အန ္တရာယ်နံပါတ်-၁

sofiadimpleAugust 5, 20101min722

အင်းဒီနေ့တော့ ဟိုရက်တုန်းကရေးဖြစ်ခဲ့တဲ့ သစ်တုန်းပမာဆိုတဲ့ တရားလေးအကြောင်း ဆက်ကြရဦးစို့။

အမှန်မှာက အဲဒီမှာပြောထားခဲ့တဲ့အန ္တရာယ်(၈)မျိုး အကြောင်းကို သူများရဲ့ထင်မြင်ယူဆချက်လေးတွေလည်း သိချင်

တာကြောင့် တန်းမပြောပဲချန်ထားခဲ့လိုက်တာပါ။ ခုတော့လည်းမထူးပါဘူး။ ပြောရဖို့ကို အကြောင်းဖန်လာပြီဆိုတော့

ဒီနေ့တော့ဒါလေးပဲရေးလိုက်တော့မယ်ဆိုပြီးခုပဲရှင်းပြပါ့မယ်။အရင်ဆုံးတစ်ခု အကြောင်းအရင်ဆွေးနွေးကြရအောင်ပါ။

(၁)ဒီဖက်ကမ်းမှာကပ်သွားခြင်း

အဲဒါလေးပြောပြလိုက်ရင်တော့ နောက်နံပါတ်(၂)ကို ကိုယ့်ဉာဏ်နဲ့ကိုယ်သဘောပေါက်သွားပါလိမ့်မယ်နော်။

ဒါကဘာကိုပြောတာလဲဆိုတော့အတွင်းအာရုံ(၆)ပါးအပေါ် ကပ်ငြိတွယ်တာနေတာကိုဆိုလိုပါတယ်။ တို့တွေဟာအမေ

မွေးကတည်းကကိုယ့်ခန္ဓာအပေါ်ခင်မင်စွဲလမ်းတွယ်တာနေခဲ့ကြပါတယ်။ငါ့လာမထိနဲ့မီးပွင့်သွားမယ်ဘာမှတ်နေလဲ??

အသံကြားတာချင်းတူတူတောင်ကိုယ့်နာမည်ကိုသူများကပြောနေတာကိုတစွန်းတစလေးများကြားလိုက်ရင်လေခေါင်းလေး  ထောင်ပြီးနားလေးစွင့်မိသွားတယ်နော်။ဒါကိုကautoဖြစ်သွားတာနော်။ ဘယ်လောက်တောင်စွဲနေသလဲလို့။ ဒီကနေမှတဆင့် ငါမြင်တယ်။ငါကြားတယ်။ငါသိတယ်။ငါတတ်တယ်။ငါတော်တယ်။ ငါ့ကိုလူတိုင်းကအသိအမှတ်ပြုကြတယ်။….ဆိုပြီးလေ။ ဒီငါစွဲကြီးကြောင့်ပဲငါ့ဆိုရင်နှိမ်တယ်ဆိုပြီးမှမျက်ရည်တွေကျရပြန်တယ်။ ငါ့ကိုဝိုင်းအားပေးကြတယ်ဆိုပြီးမာနတွေတက်ရပြန်တယ်။ဒါသည်ပင်ငါကောင်ကြီးကို တကယ်ရှိအဟုတ်ရှိတယ်ထင်ပြီးစွဲချင်တိုင်းစွဲနေတာပဲပေါ့။ အေးအဲလိုသာကြပ်ကြပ်စွဲနေ

ကြပါ။သေချာတယ်သေရင်ဒယ်အိုးပဲဆိုပြီးဘုန်းဘုန်းတွေကဒဲ့တွေချပြီး ပြောဟောနေတာတောင်မှ အိုအဲဒီထဲမှာ ငါမပါပါ ဆိုပြီး ပြောနေရင်းနဲ့ကိုပဲ ငါစွဲကြီး ကိုင်စွဲထားတာနော်။ အင်းဒါကိုပဲ ဒိဋ္ဌိ အနေနဲ့ေြပာရင် သက္ကာရ ဒိဋ္ဌိလို့ပြောတာပေါ့။ ဒီဒိဋ္ဌိတန်းလန်းနဲ့ပဲသေခါနီးထိအော်ငါ့မှဖြစ်ရလေတယ်ဆိုပြီးသေမှာတောင်မှဒီငါကြီးမလွှတ်သေးပဲဝေဒနာပြင်းထန်နေချိန်

တောင်ငါ့ဗိုက်ထဲကနာလိုက်တာ..ဟော..ကြည့်နော်။ငါ့အူတွေတော့ပြတ်ကုန်ပြီထင်ပါရဲ့နဲ့အော်လားဟစ်လားထိတ်လန့်

တကြား   တငါထဲငါပြီးရင်းငါရင်းနဲ့အော်သေသွားကြတာတွေရောတွေ့ဖူးမှာပေါ့။အဲဒီထဲမှာ ကိုယ်မပါလောက်ဘူးလို့တော့ မထင်နဲ့ဦးနော်။မပါအောင်လုပ်ထားမှမပါမှာနော်။အဲမသေခင်မှာကအမြင်မှန်လေးတချက်ရအောင်လုပ်မထားဘူးဆိုရင်

တော့လားဒီထဲမှာငါထိပ်ဆုံးကပါမှာပါလားလို့သာတပ်အပ်မှတ်လိုက်ပေတော့။နောက်ပြီးတော့လေမိုးလင်းလို့ မျက်နှာလေးသစ်ပြီးကတည်း က မှန်ရှေ့တန်းရောက်သွားတာကိုရောမေ့နေပါဦးမယ်နော်။ အဲဒါဘာလို့လဲကိုယ့်ခန္ဓာအပေါ်စွဲလွန်းလို့ကို အို..ငါ့မျက်လုံးလေးကသူများနဲ့ကိုမတူဘူး။သိပ်လှတာပဲ။ဒီလိုလေးလုပ်လိုက်ရင်ပိုလှသွားမယ်ထင်တယ်…။ နောက်ပြီးဒီနေ့တော့ ဆံပင်လေးနောက်လှန် ဖြီးတဲ့ဒီဇိုင်းလေးလုပ်ကြည့်ပါဦးမယ်။ ဒီအင်္ကျ ီလေးနဲ့က ဒီနုတ်ခမ်းနီလေးဆိုးမှ အရောင်က ဟပ်သွားမှာပေါ့။အင်းနားကပ်လေးလည်းလဲလိုက်ပါဦးမယ်။ဒီလိုနဲ့ပဲကိုယ်ရဲ့အတွင်းအာရုံတွေဖြစ်တဲ့မျက်စိ၊နား၊နှာ၊လျှာ၊

ကိုယ်၊စိတ်ဆိုတာတွေအပေါ်စွဲချင်တိုင်းစွဲနေမယ်ဆိုရင်တော့သူဟာဒီဖက်ကမ်းမှာကပ်လို့ဆက်မမျှောနိုင်တော့တဲ့သစ်တုံး

ကြီးလိုပါပဲ။သံသရာဝဲဂယက်ထဲမှာသာတလည်လည်ဖြစ်ပြီးစုန်းစုန်းမြှပ်ရပါလိမ့်မယ်လို့ဒီတရားလေးကဖော်ပြထားပါတယ်။

နိဗ္ဗာန်နဲ့တူတဲ့သမုဒ္ဒရာထဲကိုရောက်ဖို့ကတော့ လမ်းမမြင်တော့ပါဘူးနော်။

ကဲဒီနေ့အဖို့ တော့ ဒီတစ်ချက်နဲ့တင်ကိုပဲ ကိုယ့်ကိုယ်ကို အရင်ဆုံးစစ်ကြည့်ကြမယ်နော်။ဒီအချက်နဲ့တော့

လွတ်နေပါပြီဆိုရင်တော့ ဒါတော်တော့ကို ကံကောင်းတဲ့သူပဲလို့သာမှတ်လိုက်ပြီးမှ နောက်ထပ်အချက်တွေကိုဆက်ပြီး

စစ်ဆေးရမှာပေါ့နော်။အင်း ကိုယ်ဟာဒီဖက်ကမ်းမှာကပ်တဲ့ထဲ မပါဘူးဆိုရင်တော့ နောက်ထပ်အချက်တွေက ဘာကို

ဆိုလိုသလဲ??ဆိုတာဆက်လေ့လာကြတာပေါ့။ အင်းတချက်ပြီး တချက်စစ်ကြည့်လို့မှ ဒီအန ္တရာယ်တွေအားလုံးက

လွတ်အောင်နေနိုင်သွားမယ်ဆိုရင်တော့ နိဗ္ဗာန်ဆိုတဲ့သမုဒ္ဒရာထဲကို တန်းတန်းကြီးလျှောက်နိုင်သွားမှာပါလားလို့ တွေး

ရင်းနဲ့ပဲ ဒီနေ့တော့ဒီတစ်ချက်နဲ့ပဲ တော်ကြပါစို့။

အဲ…ကိုယ့်ရဲ့အဖြေကို ကိုယ်တိုင်ပဲစစ်ပြီး ကိုယ်တိုင်ပဲ အမှတ်ပေးရမှာမို့ အဲဒီကမှ ထွက်လာတဲ့ result လေး တွေ ကိုလည်း comment လေးကတစ်ဆင့်ပြန်လည်ဝေမျှကြပါဦးလို့။ နောက်အချက်တွေကိုလည်းဆက်စဉ်းစားပြီး ဆွေးနွေးကြပါဦးနော်။

လူတိုင်း result ကောင်းတွေထွက်နိုင်ကြပါစေ။

dimplemit@gmail.com

2 comments

  • ei

    August 10, 2010 at 4:16 am

    အဲလိုဆိုရင် မနက်မိုးလင်းလို့မျက်နှာသစ် ပြီးလို့မှန်ကြည့့်ပေမဲ့လုပ်ရိုးလုပ်စဉ်မု့ိလို့သာလုပ်နေတယ်
    သိပ်ပြီးတော့စိတ်ကမပါဘူး
    နောက်ပြီးတော ့“ငါ့မျက်နှာလေး ရယ်လို့လဲသိပ်မခံစားရဘူး
    ဘာလုပ်ပြီးရင်ဘာလုပ်ရမယ်
    ဘာလုပ်သင့်တယ်ဆိုတာပဲတွေးပြီးလုပ်မိနေတယ်” ဆိုပါတော့
    တရားသဘောတော့မတွေးမိသေးပါဘူး
    ဒီလိုပဲဘာခံစားချက်မှမပါပဲနဲ့လုပ်စရာကိုလုပ်နေရင်ရော
    သစ်တုံးက ကမ်းမှာကပ်နေတုန်းပဲလား
    ပြန်ပြောပေးပါဦး

  • sofiadimple

    August 10, 2010 at 4:49 am

    ဘာခံစားချက်မှမရှိတဲ့အချိန်လို့တော့ပြောလို့မရဘူးလေ။
    လုပ်မယ့်လုပ်ငန်းစဉ်တွေစဉ်းစားနေတဲ့ထဲမှာကိုက ငါ့အတွက်တွေကပါနေပြီပဲ။
    လုုပ်နေသမျှအပေါ်မှာတရားနှလုံးမသွင်းမိသမျှ လောဘနဲ့ဒေါသဆိုတာတွေက ဝင်နေလို့ဝင်နေမှန်းတောင်မသိလိုက်တာဆိုတော့ ။ဘာခံစားချက်မှမပါပဲလုပ်နေတယ်ဆိုတာကလည်း ဥပေက္ခာဝေဒနာတော့ရှိနေပါတယ်။ တခါတလေခံစားချက်တစုံတရာမရှိတာဟာ
    တွေဝေနေတာမျိုးမောဟတွေနဲ့ဖုံးနေတာကြောင့်စိတ်မပါသလိုတွေဖြစ်နေတတ်တယ်လေ။ အဲဒီအချိန်မျိုးမှာဘာပဲပြောပြောစိတ်မှာကကြည်လင်မှုတော့မရှိဘူးလေ။
    တရားနှလုံးသွင်းနဲ့နေတဲ့လူကျတော့စိတ်မှာရှင်းပြီးကြည်နေမယ်။ဒါတွေကွာသွားမယ်။နောက်ထပ်အချိန်ရရင်ရသလိုဆွေးနွေးကြတာပေါ့နော်။

Leave a Reply