ချစ် ချစ် ချစ် (အခန်း- ၁ )

အချိန်ကာ ဂျပန်ခေတ်ဟုဆိုနိုင်သောခေတ် ၁၉၄၄ ကာ

လဝန်ကျင်အချိန်ဖြစ်၏။ ဧရာဝတီမြစ်ကမ်းတနေရာ အတိ

အကျဆိုရသော် ဗန်မော်မြို့ ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ

လူသူကင်းဝေးလျက် ည လဆန်းစ အချိန်။

အလင်းရောင်ဝိုးတဝါး ကိုအားပြုလျက်လူ တစု သာရေအိတ်

တလုံးကို သယ်လျက် မန္တလေးဘက်သို့ ခရီးနှင်နေလေသည်။

အနီးကပ်၍သေချာကြည့်ပါက ဂျပန်စစ်သားတစုဟုအလွယ်

တကူသိရှိနိုင်မည်ဖြစ်သည်။ ဂျပန် တပ်စုကဘာကိုသယ်လာသနည်း။

မြန်မာပြည်ကိုထင်တိုင်းကျဲခွင့်ရနေသောဂျပန်တို့ နေ့ဘက်တွင်

ပုန်းအောင်းလျက် ညဘက်ရောက်မှ ခရီးဆက်ခြင်းသည် ဘာ

ကြောင့်လဲ ဆိုသည်ကို ကိုဘသိန်းစဉ်းစားမရ။ ထို့အတူ ရှေ့

မှ မိမိနှင့်အတူ သရေအိတ်ကို ထမ်းနေသော ကိုစိန်သောင်း

လဲစဉ်းစားမိသလော? ။ ဤသရေအိတ်ကို လူမြင်မခံလိုခြင်း

မှာထင်ရှား လှသည်။ ထို့ပြင်ဤတပ်ဖွဲ့ကို ဆက်သွယ်ခြင်း

ညွန်ကြားခြင်းမျိုးလဲမတွေ့ရ။ ကိုဘသိန်း ကိုစိန်သောင်း နှင့်

အခြားရွာမှ ရွာသား နှစ်ယောက် သူတို့နာမည်တော့မသိရသေး။

ဒီတခေါက်နားမှမေးကြည့်ရမည်။ ညာဘက်ပခုံးမှာမိုင်ဝက်လောက်

ထမ်းထားရသည်နှင့် အတော်နာလှပြီ။သိပ်အလေးကြီးမဟုတ်သော်

လည်း ကြာလာတော့လည်း နာရုံတင်မက ထုံ၍ပင်ဖြစ်နေပြီ။

“ကိုစိန်သောင်းရေ ပခုံးပြောင်းကြစို့”

ဤတွင်အနားရှိဂျပန်စစ်သားနှစ်ယောက် အနားသို့ရောက်

လာသည်။ အော်ဟစ်ဆဲဆိုလေမလား ကိုဘသိန်းစိုးထိပ်သွား

သော်လည်းဂျပန်နှစ်ဦး က ပခုံးအပြောင်းအလဲမှာ သရေအိတ်

ကိုထိန်းပေးလိုက်ကြသည်ကိုတွေ့လိုက်ရ၍ အနည်းငယ်အံ့ဩ

မိသော်လည်း ဤသရေအိတ်ကိုဂျပန်တို့ မည်မျှအလေးထားသည်

ကို ကိုဘသိန်း တချက်တွေးမိလိုက်လေသည်။

ဤသို့နှင့် အရှေ့ဘက်တောင်တန်းမှရောင်နီ သန်းနေပေပြီ။

ဘယ်အချိန်ကတည်းကရှာထားသည်မသိ ဂျပန်ရှေ့ပြေး

တယောက် ကျောက်တုံးကျောက်ဆောင်ပေါများသော

တောင်ကတုံးဆီညွှန်ပြနေသည်။ဂျပန်စစ်ဗိုလ်က ထိုကျောက်

ဆောင်ပေါများလှသောတောင်ကတုံးဆီသို့သွား ရန်အမိန့်ပေး

သည်။ ကျောက်ဆောင်တောင်ကတုံးအနီးသို့ရောက်သောအခါ

ဂူတလုံးကိုတွေ့ရသည်။ ဂျပန်စစ်ဗိုလ်လည်းဂူအတွင်း နားမည်ဖြစ်ကြောင်း

ကိုဘသိန်းတို့ကိုအချက်ပြလေသည်။ ညတညလုံးမအိပ်ဘဲ

တောက်လျောက် ခရီးဆက်ရ၍ မိမိနေရာသို့ရောက်သည်နှင့်

တုံးကနဲ့ အိပ်ပျော်သွားလေသည်။

ရုတ်တရက် ဆူဆူညံညံအသံများကြောင့်ကိုဘမောင်

လန့်နိုးသွားလေသည်။

“ဒိုင်း ဒိုင်း ”

” ဝှစ် ဝှစ် ”

အပြင်ဘက်နှင့်အတွင်းဘက် အပြန်အလှန်ပစ်ခတ်နေကြ

ခြင်းဖြစ်လေသည်။ ဂူဝတွင်ဂျပန်စစ်သား နှစ်ယောက်သာ

ကျန်ရှိတော့ပြီး ကျန်စစ်သားများမှာ အပြင်မှ ရွာသားများ

မှ ဒူးလေးလက်ချက်ဖြင့်ကျဆုံးကုန်ခြင်းဖြစ်လေသည်။

ဂူအတွင်း၌ ကား ဂျပန်စစ်ဗိုလ်သည် လက်ယက်တွင်းတူး၍

သရေသေတ္တာကို အလျင်အမြန်မြုပ်နေသည်ကိုတွေ့ရလေသည်။

“ကိုစိန်သောင်းထထ အခြေအနေမဟန်ဘူး လစ်ကြစို့”

ကိုစိန်သောင်းနှင့်အတူအခြားရွာသားနှစ်ယောက်လည်း

နိုးနေကြပေသည်။ကိုဘမောင်ကာ ဤမြန်မာတိုင်းရင်းသား

အုပ်စုတွင်အသက်အကြီးဆုံးနှင့် အသန်မာဆုံးဖြစ်ရကာ ခေါင်း

ဆောင်တဦးသဖွယ်ဖြစ်နေလေသည်။

“ပြေးစရာဆိုလို့ ဒီဂူတပေါက်ပဲရှိတာဘယ်လိုပြေးမလဲ”

“ကိုစိန်သောင်းရေ လာတိုက်တာ ကျုပ်တို့တိုင်းရင်းသားတွေပဲ

ကျုပ်တို့ကိုတော့မပစ်လောက်ပါဘူးဗျ”

“အေးဗျာပစ်ရင်လဲသေပေါ့ဗျာ ဆက်နေလို့ သတ်တာခံရတာထက်

စာရင်လွတ်လမ်းရှိသေးတာပေါ့”

ဂျပန်စစ်သားတယောက်ဒူးလေးစာမိ၍ ထပ်ကျသွားပြန်သည်။

ဂျပန်စစ်ဗိုလ်ကိုကြည့်တော့ ပြေးချင်ပြေးဟူသောလက်ဟန်ပြလေ

သည်။ ကိုဘမောင်ဂူဝသို့ သတိနှင့်လှမ်းထွက်သည်။လက်နှစ်

ဖက်မြောက်လျက် ။ အပြင်ရှိ ဒူးလေးသမားများကတိုင်းရင်း

သားမို့ မပစ်။ ကိုဘမောင် အတွင်းရှိသူ့လူများကို အချက်ပြသည်

နှင့်အားလုံးလက်မြှောက်လျက်ထွက်လာကြသည်။

နောက်ဆုံးဂူဝရှိဂျပန်စစ်သားလည်း ကျသွားလေပြီ။ လာရောက်

တိုက်ခိုက်သူများက ကိုဘမောင်တို့ကိုဂရုပင်မစိုက် ဂူအတွင်းသို့

အားလုံးဝင်ရောက်ကြလေသည်။

ကိုဘမောင်တို့ လည်းအခွင့်သာပြီဟုတွေးထင်လျက် ကျောက်

ဂူနဲ့ဝေရာသို့စွတ်ပြေးကြလေသည်။

“ဝုန်းးးးးအုန်းးးး”

ကြီးမားသောပေါက်ကွဲသံနှင့်အတူ ကျောက်တုံးများပြိုဆင်းသံ

ကိုရုတ်တရက်ကြားရလေသဖြင့်ကိုဘမောင်နောက်သို့လှည့်

ကြည့်လိုက်ရာ ဂျပန်စစ်ဗိုလ်သည် သူသေ ကိုယ်သေအနား

သို့ တိုက်ခိုက်သူများအရောက် မမိရှိဗုံးများကိုခွဲလိုက်ဟန်တူ

သည်။ ဂူရယ်လို့မသိရလောက်အောင် ဂူပေါက်မှာပေါက်ကွဲမူ့

ကြောင့်ပိတ်သွားရလေတော့သည်။

ပြေးနေသောကိုဘမောင်တို့လူစုမှာ အန္တရာယ်မှလွတ်ပြီဟုသိလျက်

ပြေးနေသောခြေလှမ်းများရပ်လျက် သစ်ပင်အောက်၌အမော

ဖြေနေကြလေသည်။ အတန်ကြာသည်ထိစကားမပြောနိုင်ကြ။

သူတို့အားလုံးအတွေးတခုဆီသို့ရောက်နေကြခြင်းပင်။

ထိုမှမျက်နှာများပေါ်တွင် လောဘ အရိပ်အရောင်များလွှမ်း

လာကြလေသည်။ ကိုဘမောင်နှင့် ကိုစိန်သောင်းကတဖက်

တခြားရွာသားနှစ်ယောက်ကတဖက် ကွဲကြလေပြီ။

၎င်းတို့စိတ်ထဲမှလောဘသည် ဂျပန်တို့၏ သရေအိတ်ကြီး

ပင်ဖြစ်လေတော့သတည်းးးးးးးးးးး။

အနှစ်လေးဆယ်ခန့် ကြာသော်…………………………………………………

(ဆက်ပါအုံးမည်)

10 comments

  • Myo Thant

    August 15, 2013 at 12:15 pm

    ဗန်းမော်တောင်ဘက် ၆ မိုင်ဆိုတော့
    ရွှေကူမြောက်ဘက် မိုင် ၃ဝ ကျော်ပေါ့ ၊
    ရတနာအိတ်ကြီးများလား 🙂

    • မင်းခန့်ကျော်

      August 15, 2013 at 12:41 pm

      ဦးမျိုးရေ ဗန်မော်ကိုသင်္ဘောနဲ့ရောက်ဘူးတာ

      လေးပြန်သတိရလို့ အဲဒီဘက်ကိုဇာတ်အိမ်တည်

      မိတာပါ။

      အိတ်ကတော့ ဘာအိတ်ဖြစ်ခိုင်းရမလဲမဆုံးဖြတ်

      ရသေးဘူး :mrgreen:

  • သျှားသက်မာန်

    August 15, 2013 at 1:28 pm

    မြန်မြန်ဆက်ပါဗျု့ိ

  • အလင်းဆက်

    August 15, 2013 at 5:29 pm

    အက်ရှင် ဇာတ်ကွကက်ကလေးတွေနဲ ့စ ထားတယ်နော်

    နာမည်က ချစ် ချစ် ချစ် ဆိုတော့
    ရင်သိမ့်တုန်လေးတွေ ပပါဦးမလားပဲ

    ဆက်ပါဦးဗျို ့
    စောင့်ဖတိနေပါ့မယ်

    • မင်းခန့်ကျော်

      August 16, 2013 at 9:21 am

      အေးဗျာနာမည်ပေးပြီးမှ

      သုမောင်ရဲ့ ချစ်ချစ်ချစ်၁၂၃ နဲ့

      သွားတူနေတယ် ။

      နာမည်ပေးရခက်တယ်ဗျာ

  • အရီးခင်

    August 15, 2013 at 8:01 pm

    ဂျပန်ခေတ်ဆိုတော့ ကိုယ်တွေ့ ဇာတ်လမ်း တော့ ဟုတ်လောက်ဘူး ထင်တယ်။
    ဟိုနေ့ က ကလေး တွေ နဲ့ အပြိုင်ဆော့ နိုင်သေးတဲ့ အရွယ် ဆိုတော့။ 😉

    • မင်းခန့်ကျော်

      August 16, 2013 at 9:17 am

      အော်အရီးရယ်

      အရီးက အင်္ဂလန်မှာနေတယ်ထင်လို့

      ဂျပန်ခေတ်ကစလိုက်တာ

      အားနာလို့ပါ :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 2:06 pm

    ဇာတ်အစက စိတ်ဝင်စားစရာ
    ရေလည် ကောင်းလှသဗျာ …
    အိုက်ဒီ အထုပ်ဂျီးက ဘာထုပ်ဂျီးလည်း သိဝူးနော့ ….
    ကြည့်ရဒါ ဂျပန်ဘိုဂျီး ပါထားတဲ့ အီးအီးထုပ်ဂျီးလားဘဲ .. ခွိခွိ …
    :mrgreen:

  • Ma Ma

    August 16, 2013 at 3:03 pm

    ရွာထဲမှာ သဲထိတ်ရင်ဖို စာရေးဆရာတစ်ယောက်တိုးလာပြီ။
    အခန်းဆက်ဆရာလို့လည်း ခေါ်ရမယ်။ 🙂

  • Thein Zaw

    August 16, 2013 at 3:36 pm

    မြန်မြန်နဲ့ များများ လေး တင်ပေးပါ၊ အတော်ဆွဲ နေ ပြီ။

Leave a Reply