ ကျက်သရေရှိတာများလားပဲ … ။ 😳

  • အလင်းဆက်

    August 15, 2013 at 3:44 pm

    ဟိုပေါ် ဒီပေါ် ဖော် ဝတ်တဲ့ မိန်းကလေးတွေ ကို မြင်ရင် ရီ ချင်တယ်။

    အဲဒိ လိုနည်းနဲ့ ယောကျာ်းလေးတွေ ရဲ့ စိတ်ဝငင်စားမှုကို လိုချင်တာ
    တော်တော် မကောင်းတဲ့ လုပ်ရက်ပဲ လို ့ယူဆတယ်။

    အင်းးးးးး

    မြန်မာဆနါဆန်လေးကသာ
    အလှဆုံးပါ မြန်မာ မ လေးတို့ရေ လို ့ပြောချင်မိပါတယ်

    ========

    လေးပေါက်ရေ
    ပိုစ့်ကောင်းလေးနဲ ့အလင်းပေးတာ ဖတ်ရ လို ့
    ကျေးဇူးတင်ပါတယ်

  • မဟာရာဇာ အံစာတုံး

    August 15, 2013 at 3:48 pm


    ပိုဆိုးတာ ဗိုက်ပူပူ ဒေါ်ဒေါ်မမများ ဝတ်ထားလို့တာကတော့ အရှေ့အလယ်ပိုင်းနဲ့
    အနောက်အောက်အရပ် သူနို်င်ကိုယ်နိုင်ပြိုင်နေသလိုပါဘဲ။

    အိုက်ဒါ .. အိုက်ဒါ ..
    ဘာကို ပေါဒါဒုံး နားလည်ဝူးဂျ …
    ဘာဒုံးဟင်င် ဖေပေါက်ဂျီး … 🙄 :mrgreen:

  • ကျနော်က ခေတ်အမြင်ခေတ်အလိုက် ခေတ်ရေစီးကြောင်းကို ခံစားနားလည်လို့ရပါတယ်။
    အဓိက လိုအပ်ချက်ကတော့ e tone ရေးထားသလို
    သင့်တင့်လျောက်ပတ်စွာ ဆို တဲ့ အတိုင်းဝတ်စားစေချင်တာပါ။

  • Mr. MarGa

    August 15, 2013 at 10:39 pm

    ခေတ်မီတာနဲ့
    ခေတ်ဆန်တာကိုပဲ မကွဲကြတာလား…
    ဒါမှမဟုတ်
    ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့ စကားပုံကိုပဲ ဖွင့်ဆိုပုံလွဲသလား
    နေရာတကာမှာ တန်းတူ အခွင့်အရေးကို တောင်းဆိုရင်း
    ဒီလို ဝတ်စားဆင်ယင်ပြီး ကိုယ့်တန်ဖိုးကို ကိုယ်ပြန် ဖော်ပြနေကြတာလား….
    တွေးရင်းတွေးရင်း
    တစ်ယောက်ထဲပဲ ချာချာလည်သွားတယ်
    ဟီရိ ဩတပ္ပ (စာလုံးမှားရင် ခွင့်လွှတ်ပါ) ဆိုတဲ့ တရားဟာ…အနောက်ကိုရောက်နေတာ ကြာပြီထင့်

  • Ma Ei

    August 16, 2013 at 12:15 pm

    ရန်ကုန်မြို့ထဲ ဗိုလ်ချုပ်ဈေး နဲ့ FMI Centre နားမတော့
    ကလေးမလေးတွေလှချက်… တိုတို၊ဟိုက်ဟိုက်၊ မပေါ်တပေါ်
    လှလှပပ ဖြူဖြူအိအိလေးတွေများ မိန်းမချင်းငေးမိတာမို့
    ယောက်ကျားလေးတွေ ငမ်းတာ လွန်တယ်မထင်မိပေါင်…
    ဆိုတော့…
    ကာလ ဒေသနဲ့ သင့်တင့်အောင် ဝတ်စားရင်
    ကျက်သရေရှိရှိ လဲလှ၊ သွက်သွက် လက်လက် ကလေးလဲလှ တယ်ဆိုတာပါဘဲနော်…

  • သိပ်မှန်တာပေါ့ မအိရယ်
    ပေါ်တာပြဿနာမရှိ သန့်သန့်ပြန့်ပြန့်လေးဖြစ်နေဘို့က အဓိကပါ။

  • ဦးကြောင်ကြီး

    August 17, 2013 at 10:17 am

    မိန်းမမှာ ကြက်သရေ ရှိသလို ယောက်ျားမှာ ဘဲသားရေ ရှိသဗျ… သဂျီးမှာတော့ နွားသားရေ တဗုံဂျီး…

    • ကြက်သရေ သုပ်စားလို့ရတယ်
      ဘဲသရေ သုပ်စားလို့တယ်
      နွားသရေ ပိုက်ဆံအိတ် တို့ အကျိတို့ ချုပ်လို့ရတယ်
      ကြောင်သရေ …………………..ဘာလုပ်ရင်ကောင်းမလဲ
      ပြောစမ်းပါအုံး ကိုကိုကြောင်ရဲ့

  • lele kyi

    August 17, 2013 at 4:09 pm

    ကြောင်သားရေရောရှိဘူးလား။

Leave a Reply