ကြက်သရေတုံး တဲ့ကောင်

ムラカミAugust 15, 20131min25615

 

ဘဝမှာ အမှားနောက် တကြိမ် လုပ်မိတယ်…

အနုပညာဆိုတာ ဘာသာရေးဆိုရင်

ကျနော့်အတွက်တော့ အဲ့ဒီ့ ဆြာသမားက

ပစ္စေဂဗုဒ္ဓာ လောက်ရှိရဲ့ဗျာ..

 

 

လူမှန်းသိတတ်ကတည်းက ခင်လာတဲ့

သူ့မိသားစုဝင် ကျနော့်သူငယ်ချင်းက ဖုန်းနံပါတ်ပေးပြီး ….

သားဂျီး မင်းကိုတော့ သူအမှတ်ရမှာပါကွာ..လို့

ဦးနှောက်ထဲ ကင်ဆာပိုးရောက်နေတဲ့ ဆြာ့ကိုယ်စား

အဲ့ဘဲက ပြောလာတာတောင်မှ ဟောဒိ အကုသိုလ် အတုံးအခဲက

နံပါတ်နှိပ်ဖို့ တွန့်ဆုတ် ထိတ်လန့်ခဲ့မိတယ် …

 

 

သူငယ်ချင်းအချင်းချင်း ကျုပ် က

မသတီချင်စရာကောင်းတာများပြောပါတယ်..

မင့်အဖေ ဒတ်ရှင်မင်းသား ဘာလုပ်နေတယ်မသိချင်ဘု

မင့်ဦးလေး ဘာစာအုပ်ထွက်ဖို့ ရှိသလဲ

ခနခန မေးတတ်အောင် သောက်ကြောတင်းတဲ့ကောင်

မှတ်မှတ်ရရတော့ အဲ့သည့် သူငယ်ချင်းအဖေ အသုဘမှာ

ဆြာသမားနဲ့ ကျနော် စသိခဲ့ရတာ

 

 

တွေ့တွေ့ချင်း …

ကျနော့် ဘဝမှာ ထိပ်ဆုံးရခဲ့တဲ့ လခ နဲ့ အရင်ဆုံး သုံးခဲ့တဲ့ ကုန်ကျငွေက

ဆြာ့စာအုပ်ပေါ့ဗျာ လို့ …

စပ်ဖြီးဖြီးပြောတဲ့ ငတိကို မြင်ယောင်ကြည့်ပါဗျာ…

တကယ်ပါ… အစ်ကိုတယောက် သေပြီး နောက်အစ်ကိုတယောက်လည်း

မကြာတော့ဘူး ဆိုတာ သိထားတဲ့ အသုဘရှင်ကို

အားမနာလျှာမကျိုး ပြောတတ်တဲ့ သေချင်းဇိမ်းကို

 

တောက်ခ် ….

အဲ့ဒိ နေ့မှ ဗျာ ..တိုက်တိုက်ဆိုင်ဆိုင်

ပြောပါတယ် ကျုပ်ကိုယ်ကျုပ် အကုသိုလ် အတုံးအခဲလို့..

 
ဘာကြောင့်လဲဆိုတော့.. ဟိုမှော်ဆြာ တုန်းကလဲ

သူ့ နောက်ဆုံးခရီး ဘတ်စ်ကားစုရပ် နောက်တည့်တည့်က

သေတင်းကုတ်မှာ ဝမ်းနည်းလှချည်ရဲ့ဆို ထိုင်ထွေနေပြီး

ပျက်ကွက်ခဲ့သေးတာ မဟုတ်လားဗျာ…

အဲ့သည့်နောက် ၉နှစ် ကြာပြန်တော့လည်း

ဒီ စောက်ချိုးကို မပြင်နိုင်ခဲ့ ပြန်ဘူး ရယ်လေ…

 

ပုံ

ခင်ဗျားတို့ ဖနောက်နဲ့ ပေါက်ချင်မယ့် မိုက်မဲသော လမ်းဘေးက စောင့်ကြွားကြွား တပည့်တယောက်

 

 

15 comments

  • ကိုသု

    August 15, 2013 at 9:32 am

    ပိုစ့်နဲ့တော့မဆိုင်ပါဘူး….Min Zarni ဆိုတဲ့စာလုံးပေါင်းမြင်ရင် နောက်ဆက်တွဲအသံတစ်ခုက။ ရှီးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • GARFIELD

      August 15, 2013 at 11:49 am

      အဲ့ဒါ သေးထွက်သွားတာ… ဟိဟိ

      ဂါဂါးကြီး

      • Min Zarni

        August 15, 2013 at 10:52 pm

        ဂွေးဇိ အနာပေါက်နေလို့ လာ ဟိဟိ နေတာလား. ကြောင်အဆီပိတ်ရဲ့.

  • ဦးကျောက်ခဲ

    August 15, 2013 at 9:40 am

    ရှေ့ကမှော်ဆရာ ခေါင်းလောင်းမြည်ပြီးထွက်သွားတာ ၉နှစ်ပြည့်မို့ အလွမ်းမပြေသေးခင်…
    သဘာဝအုပ်စုညီအကိုတွေ တန်းစီချီတက်သွားလိုက်တာ အခုဆရာ့အလှည့်…
    ဘယ် ဝထ္ထုကိုအကြိုက်ဆုံးလဲ မေးရင်တောင် ဖြေရခက်အောင် စာရေးကောင်းသူမို့…
    ငြိမ်းချမ်းရာ အရပ်မှာ ညီအကိုတွေ ဆေးပေါ့လိပ်အတူဖွာရင်း…
    အနုပညာအကြောင်း ဆွေးနွေးနိုင်ပါစေလို့…
    🙁

  • Mahar Myanmar

    August 15, 2013 at 11:15 am

    ဖနောက် နဲ့ ပေါက် ပါဘူး ကွယ် ဘော်ဒါ ချင်းချင်း ပဲ
    ၁ဝ ပေါင် တူ ယူလာ တယ် ..အဲဒါ နဲ့ ထု ပေး မယ်..

    • Min Zarni

      August 15, 2013 at 10:58 pm

      ဟိတ်လူ ဂျီတော့မှာ အတ်ထားတယ် ဖွဘုတ်အကောင့်ရှိရင်လည်းပေးဦး.

  • Shee

    August 15, 2013 at 2:34 pm

    စာပေလောကဆိုတာ.. .မောင်နဲ့ပက်သက်ပြီး ဒီရွာကလေးကိုခေါ်လာတော့မှ… သိရတယ်… တန်းဖိုးရှိတဲ့စာတွေဖတ်ရတော့.. ပိုလို့တောင်ဝမ်းသာမိပါတယ်… ကျမကစာဖတ်ဖို့အလွန်ပျင်းတဲ့သူပါ… စာဖတ်ဝါသနာပါတဲ့သူတစ်ယောက်လဲမဟုတ်ပါဖူး.. .မောင်နဲ့ရင်းနှီးလာတော့..မောင်က ကျမထက် ၁ နှစ်လေးပဲကြီးပေမဲ့.. သူကျမထက်အများကြီးစဉ်းစားတွေးခေါ်နိုင်တာသိရတော့.. ကျမကိုယ့်ကိုကိုယ်ရှက်မိတယ်.. လွန်ခဲ့တဲ့အချိန်တွေအတွက်နှမျောပြီးနောင်တရမိပါတယ်… .ရွာထဲမှာစာရေးကြတဲ့သူတွေကိုကြည့်ပြီး ကျမတိတ်တိတ်လေးအားကျမိပါတယ်… အရမ်းလဲလေးစားတယ်…ခုစာဖတ်ဖို့ကျမအသိဝင်လာပါပြီး… ခုခါမှာတော့ စာရေးဆရာတွေပျောက်ကုန်တော့မှာ ကျမအရမ်းကြောက်လာတယ်…. စာတွေရဲ့တန်ဖိုးကိုသိလာလို့ပါ….

    မနက်အိပ်ရာကနိုးတော့ မောင်ဆီကဖုန်းလာတယ်… သူအရမ်းစိတ်ထိခိုက်သံနဲ့ဆရာမင်းလူဆုံးပြီးတဲ့..(အရင်ကဆရာ နေမကောင်းကြောင်းပြောပြထားဖူးပါတယ်) ..ကျမ မှာပါးစပ်အဟောင်းသားနဲ့စွံအလို့… စိတ်မကောင်းလိုက်တာ….

    ဆရာ(ဦး)မင်းလူ ဆုံးတော့ သူရေးခဲ့တဲ့စာတွေ ဖေ့ဘွတ် မှာတော်တော်များများဖတ်လိုက်ရတယ်…. တကယ်ကိုအရမ်းတော်တဲ့ဆရာတစ်ယောက်ပဲဆိုတာ.. သိရတော့ နှမျောလိုက်တာ..ဆိုတဲ့စကားထက်ပိုမဲ့စကားရှိသေးရင် အကြိမ်တစ်ရာမကပြောလိုက်ချင်ပါတယ်….
    သူရှိနေတုန်းကရေးခဲ့တဲ့စာတွေ ရှာမဖတ်.. စာဖတ်ဖို့ပျင်းခဲ့ပြီး ခုမရှိတော့မှသူ့စာတွေပြန်တောင်းတမိတဲ့.. ကျမလဲတနည်းအားဖြစ်

    ကြက်သရေတုံးတဲ့ ကောင်..ပါပဲ

  • အရီးခင်

    August 15, 2013 at 2:59 pm

    တစ်ခြားစာတွေ ပြန်မဖတ်နိုင်တောင် သူ့စာလေး တွေ ကို အမြဲ ရှာဖတ် မိနေဆဲ။
    သူ့လို လူတွေ ကို ဟာသနှောပြီး ချစ်တတ်အောင် ဘယ်သူ ဖွဲ့ပြပါတော့ မလဲ၊
    RIP ပါ (ဦး)မင်းလူ ရေ။

    • Min Zarni

      August 15, 2013 at 11:03 pm

      ပြောစရာစကားမကျန်အောင်ပါပဲ အရီးရယ်

  • lele kyi

    August 15, 2013 at 4:42 pm

    ကျမက ရှီးနဲ့ပြောင်းပြန်။ ငယ်ငယ်က စာစုံဖတ်တယ်။သုတ.ရသ.ဂန်ဗီရ.စုံထောက်. အကိုအမတွေရဲ့ရီးစားစာတောင်အလွတ်မပေးခဲ့ဘူး။ ခုမှ ဘာမှမဖတ်ဖြစ်တော့တာ။ ဆြာမင်းလူ က ကျမ လေးစား နှစ်သက်ခဲ့ဘူးတဲ့ ဆြာတစ်ယောက်ပါပဲ။

    • Min Zarni

      August 15, 2013 at 11:11 pm

      အန်တီလေးစာကိုဖတ်ပီး ဟိုဝတ္ထု သွားသတိရတယ်

      အော်ဆွေး.

  • အလင်းဆက်

    August 15, 2013 at 5:04 pm

    အနုပညာဆိုတာ
    ဘာသာရေးဆိုရင်
    တာရာမင်းဝေနဲ့ ဇော်ဇော်အောင်
    ဂျိမ်းဂျွိုက် စ်နဲ့ POST MODERN သမားတွေက

    ကျနော် နေ ့တိုင်း
    ဆွမ်းကပ်ချင်တဲ ့ ဘုန်းကြီးတွေ ပဲ

    :kwi:

    • Min Zarni

      August 15, 2013 at 10:56 pm

      အေးဗျာ. ခံစားနားလည်ကြည့်မိပါရဲ့

  • Mr. MarGa

    August 15, 2013 at 10:44 pm

    တစ်နေကုန် နေရတာ ဟာတာတာ ဖြစ်နေတယ်
    ဒီစာတွေနဲ့ ကြီးခဲ့တယ်
    ဒီစာတွေနဲ့ အမြင်ကျယ်ခဲ့ရတယ်
    ဒီစာတွေကြောင့် မတူတဲ့ အမြင်ကနေ ကြည့်တတ်လာတယ်…
    ဒီစာတွေကြောင့် ဒီလိုအခြေအနေ ရောက်ခဲ့တယ် ဆိုရင် လွန်မယ်မထင်

Leave a Reply