လက်ခုပ်သံတွေ ဆူလောင် ပေါက်ကွဲ

မိုး စက် တွေ တွဲ လဲ ခို တဲ့ မိုးကြိုး ည တစ်ည ထဲ

ခေါင်းကို ငုံ ပြီး ဂါရ၀သာ ပြုလိုက်ရတယ် ။

မကျေနပ် နိုင်သေးဘူး

ဒါပေမဲ့ လဲ ငါ့ရှေ့ မှာ ကန့် လန့် ကာ ကျ ခဲ့ပြီ လေ

ငါ့အခန်း ငါ့ကဏ္ဏ ဒီ နေ ရာ မှာ ပြီးဆုံး ပြီ

ဇာတ် မနာ နာ အောင် ရေးခဲ့တဲ့ ဇာတ်ဆ ရာ

ကျုပ်မှာ လူကြမ်းလုံး လုံးကို ဖြစ်လို့ 

ရှုစားသူတွေအတွက် နောက် ၇ ရက် အထိ ကျုပ်မကောင်းကြောင်းကို ပြော နေကြဦးမယ်

နောက်တော့ လဲ ကျုပ်ဆိုတဲ့ ဗီလိန် တစ်ကောင် ကို ခင်ဗျား တို့ မေ့ သွား မှာ ပါ

ကျုပ်နေရာမှာ အခြား အခြားသော ပို ပြီး ပြောင်မြောက် တဲ့ အခိုင်းခံ ချက်တွေ နဲ့ 

ကပြမဲ့ သူ တစ်ယောက် ခင်ဗျား တို့ ရှေ့ မှာ အသုံးတော်ခံ ဦးမှာ ပါ

ပုခက်တွင်း နဲ့  သချိုင်း တွင်း တွင်း ၂ တွင်း ကြားထဲ ဖြတ်လျှောက်တဲ့ ကာ လ မှာ

ကျုပ်က ယုတ်မာ ပြ လိုက်ရ ကောက်ကျစ်ပြ လိုက်ရ နဲ့ 

အဲဒါတွေက ကျုပ်လုပ်ချင်လို့  ကျုပ်ဖြစ်လို့  မဟုတ် ဘူးဆိုတာ

ခင်ဗျားတို့ ကို နားလည်စေချင်တယ်။
အသက် တစ်ချက် ရှု တိုင်း အမုန်း တစ်ခါ ခံရတယ်

ကြမ္မာ နဲ့  ကျုပ် နေ့ နဲ့ မသင့် ခဲ့တာ

ဇာတာ ထဲမှာတောင် အမည် သညာ ခေါ် စရာ က ဗီလိန် ဖြစ်နေခဲ့တာကိုး

နာမည် က လဲ ဆပွတ်မကိုက်

ဒီတော့ ဒိကောင့် ဘ၀ မှ မမုန်း ဘယ်သူ့ ဘ၀ သွားမုန်းကြမလဲ

လူအဖြစ် အသက် ရှု မိ ခဲ့တာ မှား ခဲ့ တာ ကိုးးးး။။။။။။

About snique

david snique has written 11 post in this Website..

just a man