နေလေရဲ ့

sniqueAugust 3, 20101min762

စွဲလန်းတတ်သူခမျာ တိမ်တွေကို ကြိုးချည်ရင်တောင် အဟုတ်ကြီး ထင်နေလေရဲ ့

ခံစားတတ်သူခမျာ နှုတ်ခမ်းတစ်ချက်တွန် ့တာတောင် တကမ္ဘာ ထင်နေလေရဲ ့

စွန် ့လွှတ်တတ်သူခမျာ အငှားရင်ဘတ် ဓားနဲ ့ပက်ခံဖို လည်စင်းနေလေရဲ ့

ကြေကွဲတတ်သူခမျာ လရောင် ဝေး မဲ ့ အချိန်ကို တင်ကြို မျှော်မှန်းရင်း လွမ်းနေလေရဲ ့

ဝမ်းနည်းတတ်သူခမျာ ခါးသီးတဲ့ တကိုယ်ရည် ညတွေမှာ မျက်ရည်သုတ်နေခဲ့လေရဲ ့

ချစ်တတ်သူ ့ခမျာမှာတော့ ရင်ဝှက်ပန်း ဘယ်အချိန်မှာ ပွင့်လန်းမလဲ ဆိုတာစောင့်မျှော်ရင်းနဲ ့ အသက်တွေကြီးနေလေရဲ ့

2 comments

  • etone

    August 3, 2010 at 8:48 am

    မိုက်တယ်ကွ ။ ဘယ်သူရေးတာလဲ ။

  • snique

    August 3, 2010 at 12:32 pm

    ကျွန်တော်ရေးတာပါဗျာ

Leave a Reply