အရူးတစ်ကောင်ရဲ့ အတွေးစများ

alinsettAugust 16, 20131min15012

မကြင်နာတတ်တဲ့  သစ်ပင်ရိပ်မှာ

ငါ အိပ်နေချင်သေးသလား

ဘယ်တော့မှ မပွင့်မယ့် ပန်းတစ်ပွင့်ကို

ငါ နမ်းချင်တုန်းလား

ဘယ်သူမှ မဆိုချင်တဲ့ အသည်းကွဲသီချင်းတွေ

ငါအော်ချင်တုန်းလား

မရော မသေချာတဲ့ အုပ်ချုပ်ရေးစနစ်ကောင်းတစ်ခု

ငါမျှော်လင့်တုန်းလား

မနိုးထချင်တဲ့ နတ်သမီးအိပ်မက်

ငါ မက်နေတုန်းလား

ဝေးသွားတဲ့ အတွေးစတွေ

ငါ လိုက်ဖမ်းချင်တုန်းလား

ငါလျှောက်တဲ့ လမ်း

ငါ လွမ်းချင်တုန်းလား

တော်ပါပြီကွယ်

စစ်မခင်းလို

အဲဒီတုန်းက

စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်

အရှုပ် တ်ထဲက ဆွဲထုတ်ပြီး

ချေဖျောက်ပစ်တော့မယ်

မနေ့ညက

ရေတံခွန်တွေ အကြောင်းးး

အိပ်မက်တယ် ။

 

အလင်းဆက်

12 comments

  • koyinmaung

    August 16, 2013 at 9:12 am

    မှန်လိုက်လေ ကောင်ကလေးရေ….
    ဘဝလမ်းခရီးရဲ့
    လမ်းခုလပ်မှာ အိပ်ငိုက်နေတာလူပျင်း
    နောက်ကြောင်းပြန်လှည့်တာလူညံ
    မနားမနေ ကြိုးစားလျှောက်လှမ်းနေတာကမှလူတော်ကွဲ့……
    နှောင်နှေးကြံကြားမဲ့အရာအားလုံး နှုတ်ဆက် လိုက်စမ်းပါ…….
    အားပေးလျှက်…..

  • ချစ်လင်းအိမ်

    August 16, 2013 at 9:52 am

    စမ်းချင်ရာအစမ်းခံနိူင်အောင်ကြိုးစားပါကောင်လေး

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 10:21 am

    အဟမ်းးး
    အိပ်မက်အရ ဟောစတမ်း ထုတ်ရရင် …
    အဟမ်းး ဟမ်းး
    နင်ဒေါ့ ဘာမွှလုပ်နေနဲ့ဒေါ့ …
    သင်္ကန်းနဲ့ သပိတ်ဖိုး စုထားဘေဒေါ့ကွယ် ….။

    • အလင်းဆက်

      August 16, 2013 at 11:22 am

      မဖြစ်သေးပါဘူး အံအံရယ်

      ဒဂါမလေးတွေ ရှေ ့တိုး
      ဒဂါဂဂျီးဒွေနောက်ဆုတ် လို ့
      ပြောမိဦးမယ့် အရွယ်

      မဖြစ်သေးပါဘူး

  • ခင် ခ

    August 16, 2013 at 10:26 am

    မိုးတိမ်တွေလိုလို မီးခိုးဖြူအလုံးတွေလိုလိုထဲမှလွင့်မျောပြီးပါသွားလိုက်တာ ဘယ်တွေဆီရောက်သွား လဲမသိ လေတွေကလည်းတိုက်နေခဲ့ပြီ တစ်ခါတစ်လေအေးခနဲ့ဖြစ်လိုက် တစ်ခါတစ်လေနွေးသလိုလို မျိုးဖြစ်လိုက်နဲ့ပေါ့။ အဲဒီအချိန်မှာဘဲ အသားအရောင်ကပုလဲသွယ်လိုမျိုး နဲ့ ခေါင်းမှာကကောင်းဘွိုင်း ဦးထုပ်စောင်းလို့ ခပ်လွင့်လွင့်အကျင်္ ီပါးအဖြူနဲ့ ထိုင်မသိမ်းထမီဝတ်ဆင်ထားတဲ့ ပျိုမေချောလေး နှစ်ယောက်ကလည်း ကိုယ်လွင့်မျှော်နေတဲ့ဆီကို မျက်နှာချင်းဆိုင်နီးသည်ထက်နီး၍ လာနေတာမို့ ဘာလုပ်ရမလဲ ဘယ်လိုဖြစ်မလဲ စိတ်ထဲဖြစ်နေတုန်းမှာဘဲ ပျိုမေချောတစ်ယောက်က ကိုယ့်ကိုဆွေ့ကနဲပွေ့ကာမလိုက်ပြီး နောက်တစ်ယောက်က ကိုယ့်နားကိုကပ်ကာ တီးတိုးသံလိုလို စကားပြောလိုက်သံကို နားထဲကိုစီးဝင်လာတာကတော့ ……“ ပဲပြုတ် ပဲပြုတ်´´ အဲဒီမှာဘဲ မိုးလင်းပါပေါ့ ပဲပြုတ်သည်တောင် အိမ်ရှေ့ကဖြတ်သွားပြီဆိုပြီး လန့်ကာနိုးမိတယ် ဪ ယောင်ချာချာ တစ်ယောက်လည်း အိမ်မက်မက်နေတာကိုး။

    • အလင်းဆက်

      August 16, 2013 at 1:05 pm

      လေးခ

      နတ်တမီး အိပ်မက်လည်း ဟုတ်ဘူး

      လူဇိုးကြီး
      အဟိ

      🙂

  • Ma Ei

    August 16, 2013 at 10:43 am

    ရေတံခွန်တွေ အကြောင်းးး အိပ်မက်တယ် …
    ဆိုတာ နမိတ်ကောင်းတယ် အလင်းဆက်ရဲ့
    ကံကောင်းခြင်းတွေလာတော့မှာ…

  • ရွှေမိုးတိမ်

    August 16, 2013 at 1:34 pm

    ရေတံခွန်တွေအကြောင်းအိပ်မက်တယ်တဲ့ ပျော်စရာဂျီး ။ တူညားက ရေတံခွန်သွားချင်နေတာ 🙂

  • အလင်းဆက်

    August 17, 2013 at 9:47 pm

    ကျွန်တော်လည်း..ရေတံခွန်တွေဆီ..
    သွားချင်နေတယ်….

Leave a Reply