မွေးနေ့ဆုတောင်း

ဇီဇီAugust 18, 20131min59536

ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ရွာထဲက ကျနော့ အချစ်ဆုံး ကလေးမ ၂ ယောက်ရဲ့ မွေးနေ့။

ကြည် ၂ ကြည် ပါ။

ရွှေကြည်နဲ့ ကြည်ပြာ။

ပျော်ရွှင်စရာ မွေးနေ့ ကျင်းပနိုင်ပြီး ဘဝမှာ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ။

နောက် တောင်းရမဲ့ ဆု တစ်ခုကလည်း တူတူပဲ။

လူတော်လူကောင်း EQ/IQ မြင့်သော သစ္စာရှိသော၊ ပြောစကားနားထောင်သော ဖူးစာရှင်နဲ့တွေ့ပါစေ။

:mrgreen:

36 comments

  • Mr. MarGa

    August 18, 2013 at 9:37 am

    အွန်
    အရှည်ကြီး ရေးမယ်မှတ်နေတာ
    ဒါပဲ တဲ့
    တိုလိုက်တဲ့ ဆုတောင်း
    ကဲကဲ
    ဦးမာဃလဲ ဆုတောင်းပေးမယ်
    သူ့ထက် တိုအောင် ဂလိုဆုပေးမယ်
    ဒီအရွယ်ကစ တစ်ဘဝလုံး ပြုံးပြုံးပျော်ပျော် ရှိကြပါစေကွယ်ရို့

    • ရွှေ ကြည်

      August 19, 2013 at 6:17 pm

      သိကြားမင်း ပြုံးပျော်ပျော် နေချင်လှပါတယ်ရှင့် ကျေးဇူး

  • Crystalline

    August 18, 2013 at 9:58 am

    Happy and Blessed Birthday to both of you! Have a very wonderful birthday..

    • ရွှေ ကြည်

      August 19, 2013 at 6:18 pm

      ကျေးဇူးအကြီးတင်ပါကြောင်း ခရစ်စတယ်လောင်း (အဲလေ) ခရစ်စတယ်လိုင်း ရှင့်

  • မဟာရာဇာ အံစာတုံး

    August 18, 2013 at 10:05 am

    ဟမ်းးးး
    အပိုဂျီးဒွေ မွေးနေ့မှစ
    မန်မန် စွံဂျစေဒဒီးးးးး

    • ရွှေ ကြည်

      August 19, 2013 at 6:20 pm

      အေးပါ အေးပါ ငါ့မောင်အံစာခြောက်မျက်နှာ ပြောနိုင်သူတွေ ပြောကြပါ

  • Shwe Ei

    August 18, 2013 at 10:07 am

    တောင်းပေးတဲ့ဆုတေအကုန်လုံး အတိအကျပြည့်ရပါလိုအိ ချစ်သောဆွိ 🙂

    • garfield

      August 18, 2013 at 10:19 am

      စိတ်ထားရှင်းတဲ့ သူတွေမို့ တောင်းတဲ့ ဆု ကောင်းသော ဆုတွေ အတိအကျ ပြည့်ကြပါစေ။
      🙂

  • ဦးကျောက်ခဲ

    August 18, 2013 at 11:12 am

    ဩဂတ်စ်က ဘုရားသခင် သူချစ်တဲ့သူတွေကို အလှည့်ပြောင်းတဲ့ လ…
    တရုတ်လိုတော့ ဝိညာဉ်ဘိုးဘွား ဆွေမျိုးတွေဆီ အလည်ပြန်တဲ့ လ လေ…
    မြေကမ႓ာမှာ လူပြန်ဖြစ် ရွာထဲက ရွှေအိ ရွှေကြည် ညီအမနဲ့…
    ရွာထဲက Leo တွေ လန်းဆန်းကြပါစေ…
    ဟိ… ကျောက်စ်လည်း Leo ၊ ရက်မကြာခင် မွေးနေ့ပေါ့… ဒါပေသည့် ပြောဘူး…
    😀

    • GARFIELD

      August 19, 2013 at 7:06 am

      သားကျန်ခဲ့တယ် ဟီး

      • garfield

        August 19, 2013 at 2:13 pm

        သားက လီယိုမှမဟုတ်ပဲ။
        ဩဂတ်မွေး ဘားဂို ဟာကို ပါချင်သေးတယ်။ 😀

        • ရွှေ ကြည်

          August 19, 2013 at 6:24 pm

          ကိုဖက် ကဘယ်ရက်တုန်း အစ်မ

    • ရွှေ ကြည်

      August 19, 2013 at 6:22 pm

      အူးကျောက် အသက်ကိုမပြောချင်မပြောနဲ့လေ ရက်ကလေးတော့ပြောပေါ့လို့
      အူးကျောက်ပြောမှ ဩဂတ်စ်လ အကြောင်းသိတော့တယ် ကြယ်တွေကြွေတာလည်း ဘုရားသခင်ချစ်လို့နေမှာ

      • GARFIELD

        August 20, 2013 at 2:01 pm

        ကျွန်တော်က ၂၉ရက်ပါဗျ…

        မဇာဂျီးက ကျွန်တော့ထက် တစ်နှစ်ကြီးတယ်…

        ခင်မင်လျက်-
        ဂါဂါးကြီး

  • အလင်းဆက်

    August 18, 2013 at 11:48 am

    ကြည် နှစ် ကြည် လုံးးး
    မမခိုင်ဇာ့ ဆုတောင်း လေး အတိုင်း
    ဖြစ်ပါစေ နော်

    🙂

    ========
    မနှစ်ကတော့
    မရွှေကြည် မွေးနေ ့မှာ ကျွေးတဲ့ မုန့် စားလိုက်ရတယ်
    ဒီနှစ်တော့ မမရွှေ က အဝေးးမမှာာ

    • ရွှေ ကြည်

      August 19, 2013 at 7:11 pm

      လေးပေါက် လက်ဆောင်တွေသဘောကျပါ၏

  • ရွှေ ကြည်

    August 18, 2013 at 12:08 pm

    အားလုံးကိုကျေးဇူးအကြီးကြီးတင်ပါကြောင်း အကြောင်းကြောင်းကြောင့်ရွာမဝင်ဖြစ်တာကြာနေပေမယ့်ရွာကိုလွမ်းနေပါကြောင်း
    ပေးသောဆုများနဲ့ပြည့်ပါစေလို့
    ပို့စ်တင်ပေးသော ချစ်မနဲ့ မန့်ကြသူအားလုံးကိုကျေးကျေး
    ပျော်ရွှင်ကြည်နူးရပါကြောင်း :harr:

  • Ko chogyi

    August 18, 2013 at 2:11 pm

    ကြည် ၂ ကြည် အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ
    လိုအင်ဆန္ဒတွေ ပြည်ဝလို့ ဝိသခါကျောင်းအစ်မကြီးလို
    ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

  • ကိုရင်စည်သူ

    August 18, 2013 at 3:49 pm

    ကြည်နှစ်ကြည် ငြီးငွေ့စရာကောင်းလှတဲ့.. အပျိုဂျီးဒွေ ဘဝမှ မြန်မြန်လွတ်ပြီး
    တားတားမီးမီးများများနဲ့ နောက် မွေးနေ့တွေ ဖြတ်ကျော်နိုင်စေ ဆုတောင်းပေးပါတယ်… :mrgreen:

    • ရွှေ ကြည်

      August 19, 2013 at 6:57 pm

      ကိုချိုကြီးနဲ့ ကိုရင်စည်ရေ ကျေးဇူးပါနော် ပေးသမျှဆုတွေနဲ့ပြည့်ဝရပါလို၏

  • GARFIELD

    August 19, 2013 at 7:04 am

    ကိုယ့်ညီမလေးတွေအတွက်ဆိုတော့
    အိုင်ကျူတော့ ပြည့်တဲ့လူရစေချင်တာတော့
    အမှန်ပဲ
    ဒါပေမယ့် အီးကျူက ဘာလုပ်ဖို့လဲဟင်
    ကက်ဆက်တွေ MP3 တွေမှာတော့
    အသံညှိရအောင် အီးကျူ (အီကွေလိုက်ဇာ)ပါတာ
    လက်တွဲဖော်ဂျီးဂ EQ ပါတယ်ဆိုတော့ ခွိခွိ

    မွေးနေ့မှာပျော်ရွှင်ပါစေ
    ထားမကောင်းရောင်းမစွန်ဘဝက
    အမြန်ဆုံးလွတ်ပါစေ

    ခင်မင်လျက်
    ဂါဂါးကြီး

  • Wow

    August 19, 2013 at 8:51 am

    နောက်ကျပေမဲ့လည်း အပေါက်ဝကထောက်ကြွပီး မပြန်ရလဲ ခွက်ကျန်လေးတော့ မော့ပါရဇီကွီ… :mrgreen:
    နှစ်ယောက်လုံး သားတစ်ရာ လင်အစိတ် မြေးတစ်ကျိတ်ရသည်အထိ အသက်ရှည် အဆင်းလှ လိုတရကြပါဇီ :hee:

    • GARFIELD

      August 19, 2013 at 9:50 am

      သားတစ်ရာ… မြေးတစ်ကျိတ်တော့မသိဘူး…
      လင်အစိတ်ရပါစေဆိုတဲ့ ဆုတောင်းကြီးက အပျိုကြီးများ အတော်ဘဝင်ခိုက်သွားမလားမပြောတတ်
      ကျုပ်သာပိုစ့်ပိုင်ရှင်းဆိုရင် ဒီကော်မန့်ကို BC ပေးလိုက်တယ်…

      ခင်မင်လျက်-
      ဂါဂါးကြီး

    • ရွှေ ကြည်

      August 19, 2013 at 6:23 pm

      မြတ်စွာဘုရား မမဝါးရယ် အသာလုပ်ပါ

  • kyeemite

    August 19, 2013 at 9:00 am

    ကြည်နှစ်ကြည် နဲ့ ကြောင်ဝတုတ်တို့အတွက်
    Happy Birthday!!!!!! ပါနော

    • ရွှေ ကြည်

      August 19, 2013 at 6:41 pm

      ကျေးဇူးပါ အူးကြိုက်မီးရေ

  • koyinmaung

    August 19, 2013 at 10:04 am

    ……ပျော်ရွင်ချမ်းမြေ့စရာမွေးနေ့ပေါင်းများစွာပိုင်ဆိုင်နိုင်ကြပါစေဗျာ…….

    • ရွှေ ကြည်

      August 19, 2013 at 6:50 pm

      ကိုကြီးကိုရင်မောင်ရေ ကျေးဇူးပါ မတွေ့ရတာလည်းကြာပြီ

  • Ma Ei

    August 19, 2013 at 1:59 pm

    ရွှေကြည်…
    ရွှေအိ …
    KZ Sweet …
    မွေးနေ့ ရှင် နှစ်ယောက် နဲ့…
    မွေးနေ့ သတင်းပေးသူလေးတို့…
    ဘဝ တစ်လျှောက်လုံး ကျန်းမာ၊ချမ်းသာစွာ
    ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်…

    • ရွှေ ကြည်

      August 19, 2013 at 6:54 pm

      မွအိရေ ဟုတ်ပ ရွှေအိ နဲ့ ရွှေကြည် နာမည်နှစ်ခုက ရွှေကြည်ရွာဝင်စက ခဏ ခဏ မှားခေါ်ကြတယ်
      တိုက်တိုက်ဆိုင်ဆိုင်မွေးနေ့လည်းတူနေတယ် ခုနှစ်ပဲကွာတယ် ရွှေအိလေးက ငယ်တယ်

  • Ma Ma

    August 19, 2013 at 3:22 pm

    တိုက်တိုက်ဆိုင်ဆိုင်မွေးနေ့တူကြတဲ့ ရွာသူပျိုဖြူချော ၂ယောက်က
    တိုက်တိုင်ဆိုင်ဆိုင် ကြည် ၂ ကြည် လို့ ပြောလို့ရသလို……….
    ရွှေ ၂ ရွှေ လို့လည်း ပြောလို့ရနေပါလား။

    ဘဝတစ်လျှောက်လုံး ဖြောင့်ဖြူးသာယာပြီး
    စိတ်ကြည်လင်အေးမြ၍
    ရွှေရုပ်ကလေးလို ဝင်းလဲ့လှပ ကြပါစေသတည်းးးးးးးးးးးးးးး 🙂

    • ရွှေ ကြည်

      August 19, 2013 at 6:55 pm

      ဒွတ်ခေါ ချစ်မမနဲ့မှားပြီး မန့်လိုက်ပြီ ဆောရီး ပါ ချစ်မမ နဲ့ မွအိရေ အတူတူသာပေါင်းဖတ်နော် ဟီးးးးးးး

  • Myo Thant

    August 19, 2013 at 4:15 pm

    မကြည်ပြာရေ
    ဟက်ပီးဘတ်ဒေးနော်
    မရွှေကြည်ကိုတော့ ဖေ့စ်ဘုတ်မှာမြင်လို့ ဆုတောင်းပြီးပါပြီ
    ၂ ယောက်လုံး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒ ပြည့်ကြပါစေဗျာ

    • ရွှေ ကြည်

      August 19, 2013 at 7:01 pm

      ရွှေအိလေးကိုယ်စားကျေးကျေး

  • အရီးခင်

    August 20, 2013 at 4:25 am

    ချစ်သော
    ကြည်ပြာရောင် ရွှေကြည် မုန့် လေးအတွက်
    ပျော်ရွှင်ဖွယ် မွေးနေ့ မှ သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ အတူ လိုရာဆန္ဒများတစ်လုံးတစ်ဝ ပြည့်ဝ ပါစေသောဝ်။

    Leo Zodiac Sign Strength :
    – Confident
    – Ambitious
    – Generous
    – Loyal
    – Encouraging

    ချစ်ခင်စွာဖြင့်
    အရီး 😛

Leave a Reply