“ဘယ်သူ့တာဝန်လဲ´´

 

တစ်ခါသေဘူး ပျဉ်ဖိုးနားလည်

ဆိုရိုးစကား ရှိခဲ့ကြတယ်

ကြုံလာဒီဘ၀ မြန်မာပြည်က

နားမလည်လို့ မဟုတ်ရပါဘူး

ပျဉ်းဖိုးမကလည်း နားလည်ပါရဲ့

ရှေးဆက်ခရီး မပြီးသေးလို့

သေခါမှသေ ရပ်လို့မရ

ကုန်စေတော့ကွယ် ပျဉ်းဖိုးရယ်မို့

မျက်စိမှိတ်ခါ ဇွတ်နင်းလာပြီ

ချွတ်နင်းတာမဟုတ်လို့ အသံမြည်။

မြည်သည့်အသံ ဘ၀ဂ်ညံတော့

မီဒီယာတွေက လျှင်လိုက်တာတဲ့

လွတ်လပ်ခွင့်ပေး ရေးကြမနှေး

မလွတ်လပ်ခင် ဖိနှိပ်စဉ်လည်း

မီဒီယာကတော့ ရေးခဲ့တာဘဲ

သို့သော်တစ်ခု သတိပြုပါ

ကိုယ်ရေးသတင်း ကိုယ်တာဝန်ယူ။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..