“ဘယ်သူ့တာဝန်လဲ´´

ခင္ခAugust 17, 20131min1619

“ဘယ်သူ့တာဝန်လဲ´´

 

တစ်ခါသေဘူး ပျဉ်ဖိုးနားလည်

ဆိုရိုးစကား ရှိခဲ့ကြတယ်

ကြုံလာဒီဘဝ မြန်မာပြည်က

နားမလည်လို့ မဟုတ်ရပါဘူး

ပျဉ်းဖိုးမကလည်း နားလည်ပါရဲ့

ရှေးဆက်ခရီး မပြီးသေးလို့

သေခါမှသေ ရပ်လို့မရ

ကုန်စေတော့ကွယ် ပျဉ်းဖိုးရယ်မို့

မျက်စိမှိတ်ခါ ဇွတ်နင်းလာပြီ

ချွတ်နင်းတာမဟုတ်လို့ အသံမြည်။

မြည်သည့်အသံ ဘဝဂ်ညံတော့

မီဒီယာတွေက လျှင်လိုက်တာတဲ့

လွတ်လပ်ခွင့်ပေး ရေးကြမနှေး

မလွတ်လပ်ခင် ဖိနှိပ်စဉ်လည်း

မီဒီယာကတော့ ရေးခဲ့တာဘဲ

သို့သော်တစ်ခု သတိပြုပါ

ကိုယ်ရေးသတင်း ကိုယ်တာဝန်ယူ။

 

ခင်ခ။

9 comments

  • ဦးကျောက်ခဲ

    August 17, 2013 at 11:17 am

    လွတ်လပ်ခွင့်တော့ အရေးဆိုပြီး တာဝန်ယူစိတ်ဓာတ်တော့မရှိ…
    ပွဲဆူရင် ရောင်းကောင်းရင်ပြီးရော ဖွတဲ့ မီဒီယာတွေကို ချဉ်ပါ့ဗျာ…
    🙁

    • ခင် ခ

      August 17, 2013 at 11:46 am

      ဟုတ်ပ ကိုကျောက်ရေ တစ်ချို့အတိအကျမစုံစမ်းဘူး ကြားတာမြင်တာနဲ့တင် အပီဘဲဆိုပြီး ရမ်းရေးတော့တာဘဲ၊ ထပ်ဖြန့်တဲ့သူကလည်း ဟုတ်လေမဟုတ်လေမသိ ပေါ်ပင်လုပ်ပြီး ဖြန့်ပလိုက် တာလေ။ သမိုင်းဖြစ်ရပ်ကျောထောက်နောက်ခံတွေဆို တစ်ချို့ရေးရင်းနဲ့ကို လွဲမှန်းမသိလွဲပါပေါ့ဗျာ။
      မရေးကြနဲ့မဆိုလိုပါဘူး သေချာဖို့တော့ လိုမယ်ထင်တယ်လေ။

      • ခင် ခ

        August 17, 2013 at 11:56 am

        အဲဒါဘဲ မှန်တာပြောရင် မကြိုက်ကြဘူး မနာလိုဘူးဆိုတာ ချက်ခြင်းအနုတ်နီတော့တာဘဲ။
        ခြေမထိတော့ နာတယ်ဟုတ်လား။

        • ဦးကျောက်ခဲ

          August 17, 2013 at 11:59 am

          ဟုတ်ပါ့ဗျာ… အတော်ကောင်းတဲ့ စိတ်ဓာတ်တွေ…
          သဂျီးပြောတဲ့ ကိုယ်တန်ရာ ကိုယ်ရမယ်ဆိုတာ…
          ဒီလိုလူမျိုးတွေ အတွက်… ချဉ်ပါ့ အနီပေးဂိုဏ်း…

  • Mr. MarGa

    August 17, 2013 at 1:35 pm

    လွပ်လပ်ခွင့်နှင့် တာဝန်ယူမှု
    လွပ်လပ်ခွင့်နှင့် ဆင်ခြင်တုံတရား
    တစ်ခုခုတော့ ရှိသင့်သနော့

  • အလင်းဆက်

    August 17, 2013 at 4:10 pm

    အဲဒါပေါ့

    ရလာတဲ့ လွတ်လပ်ခွင့်
    ပြောရေးဆိုခွင့်တွေကို
    ဘယ်လောက် စည်း စနစ် ရှိရှိ အသုံးပြု မလဲ ဆိုတာာ

    =======
    လေး ခ ရေ

    ကဗျာ ကောင်းလေးး မို ့
    ကဗျာချစ်သူ ပီပီ ချစ်သွားပါတယ်ဗျ

  • မောင် ပေ

    August 17, 2013 at 6:48 pm

    ဂေဇက်တာဝန်အရေးသုံးပါး
    ၁ ငါ့ အရေး
    ၂ သူ ့အရေး
    ၃ သဂျီးအရေး

  • အလိုအလျောက်နယ်နမိတ်သတ်မှတ်ထားတာကို
    မသိသ၍တော့ စည်းကျော်တာတြွေ့ဖစ်နေမှာပါ
    ကိုခ ရေ

  • kyeemite

    August 19, 2013 at 10:07 am

    ကဗျာလေးနဲ့ပြောသွားတာ ကောင်းလိုက်တာကိုခ ရာ
    သတင်းမီဒီယာတွေ စံနစ်တကျပညာပေးလေ့ကျင့်ပေးဖို့
    အများကြီးလိုပါသေးကြောင်းးး

Leave a Reply