သူတောင်းစား လောက် တောင် မာန မထား နိုင် တဲ့ ဘဝ.. ဒီ ဘဝ

Mahar MyanmarAugust 19, 20137min15111

သူတောင်းစား လောက် တောင်  မာန  မထား  နိုင်  တဲ့  ဘဝ..  ဒီ ဘဝ

အောက်အီးအီးအွတ်..

………………….

အရုဏ် ကျင်း ..

တစ်နေ့တာ  လင်းပြန်  ပေါ့

နှိုးစက်သံတညံညံ

အလွမ်း သံစဉ် နဲ့ ခွဲခဲ့ ပြီ  ဒီအိပ်ယာ..

ရိုးတိုး ယိုင်တိုင် ကုတင် တိုင်     ကိုင် ကာထ

တစ်လုံး အရှူံး ..   တွေ  နဲ့

နန်းနွေည   ကုန်ခဲ့ရပြီ ..

တစ်နေ့တာ  ..ဒီ သောက်  နန်းလာ  ကို

ငါ ..

ဘယ်လို     ကျော်ဖြတ်  ရပါ့

တစ်ပါတ်စာ  သံသရာ

လည် ရပြန်ပြီ  ။

စိတ်ညစ်တယ်  ဒီနန်းလာ  ကို

မကြိုက်ဘူး ဆို  ရောက်ရောက်လာ

ဆုံးပဲ  မဆုံးနိင်သေး..

နန်းနွေ ဆိုကြာ ပဲ  မကြာနိုင်ဘူး

တစ်ရက်တာ  အတွက်..

ဒီ ခြောက် ရက် ခရီး  ဟာ

ငါ့  အတွက် ..ပေးဆပ်ရခြင်း. ..  တွေ

လောက  မှာ  လည်း…

တစ်ချို့ တွေ  က  .ကုသိုလ်  ပြောင်းပြန်

အကြောင်းဖန် လာတော့

ခြောက်ရက်တာ  က

သူတို့  အတွက်  ဟောလီးဒေး   ..  တဲ့ ။

တစ်ချို့  က  တစ်နေ့လုပ်  တစ်နေ့စား

တစ်ချို့က  တစ်နေ့လုပ် ဆယ်နေ့စား

တစ်ချို့က တစ်နေ့လုပ် တစ်သက်စား

ဒီလို  ..  ဒီလို

ကံကြမ္မာ ဖဲယား    မပလေး  တာ  ကို

သိသိ ကြီးနဲ့  ယှဉ်ပြိုင် နေရတာ

ငါ  ..

ပွဲသိမ်း  ခရာ  မမှုတ် သရွေ့  ပေါ့  ။

သူဌေးကြီးကလည်း  ခရိုနီ ဘွဲ့  နဲ့  မာနတွေတက်လို့

အဘ  ကလည်း  အဘ လို့  မခေါ်ရင်စိတ်ဆိုးသတဲ့

မမ  ကလည်း   ..မမ  ခေါ်ရမတဲ့

ပြောချင်တော့ဘူး..

စားစရာ  ရှိရင်

သူတောင်းစား  တောင်  ဒီတစ်နေ့

မာန  ကြီးနိုင်တဲ့  ခောတ် မှာ..

ဒီ နန်းနွေ  တစ်ရက်  အတွက်

ငါ့ မာန တွေ ကို

ချနင်း ခဲ့  ရပြီ

ဤ ခြောက်ရက်    ..   ဆီ    ။

မဟာမြန်မာ

*ခက်ဆစ်*

(ထားဝယ် / အင်းသား  စကား)

နန်းနွေ         =  တနင်္ဂနွေ          = Sunday

  နန်းလာ        = တနင်္လာ            = Monday

(သိုးဆောင်းစကား)

ဖဲယား          = မျှမျှ  တတ         = Fair

ပလေး          = ကစားသည်        = Play

ဟောလီးဒေး  = အားလပ်ရက်       = Holiday

(တိရစ္ဆာန်  စကား)

အောက်အီးအီးအွတ် =     ငါ့ အသံ ကြား       = Let’s all wake up &  dance

                                                      အကုန် ထ က ကြ            when you  hear my sing

11 comments

  • Min Zarni

    August 19, 2013 at 10:34 am

    တခါက ဖြစ်သည် ကနားစီး မိဂီ မျက်စိလည်လမ်းမှားပီး ဆေးကျောင်းတော် ရောက်သွားပီး ဆေးရုံဆင်းရသည်…။
    အသက် ၆ဝနီးနီး ဆေးရုံအုပ် ဘွားတော် ..ကို ဆြာမကြီး တီချယ် စသည် ခေါ်ရင် မကြိုက်ဝူးတဲ့ ..အဲ့ဒါတွေက
    လူနာနဲ့ နာ့စ်မဒွေ ခေါ်ဖို့ထားသဒဲ့ …။
    ဆေးရုံအုပ်ကို မမကြီး ဒုဆေးရုံအုပ်ကို မမလေး ခေါ်ရမတဲ့ …
    ကိန်ကိန်.. အဲ့တုန်းက ကျော်တို့က ရှိလှ ၁၉-၂ဝလေ..
    (ဖော်ပဟေ့…)

  • Mahar Myanmar

    August 19, 2013 at 4:27 pm

    စစ်တပ် ဆို ပိုဆိုး
    အဘ တဲ့…
    ကတော် က မမ တဲ့..
    အသက်ကြီးကြီး အဖွားကြီး တွေ က
    ငယ်ငယ် ကတော် လေး တွေ ကို မမ တဲ့
    ခွိခွိ..
    ဖေါ်တယ် ဟေ့..
    စိတ်ခေါ်ရင်..
    ပုဆိုး ကွင်း သိုင်း ပစ်မယ်..ဒါပဲ

  • TNA

    August 19, 2013 at 4:54 pm

    ဟိုတခါ ဗိုလ်မှုးကြီးကို ဗိုလ်မှုးလို့သွားခေါ်မိလို့ တကတဲ ဥပဒေချိုးဖောက်တာကျနေတာပဲ။ ကျုပ်က ဗိုလ်မှုးမဟုတ်ဘူး ဗိုလ်မှုးကြီး ဗိုလ်မှုးကြီး သေချာခေါ်ပါတဲ့။ အော်လိုက်တာကိုတအားပဲ။ မုန်းစရာအေ။

    • Mahar Myanmar

      August 20, 2013 at 7:41 am

      သူ့ခမျာ…
      အော်ဒါ မအောက် ပဲ အဆင့် လျှော့ ခံ ရသကိုး ကွဲ့..
      နဂိုရ် က မှ ရာထူး က ပြုတ်တုတ် တုတ် မို့ ..
      အနာ ပေါ် အရက်ပြန် ကျသွား ပုံ ပဲ
      ကို TNA ရေ ( ဟင် … တီအင်န်အေ ဆို တာ ယမ်း ပဲ ဟ )
      တို့မီး ရှို့မီး လုပ်လို့ ရတယ်…
      ရော့ မီးခြစ်..

  • အလင်းဆက်

    August 19, 2013 at 5:55 pm

    ကဗျာလေး ဖွဲ ့စည်းထားပုံ ကြိုက်တယ်ဗျာ

    ဒါနဲ့ အဲဒီ အောက်အီးအီးအွတ်လို့အော်တတ်တဲ့ ကြက်ဖကြီးတွေ က ကံကောင်းတယ်နော်

    မိန်းမတွေ အများကြီး ယူပေမယ့်
    ယောက္ခမ ကျတော့
    တစ်ယောက်မှ မရှိဘူး

    အဟိ

    ကဗျာ တွေ စာတွေ မဝေဖန်တတ်လို ့
    တွေးနိုင်သလောက်လေး ဝင်ပြောကျိတာပါ

    🙂

  • garfield

    August 20, 2013 at 8:01 am

    အနော့ ကိုတော့ မမ မခေါ်နဲ့ ။
    ကြိုက်ဘူးးး

    😀

    • Mahar Myanmar

      August 20, 2013 at 4:35 pm

      ဟုတ်ကဲ့ .. မ မ
      ခေါ် ဘူး ရယ်…

  • ရွှေမိုးတိမ်

    August 20, 2013 at 2:43 pm

    တစ်ချို့ က တစ်နေ့ လုပ် တစ်သက်စား…..

    ကဗျာလေး နှစ်နှစ်ခြိုက်ခြိုက်ဖတ်သွားပါတယ် ….

  • koyinmaung

    August 21, 2013 at 10:27 am

    မကြားဘူးတဲ့ ဝေါဟာရ အဆန်းလေးတွေနဲ့…
    …အားပေးဖတ်ရှု့သွားပါတယ်….
    အောက်အီးအီးအွတ် = ငါ့ အသံကြား အကုန် ထ ကြ

  • lele kyi

    August 21, 2013 at 8:11 pm

    ဆြာမဟာ ကို စကားပြန်ငှားချင်ပါတယ်။ အိမ်က ဝုတ်ဝုတ် ပြောတာ နားမလည်လို့။

    • Mahar Myanmar

      August 22, 2013 at 11:38 am

      လီလီ က သူတို့ စကား တောင် ပြော တတ် နေတာ ကို..
      စကားပြန် မလို တော့ ဘူး လေ.. ဟယ်

Leave a Reply