သင်သည် အလွန်ဝေးကွာသောနေရာ ၊သို့မဟုတ် ဖုန်းအားသွင်းရန် အလွန်ခက်ခဲသောနေရာများသို့ ရောက်ရှိနေပါက သင်၏စမတ်ဖုန်းကို စိတ်အနှောင့်အယှက်ကင်းရှင်းစွာဖြင့် Astro3 Portable Battery Pack ဖြင့် ပြန်လည်အားဖြည့်သွင်းနိုင်တော့မည်ဖြစ်ပါသည်။

Astro3  သည် သင်တို့၏ စမတ်ဖုန်းများကို လုံလောက်သော အားဖြည့်သွင်းပေးနိုင်မှု ၆ ကြိမ် ၊သို့မဟုတ် ၇ ကြိမ်အထိ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၄င်း Astro3 Portable Battery Pack  သည် USB ၃ ပေါက်ပါရှိပြီး တစ်ပေါက်စီတိုင်း၌ သင်တို့၏ Device များနှင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်ကာ လုံလောက်သော အားပြန်လည်ဖြည့်သွင်းခြင်းကို လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါသည်။

astero3
Astro3 Portable Battery Pack သည် အလျား ၄.၄ လက်မ၊ အနံ ၃.၃ လက်မနှင့် အထူ ၁လက်မ ရှိပြီး အလေးချိန် ၃၀၀ ဂရမ်ရှိကာ သေးငယ်ပေါ့ပါးသောPortable Battery Pack လည်း ဖြစ်သည်။ ၄င်း၏ အားသိုလှောင်နိုင်မှုပမာဏမှာ 12000 mAh (mili Ampere Hour) ရှိပြီး အချိန်တိုအတွင်း စွမ်းအင်ပြန်လည် ဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။

Astro3 တွင် ခလုတ်များ မပါရှိပါ။ သို့သော် ၄င်းကို လျင်မြန်စွာ လှုပ်ခါခြင်းဖြင့် အသက်သွင်းနိုင်ပြီး Device ၊သို့မဟုတ်  Display များနှင့် ချိတ်ဆက်အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိကြောင်းကို ၄င်းတွင်ပါရှိသည့် LED မီးသီးက အချက်ပြမည်ဖြစ်သည်။ ထို  Astro3 ကို ပြန်လည် အားဖြည့်သွင်းရန်အတွက် micro-USB Input ပါရှိပြီး ၄င်း၏အားနည်းချက်အနေဖြင့်မူ  iPad များကို အားပြန်လည် ဖြည့်သွင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
USB သုံးပေါက်ထဲမှနှစ်ခုသည် Max Speed Universal Ports   များကို ၁.၅ A  ဖြင့် အားဖြည့်သွင်းနိုင်ပါသည်။ သုံးခုမြောက့် USB သညှ် Smart Chip နည်းပညာကို အသုံးပြုထားပြီး  Device များကို 2.4A ဖြင့် အားအပြည့် လျင်မြန်စွာဖြည့်သွင်းပေးနိုင်မည်ဖြစ်သည်။  Astro3 သည် Android ဖုန်းများကို အားအပြည့် လျင်မြန်စွာဖြည့်သွင်းပေးနိုင်အောင် ဒီဇိုင်းဆွဲပြုလုပ်ထားခြင်းဖြစ်ကာ iPhone များကို အားသွင်းမည်ဆိုပါက  0.5A သာ အားသွင်းနိုင်မည်ဖြစ်ပါသည်။Astro3 ၏ဈေးနှုန်းမှာ micro-USB ကြိုးနှင့် 30-pin Connector အပါအ၀င် အမေရိကန်ဒေါ်လာ ၉၉.၉၉ ဖြင့် ရောင်းချပေးနေကြောင်း သိရှိရပါသည်။

Source:Anker Astro3

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)