ခရီးသွားလုပ်ငန်းဆိုရာဝယ်—။ (၁) ခရီးသွားလုပ်ငန်းဆိုတာ ဘာလဲ???

mgwaloneAugust 18, 20133min1783

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ခရီးသွားလုပ်ငန်း ဆိုတာ ဘာလဲ???

          “ခရီးသွားလုပ်ငန်းဆိုတာ ဘာလဲ” ဆိုတဲ့ ဒီမေးခွန်းကို ဖြေဖို့က လွယ်တယ်လို့ ပြောလို့ ရသလို ခက်တယ်ဆိုရင်လဲ မမှားပါဘူး။ ကျွန်တော်ဆိုလိုတာက သာမန်အမြင်နဲ့ အလွယ်တကူ ပြောရင် သိပ်လွယ်တယ် လို့ ထင်ရပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင် အင်မတန် ကျယ်ပြန့်တာကို ပြောတာပါ။ ကျွန်တော်ကိုယ်တိုင်လဲ ပညာရှင်တစ်ယောက် မဟုတ်ပေမဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင်လည်နေခဲ့သူတစ်ယောက်ပါ။ ဒါကြောင့် အများသူငှာ နားလည်နိုင်မဲ့ ရှုထောင့်ကနေ ခရီးသွားလုပ်ငန်းဆိုတာ ဘယ်လို လုပ်ငန်းမျိုးလဲ။ ကျွန်တော်တို့ နို်င်ငံကို နိုင်ငံခြားသားတွေ ဘာကြောင့် လာကြ တာလဲ။ ခရီးသွားလုပ်ငန်းကို ဘယ်လို လုပ်နေကြသလဲ ဆိုတာတွေကိ ပြောပြပါမယ်။ ကျွမ်းကျင် ပညာရှင်များ၊ လုပ်ဖေါ်ကိုင်ဖက်များအားလုံး အမှားပါရင်၊ လိုအပ်တာရှိရင် ထောက်ပြ၊ ဝေဖန် အကြံပေးကြပါလို့ ကြိုတင် တောင်းပန်ပါတယ်။

          ခရီးသွားလုပ်ငန်းလို့ ကျွန်တော် ရေးလိုက်တော့ အချို့သူတွေအတွက် နားလည်ရ ခက်နိုင်ပါတယ်။ ကျွန်တော် ဆိုလိုတဲ့ ခရီးသွားလုပ်ငန်း ဆိုတာက အင်္ဂလိပ်လို Tourism Industry  လို့ ရေးပါတယ်။ ခရီးသွားဆိုတာကို ဦးတည်လိုက်ရပေမဲ့ ဒီအထဲမှာ ခရီးသွားတဲ့ သူတွေကို ပေးရတဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ- ဥပမာ ပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်၊ ပါပါတယ်။ ခရီးသွားလုပ်ငန်းဆိုတာ ကမာ္ဘမှာ ကျော်ကြားလှတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ အချို့နိုင်ငံတွေ ဆိုရင် သူတို့ နိုင်ငံရဲ ့ အဓိကနိုင်ငံခြားငွေ ရှာပေးတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ ခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်လာနေတဲ့ လုပ်ငန်းတစ်ခုပါ။ တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင် တွေအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေသလို ယနေ့ လူငယ်များ စိတ်ဝင်စား ကြတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေနဲ့လဲ ရပ်တည်လျက် ရှိပါတယ်။

          ဒီလို ကျော်ကြားလှတဲ့ လုပ်ငန်းတစ်ခုကို ဘယ်လောက်အထိ နားလည်ကြပါသလဲ။ ဒီမေးခွန်းအတွက် ကျွန်တော် ဒီစာကို ရေးလိုက်တာပါ။ ခရီးသွားလုပ်ငန်းလို့ ပြောလိုက်ရင် အများစုမြင်ကြတာက ဧည့်လမ်းညွှန် (အများအခေါ် စကားပြန် -Tour Guide) တစ်ယောက် ဦးဆောင်တဲ့ နိုင်ငံခြားသားခရီးသည်တွေ တစ်နေရာ ကနေ နောက်တစ်နေရာ သွားရောက်လည်ပတ်ကြတာလောက်ပဲ မြင်ကြတာပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် စိတ်ကြိုက် သွားနေကြတဲ့ သူတွေလဲ ရှိတော့ ရှိတောပေါ့။ သူတို့တွေလဲ ဟိုတယ်လို၊ စားသောက်ဆိုင်လို နေရာတွေက ဝန်ဆောင်မှုကိုတော့ ယူကြရတာပါပဲ။ ဒါက ခရီးသွားလု့ပ်ငန်းနဲ့ ပတ်သက်လို့ အလွယ်တကူ မြင်ရတဲ့ အပိုင်းပါ။ သာမန်အနေနဲ့ ခရီးသွားလုပ်ငန်းရဲ့ကျယ်ပြန့်လှတဲ့ လုပ်ငန်းသဘာဝ၊ ကြီးလေးလှတဲ့ တာဝန် ဝတ္တရားတွေကို မသိမြင်နိုင်ကြပါဘူး။ အချို့က အမြင်တစ်မျိုးနဲ့ ဝေဖန်သုံးသပ်ကြတာတွေလဲ ရှိနေပါတယ်။ ဒီအတွက် ကျွန်တော် နားလည်သေလာက် ရှင်းပြပါမယ်။ ခရီးသွားလုပ်ငန်းဆိုတာ ဒီလိုပါလားလို့ အကျဉ်းသဘောလောက် နားလည်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

          ခရီးသွားလုပ်ငန်းဆိုတာ ဘယ်လို ဖြစ်ပေါ်လာသလဲ။ ခရီးသွားကိုယ်စားလှယ် (Travel Agent) ဆိုတာ ဘယ်လို အလုပ်လုပ်ကြသလဲ။ ကျွန်တော်လေ့လာမိသလောက် ပြောပါရစေ။ လွန်ခဲ့တဲ့ ၁၈၄၁ ခုနှစ်က အင်္ဂလန်နို်င်ငံမှာ Thomas Cook ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေတွေအတွက် ရထားခရီးစဉ်တစ်ခုကို စီစဉ်ပေးခဲ့ပါသတဲ့။ သူတို့တွေဟာ အစည်းအဝေးတစ်ခုကို သွားဖို့ ရှိတာကို  Mr. Cook က ရထားတစ်စင်းလုံးကို ငှားရမ်းတဲ့ ပုံစံနဲ့ လူ ၅၇၀  အတွက် လက်မှတ်အားလုံး ဝယ်လိုက်တာပါ။ ပြီးမှ သူ့ရဲ့ မိတ်ဆွေတွေကို ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးခဲ့တာပါ။ အားလုံး အဆင်ပြေပြေနဲ့ သွားခဲ့ကြရသလို ကုန်ကျငွေလဲ သက်သာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို Mr. Cook က စီးပွားရေးလုပ်ငန်းအသွင် လုပ်နိုင်သလို အကျိုးအမြတ် ရှိနိုင်တာကို တွေးမိပြီး ၁၈၄၅ ခုနှစ်မှာ ခရီးသွားကိုယ်စားလှယ်လုပ်ငန်းကို ပထမဦးဆုံးအနေနဲ့ စတင်ခဲ့ပါတော့တယ်။ ယနေ့ခေတ်မှာတော့ ခရီးသွားကိုယ်စားလှယ် လုပ်ငန်းဆိုတာ အင်မတန် ကျယ်ပြန့် လာသလို အခြားဆက်စပ်နေတဲ့ လုပ်ငန်းတွေဟာလဲ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ Thomas Cook ခရီးသွားလုပ်ငန်း ဆိုတာဟာလဲ ကမာ္ဘအနှံ့ကို ခရီးသည်တွေ ပို့ဆောင်နေတုန်းပါပဲ။

          အမှန်ကတော့ လူသားတွေ ခရီးသွားတာ ကြာခဲ့ပါပြီ။ မသိတာကို စူးစမ်းခြင်တာက လူ့သဘာဝပါပဲ။ ဒီအပေါ်မှာ အခြေခံလို့ မာကိုပိုလို၊ ကိုလံဘတ်စ် စတဲ့ ပုဂ္ဂိုလ်တွေ၊ စူးစမ်းရှာဖွေသူတွေဟာ ခရီးလမ်းပမ်းအသစ် တွေ၊ နယ်ပယ်အသစ်တွေကို ရှာဖွေ ဖေါ်ထုတ်ခဲ့ကြတာ အထင်အရှားပါပဲ။ ကမာ္ဘဦးက လူသားတွေလဲ တစ်နေ ရာကနေ တစ်နေရာကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းကြ (ခရီးသွားကြ) သလို ဒီနေ့ခေတ် လူသား တွေလဲ အကြောင်းအမျိုးမျိုးနဲ့ ခရီးသွားနေကြပါတယ်။ ခရီးသွားကိုယ်စားလှယ် လုပ်ငန်းဆိုတာ မပေါ်ခင်ကလဲ တည်ခိုဖို့နေရာ၊ ပို့ဆောင်ရေး စတဲ့ ဝန်ဆောင်မှုတွေက ရှိနေခဲ့ပါတယ်။ ယခင်က မြင်းတွေ၊ နွားတွေ၊ ရွက်လှေ တွေကို သုံးပြီး ခရီးသွားရာကနေ အဆင့်ဆင့် တိုးတက်လာတာ အခုဆိုရင် ကမာ္ဘတစ်ဖက်ကနေ တစ်ဖက် လွယ်ကူစွာ သွားနို်င်တဲ့ ခေတ်ကို ရောက်နေပါပြီ။ ကမာ္ဘပေါ်တင်မဟုတ်တော့ပဲ အာကသထဲကို သွားတဲ့ အာကသ ခရီးသည်တွေတောင် ရှိနေပါပြီ။ ဒါဟာ ခရီးသွားလုပ်ငန်း တိုးတက်ကြီးမားလာတာကို ပြတာပါပဲ။

          ကောင်းပါပြီ။ လူသားတွေ ဘာကြောင့် ခရီးသွားကြပါသလဲ။ အဖြေတွေက များပါတယ်။ အပျော်ခရီး၊ လေ့လာရေး၊ စီးပွားရေးအတွက်၊ ဘုရားဖူး၊ မိသားစု ကိစ္စ၊ ပျားရည်ဆမ်းခရီး၊ စွန့်စားမှု၊ ကျန်းမာရေးအတွက် အများကြီးပါ။ ပညာသင်ဖို့ ခရီးသွားသူများလဲ ရှိပါတယ်။ ဒီနေ့ခေတ် ခရီးသွားလုပ်ငန်းများရဲ ့ ဝန်ဆောင်မှုမှာ အထက်က အချက်တွေပါပါတယ်။ ဒီလို အကြောင်းအရင်တွေ အပြင် ခရီးသွားလို့ ရနိုင်တဲ့ အကျိုးတရားတွေလဲ ရှိပါတယ်။ ဒေသန ္တရ ဗဟုသူတ ရနိုင်တာ၊ မိတ်ဆွေ အပေါင်းအသင်း တိုးတာ၊ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေကို လေ့လာနိုင်တာ၊ အများကြီးပါပဲ။ ဒါကြောင့်လဲ ဒီနေ့ ခရီးသွားတဲ့လူတွေ တစ်နေ့တစ်ခြား များလာနေတာပါ။ ကျွန်တော်တို့ နိုင်ငံမှာတောင် ခရီးသွားတွေ တိုးပွားလာတာ ထင်သာမြင်သာ ရှိလှပါတယ်။ ပြည်တွင်း ဘုရားဖူးခရီးစဉ် အစ၊ ဗုဒ္ဓဂါယာ အလယ်၊ ဥရောပ ခရီးစဉ် ဆိုတာတွေအထိ သွားရောက်ကြသူတွေ ရှိလာနေပါတယ်။

          နို်င်ငံခြားသားတွေကကော ကျွန်တော်တို့ နိုင်ငံကို ဘာကြောင့်လာကြတာလဲ။ ဒီအကြောင်းကို စဉ်းစား ကြရအောင်ပါ။ အကျဉ်းချုပ်ပြီး ပြောရရင်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝအလှအပ တွေ၊ သမိုင်း၊ ယဉ်ကျေးမှု အနုပညာဆိုင်ရာ အမွေအနှစ်တွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ ဘယ်သူနဲ့မှာ မတူတဲ့ ခင်မင်ဖေါ် ရွှေမှု၊ ယဉ်ကျေးပျူငှာမှု၊ ရိုင်းပင်းကူညီတတ်မှုတွေကြောင့်ပါပဲ။ ကမာ္ဘပေါ်မှာ ရှိတဲ့ နို်င်ငံတိုင်းမှာ သူ့အလှနဲ့ သူ ရှိကြပါတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ နို်င်ငံသေးပေမဲ့ စုံတယ်လို့ ဆိုရမှာပါ။ ပူပြင်းခြောက်သွေ့တဲ့ အပူပိုင်း ဒေသရှိသလို တစ်နှစ်ပတ်လုံးနီးပါးလောက် ဆီးနှင်းတွေ ဖုံးနေတဲ့ တောင်တန်းဒေသတွေလဲ ရှိပါတယ်။ သာယာ လှပတဲ့ ပင်လယ်ကမ်းခြေတွေလဲ ရှိသလို ကျယ်ဝန်းလှတဲ့ သဘာဝကုန်းတွင်း ရေအိုင်ကြီးတွေလဲ ရှိပါတယ်။ ကျယ်ပြောလှတဲ့ မြေပြန့်လွင်ပြင်တွေ ရှိသလို မြင့်မားလှတဲ့ တောင်ကုန်းတောင်တန်းတွေလဲ ရှိပါတယ်။ ဒီအချက်တွေက နိုင်ငံတကာက ကမာ္ဘလှည့် ခရီးသည်တွေ ကျွန်တောတို့ မြန်မာနို်င်ငံကို လာရောက်ကြတဲ့ အဓိက အကြောင်းအရာတွေပါပဲ။

          သမိုင်းအမွေအနှစ်တွေကြောင့် နို်င်ငံခြားသားတွေ လာကြတယ်လို့ ကျွန်တော် ရှေ့မှာ ပြောခဲ့ပါတယ်။ ဒီနေရာမှာ ရုပ်ဝတ္ထုတွေကြောင့်တင် မဟုတ်ပဲ သမိုင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကြောင်လဲ လာတာတွေ ရှိပါ တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒုတိယကမာ္ဘစစ်အတွင်းက စစ်တလင်းဖြစ်ခဲ့တာ အားလုံး အသိပါပဲ။ ကျွန်တော် တို့နိုင်ငံရဲ ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့ ဆက်စပ်နေသလို ကမာ္ဘစစ်သမိုင်းနဲ့လဲ ပတ်သက်ခဲ့ပါတယ်။ အဲဒါ ကြောင့် စစ်အတွင်းက ကိုယ်တိုင်ပါဝင်ခဲ့သူတွေ၊ ကျဆုံးသွားခဲ့သူများရဲ ့ ကျန်ရစ်သူ မိသားစုတွေက တစ်ခုတ် တရ လာကြပါတယ်။ သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာအရ ဆုတောင်းတာ၊ ကန်တော့တာတွေ ဆောင်ရွက် ကြပါတယ်။ ဒါကလဲ ကျွန်တောတို့ နိုင်ငံကို နိုင်ငံခြားသား ခရီးသည်တွေ လာကြတဲ့ အကြောင်းတွေထဲက ထူးခြားတဲ့ တစ်ခုပါ။

            ခရီးသွားလုပ်ငန်းဟာ ကမာ္ဘမှာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလို့ ကျွန်တော် ပြောခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းဆိုတော့ ဘာတွေ ရောင်းလို့ ဘာတွေ ဝယ်ကြတာလဲ။ မေးစရာ ရှိပါတယ်။ ခရီးသွားလုပ်ငန်း တွေက ဘာတွေ ရောင်းသလဲဆိုတော့ အထက်မှာ ကျွန်တော်ပြောခဲ့ တဲ့ လူတွေ ဘာကြောင့် ခရီးသွားပါသလဲ ဆိုတဲ့ အကြောင်းအရပ်တွေအတွက် ဝန်ဆောင်မှု ဆိုတာလေးကို ရောင်းကြတာပါ။ လူတွေက အပျော်ခရီး ထွက်မှာ၊ ဒါမှမဟုတ် ဆေးသွားကုမှာ၊ ဒါမှမဟုတ် ဘာသာရေးအတွက် သွားမှာ စသဖြင့် ခရီးသွားလိုသူများရဲ ့ ဆန္ဒတွေ၊ လိုအင်တွေအတွက် လိုက်ဖက်မဲ့ လိုအပ်မဲ့ ဝန်ဆောင်မှုတွေကို ဥပဒေဘောင်အတွင်းက စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ကိုင်ရောင်းဝယ်ကြတာပါ။ ခရီးသွားမဲ့သူတွေ သူတို့ သွားလိုတဲ့နေရာကို သွားနိုင်အောင်၊ သူတို့ လုပ်ချင်တာတွေ လုပ်နိုင်အောင် စီစဉ်ဝန်ဆောင်မှု ပေးကြရတာပါပဲ။ ဒီလို ထုတ်ကုန်တွေကို ကျွန်တော်တို့ ခရီးသွားလုပ်ငန်းက ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ မတူတာက ကျွန်တော်တို့ရဲ ့ ထုတ်ကုန်အတွက် စက်ရုံတွေမှာ ထုတ်သလို မီးခိုးတွေ တစ်လူလူနဲ့ ထုတ်စရာ မလိုပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ ့ထုတ်ကုန်တွေက သစ်တွေ၊ ဆန်တွေလို ဝယ်တဲ့သူဆီ အရောက်ပို့ရတာ မဟုတ်ပါဘူး။ လိုခြင်တဲ့လူက ကျွန်တော်တို့ဆီကို လာရတာပါ။ သူတို့ပြန်တော့လည်း ယူသွားလို့ မရပါဘူး။ ဒါကြောင့်လဲ ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံ (Smoke-less Industry) ကနေ မမြင်နိုင်တဲ့ ပို့ကုန် (Invisivle Export) လုပ်တယ်လို့ ပြောကြတာပါပဲ။ု

            မီးခိုးမထွက်တဲ့ စက်ရုံကနေ မမြင်နိုင်တဲ့ ပို့ကုန်တွေ ရောင်းတာတော့ ဟုတ်ပါပြီ။ ဘယ်သူတွေ အကျိုး ရှိသလဲလို့ မေးစရာရှိပါတယ်။ ခရီးသွား ကုမ္ပဏီတွေတင်ပဲလား။ ဒီလုပ်ငန်းထဲမှာ အပါအဝင်ဖြစ်တဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဧည့်လမ်းညွှန်တွေတင်ပဲ ဒီဝင်ငွေတွေ အကျိုးအမြတ်တွေ ရကြတာလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူးခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးလေးပဲ တွေကြည့်ပါ။ ခရီးသွားတယ်ဆိုတာ လူတွေပါ။ အဲဒါကြောင့် လူသားတွေရဲ ့ နေ့စဉ်ဘဝနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေအားလုံးမှာ ဝင်ငွေရှိတယ်လို့ ဆိုရမှာပါ။ နိုင်ငံအနေနဲ့ သက်ဆိုင်တဲ့ အခွန်အခတွေ ရပါတယ်။ ခရီးသွားကိုယ်စားလှယ်တွေ၊ ဟိုတယ်တွေ၊ လေကြာင်းလိုင်း၊ သင်္ဘော၊ မော်တော်၊ စက်လှေ၊ စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်း အရောင်း ဆိုင်၊ ဆိုက္ကားသမား၊ မြင်းလှည်းသမားတွေအပြင် လမ်းနဘေးက အကြော်သည်လည်း ပိုက်ဆံရနိုင်ပါတယ်။ ဘုရားပွဲဈေးက မုန့်သည်လည်း ဈေးပိုရောင်းရနိုင်ပါတယ်။ နေရာပေါင်းစုံက လူအမျိုးမျိုးကို အကျိုးပြုနိုင်တာပါ။

            ဒါလောက်ဆိုရင် ကမာ္ဘပေါ်မျာ ခရီးသွားလုပ်ငန်းက ဘာကြောင့် ကျော်ကြားတယ်ဆိုတာ အတိုင်း အတာတစ်ခုအထိ သဘောပေါက်နိုင်တယ်လို့ ယူဆမိပါတယ်။ ဒီလုပ်ငန်းရဲ ့ သဘောသဘာဝကိုလဲ ယေဘူယျ သဘော နားလည်နိုင်မယ်လို့ ထင်ပါတယ်။ ခရီးသွားလုပ်ငန်းကို ကျွန်တော်တို့ ဘယ်လို လုပ်ကိုင်ကြတယ်။ အခြားလုပ်ငန်းတွေနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာတွေကို ဆက်ပြီး တင်ပြပါဦးမယ်။ သက်ဆိုင်ရာ တတ်သိ နားလည်သူများ ပညာရှင်များ ဖြည့်စွက်ဆွေးနွေးပေးဖို့နဲ့ ကျွန်တော်တင်ပြတဲ့နေရာမှ အမှားအယွင်း၊ လိုအပ် ချက်များကို ထောက်ပြကြပါလို့ မေတ္တာရပ်ခံပါတယ်။

3 comments

  • ကထူးဆန်း

    August 18, 2013 at 10:54 am

    စာတွေ အားလုံးဖတ်မရပါဘူး ။ ဘာfont သုံးထားလို့လဲတော့ မသိဘူး ။ လေးထောင့်ကွက်တွေဘဲ မြင်ရပါတယ် ။

  • mgwalone

    August 18, 2013 at 11:58 am

    ဇော်ဂျီပါပဲ။ ဘာလွဲသားသလဲ မသိ။ ပြန်တင်ထားပါတယ်။
    ကျေးဇူးတင်ပါတယ်

  • sorrow

    January 6, 2014 at 5:29 pm

    အောင်မငီး ဆြာလေးရယ်… ကျေးဇူးကြီးပါပေ့ ..ဆက်ရေးပါဗျ … ခရီးသွားလုပ်ငန်းရဲ့ အနာဂါတ်အပေါ်မှာ ဆြာလေးရဲ့ အမြင်လေးပါ ထည့်ရေးပါဗျာ ….

Leave a Reply