ကဗျာချစ်သူများ၏ ကဗျာ ပြခန်း အမှတ် (၇)

ဇီဇီAugust 19, 201314min488120

ကဲကွယ်။

ကဗျာပြခန်းအမှတ် (၇) တော့ စပါပြီ။

လာလာကြည့်ရတာ ပျင်းနေကြပြီလားးးးး

မပျင်းကြနဲ့နော်။ အစီအစဉ်လေးတစ်ခုလုပ်ထားတယ်။  😀

 

  • ခု ဒီမှာရေးထားတဲ့ ကဗျာရှင်နဲ့ စကားစမြည်လေးတွေ ကို ဖတ်သွားပါ။
  • ပြီးမှ ပြခန်းကို ဝင်ပါ။
  • ပြီးရင် ကဗျာရှင် နဲ့ ကဗျာနဲ့ကို တွဲပေးပါ။ (ကဗျာပြခန်း စီစဉ်သူတွေ အပါဘူးနော်။ ဝင်မဖြေရဘူးး။)
  • ၁၅ ပုဒ်လုံး မှန်ရင် ဆုငွေ ၁ သောင်းး (နောက်ပြခန်း ကြေညာရင် ကိုယ့်ကော်မန့်နဲ့ကိုယ် ပြန်တိုက်ကြတာပေါ့နော်)
  • ၁၅ ပုဒ်လုံး မှန်တဲ့သူ မရှိဘူးဆိုရင်တော့ ၁ဝ ပုဒ် အထက် အများဆုံးမှန်တဲ့သူ  ၂ ယောက် ကို ဆုငွေ ၅၀၀ဝ စီ
  • ၁ဝ ပုဒ် အထက်မှ မှန်တဲ့သူ မရှိဆိုရင်တော့ ၅ ပုဒ် နဲ့ ၁ဝ ပုဒ် ကြား မှန်အောင် မှန်းနိုင်တဲ့ ၃ ယောက် ကို ဆုငွေ ၃၅၀ဝ စီ ရပါမယ်။

(အဟင့်!!! နည်းတယ်လို့ ပြောကြနဲ့နော်။ အမီး ခုတလော ဂလောက်ပဲတတ်နိုင်လို့)

 

စကားစမြည် စပါပြီ။

 

ကဗျာရေးသူ –  မြစာကလေး

စကားစမြည် – နဲနဲ စကားကြောရှည်ရရင်ဖြင့်…ဒီလို ကဘာ တွေ ကို တစ်ခါမှ မစပ်ဘူးပါ။

ဝါသနာ လဲ မပါတာတစ်ကြောင်း၊ သူများ ကဘာ တွေ ကို ဝင်ဝင်နှောက်ဘူး တာကြောင့် ဝဋ်လည်မှာ ကြောက်လို့ တစ်ကြောင်း ဖြစ်ပါသည်။

ဒီတော့ အခု ဘာလို့ ဒီ အရွယ်ကြီးကျမှ ထပြီး စပ်ရသလဲ ဆိုတော့ အကြောင်းကြီး ၃ ရပ် ပေါ် အခြေခံပါသည်။

(၁) ရွာ့ လူငယ် လေး တွေ စည်းစည်းလုံးလုံး ချစ်ခင်ခင် နဲ့ (တစ်ချို့ ဆို ခွဲမရအောင် ကို ပူးသွားပြီ) ရွာအကျိုး ကို အချိန်ပေး ပြီး လုပ် နေတာ ကို အားပေးချင်တာက တစ်ကြောင်း

(၂) အသက်ကြီးပေမဲ့ လက် မပျက်စီး သေးကြောင်း ပြနေတဲ့ ရွာသားကြီး များ ကို မနာလို လို့ (မွှားလို့) အားကျ လို့ အတုခိုး မိရုံ မက ရွာထဲ မှာ သောင်းကျန်း တတ်တဲ့ ကဗျာမစပ်တတ်သူ စိန်ကြက်ဆင် ကို စိန်ခေါ်တဲ့ ကဘာဆြာမဂျီး မြစာကလေး အမည် ရလိုသည် ကတစ်ကြောင်း

(၃) ဘယ် ညာ အော်ပေးနေတဲ့ ဆြာဇော်သန့် ရဲ့ ယိမ်း မှာ ညာစွန်း က နေ ကမိ နေ လို့ ဘယ် ကို များ ယိမ်း နိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို ဘယ်ဘက်မှာလဲ အဖြစ်ရှိ/မရှိ စမ်း ချင်တာက တစ်ကြောင်း

ထိုထို အကြောင်းကြောင်း တို့ ကြောင့် အင်မတန် ကောင်း လှ တဲ့ ကဘာကြီး ကို မွေးထုတ် လိုက်ပါသည်။

(စကားမစပ် – အရီးရေ။ အဲ့ဒီ ဇော်သန့်က ကေဇီ ရဲ့ တစ်ဦးတည်းသော မောင်လေး အရင်းအချာပါ။ ကေဇီ ထက် ၃ နှစ်ငယ်ပါတယ်။ အစကတော့ ဒီတိုင်းပဲထားလိုက်မလို့ပဲ။ ဒါမဲ့ သူ့ကို စစ်ဘက်ကလား၊ ဘယ်ကတုန်း စသည်ဖြင့် သံသယ ဝင်သံလေးတွေ ကြားမိလို့ ရှင်းပါသည်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ခရီးသည်ကြီး

စကားစမြည် – ဒီကဗျာဘယ်လိုရေးဖြစ်ခဲ့လည်းလို့ ပြန်စဉ်းစားတော့ ခရီးတစ်ခုကအပြန်မီးရထားပေါ်မှာ စုံတွဲတစ်တွဲ ပြောနေတာကိုကြားမိရာကစတာပါပဲ ။ ကျုပ်တို့ငယ်ငယ်က မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့သောကခြေရာ ကဗျာတွေသိပ်ကြိုက်ခဲ့ပေါ့။ ကျောင်းစာသာမရတယ် ကဗျာတွေဆိုအလွတ်ကျက်ခဲ့တာဗျ ။ “ခင် သွားရင် ရနံ့ပေး ခင် မွှေးရင်ပျော်ရွှင်လို့ ခင် မမြင် ခင် မကြည့်ပေမယ့် ခင် သိရင်ကျေနပ်ပါရဲ့ …. ” အဲ့ လိုလေးတွေဆို ခုထိရနေသေးတာဗျ ။ ဖြုတ်ကနဲကြွေ ဖျတ် ကနဲကောက် လို့ ပန်းခြောက်လေးပဲသိမ်းထားမယ် …တို့ ….ပေါ့ဗျာ …

ငယ်ငယ်ကတော့မြင်သမျှ ကဗျာရေးချင်မိတာပဲဗျ ။အခုအသက်ရလာတော့ စာတောင်မဖတ်ဖြစ်ဘူးလေ ။ ကဗျာပြခန်းစတော့ ပိုးပြန်ထလာပြီး ရေးကြည့်တာ ။ ကလေး ကဗျာတွေဖြစ်နေတယ် 🙂 ကျုပ်က မန်းဂေဇက်ကို အဝေးကချစ်တဲ့သူပါ ။ လူငယ်တွေရဲ့ကြိုးပမ်းအားထုတ်မုှကို အားပေးချင်ပါတယ် ။ငယ်စဉ်က ကိုယ်ရေးတဲ့ကဗျာ တွေစာတွေ ကိုစာစောင်တစ်ခုခုမှာပါဖို့ဆိုတာ အိမ်မက်ပါပဲဗျ ။အခုလို အွန်လိုင်းစာပေထွန်းကားတဲ့ခေတ်မှာ ရေးခွင့်ရကြတာ ကံကောင်းကြပါတယ်။ ကျုပ် အသက် အစိတ်လောက် ပြန်ငယ်ချင်မိတော့တာဘဲဗျာ ။ အခုတော့ …. ခရီးသည်အဖြစ်နဲ့ပဲ သွားရဦးမှာပေါ့လေ ….

(ညင်းညင်းး။ ဂလို ကိုးကျင်းကိုးကျောင်းသွားနေတဲ့ ခရီးသည်ကြီးကို စကားစမြည်ပြောဖို့ ဖမ်းရတာ လွယ်မှတ်လို့။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ကိုမျိုးသန့်

စကားစမြည် – ဒီကဗျာက ကမ်းပါးနားကသစ်ပင်ကို ဖွဲ့ထားပေမယ့် ဆိုချင်တာက ကိုယ့်ဘဝကိုပါပဲ ၊ သားသမီးတွေအတွက် တစ်ယောက်ထဲ ရုန်းနေရချိန်မှာ တခါတလေ ရုံးကပြဿနာ ကျန်တဲ့ လူမှုဘဝပြဿနာတွေနဲ့  စိတ်ထဲခံစားရချိန်မှာ ဒါကို မျှဝေခံစားပေးမယ့်သူ ကျနော့်မှာ မရှိဘူးလေ ၊ ကျနော့်အမေဟာ ကျနော့်ကို ဘယ်လောက် နားလည် နားလည် တစ်ချို့ကိစ္စတွေက သူ့ကို ပြောလို့ မဖြစ်တာ ၊ သားသမီးတွေကိုလည်း ဒီလိုပါပဲ ၊ တစ်ယောက်တည်း စိတ်ထင်ရာလုပ်လို့ ပိုဆိုးသွားတာတွေလည်း ကြုံခဲ့ပြီးပါပြီ ၊ ဒီအပေါ်မှာ အခြေခံပြီး ဒီကဗျာကို ရေးမိတာပါ ၊ အရင်းနှီးဆုံး တိုးတိုးဖော် ဆိုတာ မရှိတဲ့အခါ ဒီလိုပဲ ခံစားရပါတယ်

မခိုင်ဇာ ဒီ့ထက် ပိုချဲ့ပြီး တွေး ရေးကြည့်ပေါ့နော့ ။

(ချဲ့တွေးဆိုတော့ တိုးတိုးဖော်ရှာခိုင်းတာများလားးးးး ခွိခွိခွိ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ကိုကြီးမိုက်

စကားစမြည – ခိုင်ဇာကြီးက အတင်းတောင်းဆိုလို့ ကျုပ်လျှောက်ရေးမိတာပါ…

တကယ်လို့ အဲဒါဟာကဗျာဆိုရင်တော့… ကဗျာ ရေးခဲ့ဖူးတယ် ပေါ့ဗျာ။

(ကဲ !! ကျုပ် အတင်းအကျပ်တောင်းတာတွေ ပေါ်ပြီ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ကိုရင်ရှုံး

စကားစမြည် – ပြောရမယ်ဆိုရင်တော့ အတော်လေးရှည်မယ်ပေါ့ မခိုင်ဇာ……

ပြောရမယ်ဆိုရင်လဲ ရှက်စရာတော့ အကောင်းသားပါ.. တစ်ခါသားက မခိုင်ဇာတောင်းလို့ ရေးပေးလိုက်တဲ့ကဗျာဆိုတာ တစ်ကယ်တော့ ဝါကျတစ်ကြောင်းသာသာပါပဲ.. ကျွန်တော့်အနေနနဲ့ ကဗျာတစ်ပုဒ်လို့ မမြင်မိပြန်ဘူးပေါ့.. သေချာတော့ မသိပေမယ့် ကဗျာဆိုတာ ကာရန်တွေ၊ နဘေတွေကိုက်ရမယ်လို့ ဆိုကြတာ ကြားဖူးသလားလို့..

မခိုင်ဇာက ကျွန်တော့်ကို ကဗျာတစ်ပုဒ်ချီးမြှင့်ပါဆိုပြီး ပြောလာတော့ ရှက်ရတယ်.. ချီးမြှင့်တယ်ဆိုရအောင် ကျွန်တော်က ဘာကောင်များလဲလို့ပေါ့.. ကျွန်တော်က ခံစားချက်သမားသက်သက်ပါ.. အဲလိုဆိုတော့ အရာရာတိုင်းကို လိုက်ခံစားနေတတ်သူပေါ့..

ဆိုတော့ကာ.. အရာရာတိုင်း လိုက်ခံစားတတ်နေမှတော့ ကိုယ့်ကိုယ်ကိုဆို ပိုလို့ခံစားတတ်တာပေါ့.. အဲဒီထက်ပိုတာကတော့ ကိုယ့်အချစ်ဆုံးသူကိုဆိုရင် ပိုခံစားတတ်တယ်ပြောရမယ်.. သူ့မျက်လုံးလေး၊ သူ့မျက်ခုံးလေး၊ သူ့အပြုံးလေး၊ သူ့အမူအရာလေး၊ သူ့အကြောင်းလေးတွေအားလုံးက ခံစားလို့အကောင်းဆုံးအရာတွေပါပဲ..

တစ်ခါကဆို (တော်တော်လေးကို ကြာခဲ့တဲ့တစ်ခါကပေါ့) သူ့အတွက်နဲ့ ကဗျာချိုချိုလှလှလေးတွေ အတော်ရေးဖြစ်ခဲ့တယ်.. ရေးဖြစ်ခဲ့ဆို ရင်ထဲမှာ အရာရာချိုမြနေတာကို.. နောက်တော့ ချစ်သူတို့ သဘာဝ ခံစားချက်အနိမ့်အမြင့်လေးတွေရှိလာပြန်တော့လဲ ကဗျာလေးတွေ ရေးဖြစ်လာပြန်ရော.. ခုများကျတော့ ငါက ဘာမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ပြီး လူအထင်ကြီးအောင် ကဗျာတွေ၊ စာတွေ လျှောက်ရေးနေတယ်လို့ ကိုယ့်ကိုယ်ကို ရှက်လာပြီး ဘာမှ မရေးတော့ဘူးပေါ့..

ဆိုတော့…မခိုင်ဇာ တောင်းဆိုထားတဲ့ စကားကို လိုရင်းချုပ်ရရင် ကဗျာတစ်ပုဒ်ရေးမယ်ဆိုရင် ဦးစွာပထမ ခံစားချက်ရှိရပါ့မယ်၊ ထိုခံစားချက်ရှိလာရင်လဲ ထိုခံစားချက်တစ်ခုကို ခံစားနားလည်နိုင်စွမ်းရှိရပါမယ်.. အဲဒီကမှ ကဗျာတစ်ပုဒ်ရေးဖြစ်တယ်ဆိုတာကျပြန်တော့ ထိုခံစားချက်ကို ကောင်းမွန်စွာ ပုံဖော်နိုင်စွမ်းရှိရပါ့မယ်.. ဒါမှလဲ ဖတ်ရသူတွေရင်ထဲ ရောက်သွားမယ်ထင်ပါတယ်..

ဒီနေရာမှာ အမျိုးမျိုးရှိသေးပြန်သပေါ့…တစ်ချို့က ခံစားချက်အကြမ်းတွေကို စကားလုံးနုနုတွေနဲ့

တစ်ချို့က ခံစားချက်အနုတွေကို စကားလုံးအကြမ်းတွေနဲ့ကျွန်တော်ဖတ်မိသလောက်၊ ကိုယ်တိုင်သိသလောက်ဆိုရင်တော့

စကားလုံးတွေကြမ်းနေရင်တော့ ခံစားချက်တွေ ကြမ်းနေလို့

စကားလုံးတွေနုနေရင်တော့ ခံစားချက်တွေ နူးညံ့ငြင်သာနေလို့

အဲဒီကနေ ခံစားချက်တွေကို စကားလုံးတွေစီဖွဲ့ရင်းနဲ့

ကဗျာလို့ ခေါ်လို့ရမယ်။

စကားလုံးကျစ်လျစ်

သံသာငြိမ့်ညောင်းတဲ့

ဝါကျ ပြေပြေပြစ်ပြစ်လေးတွေ

ဖွဲ့တည်လာကြခြင်းလို့ မြင်မိပါတယ်။

ကြုံတုန်းပြောရမယ်ဆိုရင် ကျွန်တော်ပို့ထားတဲ့ ကဗျာလေး မသုံးလိုက်ပါနဲ့ဗျာ.. စာရေးတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ပညာ မပြည့်ဝတာ ရှက်လွန်းလို့ပါ။ တော်သေးဘီ။

(မသုံးနဲ့ ဆိုသော်လည်း သုံးလိုက်ပါရစေ ကိုရင် စိုင်း ရယ်။ ကဗျာ တောင်းကတည်းက ခံစားချက်ပြင်းတဲ့ သူတစ်ယောက်ဆီက စကားလုံး အားကောင်းကောင်း ရနိုင်ကောင်းရဲ့ မျှော်လင့်ပြီး တောင်းတာမို့ ရလာတဲ့ ကဗျာ ကိုလည်း သုံးလိုက်ပါပြီ ဗျာ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ကမ်းဝေး

စကားစမြည် – အခုတလော……….တီလေး ခိုင်ဇာကို မုန်းနေတယ် မေမေ။ အရွယ်နဲ့ မလိုက်အောင် တက်ကြွလို့ဘာ…..

ငိငိ……

(လူဇိုးးး မဆိုင်တာ ပြောသွားတယ်။ ဒါပေမဲ့ သူ့လက်ရာက မှန်းလို့ ရပါတယ်နော့)

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ခက်သီ

စကားစမြည – ပြည်သူ လို့ အခေါ်ခံရ ယုံ သက်သက်နဲ့ နေရတဲ့ ငါတို့ ဘဝ တွေကိုရေးထားတာ

ဒင်းတို့ ပြည်သူ ပြည်သူ ခေါ်ပြီး ပြည်သူအခွင့်အရေးမပေးတာ ရေးထားတာ ဟ…!!!

နင်သိပါတယ် ဒီလောက် လျှို့ဝှတ်တဲ့ ကဗျာမှ မဟုတ်တာ……

ပြောရမယ်ဆို အကြီးကြီးဖြစ်နေလိမ့်မယ် နားလည် သလိုသာ ပိုပိုသာသာ ရေးပစ်လိုက်……..

(အမငီးးးး၊ နာ့ အကိုကြီး နာ့ ကို ယုံကြည်ရှာတယ်။ သူ့ ဆီက ကဗျာ တောင်းရတာ ခပ်လန့်လန့်၊ ကဗျာကို ဘဝထက် ပိုချစ်တဲ့ သူဆီကမို့။ အချိုးမပြေရင် အဆူခံရမယ်။)

~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကဗျာရေးသူ – ဆန်နီ

စကားစမြည် -ပေါင်း ရ သင်း ရ ခက် တဲ့ လူ တွေ များ လာ တာ ကို တွေ့ တွေ့ လာ ရ တာ ရယ် ။ အရွ ယ် ရောက် လာ တော့ ငြီး ငွေ့ လာ တာ ရယ်။ အဓိ က က တော့ သူ ကောင်း ရှား ပါး ချင်း။ သူ ငယ် ချင်း ကောင်း ရှား ပါး တာ ကို ခံ စား ရ တယ်

ကုန် ပစ္စည်း နဲ့ လူ နဲ့ လည်း နှိုင်း ချင် တယ် သမီး။ သက် မဲ့ တွေ ကသက် ရှိ တွေ ထက် သစ္စာ ပို ရှိ နေ သ လို ပဲ။

(ဒါကတော့ ဆရာမ နုရဲ့သား ကိုဆန်နီပါ။ မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျနော့ သင်ဆရာ မြင်ဆရာ တစ်ယောက်ပါပဲ။)

~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – အာဂ

စကားစမြည် – ဒီ ကဗျာကိုရေးဖြစ်တာကတော့ အခြားကြောင်းကြောင့်တော့မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်တော့်ပတ်ဝင်းကျင်မှာ ချစ်လာတဲ့ အတွဲလေးတွေ ။ ခဏနေပြတ်ကြ တာရယ်။ မကြာခင် နောက်ထပ်အတွဲသစ်လေးဖြစ်သွားတာလေးကို မြင်ရတာများလာလို့ ရေးမိသွားတာပါ။ နောက်လူတိုင်းမှာ အချစ်တစ်ခုတည်း ရှိတာမဟုတ်ဘူး။ အခြားအချစ်ရတဲ့လူတွေလည်းရှိတယ်ဆိုတာ ပြောချင်လို့ ရေးမိတာပါ။  ကျေးဇူးတင်ပါတယ်။

(သူပေးထားတဲ့ စကားလုံးပြင်းပြင်းကဗျာထဲက မှ ရှားရှားပါးပါး တစ်ပုဒ်ထဲပါတဲ့ အချစ်နဲ့ ပတ်သက်တဲ့ ကဗျာလေးရွေးထားရတာတော့။)

~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – နွယ်ပင်

စကားစမြည –  ဟီးးးးးးးးးးးး အဲ့တုန်းက ခံစားချက်က ပြောရရင်

မိန်းကလေးဘက်က အမြဲတမ်း အဲ့တစ်ယောက်အတွက်ပဲ စဉ်းစားပေးတယ်

ကိုယ့်အတွက် ဆို သိပ်မစဉ်းစားဖူးးးး

အမြဲ သူဘာဖြစ်ချင်လဲ ဘယ်လိုတွေးမလဲ သူ့အတွက် ဘာလိုမလဲ တွေးပေးပြီး နေခဲ့တာ

ဒါပေမယ့် ကိုယ့်ဘက်ကိုကျတော့ တစ်ခါလောက် သူတွေးပေးရမယ့် အချိန်မှာ လုံး0မစဉ်းစားပေးဘူး းး။

ခိခိ …

(ရေးလို့ရရဲ့လားလို့ မေးတော့ “ဟီးးးးးးးးးးးးးး ရပါတယ် ကဗျာပဲဟာ… မောင်ဂ သ0န်တို ရန်ချာရင် မမခိုုင်ဇာ တစ်ယောက်လုံးချိတာပဲ” တဲ့။ အဲတော့ မောင်ဂ ရန်ရှာရင် မမဆီသာ ပြေးခဲ့ပါလို့)

~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – နီယံ

စကားစမြည –  အခြေခံ လူတန်းစားတွေ နေတဲ့ နေရာနား အမြဲ ဖြတ်သွားရင်း မြင်ရတဲ့ အဖြစ်ပျက်တွေကို အခြေခံပြီး ရေးလိုက်တာပါ ….. ။ မဖြစ်မနေ ရှိတာနဲ့ လုပ်စားနေရတဲ့ ဘဝတွေ ဒုနဲ့ဒေးဆိုတာလေး သိစေချင်လို့ပါ ။ ဝမ်းရေးအတွက်ရှာစားတော့လည်း … ကောင်းရောင်းကောင်းဝယ်ဆို အဆင်မပြေတာလေးလည်း သိစေချင်တယ်ဆိုပြီးရေးတာ … အဝှာ လုပ်စားတော့လည်း လိုင်းကြေးတောင်းတဲ့ .. ရဲတွေ ရှိတယ် ဆိုတာလည်း … မြင်သာစေချင်လို့ …. ငယ်ငယ်ရွယ်ရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး လင်က ပစ်လို့ ဘဝကို မနည်းရုန်းကန်နေရတဲ့ … ကလေးအမေ တခုလပ် အဝှာမ တယောက်နေရာကနေ ဝင်ပြီး ရေးလိုက်တာပါ … ။ ဟီး ။

(ဒီရွာထဲကပါပဲ။ ဘယ်သူဆိုတာတော့ မပြောပြပါဘူးးး ကဗျာ ကလောင်ကိုသာ မှတ်ထားကြပါတော့။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ချာတူး

စကားစမြည – အိုက်ဒါ ငယ်ငယ်က ယောက်ကျားလေးလိုပုံစံနဲ့နေတုံးက ယာယီဆိုတဲ့စီနီယာတျောက်က ညီမလေးရေ…. ဆိုတဲ့ပိုဒ်လေးတွေရေးပီး ရဲဇားဇဂါးပြောတာပါ ….

အိုက်ဒါလေးတွေကို ကျော်က ကိုဂျီးရေ………. ဆိုတဲ့အပိုဒ်လေးတွေပြန်ရေးပေးပီး ပြန်ပေးလိုက်တာ ……

ငယ်သေးတော့ ငါလဲနင့်လောက်တော့တတ်တယ် ဆြာတော့လာမလုပ်နဲ့ကွီ ဆိုတဲ့သဘောနဲ့ပြန်ရေးပေးလိုက်တာ … အမှန်တော့ အဲ့တုံးက သူရေးပေးတာလေးတွေ ဆုံးမတာလေးတွေပေါ့နော် ကျော်နားဝင်ခဲ့ပါတယ်။

(သူ့ ပြောပြဟန်လေးကို ချစ်လို့ ဒီ စကားလုံး အသုံး အတိုင်းပဲ ရေးပေးလိုက်ပါတယ်။)

~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – မာဃ

စကားစမြည – အော်…..အဲ့တုန်းက…..ဂလိုပဲ ဆရာလုပ်ချင်စိတ် ရယ် နောက် လူဆိုးတွေရဲ့ အသုံးဝင်ပုံ ရယ်ကို သိစေချင်လို့ တွေးမိလို့ပါ။

(ကြည့်လေ။ မေးတုန်းက ကောင်းကောင်းမဖြေဘူးးး ပို့(စ) နမူနာဖတ်ရမှ သူပွါးတာ နည်းတယ်ဆိုပြီး နောင်တရနေတယ်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ဝါး/ဝိုး/ဝေါင်း/Wow

စကားစမြည် – ခုတစ်လော… ခံစားချက်တွေပျောက်ပီး ခံစားလို့မရတော့လို့ မရတဲ့အကြောင်းလေးပဲ ရေးလိုက်တဲ့ ဆွိရဲ့ ပြခန်းအတွက် ကဗျာလေးကို ဖတ်ကျိပါဦး…

(အချစ်ဆုံးကြီးမို့ ကလောင် နာမည်တွေ များဂျီးပေးထားတယ်နော။)

~~~~~~~~~~~~~~~~~~~~~~~~

 

ကဗျာရေးသူ – ရေပုလင်း

စကားစမြည – ဒီကဗျာ ဂို လာမယ့် ကဗျာပြဂန်းမှာ ထဲ့ပေးဘာရန်။ အဂျစ် ကဗျာ ရေးရဝူးဆိုလို့ ဒါညိုး ရေးလိုက်ဒါ။ သူညား ချစ်ဒါဂို အတော် နာလိုဂျဒဲ့ ဒူဒွေ ….

(အွန်။ ခုတလော ကြားရတဲ့ အချစ်တွေကို မျက်စိနောက်တတ်နေလို့ အချစ်ကဗျာမရေးနဲ့ လို့ တားမိတာ။ မနက်စာ စားချင်တဲ့ကဗျာ ရေးပေးလိုက်သေးးး .. တားမိတာကို မနာလိုတဲ့သူဖြစ်ရသေးးး)

~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒီ တစ်ခေါက် ကဗျာကို လောဘတကြီးလိုက်စုတာ ပြခန်း (၇) အတွက် ရသင့်တာထက် ကျော်သွားပါတယ်။

ဒါတောင် တစ်ချို့မပေးသေးတာတွေ ရှိပါသေးတယ်။

ကျနော့ တောင်းဆိုသလောက် မညည်းမညူ အပြစ်မတင်ပဲ ကဗျာ ပေးပို့သူ အားလုံးကို အားကြီး များကြီး အရမ်းကြီး ကျေးဇူးတင်ပါကြောင်းးးးးး ဒီနေရာမှ ပြောကြားလိုပါတယ်။

ဦးပုညမှလွဲ၍ ကဗျာရှင် အားလုံး ရွာထဲက ချည်းပါပဲ။ အားပေးကြပါဦးးးးး

ဆု ယူဖို့လည်း မမေ့နဲ့နော်။ ခွိခွိခွိ…

 

ပြခန်း (၇) သို့
ဒီ ပုံလေးကို… ကလစ်ပြီး.. ကဗျာတွေ ဝင်ဖတ်ကြပါနော် ။

 

အရင် ကဗျာ ပြခန်း အမှတ် ( ၆ )မှာ..ပါဝင်ပြသထားတဲ ့ကဗျာဆရာများကတော့…

မင်းသုဝဏ် – သပြေသီးကောက်

ဦးကြိမ် – ကမ္ဘာ့သက်တော်ရှည်

ရွှေတိုက်စိုး – ကဗျာဆရာ့ သောက

ခင်ခ – “ဩဂုတ်လ ရောက်ပြီမို့´´

ထက်ဝေး – စိမ်း

ဝင့်ပြုံးမြင့် – စိတ်ရည်စစ် စာမေးပွဲ

Sai Hla Win – တာဝန်

လင်းစက်ရာ – ပစ္စုပ္ပန်ရဲ့ ‘လူ’

လုံမလေးမွန်မွန် – သတိ

ရန်ငြိမ်းသူ – မြက်ပင်စိတ်ထား

လူကလေး – ဘာလုပ်ရမလဲ

သူကလေး – အချစ်တို့မွေးဖွားခြင်း

အတာလွင် – လူသားအတွေး

မိုးမင်းသား – ကြည်ဖြူပါသည်   စသည်တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြခန်း ၆ ရဲ့ ထူးခြားချက်က ……….

စုစုပေါင်း ဗုဒ် ၆၁ ခုမှာ ……

လင်းစက်ရာ ရဲ့ ပစ္စုပ္ပန်ရဲ့ ‘လူ’  ကဗျာ နဲ့

အတာလွင် ရဲ့ လူသားအတွေး  ကဗျာတို့ က ၁ဝ ဗုဒ် စီနဲ့ လူကြိုက် အများဆုံး ကဗျာကို ပူးတွဲ ရရှိသွားပါတယ်။

ဒီ လ စာရင်းကတော့ ကွကိုယ် ကြိုးစားပြီး တွဲပေးပါလို့။

:mrgreen:

======================

pya6
ပြခန်း (၆) ရလဒ် ရီဇက်ပါ။

======================

အောက်မှာ ပြခန်း (၇) အတွက် Vote ပေးခဲ့ကြပါဦးနော်။ ၃ ပုဒ် အထိ တစ်ပြိုင်နက် ဗုတ်လို့ ရပါတယ်။

 ======================

[polldaddy poll=”7331018″]

======================

 

ကဗျာပြခန်းဆီကို   ကဗျာများ ပေးပို ့ကူညီကြပါဦးနော် ။

ကဗျာများပေးပို ့မယ် ဆိုရင်  alinsett.art@gmail.com ကို ပေးပို ့နိုင်ပါတယ် ။

=============

 

 

 

ဒီမှာ ဒီမှာ….

ကဗျာပြခန်း တစ်

ကဗျာပြခန်း နှစ်

ကဗျာပြခန်း သုံး

ကဗျာပြခန်း လေး

ကဗျာပြခန်း ငါး

ကဗျာပြခန်း ခြောက်

 

 

 

120 comments

  • အလင်းဆက်

    August 19, 2013 at 9:31 am

    ကျွန်တော် . . . ဒီပြခန်းမှာ ပါတဲ့ ကဗျာ နဲ့ ကဗျာဆရာ ကို တွဲေပေးလို ့မရ တော့ဘူးပေါ့
    အဟင့်
    ဆုနဲ့လွဲ ပြီ မို ့ စိတ်မကောင်းထာ

    :kwi:

    ==========
    ကဗျာပြခန်း တွေ အမှတ် ရ ထိတောင် ရောက်အောင် ချီတက်နိုင်ခဲ့ပြီပေါ့

    ကြည်နူးမိပါတယ်

    ကဗျာ အင်အားး
    အနုပညာ အင်အားတွေကို
    တင့်တင့်တယ်တယ် ပြသ ခွင့် ရနေတာေလေး ဟာ
    သိပ် ကြည်နူးစရာ ကောင်းပါတယ် ။

    🙂

    • garfield

      August 19, 2013 at 1:56 pm

      အာဟင့်။
      သူ စ လိုက်တဲ့ ဇာတ်လမ်းဟာ နာ ကဗျာ ဓားမြဖြစ်သွားတာပဲ အဖတ်တင်တယ်။ 😥

      • အလင်းဆက်

        August 19, 2013 at 5:46 pm

        ကဗျာ ဒမြ ဖြစ်ရတာ
        ကျွန်တော်တော့ ဂုဏ်ယူတယ် မမခိုင်ဇာ
        အဟိ

        ဘာထူးလဲ သားသားလည်း ကဗျာဒမြဖြစ်သွားပါပြီ

        သားကတော့ ကဗျာ ကို စ ပေးခဲ့ပြီးပြီမို ့
        အခု နောက်ထပ် တစ်ခု စ ဖို့ ကြံနေပြီ ။

        နှလုံးသား တစ်ခုကို ဒမြတိုက်မလို ့

        :kwi:

        • Min Zarni

          August 19, 2013 at 5:51 pm

          ဒညင်းဝက်တော့ ကဗျာကိုခုတုံးလုပ်ပြီး မဇာယိကို ယဲဇားဇဂါးပြောနေဘာဘီ.

          အူးကျောက်စ်ရေ. အပျော်ဆုံးယောက်ျားနောက်တယောက်တိုးတော့မယ်ထင့်.

          ဒချိဒချိ.

  • Myo Thant

    August 19, 2013 at 9:44 am

    ကဲ တွဲကြည့်ရဦးမှာပေါ့လေ
    ဒါပေမယ့် ၃ – ၄ ပုဒ်မှန် ကံကောင်းပဲ 🙂

    • garfield

      August 19, 2013 at 1:54 pm

      ကြိုးစားပါ ကိုမျိုးသန့်ကြီးးးးး
      အနည်းဆုံး ကိုယ့်တစ်ပုဒ်တော့ ကိုယ်သိတာပဲဟာ။ :mrgreen:

  • Min Zarni

    August 19, 2013 at 10:03 am

    ကျုပ်ကဗျာ ဘယ်ရောက်သွားသဒုံးမဇာယိ
    တောင်းဒုံးကတောင်းပီး
    :'(

    • garfield

      August 19, 2013 at 1:52 pm

      ရှိပါတယ် ဂီ။

      ကျုပ် ပြခန်း မှာ လူ မ ထပ်ချင်လို့ နောက် ပြခန်း ကို ပေးထားတယ်။

      နို့မို့ ပြောချင်ဆိုချင် တွေ များနေလို့။ 😀

      • Min Zarni

        August 19, 2013 at 6:14 pm

        င ကဗျာလေးပုပ်ပါပီ

        • garfield

          August 19, 2013 at 6:44 pm

          😀 no worry..! Ur poem is with A Linn Set.. He will handle yours….!!! 😀

        • Min Zarni

          August 19, 2013 at 7:09 pm

          ဒညင်းဝက်လက်ထဲ အပ်တယ်လား. တော်ကြာဆားရည်ဆိမ် ပစ်နေအူးမယ်. ငိငိ

        • အလင်းဆက်

          August 19, 2013 at 7:43 pm

          ဆားရည် မစိမ်ရက် ပါဘူးကွယ် ။ ဆားပေါ့တဲ့ အနုပညာ မှမဟုတ်တာ ။
          🙂

          နောက်ပြခန်းကို.. တင်ပြမယ့်သူကတော့….
          အဟမ်း..
          အဟမ်းးးး
          ဘူဖြစ်မယ် ထင်ပါသလဲ…

  • တိန်… နာ့ကို တွဲပေးဖို့ ပြောရင်တောင် နာ မတွဲတတ်ဝူး… အင်တာနက်နဲ့အဆက်ပြတ်တဲ့အချိန်မှာ ပြခန်းအတွက်ပါ အဆက်ပြတ်သွားတယ်..ဟိဟိ…

    ဆိုတော့…. မတွဲရဝူးဆိုလို့ မတွဲပေးတော့ဝူးလို့ပဲ မှတ်ပါနော်..ချစ်မမဂျီး… 🙂

    • garfield

      August 19, 2013 at 1:51 pm

      မတွဲ နဲ့။
      မတွဲ ရဘူးးး

      ကဗျာကို ပြောပါတယ်။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 19, 2013 at 10:36 am

    ဝါ့ …
    ဒီတစ်ပတ် ကဗျာချင်ဒွေဂ ချာဂျီးဒွေဘဲဟ ..
    ကဗျာနဲ့ ကဗျာရှင် တွဲပေးရင် ဆုပေးအုံးမဒဲ့ ..
    ပေါ်စရာချီး ….
    ကျိုးစားပမ်းစား တွဲပီး ဆုယူဆုံးမှ …. ဂလု ..
    သာဒု .. သာဒု …

    • garfield

      August 19, 2013 at 1:49 pm

      ဘာမှ ကြိုးစားမတွဲနဲ့။
      ဟွန့်။
      ကဗျာ ပြခန်းက လူနဲ့ အဆက်အသွယ် ရှိတယ်လို့ သတင်းရတယ်။

      ဘလက်လစ်
      ၁) အံစာတုံးးး

      အကြောင်းပြချက် – ပြခန်းက တစ်ဦးနဲ့ တွဲနေ၍ ကဗျာ မတွဲရ။

      ခိခိခိ 😀

  • Crystalline

    August 19, 2013 at 11:13 am

    အရီးကဗျာကတော့ အမှတ်တရဟင်းလျာများလားမသိ :kwi:
    မှန်းလို့တော့ရပါတယ်.. ဆုကြေးနည်းလို့ဖြေဘူးကွာ :harr:

    • garfield

      August 19, 2013 at 1:47 pm

      မှန်းလို့ရပါတယ် ဆိုတဲ့ အဖြေမှာတင် မှားပါပြီကွယ်။

      နည်းတယ် လို့မပြောကြပါနဲ့ ဆို။!! မမလည်း ဂလောက်ပဲ တတ်နိုင်လို့ပါ ဆို!!!

      :mrgreen:

  • နွယ်ပင်

    August 19, 2013 at 12:42 pm

    ကဗျာဆို လေးကြောင်းပြည့်အောင် ကောင်းကောင်းစပ်ဖူးတာ ဟုတ်ဘူး
    မမခိုင်ဇာကဗျာတောင်းတော့ ငယ်ငယ်က ရူးကြောင်မူးကြောင် ရေးဖူးတဲ့
    ကဗျာလေး ကမန်းကတန်း ပြန်ပြင်ပြီး ပို့ပေးလိုက်တာ ဟီး … 🙂
    မောင်ဂ သ0န်တို ရန်ချာရင် မမခိုုင်ဇာဆီ ဂယ်ကြီး ပြေးလာမှာနော် …

    • garfield

      August 19, 2013 at 1:45 pm

      ပြေးလာရင် ဖု မဂဇင်းလေး တစ်ဒါဇင်လောက် ဆွဲခဲ့ပေးပါနော့။
      :mrgreen:

  • မင်းခန့်ကျော်

    August 19, 2013 at 1:38 pm

    အဟေး ဆုချဖို့ လိုနေတာအတော်ပဲ

    ဒီကရတဲ့ ဆုနဲ့ သူ့အရိုးသူပြန်ထိုးရင် ? ? ?

    ကောင်းမလားပဲ ဟီးးး :mrgreen:

    (စာအုပ်ရောင်းလို့ကုန်ရင်ပြောကြပါအုံး

    ဒီကမေးချင်လှပြီ)

    • garfield

      August 19, 2013 at 1:43 pm

      ဟမ်။ ဒီ ကိုရင် မင်းမင်းးးး
      အကြံချည်းပဲ။
      ကြိုးစားပေါ့ဗျာ။
      ကျနော် က ခင်ညား မေးခွန်း ဖြေနိုင်ဖို့ ပိုသေချာသလားပဲ။ 😀

  • Mr. MarGa

    August 19, 2013 at 1:45 pm

    ဟိုက်
    မန့်သာသွားတယ်
    ဗုတ်လဲ မသွားကြဘူး
    ဗုတ်ကြပါ၊ ဗုတ်ကြပါ
    အားရပါးရ ဗုတ်ကြပါဗျို့။
    ကဗျာနဲ့ ကဗျာဆရာနဲ့ တွဲရမယ် ဆိုရင်တော့
    အင်း…..
    ဟိုကဗျာက ဟိုတစ်ယောက်လေ
    ဒီကဗျာကတော့ ဟိုတစ်ယောက် သေချာတယ်။
    ကဗျာပြခန်း စီစဉ်သူထဲမှာ အနော်မပါလို့ ဖြေလို့ ရလား ဟင်င် :mrgreen:

    • garfield

      August 19, 2013 at 1:58 pm

      ပြခန်းစောင့် (အဲလေ) ပြခန်းရှင် လည်းဖြေလို့မရပါဘူးကွယ်။
      ဟိဟိဟိ 😀

      • Mr. MarGa

        August 19, 2013 at 2:05 pm

        blacklist လဲ ဟုတ်ပဲနဲ့
        ဖြေလို့ ရဝူး ဆိုတော့
        ဟုတ်သေးပါဘူး…. 🙁

        • garfield

          August 19, 2013 at 2:10 pm

          ဘလက်လစ်
          ၂ ) တဂျားး

          အကြောင်းပြချက် – တာဝန်ချိန်ပြင်ပတွင် စာမကျက်ပဲ ပြခန်းပေါက်တွင် ရစ်သီ ရစ်သီချောင်းနေသောကြောင့်။
          😀

        • Mr. MarGa

          August 19, 2013 at 2:37 pm

          :'( :'(

  • ကိုရင်စည်သူ

    August 19, 2013 at 1:59 pm

    အားပေးသွားတယ်ဗျာ.. အလုပ်တော်တော်များနေလို့.. နောက်မှအေးဆေးဖတ်ပီး
    ဗို့စ်တော့မယ်နော့…။ 🙂

    • garfield

      August 19, 2013 at 2:11 pm

      ဟွန့်။
      သူပြောလိုက်ရင် ဂလို ချည်းပဲ။
      ကြည့်နေ။ ၂၁ ဆင်း ရင် အားမှာလည်း ဟုတ်ပဲနဲ့။ 🙁

      • ကိုရင်စည်သူ

        August 20, 2013 at 6:21 pm

        ဗို့စ်ခဲ့ပါပီ.. မခိုင်ဇာ.. ကော်ဖီသောက်ရင်းနဲ့ အေးဆေးဖတ်ချင်လို့..
        အင်တာနက်လိုင်းမရတော့ လိုင်းရတဲ့အချိန်လည်း ဖြစ်ဖို့လိုသေးတရ်.. ဒါကြောင့်ရယ်ဘာ…
        မမဆွိ.. တားတားဆို သိပ်နိုင်ဒါဗြဲ… 😥

        • garfield

          August 21, 2013 at 11:47 am

          ငိုပါနဲ့အေ။
          နာ က နိုင်ရတဲ့သူတွေကိုပဲ နိုင်တာပါ။
          နာ့ မောင်လေး တိတ်တိတ်။
          ဒေါ်ဘယ်ဘလက်လေး စောင့်နေတယ်။
          😀

  • kyeemite

    August 19, 2013 at 3:28 pm

    ကဗျာပြခန်းစတိုင်တွေက
    တစ်ယောက်တစ်မျိုးနဲ့ မရိုးနိုင်အောင်ကောင်းကြပါရဲ့ 🙂
    ခေတ်ကာလသားသမီးတွေများတော်လိုက်ကြတာ…
    ကဗျာတွေတော့အေးဆေးမှအချိန်ယူဖတ်ပီး ဗုတ်တော့မယ်ဗျို့
    ဒီသုံးရက်လောက်က ဘော့စ်အကြီးကြီးရောက်နေလို့မလှုပ်သာသေး 🙁

    • garfield

      August 19, 2013 at 3:55 pm

      ဆက်ဆက် ပြန်မလာရင် နောက်ထပ် ကဗျာ ၂ ပုဒ် လျော်ပါ။ 😀

      • kyeemite

        August 20, 2013 at 1:31 pm

        ကသုတ်ကရက် အသာလာ
        အဟုတ်ကြိုက်တာရှာ
        ဗုတ်လိုက်ပါပြီ မကေဇီ
        အရော်တောင်းပေမဲ့
        ကျနော်ကောင်းအောင်ရေးဖြစ်ရင်
        ပြခန်းထပ်ဝင်ချင်ချင်ပါ 😀

  • TNA

    August 19, 2013 at 3:49 pm

    အိုက်တသောင်းများကိုပေးလို့ရဘူးလားဟင်။ တသောင်းအရင်ယူပီးမှ ကဂျာနဲ့လူတွဲပေးမယ်လေ။ ရလားဟင် အန်တီကေဂျီ။

    • garfield

      August 19, 2013 at 3:54 pm

      အမငိ။
      ပြောတတ်လိုက်တာကွယ်။ ပြောတတ်လိုက်တာ။
      လိမ်မာလွန်းသူလေးမို့ ချိရပါတယ်။ အဟင့်။
      တမီး ရှိမဲ့စုလေး လာ လှည့်စားနေတယ်။ 😥

  • kyeemite

    August 19, 2013 at 4:25 pm

    ကေဇီရေ…ပြခန်းက ရုပ်ပုံဘောင်ထဲထည့်ထားတဲ့ကဗျာတွေက
    စာလုံးသေးပြီးသိပ်မသဲကွဲဘူးနော…စာလုံးနဲနဲကြီးရင်ကောင်းမယ်… 🙁
    အကြံပုကျိတာပါနော 😀

    • garfield

      August 19, 2013 at 4:31 pm

      အနော်လည်း သိတယ် ကိုကြီးမိုက်။
      ဓာတ်ပုံ က အနော်လုပ်တာမဟုတ်ဘူးးး
      ကူညီပေးတဲ့ အမကလည်း ချစ်လွန်းလို့သာ ကူရတာ ဖိုတိုရှော့ မတတ်ဘူးးး

      အောက်က စာနဲ့ တွဲဖတ်ပါ ကိုကြီးမိုက်ရယ်။

      အနော့ ဘဝက ကူညီချင်သူ အပိုင် မရှိဘူးရယ်။

      😥

    • Mr. MarGa

      August 21, 2013 at 2:27 pm

      ဟုတ်ကဲ့ပါခင်ဗျ
      နောက်လာမယ့် ပြခန်း များမှာ ပိုလို့ အဆင်ပြေအောင် ပြင်ဆင်သွားပါမယ်ခင်ဗျ
      ပုံတာဝန်ခံ ကျွန်တော် အပျင်းကြီးတာ များသွားတာကြောင့် ဂလို ဖြစ်သွားတာပါ လို့
      :mrgreen:

  • Mahar Myanmar

    August 19, 2013 at 4:35 pm

    ကျုပ် နဲ့ နော် ကဗျာ့ ပြခန်း အမှတ် (၇) ဆို လို့ တွေ့ပါတယ်..
    ဆိုင်းဘုတ် နဲ့ ဘယ်အဆိုတော် ဒီည ဆိုမယ် ဆိုတဲ့ ကြော်ငြာ လိုပဲ..
    ကဗျာ တွေ ရှာ မတွေ့ ဘူး…..
    တောက် မသောက် ရသေး ဘူး ရွာ ပတ် တာ မူး နေပြီ
    လမ်း ကလည်း မကောင်း ဆို တော့ ရောက် နိုင်ဘူး လေ..
    ဂျူနီယာ တွဲဆု ရသွားရင် ကြား မကောင်း ဘူး..
    စီနီယာ တွေ ကို ဦးစား ပေးတော် မူ တယ် .. ဗျား..
    ရှာ လိုက်ဦး မယ် ကဗျာ.. တွေ ..ဂါဂါ ဘယ် မှာ ဖွက် ထား ပါလိမ့်..
    ( တကယ် မတွေ့ တာ ပါ )
    သေချာ ဖတ်ပြီး ဗုတ်တော် မူ မည်။

    • အလင်းဆက်

      August 19, 2013 at 5:41 pm

      ပြခန်း ပုံကလေးကို ဒေါက်ခနဲ တစ်ချက်
      ခေါက်ကြည့်ပါခည

      • Mahar Myanmar

        August 23, 2013 at 2:40 pm

        ဒေါက် !

        ခေါ့ခွန်း မာ့ခ် ခရပ် .. ဖိ အလင်းဆက်

  • Mahar Myanmar

    August 19, 2013 at 4:41 pm

    ဂါဂါ ရေ သူများ တွေ ကို ဘလက်လစ် တွေ ပေးတယ်
    ကျုပ် ကို ဘလက် လေဘယ် ပေး နော် ..အေ့..
    အခု တောင် ..ရေချိန် နည်းနည်း လိုသေး..
    ကဗျာ ဆရာ တွေ… မတွဲ ခင်
    ကျုပ် .. ကို
    အရင် လာ တွဲ ကြပါ ဦး .. ဗျို့

    • garfield

      August 19, 2013 at 6:46 pm

      I am here…!!
      Gar Gar Lay is here..!!
      Just visit n vote the poems.., I will give you double black label….!!!
      (in the dream) 😀

      • Mahar Myanmar

        August 23, 2013 at 3:02 pm

        Dream.. dream..dream..
        How can I get ?
        I have not sleep yet
        In my tear is wet
        You should hear my breath
        Oh, please speak to me
        If you really give me double Black Label,
        I’ll be sleep and meet you
        But you might sleep
        at the same time , different world.

        • garfield

          August 23, 2013 at 3:10 pm

          အင်္ဂလိပ် ကဗျာလေး လားးးး
          နောက်ပြခန်းတွက် ယူလိုက်မယ်နော်။ 😀

        • Mahar Myanmar

          August 24, 2013 at 8:10 am

          ဟိုက် …
          စာ ကို မစီ ရဲ အောင် ပါလား ဂါဂါ ရယ်..
          တတ်သလောက် မှတ် သလောက် နဲ့ စီရပါ တယ်
          ကြိုက် ရင် ယူ ပါ ကွယ် ..ကဗျာ ကို..

          ဒီ ကဗျာ မှာ မင်းသား က မဟာမြန်မာ
          မင်းသမီး ဂါဂါ နော်..
          ဘလက်လေဘယ် ဇာတ် လမ်း ပေါ့..
          ခွိခွိ .. မူးရ ချည် သေး ရဲ့ ကွာ..
          ဝါသနာ တူ တဲ့ ဘော်ဘော် များ လာထား နော်..

          ခင်တဲ့
          မဟာမြန်မာ

        • Mahar Myanmar

          August 24, 2013 at 11:30 am

          ဂါဂါရေ..
          ကဗျာ အသစ် ပြန် ပြင် တင် ပေး လိုက် တယ်..
          သုံး မယ် ဆိုရင် ဒီ ဟာ ကို သုံး ပါ..

          Dream of Love

          Dream… dream… dream…
          How can I creamed .. to get ?
          I have not asleep yet
          In my tear .. is wet
          You should hear my breath
          Oh, please whisper to me
          If you really give me deep love,
          I’ll be sleep and meet , But …
          You might sleep with me
          We’re the same time , different world
          Don’t lets to blur in my heart
          Start your eyes to shut , feel as a stream
          Bring my true love into your dream current
          Lets me grant to flow in your stream
          Dream……. dream……. , DREAM ……
          …………………………………..

          Mahar Myanmar

        • Mahar Myanmar

          August 24, 2013 at 3:49 pm

          မနက်ဖြန် မှ
          အကြောင်း မပြန် ရင်
          ဒီကောင် ကို သတ် ..အဲ လေ
          ဒီကဗျာ ကို ရွာ ထဲ တင် မယ် နော်…
          ဒါဘဲ.. ကျန်တာ
          မန်ဒါလီ

        • garfield

          August 24, 2013 at 5:53 pm

          ယူမှာ …………………………….
          ယူဦးမှာ………………………….။
          ဒီ ကဗျာကို ……………………………….
          အချိန်မှီ အကြောင်းပြန်တယ်နော်။
          နက်ဖြန်ရွာထဲ တင်နဲ့ဦးးးး 😀

  • အလင်းဆက်

    August 19, 2013 at 6:01 pm

    တိန် ကိုဂီ ဂီ

    ကျွန်တော် ခိုက်နေတာ မမခိုင်ဇာ မဟုတ်ပါဘူးဗျ

    ဒေါ်ဖွားမေ ပါ

    ဒုတ်ခ ပဲ အထင်တွေ စလစ်ဖြစ်ကုန်ပါပြီ

    🙂

    🙂

    ဒေါ်ဖွားမေ နှစ်လုံးသားကို မြန်မြန် ဒမြတိုက်ပါတော့မည်

      • Min Zarni

        August 19, 2013 at 6:08 pm

        အကြော်သည်အဘွားယီး ကိုပိုစိတ်ဝင်စားတယ် ပြောတုန်းကပြောပြီး ဘာခုမှ စိတ်မဆိုးပါနဲ့လဲ.

        ဒချိ ဒချိ.

  • အရီးခင်

    August 20, 2013 at 4:48 am

    အရီး ကဘာ ကလောင် က “မြစာကလေး” ပါတဲ့ ပိတ်သတ်ကြီး။
    ပွဲ စီစဉ်သူတွေ ကိုပြောဖို့ နောက်ကျသွားလို့။
    အတော်လက်သွက်တဲ့ ကလေး တွေ။

    သုံးပုဒ် သွားပါတယ်။ (မြစာကလေး ကဗျာ မပါ)
    ဆရာ့ ဆရာကြီး တွေ နဲ့ အတူ ပြပွဲ မှာ ဝင် ရတာ အားလည်း ငယ်ပါတယ်၊ ဂုဏ်လဲ ယူပါတယ်။

    ကေဇီ လေး ရယ် ဖော်ကောင် လုပ်လိုက်ရလား။
    ဒီအတိုင်း ဘဲ လွဲလွဲလေး ထားလိုက် ပြီးရော။
    ဒီ ရွာမှာ ဟိုလူ ကို ဒီလို ထင် ဒီလူ ကို ဟိုလို ထင် ဆိုတော့ မဆန်းပါဘူးလေ။
    ဆန်းတာ က ဒီ လို ပေါက်ကရသုံးဆယ် ရွှတ်နောက်နောက် လုပ်နေ တဲ့ အစ်မ မှာ ဒီ လို အတည်အတန့် အခန့် ရွာ့ ဂုဏ်ဆောင် တွေ ရေးနေနိုင်တဲ့ မောင်လေး ရှိတာ အဆန်းဘဲ။ 😉
    နောက်ဆို မောင်ဇီ လို့ ခေါ်ရမလား၊ မောင်ဇော်လို့ ခေါ်ရမလား စဉ်းစားဦးမယ်။
    ပိုပြီး ငြင်းမယ်ဟေ့။

    မကြည်စင်လေး အရီးက ဟင်းချက် ကောင်းဘူး။
    အစား အကြောင်းလဲ ဖွဲ့တတ်ဘူး။
    ဟိုနေ့က သာကူ စေ့ အလကားရ လို့ အိမ်မှာ ကြို လိုက်တာ ကော်ဖြစ်သွားလို့ အုန်းနို့ဗူး ဖိုး သာကုန် သွားတယ်။
    အားလုံး သွန်လိုက်ရရော။
    ကဘာစပ်ရ တာ ကတော့ အဲတာထက်တောင် ပို ခက်သေး။
    😛

    ဖိုးသိကြား ရော၊ အလက်ဆင်း နဲ့ ကေဇီလေး အပါအဝင် ပွဲဖြစ်အောင် စီစဉ် နေသူ အားလုံး ကို ကျေးကျေးကြီးပါ။

    • garfield

      August 20, 2013 at 8:15 am

      တခါတည်း ဖတ်ပြီး ဗုဒ် သွားတဲ့ အရီး ကို ကျေးဇူး အကြီးကြီးပါ။

      ကဗျာ ပေးပို့တဲ့ အတွက် လည်း ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ။

      မောင်နှမ ၂ ယောက်ကတော့ အပြင်မှာမြင်ရင် အနော့ကို အငယ်လားပဲ မေးကြတယ်။
      ခွိခွိခွိ။ 😀

    • အလင်းဆက်

      August 20, 2013 at 9:03 am

      အရီးခင် ရေ..
      ကဗျာ ရဲ ့ကလောင် အမည်ကို မြစာကလေးလို ့.. ထည့်ဖော်ပြဖို ့…
      ကျွန်တော် မေ့ သွားတာပါ ။
      ခွင့်ခွင့်လေး လွှတ်နော်…။
      ပြန် ပြင်လိုက်မယ် ။
      🙂

      ကဗျာလေးတွေ.. ထပ် မျှော်လင့်နေကြောင်းပါ….

      ချစ်ခင်လေးစားစွာဖြင့်…
      အောင်ရဲလင်းနဲ့တူတဲ့အလင်းဆက်

    • ဦးကျောက်ခဲ

      August 20, 2013 at 9:05 am

      ဟုတ်ပါ့ အရီးရယ်….
      ဒီလောက် ထက်မြတ် တည်တန့်တဲ့ မောင်တစ်ယောက်မှာ…
      အစားသောင်းကျန်းတဲ့ အမဝတုတ်ကြီး ရှိနေတာ…
      ဂုဏ်ယူစရာ ကောင်းပါ့ မလားဟင် ဟီ ဟိ… အာဘွား…
      😀

      • garfield

        August 20, 2013 at 9:15 am

        ကိုယ့်ကိုယ် ကို မှန်မကြည့်ပဲ
        သူများကို
        မှိုချိုးမျှစ်ချိုး
        ပိုးစိုးပက်စက်
        ပြစ်ပြစ်နှစ်နှစ် ရစရာမရှိအောင် ပြောတတ်တဲ့သူတွေ ကို သမီး သိပ်မုန်းတာပဲ ဖေဖေ။
        စိုင်း လို နတ်သားလေး တမျှ ချောတဲ့သူက ပြော ရင် ပြုံးပြုံးလေးနေလိုက်ဦးမယ်။
        ခုတော့ ကိုယ့်ကို ပြောဆိုနေလို့ ကြည့်လိုက်တော့………….. 😥

        • ဦးကျောက်ခဲ

          August 20, 2013 at 9:22 am

          ကျောက်စ် မှန်ကြည့်လိုက်တာ ရမ်ဒီကြီးကိုသွားမြင်တယ်…
          မုန်းပါနဲ့အေ ခြစ်လို့ စ တာ… အာဘွား… ဟီး ဟီး

  • Zaw Thant

    August 20, 2013 at 3:02 pm

    .. အော်.. ဘယ်သူတွေများ သံသယဝင်ကြပါလိမ့်.. စစ်ဘက် နဲ့ ပါတ်သတ်တာဆိုလို့ ငယ်စဉ်ကျောင်းသားဘဝက ဘောင်းဘီ အစိမ်းဝတ်ဖူးတာရယ်၊ ကလေးအချင်းချင်း စစ်တိုက်တမ်းကစားဖူးတာရယ်၊ နဲနဲကြီးလာတော့ computer game မှာ အပစ်အခတ် ဂိမ်းတွေ ကစားဖူးတာရယ်လောက်ပဲ ရှိတာပါ.. 😀

  • Wow

    August 20, 2013 at 3:19 pm

    ကဗျာဒွေ မဗုတ်ကျပဲ ဆွိပဲ ဝိုင်းဗုတ်သွားဂျဒါ အယောက်ငါးဆယ်ကျော်ပါပေါ့လား… ဖျား… ဖျား :mrgreen:

    • garfield

      August 21, 2013 at 11:49 am

      ၅ဝ ကျော်မှာ ကော်မန့်တွေ ထပ်တာရယ်။
      နာ့ ရီပလိုင်း ကော်မန့်တွေရယ်ကြောင့်ပါ ဝါးရယ်။
      နာ့ ကို လူတောက်မြင်ကတ်အောင် မပြောကြေးးးးး :mrgreen:

  • ခရီးသည်ကြီး

    August 20, 2013 at 5:30 pm

    ​အော….!! ကျုပ်​​ပြောချင်​ရာ​ပြောတာ​တွေ ဒီထဲ​ရောက်​လာပါလား …

    ​ကောင်​းလိုက်​တဲ့မားကက်​တင်​း
    ကွန်​မန်​့ ၂ဝ မ​ကျော်​တဲ့​ခေတ်​မှာ ၅ဝ ​ကျော်​ သွားပြ ီ ။
    ဆွဲ​ဆောင်​အား​ကောင်​းပါ​ပေတယ်​ … 🙂
    ငါးကြင်​းဆီနဲ့ငါးကြင်​း​ကြော်​တဲ့ နည်​ပါလား ……

    • garfield

      August 21, 2013 at 11:55 am

      အမငိ။
      ခရီးသည်ကြီးးးး
      အကြံကုန်လို့ ဆားချက်မိတာမို့ မားကက်တင်းတွေဘာတွေလို မမြင့်ပါဘူးဗျ။

      ပိုင်ရာ ဆိုင်ရာတွေ မျက်စိနောက်ပြီး လာနှိပ်ကွပ်မှဖြင့်…….
      ကဗျာအတွက်ရော စကားစမြည်အတွက်ရော ကျေးဇူးပါ။

      🙂

  • Nay Chi

    August 20, 2013 at 10:36 pm

    မြို့ပျက်နေ့
    ကိုယ့်အားကိုယ်ကိုးဈေးသည်
    ဘယ်မှာလည်း ပြည်သူ
    ၃ပုဒ်တိတိကို ဗုတ်သွားပါကြောင်း…။

    ဈေးသည်လေးကိုဖတ်ပြီး ငိုချင်စိတ်တောင်ပေါက်သွားတယ်..။ 🙁

    • garfield

      August 21, 2013 at 12:01 pm

      ပြခန်း တောက်လျှောက် ကူညီခဲ့တဲ့ အတွက်ရော
      ဗုဒ် အတွက်ရော။
      ကျေးဇူး ခြည်ခြည်။

      “ဘယ်မှာလဲ ပြည်သူ” ကဗျာက အရှည်ကြီးကို ဖတ်ရရင် ပိုကောင်းပါတယ်။
      ဒါ အရှည်ကြီးထဲ က ဖြတ်ထုတ်ထားတဲ့ အပိုင်းလေးပါ။

  • ခင် ခ

    August 21, 2013 at 12:12 am

    ကဗျာစုလိုက်တာ ပြခန်း ရ အတွက်ထက်ကျော်သွားတော့ လေသံကပြောင်းနေသလိုပါလား
    ဆုတွေဘာတွေတောင်ပေးမယ်ဆိုဘဲ။
    ဗုတ်တာတော့ ကဗျာတွေခံစားဖတ်ပြီမှ လာဗုတ်မယ်။
    အလွဲတွေဘဲရေးတဲ့ ကျုပ်က အတွဲတွေလည်းမှန်မယ်မထင်လို့ မတွဲတော့ဘူးဗျိူ့

    • garfield

      August 21, 2013 at 11:58 am

      ကဗျာ များတာကြောင့်လည်း လေသံပြောင်းတာမဟုတ်ပါ။
      ဘဝင်မြင့်ပြီး ဆုပေးမယ် ဘာမယ် လုပ်တာမျိုးလည်း မဟုတ်။
      ပြခန်း လူစည်အောင် ရေးမိရေးရာ ရေးလိုက်ရတာပါ။

      ဒါ နောက်ဆုံးပါပဲ ဗျ!!!

  • Ma Ma

    August 21, 2013 at 9:44 am

    ဝက် ဖန် ချင်နေတာနဲ့အတော်ပဲ။ :loll:

    ၁။ မြစာကလေး- နောင်မှရတဲ့အရာ
    ၂။ ခရီးသည်ကြီး- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
    ၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
    ၄။ ကိုကြီးမိုက်- အကြောင်း
    ၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
    ၆။ ကမ်းဝေး- စံပါယ်မီး
    ၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
    ၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
    ၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
    ၁၀။ နွယ်ပင်- အမှတ်တရ ဟင်းလျာ
    ၁၁။ နီယံ- ကိုယ့်အားကိုယ်ကိုးဈေးသည်
    ၁၂။ ချာတူး- အပြန်အလှန်
    ၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
    ၁၄။ Wow- ၃/၄ (သို့) နေ/လ
    ၁၅။ ရေပုလင်း- ထုံပေပေနေ့စွဲများ

    ကဗျာနဲ့ ကဗျာရှင်ကို တွဲပြီး ဗုတ်ပြီး ပါကြောင်းးးးးး 🙂

    • garfield

      August 21, 2013 at 11:00 am

      နာ့ ချစ်မမလေးပဲ စကားနားထောင်သေးတယ်။
      မမရေ။
      ၉ ခု မှန်နေပြီ။

      :mrgreen:

    • Mr. MarGa

      August 21, 2013 at 2:24 pm

      ကိုးခု အတိအကျ မှန်သလေ့
      ကျန်တာတွေကတော့
      ဟဲဟဲ ဆက် မှန်းလိုက်ပါဦးခင်ဗျ

  • ရွှေတိုက်စိုး

    August 23, 2013 at 10:55 am

    ကျုပ်လဲ ကြိုက်လွန်းလို. နှစ်ဗို.ထ် ဗို.ထ် သွားဒယ်ဂျာ…… အဆင်ပြေလား…………………..
    အဆင်ပြေရင် ၁၅၀ဝ လောက်…. ရုံးကပြန်ရင် ကမ်းနားလမ်းက ရေကြီးလို. လမ်းအသစ်က သွားရလို… တိုးဂိတ်ခလေး………… ဟိဟိ

    • garfield

      August 23, 2013 at 3:05 pm

      တောင်းတာကလည်း ၁၅၀ဝ တဲ့။
      ပိုက်ပိုက်မရှိဘူးးး
      ဆိုက်ကား ငှါး ပေးလိုက်မယ် တိုက်တိုက်။ 😀

  • Mahar Myanmar

    August 23, 2013 at 2:33 pm

    ဟေဟေ့ ..ကျုပ်လည်း ဖြေသနော်..
    မမ နဲ့ တူ နေတာ တော့ ပြော မနေ နဲ့..
    ဉာဏ်ခြင်း က မတိမ်း မယိမ်း ကိုး ကွဲ့…
    ဆုပေး ချင် သပ ဆို ရင် ကော်ပီ အင်န် ပေ့စ် .. လက် ခ
    လေး ရရင် တော်ပါပြီ…

    ၁။ မြစာကလေး- နောင်မှရတဲ့အရာ
    ၂။ ခရီးသည်ကြီး- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
    ၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
    ၄။ ကိုကြီးမိုက်- အကြောင်း
    ၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
    ၆။ ကမ်းဝေး- စံပါယ်မီး
    ၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
    ၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
    ၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
    ၁၀။ နွယ်ပင်- အမှတ်တရ ဟင်းလျာ
    ၁၁။ နီယံ- ကိုယ့်အားကိုယ်ကိုးဈေးသည်
    ၁၂။ ချာတူး- အပြန်အလှန်
    ၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
    ၁၄။ Wow- ၃/၄ (သို့) နေ/လ
    ၁၅။ ရေပုလင်း- ထုံပေပေနေ့စွဲများ

    ကဗျာ တွေ ကောင်း လွန်း လို့ ရွေး ရတာ အတော် အုန်းစား သွား တယ်..
    ဘယ်မှာလဲ ပြည်သူ ကတော့ အကြိုက်ဆုံး ရွေး လိုက်ပေမယ့် ကျန် နှစ်ပုဒ် အတွက်
    ကို (၇) ပုဒ် လောက် ထဲ က ရွေး လိုက် ရတာ..ခေါင်း ဆံ ဖြူသွား ပြီ..
    တစ်စိတ် လောက်.. ပြခန်း ပိုင်ရှင် ဆံပင် ဖြူ လာ နှုတ် ပေး…

    ခင်တဲ့

    မဟာ မြန်မာ

    • garfield

      August 23, 2013 at 3:03 pm

      ၉ ခု ပဲမှန်သေးတယ်။

      ဟိဟိ။
      ဂတုံး အလကား တုံး ပေးလိုက်မယ်။
      😀

      • Mahar Myanmar

        August 24, 2013 at 8:15 am

        အဲဒါ ကိုးခု ပဲ မှန် တာ မမ ညံ့ လို့ ကွာ
        သူ အကုန် မှန်ရင် ကျုပ် လည်း အကုန် မှန် ပြီ ပေါ့..
        အခု တော့.. ငှိငှိ..
        မမ ရေ အဖြေ ပြ ဦး နော်..

        • Ma Ma

          August 26, 2013 at 1:56 pm

          မဟာမြန်မာရဲ့ ကော်ပီပေ့စ်နည်းနဲ့ပဲ ခရစ်စတယ်လိုင်းလေးကို လူလည်ကျပြီး ထပ်မှန်းပေးလိုက်မယ်။ :loll:

          ၁။ မြစာကလေး- နောင်မှရတဲ့အရာ
          ၂။ ခရီးသည်ကြီး- ၃/၄ (သို့) နေ/လ
          ၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
          ၄။ ကိုကြီးမိုက်- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
          ၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
          ၆။ ကမ်းဝေး- စံပါယ်မီး
          ၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
          ၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
          ၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
          ၁၀။ နွယ်ပင်- အမှတ်တယဟင်းလျာများ
          ၁၁။ နီယံ – ကိုယ့်အားကိုယ်ကိုးဈေးသည်
          ၁၂။ ချာတူး- အပြန်အလှန်
          ၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
          ၁၄။ Wow- အကြောင်း
          ၁၅။ ရေပုလင်း- ထုံပေပေနေ့စွဲများ

  • အာဂ

    August 23, 2013 at 5:43 pm

    ကျုပ်ကတော့ ကိုယ့်အားကိုယ်ကိုးဈေးသည် ကဗျာကို အကြိုက်ဆုံးပဲ သူကိုပေးမယ်..။

    • garfield

      August 23, 2013 at 6:19 pm

      ကျေးဇူးပါ။ 🙂

  • ခရီးသည်ကြီး

    August 24, 2013 at 9:15 am

    ခင်​ဗျားတို့ကိုနည်​းလမ်​း​ပေးမယ်​ဗျာ
    စကားစမည်​နဲ့ ကဗျာ​တွေကို ​သေချာဖတ်​ကြည်​့
    ထင်​ရှားတာ​တွေ့မယ်​ဗျ
    စကားစမည်​ ထဲမှာ ဘယ်​ကဗျာလို့ ညွှန်​း​နေသ​ယောင်​လည်​းရှိပါတယ်​ဗျ

    🙂 🙂 🙂

    • garfield

      August 24, 2013 at 10:30 am

      You’ve got my point..
      Thank you..
      🙂

  • kai

    August 25, 2013 at 6:04 am

    ကိုရင်လက်လက်က.. ကဗျာလာတောင်းနေတယ်…
    အဲဒါ..
    ဟိုဓါတ်ပုံပွဲလိုဖြစ်စေချင်နေလားမသိ…

    ဆိုတော့…
    ဗုတ်စရာရှိ.. ကျုပ်က.. ဘဲဥမကွဲသူတွေ.. ဗုတ်မယ်ဖြစ်ကြောင်း.. :mrgreen:

    • garfield

      August 26, 2013 at 9:06 am

      တောင်းချင်တာ ကျနော့ ပထမ ပြခန်း နံပတ် ၃ ကတည်းကပါ တဂျီးရယ်။
      နောက်မှ စိတ်လျှော့လိုက်တာ။။

      နတ်နေကိုင်းမို့ မချိုင်တော့ပါဘူးလေ ဆိုပြီးးးး 😀

      ဗုဒ်သွားတာကို ကျေးဇူးတင်ပါဒီ။

  • Crystalline

    August 26, 2013 at 10:46 am

    ၁။ မြစာကလေး- နောင်မှရတဲ့အရာ
    ၂။ ခရီးသည်ကြီး- ၃/၄ (သို့) နေ/လ
    ၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
    ၄။ ကိုကြီးမိုက်- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
    ၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
    ၆။ ကမ်းဝေး- စံပါယ်မီး
    ၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
    ၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
    ၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
    ၁၀။ နွယ်ပင်- ထုံပေပေနေ့စွဲများ
    ၁၁။ နီယံ – ကိုယ့်အားကိုယ်ကိုးဈေးသည်
    ၁၂။ ချာတူး- အပြန်အလှန်
    ၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
    ၁၄။ Wow- အကြောင်း
    ၁၅။ ရေပုလင်း- အမှတ်တယဟင်းလျာများ
    မှားရင် ပီဇာဟတ်ထ်က ပီဇာအကြီးသုံးခုလူကြုံနဲ့ပို့ပေး.. :kwi:

    • garfield

      August 26, 2013 at 10:53 am

      ခရစ်(စ) လေးက ၁၂ ခု မှန်တယ်။
      ဟိဟိ။
      နောက် ၁ဝ ခု ကျော်မှန်နိုင်တဲ့ ၁ ယောက်ပဲ လိုတော့မယ်။

      :kwi:

  • Mahar Myanmar

    August 26, 2013 at 2:08 pm

    ကဲ ကို ခရီး သည် ကြီး ဟင့်ကလေး ရပြီး သကာလ
    ကဗျာ ဆရာ များစွာ ၏ ( ပေါက်တတ်ကရ စကား များ ) အဲလေ..
    စကားစမြည် များ ကို တစ်လုံး ခြင်း တစ်စေ့ခြင်း မှန်ဘီလူး ဖြင့်ဖတ်ရှု
    ရှာဖွေ လိုက်သော အခါ….
    အောက်ပါ အတိုင်း အတွဲ အစပ် ထွက်ပေါ် လာပါ ကြောင်း ခင်ဗျာ…
    ( စကား မစပ်- အားလုံး မှန် လို့ ဆု ပေး တောင် တက် မယူ နိုင် တဲ့
    ဘဝ..ပါ ခင်ဗျာ..)

    ၁။ မြစာကလေး- အကြောင်း
    ၂။ ခရီးသည်ကြီး- ၃/၄ (သို့) နေ/လ
    ၃။ ကိုမျိုးသန့်- ကယ်ရာမဲ့သစ်ပင်
    ၄။ ကိုကြီးမိုက်- ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်။
    ၅။ ကိုရင်ရှုံး- မြို့ပျက်နေ့
    ၆။ ကမ်းဝေး- စံပါယ်မီး
    ၇။ ခက်သီ- ဘယ်မှာလဲပြည်သူ
    ၈။ ဆန်နီ- ပစ္စည်းပြတ်ကာလ
    ၉။ အာဂ- အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
    ၁၀။ နွယ်ပင်- နောင်မှရတဲ့အရာ
    ၁၁။ နီယံ – ကိုယ့်အားကိုယ်ကိုးဈေးသည်
    ၁၂။ ချာတူး- အပြန်အလှန်
    ၁၃။ မာဃ- လူဆိုးတစ်ဦးအတွက် တိုက်တွန်းချက်
    ၁၄။ Wow- ထုံပေပေနေ့စွဲများ
    ၁၅။ ရေပုလင်း- အမှတ်တယဟင်းလျာများ

    ဂါဂါ ရေ ဦး နှောက် တွေ ပူ လာ ပြီ နော်..

    • garfield

      August 27, 2013 at 9:05 am

      ဒါကြောင့် မဟာမြန်မာ ဖြစ်ပေတာပဲ။
      ဘယ်ကို ဆက်သွယ်ရမှာတုန်း ဆိုတာ အလင်းဆက်ကို ပြောလိုက်ပါ။
      အီးမေးကိုတော့ သိပါတယ်။
      နာမည် အရ အင်္ဂါသားလား မသိ။

      :kwi:

      • အရီးခင်

        August 27, 2013 at 2:45 pm

        ခရီးသည်ကြီး ပြောမှ ဆက်စပ် မိတော့တယ်။
        တယ်တော် တဲ့ ကိုမဟာ ဟေ့။ 😛

      • Mahar Myanmar

        August 27, 2013 at 3:57 pm

        တစ်ဆယ့်သုံးကျပ်

        ဂါဂါ ရေ …

        အကုန် လုံ း မှန် နေတာ လား… ကျေးဇူး တင်စကား ပြောပြီ နော် .. ခိခိ
        ဟုတ်ကဲ့ အခု လို ဆုရ တဲ့ အတွက် ပထမ ကျွန်တော့ မိဘ နှစ်ပါး
        ဘာ ညာ သာရကာ ဘာ ညာ ကွိကွ နဲ့ ကျေးဇူး တင်ထိုက်သူများ အား လုံး
        ရွာသား များ အားလုံး အထူ း သဖြင့် ကို ခရီး သည် ကြီး က
        အစ တစ်ခု ပေး လိုက် လို့ ..ကို ခရီးသည် ကြီး…နောက် ပြီး မမ နဲ့ (စတားလုံး ရဲ့
        ညီမ ) ငိုနေတဲ့ စတောလိုင်း ( ခရိုင်းစတောလိုင်း) တို့ ကို လည်း ကျေးဇူး တင်ရ မှာ ပါ…
        (အီး မကျွမ်း ဘူး နော် သီးခံ )
        ဟုတ်ကဲ့ အခု လို ကျေးဇူး တင်ပြီး သကာ လ.. ကျွန်တော် အရမ်း ကို ဂုဏ်ယူ ပျော်ရွှင်
        မိပါ တယ်..ကျွန်တော် လို ဂျူနီယာ တစ်ယောက် က .ဒီ ဆု ကို ရတာ အံဩရပါတယ် …ရွာထဲ က ဆွေတွေ မျိုးတွေ ကို တစ်ယောက် မှ မသိ ပါဘူး…ကျွန်တော် က မုံရွာသား ပါ..

        အခု တော့ မြန်မာ နဲ့ ထိုင်းနယ်စပ် နား မှာ ဘဝပေး အရ ဝမ်းစာရေး ရှာဖွေနေရတာ ကြောင့် ကျွန်တော် တနင်္ဂနွေသား ခင်ဗျာ..(အင်္ဂါသား မဟုတ်ပါ) ဆုပေးပွဲ မတက ်ရောက် နိုင် ပါ ခင်ဗျာ..

        အဲဒါ ကြောင့် ကျွန်တော့ ဆန္ဒ က ဂါဂါ ချီး မြှင့် တဲ့ ဆုငွေ ကို မက်မော ပါတယ်..အဲဒါ ကျွန်တော့် ဦး နှောက် ပူသွား လို့ သွား ဆေး ရတဲ့ ကုန်ကျစရိတ် ကို နည်းနည်း တော့ ကာမိကြောင်း ပါ ခင်ဗျာ…

        ကျွန်တော် က အညာ သား စကား ကို တိုတို ပဲ ပြော တတ် ပါ တယ် ခင်ဗျာ သွယ်ဝိုက် မပြောတတ် ပါဘူးခင်ဗျာ….သောကြာ သား လို့ လည်း မစွပ်စွဲ လိုက်ပါ နဲ့ .ခင်ဗျာ ..

        ဤ ဆုငွေ ကို ကျွန်တော် တကယ် တော့ မက် ပါသည် မန်းလေး သာ ရှိပါ က ကိုယ် တိုင် ထုတ်ပြီး အလင်းဆက် မင်းဇာနည် တို့လို ယမကာလုင် တစ်သိုက်ဖြင့် ဘီယာ နှစ်ဂျား သွား၍ ကစ် ချင် ပါသည် ။ ကျွန်တော် က အညာ သား စကား ကို တိုတို ပဲ ပြော တတ် ပါ တယ် ခင်ဗျာ သွယ်ဝိုက် မပြောတတ် ပါဘူးခင်ဗျာ… ယခု တော ကျွန်တာ့ အလို မပြည့်ပြီ တကား ။ အခု ရတဲ့ ဆုငွေ ကို မည်သည့် နေရာ မှာ မဆို သုံးစွဲ ရန် ပြန်လည် လှူဒါဏ်းသည် ဟု သဘော ထား ပေး ကြပါ ..( မှတ်ချက် ၇၈၆ မပါ ) ကိုခရီးသည် ကြီး ကို မေးပြီး ၎င်း ၏ ဆန္ဒ ဖြင့် ဂါဂါ မှ လိုသ လို ပြန် သုံးစွဲပေး ပါရန် ဖြစ်ပါသည်။

        ကိုခရီးသည် ကြီး ခင်ဗျာ.. အကို ပေးတဲ့ လမ်း ကြောင်း အရ လျှောက် လိုက် တာ မိဂါဂါ ၏
        ပုစ္တာ များ အား ဖြေရှင်း နိုင်ခဲ့ ပါပြီ ။ ရရှိသည့် ဆုငွေ အား လိုသလို သုံးစွဲနိုင် ရန် လမ်းကြောင်း တော် မူ ပေး ပါရန် မေတ္တာ ရပ် ပါသည် ။

        သဘောတူ ပါ က တူ ကြောင်း ပြန်ပေး ပါ ခင်ဗျာ..
        ( နှမျော တသ … နှမျော တသ … နှမျော တသ … )
        ( သာဓု ..သာဓု ..သာဓု ..)

        ခင်တဲ့

        မဟာမြန်မာ

        ပီအက်စ်- ( သူကြီး ခင်ဗျာ..သူကြီး ကျွန်တော့် ကို ဘာ မှ မပြောဘူး ဆို တာ ကို ဘယ်သူ့ ကို မှ
        ဘာ မှ ဖေါ်ကောင် လုပ် မထား ပါ ခင်ဗျာ ..မုံရွာသား နှုတ်လုံပါသည် သဂျဲမင်း )

        • garfield

          August 27, 2013 at 4:05 pm

          ဪ။
          ဘွ။
          လေကြော တိုတဲ့ မုံရွာသားနဲ့မှ လာတွေ့နေပြီကိုးးးး
          မုံရွာနဲ့ ရေစက်မကုန်ပါလားးးး 😀

          ရပါတယ်လေ.။
          ဆု က အလင်းဆက် (သို့) မန်းလေးမှာဆို သကြားမင်း ကို ပေးထားပါ့မယ်။
          ပြန်တဲ့ချိန် ယူနိုင်တဲ့ချိန် သူ့တို့ကို ဆက်သွယ်လိုက်ပါ မောင်လေး မဟာ မြန်မာ။
          ၈၅ ဘွန်းဆိုရင် ကျုပ်ထက် ၄ နှစ် ငယ်တယ်။

          တဂျီးက ဘာပြောတာတုန်းးး။ လူစုံတုန်း ရှင်းပြလိုက်ပါ။
          :mrgreen:

        • Mahar Myanmar

          August 27, 2013 at 4:20 pm

          ဟင့်အင်း..
          မယူဘူး လေ ..
          ပြန်လာဖို့ ဆို တာ
          အရီးခင် ထီ ထိုး သလို ပဲ မို့ ပါ
          ကြိုက် တဲ့ နေရာ မှာ ပြန်သုံး လိုက် ပ ါ ဂါဂါ
          ဒါပေမယ့် ကိုခရီးသည် ကြီး ကို တော့ မေး လိုက်ပါဥိး
          သူ့ကျေးဇူး ကို ကွဲ့

        • garfield

          August 27, 2013 at 4:25 pm

          အဲဒါဆို ကြိုပြောလိုက်မယ်။
          ခုလာမဲ့ ဒါဇင်ပလပ် အလှူမှာ ထည့်လှူလိုက်မယ်နော်။

          ဒီ ပို့(စ) မှာကြည့်လိုက်။ http://myanmargazette.net/183640
          ဒီ အလှူမျိုး နောက်လမှာ ထည့်ပေးလိုက်မယ်.။
          နော်။
          အကြောင်းပြန်ပါ။ 🙂

        • အလင်းဆက်

          August 27, 2013 at 5:46 pm

          အိုဘယ့် အလက်ဆင်းးး
          အသင်သည်ကား ကိုရင်ကြီး မဟာမြန်မာအိ ကျေးဇူးတင်လွှာတွင်
          ယမကာလုလင်တစ်ယောက် ဖြစ်နေပေတော့သကိုးးး

          🙂

          ကောင်းလေစွ ကောင်းလေစွ

          :kwi:

        • Mahar Myanmar

          August 28, 2013 at 8:04 am

          အကြောင်းပြန် ပါ သည်
          ခင်ဗျာ..
          ဒါဇင် ပလပ်စ် အစီအစဉ် ကို
          ဝမ်းမြောက်ဝမ်းသာ စွာ ဖြင့်..
          သဘူ တော ကြောင်း ..
          သာဓု အကြိမ်ကြိမ် ခေါ်ဆို ပါကြောင်း … ခင်ဗျာ

          ခင်တဲ့

          မဟာမြန်မာ

  • amatmin

    August 27, 2013 at 11:02 am

    ဖတ်ပီး..ဗုဒ်ပီး လုပ်ပီး ပါဘီလို့..
    တသောင်းတော့ နောက်ကျသွားဘီပေါ့ ဗျာ.. 😛
    ပြည်သူကိုဖတ်ပီး ရတဲ့ခံစားမှုကတော့ ကွက်တိရယ်..

    • garfield

      August 27, 2013 at 11:14 am

      ကျေးဇူးပါ။ 🙂

  • Kyi Lwin

    August 27, 2013 at 11:34 am

    ကဗျာချစ်သူများကို ပြောချင်ပါတယ်။
    ဆရာတင်မိုးရေးခဲ့တဲ့ ကဗျာတွေကို ´´ကဗျာပေါင်းချုပ် ´´ စာအုပ် စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ် ထားပါတယ်။
    ဖတ်ကြည့်ပြီး ပညာ ယူကြပါကုန်။

    • garfield

      August 27, 2013 at 11:50 am

      ဟုတ်ကဲ့။
      ကျနော် တို့လည်း ကိုယ့်ကိုယ်ကို ပညာပြည့်ဝနေတယ်လို့ ယူဆပြီး လုပ်နေကြတာတော့မဟုတ်ပါဘူးဗျ။
      ကဗျာ ဆိုတာကို အနုပညာ တစ်ရပ်အနေနဲ့ ချစ်လို့ ကြိုးစားပြီး တင်ဆက်နေတာပါ။
      ကဗျာရေးတဲ့သူတွေကလည်း အတတ်နိုင်ဆုံးကြိုးစားပြီး အားဖြည့်နေကြတာပါ။

      ပညာယူစရာ လမ်းညွှန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။

    • အရီးခင်

      August 27, 2013 at 2:42 pm

      မကြည် ရေ – အညွန်း လေးအတွက် ကျေးဇူးပါ။
      ကဗျာကောင်း တစ်ပုဒ် ကို ခက်ခက်ခဲခဲ မဟုတ်ဘဲ အလွယ်လေး ကောက်စပ် နိုင်သူ တွေ လိုမျိုး တွေ့ဖူး လေတော့ ဝါသနာ အခံ၊ ဝိရိယ စိုက်ထုတ် မှု အပြင် ပါရမီ လဲ လိုမလား ပါဘဲ။
      ဒါကြောင့် ကဗျာ တစ်ပုဒ် ကို ဘယ်လို စု တုပြု ဆိုပေမဲ့ ဆြာဇော်သန့် ပြောခဲ့တဲ့ ဘယ်သန် လူတွေ ကိုတော့ လိုက်မှီမယ် မထင်။ 😛

      သို့ပင်သို့ငြား အားမလျှော့ဟေ့။
      ထပ်လာမယ်နော် မြစာကလေး ဆီက။ 😉

    • မဟာရာဇာ အံစာတုံး

      September 2, 2013 at 1:09 am

      @Kyi Lwin

      တစ်ခုလောက် သတိပေးချင်ပါသည်။
      နောက်အခါ
      ဘုမသိ၊ ဘမသိ နဲ့ နေရာတကာ ဝင်ပြီး ဆရာကြီး မလုပ်ချင်စမ်းနဲ့။

  • အရီးခင်

    August 27, 2013 at 2:43 pm

    ဒီပြပွဲ မှာ အများကြိုက် ကဗျာပိုင်ရှင် ရော အင်အားထုတ် ပြီး စေတနာ အပြည့်နဲ့ အားဖြည့် ပေးသူများ ကိုပါ ကွန်ဂရက်ကျူလေးရှင်းပါ။
    တကယ်လို့များ ဘဲဥမကွဲသူ ရှိခဲ့ရင်တောင်မှ ရွာအကျိုး အတွက် ကိုယ့်နိုင်သမျှ စွမ်းအားလေး ထည့်ပေးနိုင်ခဲ့တာမို့ အဲဒီ သူအတွက် ပိုပြီး ဂုဏ်ယူပါတယ်။ 😛

    ပြောရရင်
    ဒီ ကလေး တွေ နဲ့ အပြင်မှာ တကယ်ဘဲ အလုပ်လုပ် ချင်ပါ့။
    ထီထိုး နေတယ်။ ပေါက်လို့ ကတော့ ကမ်ပဏီ အကြီးကြီး ကို တည် ထောင် ပလိုက်ပြီး ဒီလူ တွေ ကိုခေါ်မယ်။
    သူကြီးမင်း အဆိုအရ ကြယ်နက္ခစုံချိန် ထီပေါက်နိုင်ပါတယ် နော်။ 😉

    • garfield

      August 27, 2013 at 2:50 pm

      အရီးရဲ့ ဒီ စကားနဲ့တင် ကြိုးစားရကျိုး နပ်ပြီး နောက်ထပ်ကြိုးစားချင်စိတ်ရှိရပါတယ် အရီးရေ။
      ကျေးဇူးကြီးကြီးပါ။
      🙂

      နောက်ထပ်ပျံသန်းလာမဲ့ မြ ရဲ့ စာကလေးများကို ကြိုဆိုလျက်ပါဗျို့ …

      :mrgreen:

    • Mahar Myanmar

      August 27, 2013 at 4:17 pm

      အရီးခင်
      မဟာမြန်မာ ကို ကုမ္ပဏီ ပိုင်ရှင် နေရာ ခန့်ပေး နော်..
      တစ်ခြား နေရာ ဆို မလုပ် တတ်သေး လို့ ..အထက် က
      စ သင် မလား လို့ ပါ.. အထက်သက် ကြေအောင်ေ ပါ့ ဗျာ..
      အဲဒီ နေရာ ကျွန် တော် ဦး ပြိီ နော်..

      လေးစား တဲ့
      မဟာမြန်မာ

    • Mr. MarGa

      August 27, 2013 at 6:38 pm

      အရီးရေ
      လောလောဆယ်တော့
      အရီးရဲ့ ဒီကလေး တွေထဲက တစ်ယောက် ပတ်ပြေးနေတယ် ဗျ
      (ဟီဟိ လူကြီးမို့ လှမ်းတိုင်တာ)
      အိုက်ဒါ လာပြီး ခေါင်းခေါက် ဆုံးမ ပေးပါဦး လို့ 😛

  • Crystalline

    August 27, 2013 at 3:25 pm

    တော်ပြီး.. မမကေဇျီကိုစိတ်နာတယ်.. 🙁 တူများမှာ စာမျက်နှာနှစ်ခုလုံးဖွင့်ပြီး ဟိုဖက်ဒီဖက်တွဲဖတ်လိုက်ရတာ မောရော.. တစ်ခေါက်လောက်သာဖတ်လေ့ရှိတဲ့ ကဗျာတွေကိုလည်း သုံးခေါက်စီလောက်ဖတ်လိုက်ရတယ်.. 🙂

    • garfield

      August 27, 2013 at 3:32 pm

      ရော်။
      ခရစ်(စ) ဖြေတဲ့ အချိန်ကလည်း ခရီးသည်ကြီး က သဲလွန်စပေးပြီးပြီဟုတ်။ 🙂

      ခေါင်းစဉ်ကြည့်ရုံနဲ့ ရတဲ့ဟာကို။
      မဟာမြန်မာ မလာရင် ညီမလေး အမှန်ဆုံးပဲ။

      စိတ်ဆိုးနဲ့။
      ဒီရောက်မှ စားချင်တာလိုက်ကျွေးမယ်။
      😀

      • Min Zarni

        August 27, 2013 at 3:42 pm

        လောလောဇယ် စားဂျင်ဒါကတော့ ..
        ယုစ်သန်ဒါတင် တပွဲပေးပါ…

        😛

        • garfield

          August 27, 2013 at 3:48 pm

          သူ့ကို လည်း ကျွေးမယ် မပြောပဲနဲ့။
          ယု ကို ဒါးနဲ့ မွှန်းပြီး ဆားနဲ့ နယ်ပြီး နေပူလှန်းထားတဲ့ ယု(စ) ခြောက် ရှိတယ်။
          မီးကင်ပြီး ဆီဆမ်းတစ်ပွဲပေးမယ်။
          စားမားးးးး

          😀

        • အရီးခင်

          August 27, 2013 at 3:50 pm

          ရှီး ရေ ….
          အမိုးရေ …..
          အဘစောဘိုမျ ရေ …..
          ဟောဒီမှာ။ 😉

    • Mahar Myanmar

      August 27, 2013 at 4:13 pm

      သို့

      ခရိုင်း စတောလိုင်း

      မဟာမြန်မာ ရဲ့ အစွမ်း အစ က နည်းနည်း ပါ ခင်ဗျာ..
      အကုန် ဒိုးလိုမွှေ ရေလို နှောက် က မဟာမြန်မာ လည်း
      ဖတ် ရ ပါတယ်…

      မမ တစ်ယောက် ကိုးခု မှန်
      ခရီးသည်ကြီး က လမ်း ပြ လိုက် တော့…
      ခရိုင်းစတောလိုင်း က သုံးခု မှား..
      မဟာမြန်မာ ကျော်လို့သွား

      အမှန် က ( အကြံတူ နောက်လူ သာစမြဲ ဆိုတဲ့ စကား ပုံ လို ပါ ဘဲ )

      မမ ရယ် ခရီး သည် ကြီး ရယ် ခရိုင်း ရယ် မရှိရင် မဟာမြန်မာ လည်း
      မရှိပါ ဘူ း ကွယ်…

      စိတ်မပျက် နဲ့ အလှပျက်တတ် တယ် ။

      ခင်တဲ့
      မဟာမြန်မာ

      • Crystalline

        August 27, 2013 at 6:06 pm

        အယ်… သူများငိုလည်းမငိုဘူး.. စိတ်လည်းမဆိုးပါဘူး.. ကိုမြန်မာဘီယာရယ်.. :mrgreen:

        • Min Zarni

          August 27, 2013 at 6:20 pm

          ကိုမြန်မာဘီယာ မှမသိတာ မမခရစ်စ်က ကိုကိုကြောင့်ရင်ခွင်မှာပျော်နေတယ်ဆိုတာ

        • Mahar Myanmar

          August 28, 2013 at 8:11 am

          ဟုတ်တယ် ဗျ.. သိလိုက်ဘူး
          ခရိုင်း က ခရိုင်း နေတယ် မှတ် ကိုး ဗျ.
          အဲဒါ ကြောင့် အားပေး စကား လေး ပြောကြား ပေး
          တယ် လေ..

          အခု တော့ သူက … အဟင့်
          အားပေးစကား မှ အား မနာ…သူများ ရင်ခွင်မှာ
          ပျော်ရက် တယ်…

          မြန်မာ ဘီယာ များများ ခေါ်စမ်း ပါ ဗျာ..
          ကြိုက်လွန်း လို့ ပါ…

          ခင်တဲ့
          မဟာဘီယာ. အဲလေ မြန်မာ

  • surmi

    August 27, 2013 at 7:06 pm

    ကျ​နော် ​နောက်​ကျသွားြပြီ 🙁 ​

    • garfield

      August 28, 2013 at 9:02 am

      နောက်မကျသေးပါဘူး ဆာဆာ။
      ဗုဒ် သွားပါဦးးး

      :kwi:

  • အာဂ

    August 28, 2013 at 6:12 pm

    အယ်မလေး ကွန့်မန်တွေများလွန်းလို့ ၂ထပ်တွေဖြစ်ကုန်ဘီ ။ ဖတ်လို့တောင် မရတော့ဝူး..။ ကွန့်မန့် မုန်တိုင်းဆိုတာ ဒါကိုပြောတာဟင်..။

  • KZ

    September 2, 2013 at 8:28 am

    ဗုဒ် လည်း ပိတ်ပါပြီ။

    ရလာဒ် အရ
    စုစုပေါင်း ဗုဒ် ၁၀၅ ခုမှာ….

    မောင်လေး အာဂ ရဲ့ “အချစ်ရဲ့ ကြိုးဆက်ထုံးလေးများ” ကဗျာက
    ဗုဒ် ၁၉ ခု နဲ့ လူကြိုက် အများဆုံး ဖြစ်သွားပါတယ်။

    နောက် ပြခန်း နံပတ် (၈) လည်း တင်ပြီးပြီမို့ အဲဒီပြခန်းမှာလည်း အားပေးကြပါဦးးး
    ပံ့ပိုးသူ အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းးးး
    :mrgreen:

Leave a Reply