ဆယ့်သုံးဂဏန်းနှင့် ဒါဇင်ပလပ်

၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့…

ကျွန်တော်တို့ ဒါဇင်ပလပ်စ်လို့ အမည်တွင်တဲ့ ပညာရေးပရဟိတအဖွဲ့လေး…

ကျွန်တော်တို့နဲ့ ကျွန်တော်တို့နဲ့ ရင်ဘတ်ခြင်းထပ်တဲ့အလှူရှင်တွေရဲ့ ချွေးနည်းစာကဖြစ်လာတဲ့ စေတနာသဒ္ဒါတရားအလှူလေးကို…

ရွှေပြည်သာမြို့နယ်… ချင်းတွင်းလမ်းနဲ့ မဲခေါင်လမ်းထောင့်၊ ၆/၁ဝ ရပ်ကွက်မှာတည်ရှိတဲ့… မြို့ဦးထန်းတပင်ကျောင်းမှာ ဒါဇင်ပလပ်စ်ရဲ့လစဉ်

ပညာရေးအလှူလေးကို သွားရောက်ပြုလုပ်ဖြစ်ခဲ့ပါတယ်…

IMG_2816

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြို့ဦးထန်းတစ်ပင်ကျောင်းလေးကို ၁၉၉ရ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား (၁၄)ဦးနှင့်စတင်ခဲ့သောကျောင်းလေးဟာ…

အခုအခါမှာ ကျောင်းသားပေါင်း (၁၃၀) အား သင်ကြားပြသပေးနေသော ကျောင်းလေးတစ်ကျောင်းဖြစ်ပါသည်…

မူလတန်းအဆင့်တွင် ကျောင်းသား (၅၀)နီးနီးရှိပြီး… ပထမတန်းမှ စတုတ္တတန်းအထိ ပျမ်းမျှကျောင်းသားအရေအတွက် (၃၀)စီခန့်ဖြင့်

နေ့စဉ် စာသင်ကြားပေးရုံမျှမက စာရေးကိရိယာများကိုပါ ထောက်ပံ့ပြီး မြန်မာနိုင်ငံပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ

ဝိုင်းဝန်းကူညီလျက်ရှိပါတယ်…

IMG_2822

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျောင်းတွင် ဆရာဆရာမဦးရေ (၄)ဦးရှိနေပြီး… ဆရာဆရာမများအတွက်လစာငွေကို

ရှိုင်းဟုတ်ကုမ္ပဏီမှ တစ်လလျှင် (၄၀၀၀၀)ကျပ်၊ အရှင်ဇဝနမေတ္တာရှင်မှ တစ်လလျှင် (၁၅၀၀၀)ကျပ်နှင့် ကျောင်းမှ (၁၀၀၀၀)ကျပ်

တာဝန်ယူလျက်ရှိကြောင်းသိရှိရပါသည်…

နိုင်ငံတော်အစိုးရမှ ကျောင်းသား (၄၀)လျှင် ဆရာမတစ်ဦးသတ်မှတ်ထားသဖြင့် ကျောင်းသား (၁၃၀)ရှိသော ဤကျောင်းအတွက်

ဆရာမ (၃)ဦးစား လစာငွေရရှိမည်ဖြစ်သော်လဲ… လျှောက်ထားဆဲဖြစ်သဖြင့် ခံစားခွင့်မရရှိသေးကြောင်းလဲ သိရှိရပါသည်…

ထိုမူလတန်းကျောင်းမှ စတုတ္တတန်းအောင်မြင်ပြီးလျှင် ရွှေပြည်သာမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများ၌

ဆက်လက်ပညာသင်ယူနိုင်ကြောင်းလဲသိရှိရပါသည်…

ယခုအချိန်တွင် ကျောင်းအိပ်ကျောင်းစား ကျောင်းသား (၂၀)ခန့်ရှိပြီး၊ ထိုအထဲတွင် တက္ကသိုလ်တက်ရောက်နေသူတစ်ဦးနှင့်

(၁၀)တန်းတက်ရောက်သင်ကြားနေသူတစ်ဦးရှိကြောင်းလဲ သိရှိရပါသည်…

 

ဆယ့်သုံးကြိမ်မြောက်တွဲလက်များ
ဆယ့်သုံးကြိမ်မြောက်တွဲလက်များ

အလယ်တန်းအဆင့်သို့တိုးမြှင့်သင်ကြားနိုင်ရန်အတွက် လုံလောက်သောကျောင်းဧရိယာ အကျယ်အဝန်းရှိသော်လည်း

အဆောက်အဦးနှင့် ကျောင်းဆရာဆရာမများ၏ လစာအခက်အခဲရှိနေသောကြောင့် ဆက်လက်တိုးမြှင့်ရန်ဆိုင်းငံ့ထားရပါသည်…

ယခုလက်ရှိ အဆောက်အဦးအား Save The Children မှ သိန်းတစ်ရာကျော်အကူအညီဖြင့် တည်ဆောက်ထားပြီး သပ်ရပ်သောသောက်ရေအိုးစင်

အိမ်သာနှင့် လက်ဆေးကန်များကို အားရဖွယ်တွေ့မြင်ခဲ့ရပါသေးသည်…

 

IMG_2837

 

IMG_2836

 

IMG_2833

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြင်ပမှ လာရောက်တက်ရောက်သင်ကြားသော ကျောင်းသားများအတွက် ကျောင်းဝတ်စုံထောက်ပံ့ရန်အခက်အခဲနှင့်…

ကျောင်းသားမိဘများ၏အထောက်အပံ့ရရှိနိုင်မှု အခက်အခဲများစွာရှိသောကြောင့်…

ကျောင်းသားများအား… ကျောင်းဝတ်စုံနှင့်မဟုတ်ဘဲ နှစ်သက်ရာဝတ်ဆင်တက်ရောက်ခွင့်ကိုလဲ ပေးထားရကြောင်းသိရှိရပါသည်…

လွန်ခဲ့သောနှစ်က ကျောင်းသားတစ်ဦးချင်းစီအတွက် လွယ်အိတ်နှင့် ထီးကိုထောက်ပံ့နိုင်သော်လဲ…

ယခုနှစ်တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် ကျောင်းသားတစ်ဦးလျှင် လွယ်အိပ်ဖိုး (၁၀၀၀)ကျပ်သာထောက်ပံ့နိုင်ကြောင်းလဲ…

စိတ်မကောင်းစွာကြားသိခဲ့ရပါသည်…

IMG_2839

 

ကျောင်းကျန်းမာရေးအတွက် မြန်မာ့တိုင်းရင်းဆေးရုံမှ လစဉ်ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောကျန်းမာရေးကုသိုလ်ဖြစ်ဆောင်ရွက်သူများမှ

ပညာပေးဟောပြောပွဲများ လာရောက်လုပ်ဆောင်လေ့ရှိကြောင်းသိရှိရပါသည်…

IMG_2841

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျွန်ုပ်တို့ ဒါဇင်ပလပ်စ်၏ (၁၃)ကြိမ်မြောက်ပညာရေးထောက်ပံ့ခြင်းအလှူကို စာရေးကိရိယာ (၉၀၀၀၀)ဖိုးနှင့်

ငွေသားအလှူငွေ (၁၀၂၀၀၀)ကျပ်တိတိအပြင် ကျောင်းသားများအတွက် အထောက်အကူဖြစ်မည့်ပညာပေးစာအုပ်အချို့ကို

ဝမ်းမြောက်စွာလှူဒါန်းခဲ့သလို…

ဆရာတော်နှင့် ဆရာဆရာမများ ကျွေးမွေးဧည့်ခံသော ကြက်သားဟင်းနှင့်ပလာတာကိုလဲ အရသာရှိစွာစားသောက်ခဲ့ရကြောင်း

ဝမ်းမြောက်စွာဖြင့်… ဒါဇင်ပလပ်စ်အဖွဲ့သားများက မှတ်တမ်းတင်အပ်ပါသည်…

IMG_2826

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ထို့အပြင်…

ထူးခြားသောအတွေ့အကြုံတရပ်အနေဖြင့် ဆရာတော်မှ ဆုံးမသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်သည့်အချက်အလက်များကို

အမြင်မတူသော်လဲတရိုတသေနားထောင်ခဲ့ပြီး… မိမိတို့ဘက်မှ အမြင်များကိုလဲ ထိုက်သင့်သလောက်ပြန်လည်ရှင်းလင်း

ပြောကြားခဲ့ပါသေးသည်…

 

မည်သို့ပင်ဆိုစေကာမူ…

နိုင်ငံတော်အတွက်လိုအပ်လျှက်ရှိသော ပညာရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အခက်အခဲများစွာကျော်ဖြတ်ရင်ဆိုင်ပြီး…

အထောက်အပံ့ပေးနေသော… ဆင်းရဲနွမ်းပါးသည့်ကျောင်းလေးတစ်ကျောင်းကို တပ်နိုင်သမျှ ချွေးနည်းစာထဲမှ လှူဒါန်းမှု…

အောင်မြင်ခဲ့ခြင်းအတွက်… ကျွန်ုပ်တို့နှင့်အတူ ပါဝင်လက်တွဲကြသော ဒါဇင်ပလပ်စ်၏အလှူရှင်များအား…

ဒီနေရာမှနေ၍ ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်အပ်ပါသည်…

 

မိမိတို့ကိုယ်တိုင်ဖြစ်စေ… လက်လှမ်းမီရာအသင်းအဖွဲ့… စေတနာရှင်များကိုဖြစ်စေ…

လက်ဆင့်ကမ်း၍ ချို့တည့်သောကျောင်းလေးအား အထောက်အပံ့ပေးနိုင်ရန်… ဆက်သွယ်ရန်လိပ်စာနှင့်တကွ…

ဆရာတော်၏ဘွဲ့အမည်ကိုပါ ထည့်သွင်းတင်ပြလိုက်ရပါကြောင်း…

 

ဆက်သွယ်ရန်-

ဆရာတော် ဦးသုစိတ္တ

မြို့ဦးထန်းတပင်ကျောင်း…

၆/၁ဝရပ်ကွက်

ချင်းတွင်းလမ်းနဲ့မဲခေါင်လမ်းထောင့်

ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း

01-611019

0949325743

 

လေးစားစွာဖြင့်-

 

Logo

 

 

 

 

 

 

 

ဒါဇင်ပလပ်စ်အဖွဲ့သားများ
ဇူလိုင်လ၊ ၂၀၁၃

16 comments

  • kyeemite

    August 20, 2013 at 1:43 pm

    သာဓု….သာဓု…သာဓု…ပါဒါဇင်ပလပ်စ်ရေ

  • ဦးကျောက်ခဲ

    August 20, 2013 at 1:55 pm

    ကိုယ်တိုင်ကိုယ်ကျ စွမ်းနိုင်ကြတဲ့ ဒါဇင်ပလပ်စ်အဖွဲ့သားများ…
    သာဓု… သာဓု… သာဓု… ပါ ခင်ဗျား…

  • Swal Taw Ywet

    August 20, 2013 at 2:16 pm

    သာဓု… သာဓု… သာဓု… ပါ ခင်ဗျာ။
    ဒါဇင် ပလပ် အဖွဲ့ကြီး ဆက်လက်ဆောင်ရွက်နိုင်မှာ ယုံကြည်ပါတယ်။
    ကိုယ်ပိုင် ရပ်တည်နိုင်ဘို့ ကြိုးစားနေရတုံးမို့ မဝိုင်းနိုင်သေးတာ ခွင့်လွှတ်ပါနော်။
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • ရွှေမိုးတိမ်

    August 20, 2013 at 2:27 pm

    သာဓု သာဓု သာဓု…..
    ကြက်သားဟင်း နဲ့ ပလာတာလေးကလဲ စားချင်စရာလေး 🙂

  • ဆာလ်ပါကွန်နိူင်

    August 21, 2013 at 8:58 am

    သူတို့ကိုအားကျလိုက်တာ။

  • e tone

    August 21, 2013 at 11:21 am

    အစိုးရက .. ဘကကျောင်းက ဆရာ/ဆရာမတွေကို တရားဝင်လစာပေးတော့မယ့် သတင်းကတော့ ကြားထားပြီးပေမယ့်…. အခုထိ လစာ(လက်ထဲ) မရသေးကြောင်းလည်း သိရပါတယ် ။

    နောက်တစ်ခုက … ကျောင်းသား တစ်ရာမှာ ဆရာ/မ တစ်ယောက်နှုန်းနဲ့ တွက်ပြီး လစာကိုပေးတာ … ဒါလည်း သိပ်မဟုတ်သေးဘူး … အစိုးရ အသိမှတ်ပြုကျောင်းတွေမှာတောင် အတန်းတတန်းကို လူတစ်ရာကျော် မထားခဲ့ပါဘူး ။ အရင်က တပြားမှ မရတာထက်စာလျှင် အခုလို တရားဝင်လစာပေးတာကတော့ ဝမ်းသာ စရာပေါ့လေ … ဒါပေမယ့် … ဆရာ/မတိုင်း လစာ မရတာကတော့ … ဘယ်လိုပြောရမလဲ မသိဘူး … ။

    နောက်ပြီးတော့ ဖတ်စာအုပ် …. အဲ့ဒါကလည်း စာသင်နှစ် သုံးနှစ်ကိုမှ တခါချပေးတယ်လို့ အရင်ဘကကျောင်းတွေသွားခဲ့ရင်းက သိခွင့်ရခဲ့တယ် … ။
    ဖတ်စာအုပ်ဆိုတာမျိုးက စာသင်နှစ် တနှစ်လုံး ထိတွေ့နေရတာ …ကိုယ်တွေလည်း ငယ်ငယ်တုန်းက တနှစ်ကိုင်တဲ့ စာအုပ်ကိုတောင် စာသင်နှစ်မဆုံးခင် အဖုံးပြုတ် ၊ စာရွက်ပြဲလောက်အောင် ရိုသေစွာကိုင်ခဲ့ဖူးတာပဲ… ။:mrgreen: ကလေးတွေအနေနဲ့ .. အဆင့်ဆင့်သုံးရတဲ့အခါ … အဆင်ပြေချင်မှ ပြေပါလိမ့်မယ် … ။

    ဘယ်လိုပဲဖြစ်ဖြစ် အရင်က မပေးတဲ့ လစာ ၊ အခုပေးတယ် ။ အရင်က မထောက်ပံ့ခဲ့တဲ့ ဖတ်စာအုပ် အခမဲ့ထောက်ပံ့တယ်ဆိုတာကတော့… ဝမ်းသာစရာပေါ့လေ … ။

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 10:19 am

    သာဒု .. သာဒု .. သာဒု .. ပါဗျာ …
    ဒီဂရင်းဟန်းတွေအတွက် ဝမ်းသာစွာနဲ့ သာဒု ခေါ်လိုက်ဘာဒယ်ဗျို့ …
    ကျနော့်ရဲ့ နေရပ်ဟောင်း ရွှေပြည်သာမြို့လေးရဲ့
    ထန်းတပင်ကျောင်း အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်ဗျို့ …

  • Shwe Ei

    August 23, 2013 at 5:19 pm

    ဒါဇင်ပလွတ်ပို့စ်ကို ကော်ပီ ပေ့စ် ကက်တဂိုရီအောက်မှာ ထည့်ထားတယ် ဟလား ကဖက် :bar:

    ခက်စ်တော့နေဘာဘီ

    ဘဒူ့ဆီက ကူးချလာတုန်း မှန်မှန်ပျော့စ်

  • marblecommet

    August 24, 2013 at 3:23 am

    ဗရာဗို…….

  • kai

    August 26, 2013 at 2:38 pm

    ၁) http://www.dozenplus.org/ ဝက်ဘ်ဆိုက်ကပျက်နေပါတယ်..။
    ၂) ရန်ကုန်က ဆက်သွယ်ရမယ့်လိပ်စာ၊ ဖုံးနံပါတ် သိလိုပါတယ်..။ အီးမေ်းလ်လဲသိလိုပါတယ်..။ အလှူအတွက် ဒါဇင်ပလပ်စ်အသင်းကို ညွှန်းလိုက်တာမှာ.. မေးလာလို့ပါ…

    kai@myanmargazette.net ကိုလည်းပို့ပါ…။
    ဒီမှာလည်း တင်ပေးပါလို့…

    • Shwe Ei

      August 26, 2013 at 4:13 pm

      မင်္ဂလာဘာ သဂျီးရှင့်

      ဒါဇင်ပလပ်စ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

      https://www.facebook.com/groups/381398588595860/

      ဆက်သွယ်ရမဲ့လိပ်စာကဒီမှာပါရှင့်

      ၁) အမတ်မင်း
      amatmin@gmail.com
      09 5081969
      ၂) ရွှေအိ
      eikyipyarsoe@gmail.com
      09 731 89 261
      ၃) အီးတုန်း
      mayzawhan@gmail.com
      09 731 444 21

      • kai

        August 28, 2013 at 7:24 am

        အခု.. လှူမယ့်သူနဲ့ အဆက်အသွယ်ပေးထားတယ်..
        အီးမေးလ်ဖတ်ပါနော…။
        ပြီးရင်အကြောင်းပြန်ပါလို့…။

  • kai

    August 27, 2013 at 2:30 pm

    “မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”
    ======================================
    ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

    ၁)သီလရှင်စာသင်တိုက်
    ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
    ဖုန်း – ဝ၉ ၇၃ဝ ၂၆၂၂၆

    ၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
    အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
    ဖုန်း – ဝ၉ ၈၆၂ ၈၄၉၄

    ၃)အေးရိပ်သာကျောင်း
    (၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
    ဖုန်း – ဝ၉ ၄၃ဝ ၅၆၆၀

    ၄)ရွှေငြိမ်စံကျောင်း
    အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
    ဖုန်း – ဝ၉ ၈၆၃ ၁၇၀၉၊ ဝ၁- ၅၉၉၄၁၂

    ၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
    မှော်ဘီ ဝါးနတ်ချောင်းကျေးရွာ။
    ဖုန်း – ဝ၉ ၇၃ဝ ၉၂၄၁၅၊ ဝ၉ ၇၃၁ ၄၂၈၅၆

    ၆)ရွှေရတနာသီလရှင်ကျောင်း
    အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
    ဖုန်း -၀၁ ၆၁၁၅၂၃

    ၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
    အလယ်ရွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
    ဖုန်း 613665

    ၈) ကုမာရရမ ပရဟိတကျောင်းတိုက်
    အောင်သိဒိ္ဒလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
    ဖုန်း -0973031875
    မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
    ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

    ၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
    ၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
    ဖုန်း 09421075045
    မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
    ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
    နဝမတန်းမှ ဒသမတန်းအထိ ပြင်ပသင်
    ကျောင်းသားကျောင်းသူ ၁၄ရ ဦး အတွက်

    ၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
    ဖုန်း 0954022180
    မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃ဝ ဦး
    ကျောင်းသား ၂၄ရ ဦးအတွက်

    ၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
    ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
    ဖုန်း 095060663
    မိဘမဲ့ကလေး 168 ဦးအတွက်

    ၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

    ၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

    မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
    ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
    မိဘမဲ့ကလေး (၁၅)ဦး
    ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

    ၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
    ၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
    ဖုန်း 0943082166 ၊ 01-581023
    သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
    ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

    ၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
    မြောက်ဥက္ကလာပမြို့နယ်
    ဖုန်း 095680582 ၊ 056-22609
    မိဘမဲ့ကလေး (၄၈၀) ဦး
    ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

    ၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

    ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
    ကျောင်းသား ကျောင်းသူ ဦးရေ ၁၀ဝ ခန့်အတွက်

    ၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
    ရွှေကျင် (ဂျား)ကျောင်း ပရိယတိ္တစာသင်တိုက်
    ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
    ဆရာတော်ဘဒ္ဒန္တပညာဝရ
    ဖုန်း – 01-265043/ 098640565

    ၁၇) အောင် (ပရဟိတကျောင်း)
    ဖုန်း 098612292
    မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇ဝ ဦးအတွက်

    ၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
    ဖောင်ကြီး
    ဥက္ကဌဖုန်း – 01-629758 / 0945525840
    ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
    ကျောင်းသား/သူ ၃ဝ ကျော်

    ၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
    ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
    ကျောင်းသား / သူ ၈၀ဝ ကျော်အတွက်

    ၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
    မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
    ကွမ်းခြံကုန်းမြို့
    ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

    ၂၁) မဏိရာမ ပရတိတကျောင်း
    ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

    ၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
    ၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

  • အရီးခင်

    August 27, 2013 at 3:21 pm

    သာဓု၊ သာဓု၊ သာဓုပါ။
    ကိုယ့်အကျိုး အတွက် သုံးရမဲ့ အချိန်၊ ငွေ တွေ ကို အကူအညီ လိုအပ်နေတဲ့ သူတွေ ကို မျှပေးထားတဲ့ ဒါဇင်ပလပ် အဖွဲ့သူ/သား များ အားလုံး လဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

  • Mahar Myanmar

    August 28, 2013 at 8:02 am

    ကောင်းလေစွ ကောင်းလေစွ တကား..
    လိုအပ် တဲ့ နေရာ မှာ လိုအပ် တာ ကို လှူတာ
    ဗုဒ္ဓ အလို တော် ကျ ဖြစ်ပါသည် ။
    ပကာသန အလှူ ထင်ပေါ် ကျော်ကြား လိုတဲ့
    အလှူ ခောတ်စား တဲ့ ဒီ ခောတ် မှာ ..
    ဒီ လို အလှူ မျိုး က ဘာ နဲ့ မှ လဲ မရအောင်
    တန်ဘိုး ကြီး မား လှပါတယ် ..

Leave a Reply