အလင်းဆက် ညွှန်းချင်တဲ့ စာအုပ်ကောင်းတစ်အုပ်

alinsettAugust 21, 20132min21211

ကျွန်တော်  မော်ဒန် စာပေဆိုင်ရာ အချက်အလက်တွေ …

အတွေးအမြင်တွေကို   စ လေ့လာချိန်မှာ…

ပထမဦးဆုံး ဖတ်ခဲ့တဲ ့ စာအုပ်လေးပါ ။

ဖတ်ဖူးသူတွေ လည်း ရှိပါလိ်မ့်မယ် ။

မဖတ်ရသေးသူတွေ ရှ်ိရင် ဖတ်ဖို ့….

ဖတ်ပြီးသူတွေ..ပြန် ဖတ်ချင်ရင် ဖတ်ဖို ့..

ပြန် ဝေမျှပေးလိုက်ပါတယ်နော် ။

ဆရာတာရာမင်းဝေ ဟာ..

သူများမတွေးတဲ ့ထောင့်လေးတွေကနေ ေ တွးတတ်ရေးတတ်လို ့…

သူ ့ အယူအဆတွေ ဖတ်ရတာ.. စိတ်ဝင်စားဖို ့လည်းကောင်းသလို…

ရသမြောက်အောင် ရေးတတ်တဲ့ပညာမှာလည်း.. ပါရမီပါသူတစ်ယောက်မို ့…

ဖတ်ရတာ  တော်တော်အရသာ ရှိတဲ ့ စာပေလက်ရာတစ်ခုပါ ။

စာပေအနုပညာဆိုင်ရာ ဆောင်းပါးတွေ…

စုစည်းထုတ်ဝေ ထားတဲ ့..  ဒီ ပြိုင်မြင်းတို ့ရဲ ့ခွါ သံက….

စာပေအနုပညာကို ချစ်မြတ်နိုးစွာ..လေ့လာနေသူတွေအတွက်…

တစ်ခုခုတော့.. အကျိုးပြုနိုင်ပါလိမ့်မယ် ။

 

——————-

ကျွန်တော်တို ့ ချစ်သော  

ရသ စာပေနယ်ပယ်ထဲမှာ.. လင်းလက်တောက်ပခဲ့ဖူးတဲ့..ကြည်တစ်ပွင့်ဖြစ်သော….

ဆရာတာရာမင်းဝေကို လွမ်းလို ့…..

အလွမ်းပြေလေး… ဆရာ့စာတွေကို.. ပြန်ဖတ်နေရင်း…..

အားလုံးနဲ ့ အတူတူ ဖတ်ရအောင်..  ပြန် ဝေမျှ ပေးလိုက်ပါတယ် ။

စာအုပ်ဆိုင်တွေပေါ်မှာ..  တွေ့ဖို ့ မလွယ်တော့တဲ ့ စာအုပ်တစ်အုပ်ပါ ။

ရှာရ ခက်နေသူများ ဖတ်ရ အဆင်ပြေပါနော် ။

———————-

 

 

 

 

 

 

 

 

111

 

 

 

 

 

taryarminwai

 

 

(ကျွန်တော် ဖွင့်ကြည့်တာတော့ အဆင်ပြေတယ်  ။)

 

 

==================================================

 

ပေးထားတဲ ့ဖိုင် က ဖွင့်မရရင် ….

ဒီနေရာမှာသွား ဖတ်နိုင်ပါတယ်နော်…။

 

 

 

 

လွမ်းဆွတ်ခြင်း
လွမ်းဆွတ်ခြင်း

=========================================

 

လေးစားစွာဖြင့် ..

အလင်းဆက်

 

 

 

11 comments

  • u kyein

    August 21, 2013 at 12:51 pm

    အခုလိုဖတ်ခွင့်ရအောင်ကူညီပေးတဲ့(အလင်းဆက်) မနှေးမြန်စွာပဲ(ချစ်သုဝေ) မှ အိမ်တိုင်ရာရောက်
    နားဖောက်ကမ်းလှမ်းနိူင်ပါစေ။

    • အလင်းဆက်

      August 21, 2013 at 1:37 pm

      အဟိ

      ဒီ ဆုတောင်းစကားလေး ကြားရတာ
      အရသာ ရှိလိုက်တာ
      ပေးတဲ့ဆုနဲ့
      အခု ချက်ချင်း ပြည့်ချင်မိပါတယ်

      :kwi:

    • Min Zarni

      August 21, 2013 at 2:01 pm

      ချစ်သုဝေ နဲ့ ညားအောင် ဓါတ်တူနာမ်တူဖြစ်တဲ့ ချစ်သက်ဝေ ဇာဘော်လီ ဝတ်ဝတ်အိပ်ပီး ယတြာ ချေနေတယ် ကြားတာပါပဲဗျာ..

      • GARFIELD

        August 21, 2013 at 2:10 pm

        နင်ကရော ရှီးနဲ့ညားအောင်…. -ီးကိုင်ကိုင်အိပ်နေတယ်ဆို…

        တမျိုးမထင်ကြနဲ့နော်… -ီး = ဘီး (ဆံပင်ဖီးသောဘီး…မောင်ဂီဆံပင်တွေရှည်လာလို့တဲ့…)

        ခင်မင်လျက်-
        ဂါဂါးကြီး

      • အလင်းဆက်

        August 21, 2013 at 4:27 pm

        ကိုဂီ ပြောမှ အဲဒိနာမည်နဲ့ အဲဒိ ဟာကြီး ရှိနေမှန်းသိတော့တယ်။

        ချစ်သုဝေနဲ့ သာ ညားမယ်ဆိုရင် ကုလားမ ဆာလီပဲ ခြုံ အိပ်ရ အိပ်ရ
        ခြုံမှာပဲ

        ဟဲဟဲ

        :kwi:

  • kyeemite

    August 21, 2013 at 2:36 pm

    အလင်းဆက်ရေ..ဒေါင်းပြီးသိမ်းလိုက်ပါ၏(အားမှဖတ်ရန်)
    ဒေါင်းလို့လည်းလွယ်ပါဂျောင်း…. သင့်ခရုပါနော 🙂

    • အလင်းဆက်

      August 21, 2013 at 4:53 pm

      ဦးကြီး ရေ ။
      စာအုပ်ကောင်းလေး ဖတ်ဖို ့သိမ်းလိုက်ပြီဆိုလို့ ဝမ်းသာပါအိ ။

      ဒေါင်းယူ ရတာ လွယ် တယ်ဆိုလို ့စိတ်ချမ်းသာပါအိ ။
      ကျွန်တော်က မလွယ်မှာ စိုးနေသေးတာ

      🙂

  • uncle gyi

    August 21, 2013 at 10:53 pm

    အမှန်ပြောရရင်
    တာရာမင်းဝေကိုကြိုက်တဲ့စာရင်းထဲမပါတာအမှန်
    အခုတော့အလင်းဆက်ညွှန်းလို့
    ဒေါင်းပြီးသွားပြီ
    ဖတ်ကြည့်လိုက်အုန်းမယ်

    • အလင်းဆက်

      August 22, 2013 at 5:33 pm

      အန်ကယ်ကြီးရေ

      ဖတ်ကြညည့်ပါနော်
      တာရာမင်းဝေရဲ့ စာပေအယူအဆ အတွေးတွေက
      တမျိုးတော့ အရသာ ရှိနေတယ်လေ
      ကျွန်တော်တော့
      အဲဒီ စာအုပ်ဖတ်ပြီး
      သူက ဒီလို ယယူဆတယ်
      ကိုယ်က ဒီလို ပဲ ယူဆတာ ဆိုပြီး
      အတွေး အယူအဆတွေ ပွါးများမိခဲ့တယ်။

      စာအုပ်က ထွက်ထားတာတော့ ကြာပါပြီ ။
      သိပ်မသိလိုက်ကြတဲ့ အပြင်
      ဝယ်ရတာလည်း ခက်နေတဲ့ စာအုပ်ဆိုတော့
      ညွှန်းချင်လာတာ

      လေးစားချစ်ခင်လျက်

  • ရွှေမိုးတိမ်

    August 22, 2013 at 9:39 am

    ဆရာတာရာမင်းဝေ က ကျနော့် အကြိုက်ဆုံးဆရာတွေထဲ က တစ်ယောက်ပါ။ ဒါပေမယ့် ဒီစာအုပ်တော့ မဖတ်ဖူးသေးဘူး ။ ခုလို စာအုပ်လင့်လေးတင်ပေးတာ ကျေးဇူးတင်ပါတယ် ။

    • အလင်းဆက်

      August 22, 2013 at 5:35 pm

      ရွှေမိုးရေ
      ဖတ်လိုက်ပါနော့
      စာပေအယူအဆေတွေ လေ့လာ ကြည့်ရတာ
      ပျော်စရာကောင်းတယ်ဗျ

      :kwi:

      ခင်မင် လေးစားလျက်

Leave a Reply