ဘ၀မှာ အမှားနောက် တကြိမ် လုပ်မိတယ်…

အနုပညာဆိုတာ ဘာသာရေးဆိုရင်

ကျနော့်အတွက်တော့ အဲ့ဒီ့ ဆြာသမားက

ပစ္စေဂဗုဒ္ဓာ လောက်ရှိရဲ့ဗျာ..

 

 

လူမှန်းသိတတ်ကတည်းက ခင်လာတဲ့

သူ့မိသားစုဝင် ကျနော့်သူငယ်ချင်းက ဖုန်းနံပါတ်ပေးပြီး ….

သားဂျီး မင်းကိုတော့ သူအမှတ်ရမှာပါကွာ..လို့

ဦးနှောက်ထဲ ကင်ဆာပိုးရောက်နေတဲ့ ဆြာ့ကိုယ်စား

အဲ့ဘဲက ပြောလာတာတောင်မှ ဟောဒိ အကုသိုလ် အတုံးအခဲက

နံပါတ်နှိပ်ဖို့ တွန့်ဆုတ် ထိတ်လန့်ခဲ့မိတယ် …

 

 

သူငယ်ချင်းအချင်းချင်း ကျုပ် က

မသတီချင်စရာကောင်းတာများပြောပါတယ်..

မင့်အဖေ ဒတ်ရှင်မင်းသား ဘာလုပ်နေတယ်မသိချင်ဘု

မင့်ဦးလေး ဘာစာအုပ်ထွက်ဖို့ ရှိသလဲ

ခနခန မေးတတ်အောင် သောက်ကြောတင်းတဲ့ကောင်

မှတ်မှတ်ရရတော့ အဲ့သည့် သူငယ်ချင်းအဖေ အသုဘမှာ

ဆြာသမားနဲ့ ကျနော် စသိခဲ့ရတာ

 

 

တွေ့တွေ့ချင်း …

ကျနော့် ဘ၀မှာ ထိပ်ဆုံးရခဲ့တဲ့ လခ နဲ့ အရင်ဆုံး သုံးခဲ့တဲ့ ကုန်ကျငွေက

ဆြာ့စာအုပ်ပေါ့ဗျာ လို့ …

စပ်ဖြီးဖြီးပြောတဲ့ ငတိကို မြင်ယောင်ကြည့်ပါဗျာ…

တကယ်ပါ… အစ်ကိုတယောက် သေပြီး နောက်အစ်ကိုတယောက်လည်း

မကြာတော့ဘူး ဆိုတာ သိထားတဲ့ အသုဘရှင်ကို

အားမနာလျှာမကျိုး ပြောတတ်တဲ့ သေချင်းဇိမ်းကို

 

တောက်ခ် ….

အဲ့ဒိ နေ့မှ ဗျာ ..တိုက်တိုက်ဆိုင်ဆိုင်

ပြောပါတယ် ကျုပ်ကိုယ်ကျုပ် အကုသိုလ် အတုံးအခဲလို့..

 
ဘာကြောင့်လဲဆိုတော့.. ဟိုမှော်ဆြာ တုန်းကလဲ

သူ့ နောက်ဆုံးခရီး ဘတ်စ်ကားစုရပ် နောက်တည့်တည့်က

သေတင်းကုတ်မှာ ၀မ်းနည်းလှချည်ရဲ့ဆို ထိုင်ထွေနေပြီး

ပျက်ကွက်ခဲ့သေးတာ မဟုတ်လားဗျာ…

အဲ့သည့်နောက် ၉နှစ် ကြာပြန်တော့လည်း

ဒီ စောက်ချိုးကို မပြင်နိုင်ခဲ့ ပြန်ဘူး ရယ်လေ…

 

ပုံ

ခင်ဗျားတို့ ဖနောက်နဲ့ ပေါက်ချင်မယ့် မိုက်မဲသော လမ်းဘေးက စောင့်ကြွားကြွား တပည့်တယောက်

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011