ဖတ်ရွေး အဖွဲ့သားများအလိုရှိသည် Wanted….Best Web Awards

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဖတ်ရွေး အဖွဲ့သားများအလိုရှိသည် Wanted….Best Web Awards

ရွာသူားများအားလုံး မင်္ဂလာပါဗျာ….

ရေးမယ်…ရေးမယ်နဲ့ အချိန်ကြာသွားလို့ မနေ့ညကတော့စာလေးအပီးသတ်ပြီး

ဒီမနက်တင်မယ်လုပ်တော့မှ…မဟာရာဇာကပို့စ်တက်နေပြီ…

တကယ်က ကျုပ်တာဝန်လုံးလုံးပါ…အံဇာကိုလည်းကျေးဇူးတင်ပါတယ်…

ကျုပ်ဒီနေ့ ပြောချင်တဲ့အကြောင်းကတော့ ရွာရဲ့ `ဖတ်ရွေး´ ကိစ္စပါ

ဒီအကြောင်း ပီးခဲ့တဲ့ တွေ့ဆုံပွဲတုန်းကပြောမလို့ဘဲဗျ…

မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူားများတွေ့ဆုံပွဲအပျော်တွေကြားမှာ

ကျုပ်ပြောချင်တာတွေပျောက်နေခဲ့လို့ရယ်..တစ်ရွာလုံးကိုသိစေချင်တာရယ်ကြောင့်

အခုလိုပို့စ်တင်ပြောလိုက်ရခြင်းပါဗျာ…..

`ဖတ်ရွေး´ဆိုတာစတင်ဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးခဲ့သူကြီးကတော့

ဂဇက် တံခါးမှုးကြီး၊ လဘက်ရည်ချိုပေါ့ကျအဖျော်ဆရာ၊ နားစွန်နားဖျားရပ်ကွက်လူကြီး

သွားလေသူကြီး….အဲ အဲ ဖတ်ရွေးအဖွဲ့မှစိမ်းစိမ်းကားကား ထွက်ခွါသွားလေသူကြီး ကိုဘလက်ချောပါဗျာ…

သူ့ရဲ့စည်းရုံးမဲဆွယ်မှုကြောင့် ရွာထဲက မျက်စိကမှုံ လက်ကတုန်နေသူ လူကြီးသူမတချို့

အလုပ်ကို်ယ်စီ မအားတဲ့ကြားက ရွာထဲရေးတင်လာသမျှ စာများထဲက အကြိုက်ဆုံး

စာလေးတွေကို ရွေးချယ်ပြီး ဆုပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ…

မန်းဂဇက်ဝက်ဆိုဒ်မှာ စာကောင်းပေကောင်းတွေများများရေးလာစေဖို့ရည်ရွယ်တာပေါ့

ပြောရမယ်ဆိုရင်…ကိုယ့်ထမင်းကိုယ်စားပီး ဂျီးတော်(သူကြီး)နွားကျောင်းဖို့ကြံစီကြတာပါပဲ..

မှတ်မိသမျှ မမှားဘူးဆိုရင်တော့..မူလပထမ ဖတ်ရွေးအဖွဲ့ဝင်တွေက

၁။ ဘလက်ချော(ယခုနှုတ်ထွက်ပြီး)

၂။ ဦးဦးပါလေရာ(ယခုနှုတ်ထွက်ပြီး)

၃။ နိုဇိုမိ(ယခုနှုတ်ထွက်ပြီး)

၄။ ပဒုမ္မာ

၅။ အရီးခင်လတ်

၆။ ကိုပေါက်(မန္တလေး)

 ၇။ အဘဖေါ

၈။ ကထူးဆန်း(ယခုနှုတ်ထွက်ပြီး)

၉။ လင်းဝေ(ယခုနှုတ်ထွက်ပြီး)

၁၀။ မမ

၁၁။ မဝေ

၁၂။ အင်ဇာဂီ

၁၃။ ကြီးမိုက်(ခုထိမိုက်နေသေးသူကြီး)

 

 

လူတွေတစ်ယောက်ပြီးတစ်ယောက်နှုတ်ထွက်သွားတော့

ဖတ်ရွေးအဖွဲ့အားနည်းလာလို့ ဖတ်ကူတွေအဖြစ်အကူအညီတောင်းတော့

အမတ်မင်း

ရွှေတိုက်စိုး

ပုချ်

ဖက်တီးကက်

အလင်းဆက်

မွန်မွန်

တို့ကဖတ်ကူလာခဲ့ကြပါတယ်…(လူကျန်သွားရင်ခွင့်လွှတ်ပီး သတိပေးပါနော)

ကူခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ပါ၏။

 

….အခုဆိုရင်

20.01.13 နေ့ကတစ်ကြိမ်

man3

21.07.13 နေ့ကတစ်ကြိမ်

DSC_0173-600x338

နှစ်ကြိမ်တိုင်တိုင်အောင်မြင်ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပြီးပါပြီ…

ရက်စက်စွာ နှုတ်ဆက် ်ထွက်သွားလေသူ ရဲဘော်ဘလက်ချောက

ပထမအကြိမ် တွေ့ဆုံပွဲ မလုပ်ခင် တိုင်ပင်ကြကတည်းက

ဆုရစာမူတွေကို ပုံနှိပ်ထုတ်ဝေဖို့ စတင်ကြံစီခဲ့ပါသေးဗျာ…

ဒါကြောင့်ပါပဲ..ဆုရစာမူတွေအကုန် ဟတ်ကော်ပီနဲ့ပရင့်ထုတ်လို့

ဆရာဦးအောင်သင်းထံ မှတ်ချက်ကွန်မင့်ယူရန်ပို့ခဲ့ပါသေးသကောဗျာ…

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး….

ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက်စီစဉ်ကြတော့…ဘယ်လိုမှထင်မထားသူ

ရွာသူ Green Rose က ရုတ်တရက် လူအားရောငွေအားပါအိပ်စိုက်ပြီး

စီစဉ်လိုက်တော့ မန်းဂဇက်သမိုင်းဝင် စာတစ်အုပ်…အဟုတ်ထွက်ပေါ်လာခဲ့ပါလေရောဗျာ…

` Green Rose ´ကိုတစ်ရွာလုံးကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါကြောင်း

ဒီနေရာက မှတ်တမ်းပြုပါရစေ

နောက်တစ်ခါ..ရွာသူရွာသားလူငယ်တချို့ရဲ့အကြံပြုချက်အရ…

ဖတ်ရွေးအဖွဲ့ဝင်တွေကပဲ စိတ်ကြိုက်အမှတ်ပေးပြီးရွေးနေတာနဲ့စာရင်

ဖတ်ရွေးအဖွဲ့တွေက ဇကာတင်ရွေးပေးတာတွေကို

ရွာထဲမှာချပြပြီး  ရွာသူားတွေအားလုံးပါဝင်ဗုတ်ပေးရွေးချယ်တာပိုကောင်းမယ်ဆိုပြီး

ဗုတ်စံနစ်ပြောင်းခဲ့တာ…အောင်မြင်ခဲ့ပါတယ်…ပိုပြီးလည်းအဆင်ပြေပါတယ်…

ဒါပေမဲ့ပြဿနာတစ်ခုက ပင်တိုင်ရွေးချယ်ပေးနေတဲ့မူလဖတ်ရွေးအဖွဲ့ဝင်တွေ

ကိုယ့် ကိုယ်ရေးကိုတာကိစ္စတွေကြောင့် တဖြည်းဖြည်းနှုတ်ထွက်ကုန်ကြတာ..

…(မူလဖွဲ့စဉ်တုန်းက အဖွဲ့ဝင် ၁၃ယောက်ပါ)

 

အခုဆို….အင်း…ဘယ်နှစ်ယောက်ကျန်သေးလဲ

ကျုပ်ဆိုတဲ့  ကြီးမိုက်၊

 ဒေါ်ပဒုမ္မာ၊

 အရီးခင်၊

 အဘဖေါ၊

 မမ၊

 မဝေ၊

 ကိုပေါက်၊

 အင်ဇာဂီ၊

နဲ့ နောက်ဖတ်ကူတွေထဲက…

အမတ်မင်း၊ ကြောင်ဝတုတ်၊ အလင်းဆက်..ဒါပဲကျန်ပါတော့တယ်….

ဒါပေမဲ့ လူတိုင်းမိမိကိုယ်ပိုင်အလုပ်ကိစ္စတွေနဲ့ ချာလပါတ်ရမ်းနေကြတော့..

အဲဒီထဲကမှ..ပြီးခဲ့တဲ့ ဂျူလိုင်လအတွက် ဇကာတင်ပို့စ်ရွေးပေးနိုင်တာ

လေးယောက်ပဲရှိခဲ့ပါတယ်….

တစ်လလုံးတင်သမျှစာတွေကို အဲဒီလေးယောက်က အကုန်မဖတ်နိုင်၊ မဖတ်မိမှာသေချာပါတယ်…ဆိုတော့..တကယ်ကောင်း၊ တကယ်ဂဇက်ရွာသူား

များကြိုက်တဲ့ပို့စ်တွေ ဇကာတင်ဗုတ်မှာ မပါလာပဲကျန်ခဲ့နိုင်ပါတယ်….

ဒါကြောင့်လည်း ဗုတ်ပို့စ်တင်ပေးတဲ့ မဟာရာဇာအံစာတုံးက…

ရွာသူားတွေထဲက ဇကာတင်ပို့စ်ထဲထည့်ချင်တဲ့ ပို့စ်ရှိရင်

မည်သည့်ရွာသူားမဆို အံစာတုံး မေးကိုပို့နိုင်ကြောင်း ကြေငြာခဲ့ပါတယ်….

ဖတ်ရွေးစာရင်းဝင် ဆယ်ယောက်ဆိုပေမဲ့ လစဉ်အားလုံးရွေးပေးနိုင်ချင်မှရွေးပေးနိုင်တာပါ…

ဒါကြောင့် ဖတ်ရွေးပေးမဲ့သူများများလိုလာပါတယ်…

ကျုပ်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံလိုတာကတော့

ဖြစ်တည်ခဲ့ပြီးသား `ဖတ်ရွေး´ အလုပ်နဲ့ ခြောက်လတစ်ခါကျင်းပသွားမယ့်

`မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူရွာသားများတွေ့ဆုံပွဲ´ကြီးကို

အရင်ကထက်ပိုမို ပျော်ရွှင်စွာကျင်းပသွားနိုင်ရေးအတွက်

ရွာသူားများထဲက မည်သူမဆို ဝင်ရောက်ပြီးဖတ်ရွေးပေးကြဖို့

ဒီပို့စ်မှာ ကွန်မန့်လေးတွေနဲ့ စါရင်းပေးကြစေလိုပါတယ်ခင်ဗျား…

မှတ်ချက်။ ဖတ်ရွေးပေးပါ့မယ်လို့စါရင်းပေးထားသော်လည်း တစ်လတလေ

             မအားလပ်လို့ မရွေးပေးနိုင်ရင်လည်း ဒီလတော့ ကျွန်တော်/ကျွန်မ

             မရွေးပေးနိုင်ပါဘူးလို့ ကျုပ်တို့ ဗုတ်ပို့စ်တင်ပေးနေတဲ့

             မဟာရာဇာအံစာတုံးဆီမေးပို့ အကြောင်းကြားလိုက်လည်းရပါတယ်..

             ကျန်သူတွေရွေးပေးကြပါလိမ့်မယ်…ပုခုန်းတွေပေါ် ဝန်အလေးကြီး

             တင်ထားရတယ်လို့မမှတ်စေလိုတဲ့သဘောပါ….

 

ဒီတော့..ဖတ်ရွေးဝင်လုပ်ပေးမဲ့သူတွေသိထားဖို့ ကျုပ်တို့ စဉ်းစားချမှတ်ပြီး

လှမ်းလာခဲ့တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ နဲနဲပြောပြထားပါရစေ(ဒီထဲမှာ

မကြိုက်တာ၊ သဘောမမျှတာတွေပါရင်လဲ ရွာသူားတွေ လွတ်လွတ်လပ်လပ်

ဆွေးနွေးအကြံပြုနိုင်ကြောင်းပါဗျာ)

 

ဂေဇက်ချစ်သူများစာပေဆု၏ ရပ်တည်ချက်

 

 ဤဆုသည် စာမူရွေးချယ်ရေးအဖွဲ့ဝင်များမှ အများစု၏ အကြိုက်သဘောထားကိုသာ ကိုယ်စားပြုသည့်၊ ဓမ္မဓိဌာန်မဟုတ်သော ပုဂ္ဂလဓိဌာန်အရရွေးချယ်သည့် စာမူဆုသာဖြစ်သည်။

၁။  ဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေးမူဝါဒ

ရွေးချယ်ရေးအဖွဲ့ဝင်များမှ မိမိအကြိုက်သဘောထားအလျှောက် လွတ်လပ်စွာရွေးချယ်ရမည်။ ရွေးချယ်ရေးစည်းကမ်းများမှအပ အခြားကန့်သတ်မှု့မရှိရ။

ဆိုလိုသည်မှာ စာပေအမျိုးအစား၊ အနှစ်သာရ၊ အကျိုးရှိခြင်းမရှိခြင်း၊အစရှိသည့် စာပေပုံစံ၊ အရည်အသွေး -သက်ရောက်မှု့တို့အပေါ် ကြိုတင်ကန့်သတ်ခြင်းမရှိရ။

၂။ ဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေးစည်းမျဉ်း

 

(က) သတ်မှတ်ကာလ(ယခုသတ်မှတ်ကာလသည်ပြက္ခဒိန်တစ်လဖြစ်သည်)အတွင်း ဂေဇက်တွင် တင်သောစာမူဖြစ်ရမည်။

 

(ခ) ဆိုက် Admin မှ သတ်မှတ်ထားသော စည်းကမ်းများနှင့်ညီညွတ်ရမည်။

 

(ဂ)ဤဆိုက်တွင် မတင်မီ အခြားနေရာများတွင် ကြိုတင်ဖေါ်ပြထားသော စာမူဟုသိရလျှင်၊ သိလျှက်နှင့် မရွေးရ။ မသိ၍ရွေးမိလျှင် ပြန်ပယ်ဖျက်ရန်မလို။

 

(ဃ)အဖွဲ့ဝင်တဦးလျှင် အကြိုက်ဆုံးစာမူ (၃) ပုဒ်ကို စာမူခေါင်းစဉ်၊ စာရေးသူ၊ စာမူ-link ်တို့ကိုဖေါ်ပြလျှက် သတ်မှတ်သော အီးမေးလ်လိပ်စာသို့ လစဉ် လဆန်း(၇)ရက်နေ့ ည ၁၂နာရီမတိုင်မီ အရောက်ပို့ပေးရမည်။

 

(င)ရွေးချယ်ရေးအဖွဲ့အတွင်းရေးမှုး(မဟာရာဇာအံစာတုံး)သည် အဖွဲ့ဝင်တို့ ပေးပို့လာသော စာမူများကို လစဉ်လဆန်း (၈)ရက်နေ့ မနက်ပိုင်းတွင် ဗုတ်ပို့စ် တင်ပေးရမည်။

 (စ) ဗုတ်ပို့စ်တင် ရွေးချယ်ပြီးနောက် လဆန်း (၁၅) ရက်နေ့တွင် ဗုတ်ပိတ်ပြီး ဆုရသူကို

အတွင်းရေးမှုး(မဟာရာဇာအံစာတုံး)မှကြေငြာပေးရမည်။

 

(ဆ) ရွေးချယ်ပြီးနောက် အမှတ်အများဆုံးရသူ တစ်ဦးထက်ပိုလျှင်- အမှတ်အများဆုံးရသူများတွင် ရွေးချယ်ရေးအဖွဲ့ဝင်များပါဝင်ပါက ရွေးချယ်ရေးအဖွဲ့ဝင်များကို ပယ်ရမည်။

 

(ဇ) ရွေးချယ်ပြီးနောက် အမှတ်အများဆုံးရသူ တစ်ဦးထက်ပိုလျှင်- ထိုအမှတ်တူနေသူများကို

အထူးဗုတ်ပို့စ်ပြန်တင်၍ ရွာသူားများကိုထပ်မံဗုတ်စေလျှက်ရွေးချယ်ပါမည်။

 

 

(ဈ) ရွေးချယ်သူတဦးဦးသည် မိမိမည်သည့်ပိုစ့်ကို ရွေးကြောင်း ပြောလိုပါက ကွန်မင့်နှင့် ပြောခွင့်ရှိပါသည်။ အခြားအဖွဲ့ဝင်ရွေးသည်ကိုမူ ဆိုက်ထဲတွင်ဖြစ်စေ အပြင်တွင်ဖြစ်စေ အခြားသူများအား ထုတ်ဖေါ်ပြောဆိုခွင့် မရှိပါ။

(ည) ဘယ်သူက ဘယ်ပိုစ့်ရွေးကြသည် ဆိုတာကိုတော့ ဗုတ်ပို့စ်တင်ပေးသူက ရွာထဲတွင်

ထုတ်မပြောပဲ လျို့ဝှက်ထားပေးရမည်။

 

ဒီလကစလို့ အကြိုက်ဆုံး(အကောင်းဆုံးဟုတ်ချင်မှဟုတ်ပါမည်) စာမူလေးတွေ

ရွေးချယ်ပေးကြဖို့နဲ့ ရွေးချယ်ပေးမဲ့ပုဂ္ဂိုလ်တွေ ကွန်မင့်မှာစာရင်းပေးကြပါလို့တိုက်တွန်း

လိုက်ပါတယ်ဗျာ။

ရွေးချယ်စာမူပို့ရမဲ့ လိပ်စာကတော့….

anzartone@gmail.com

thaungsein.25@gmail.com (ကြီးမိုက်)

 

`ကူညီကြပါခင်ဗျ´

အားလုံးကိုလေးစားခင်မင်လျှက်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

မိုက်ပီးရင်းမိုက်နေတဲ့….

ကြီးမိုက်။

၁၈/၀၈/၂၀၁၃

 

 

 

 

 

 

25 comments

  • ဦးကြောင်ကြီး

    August 20, 2013 at 8:57 am

    ဟား ဟား ဟား ….. ဒီအရွယ်အထိမှ တရားမရဂျသေးရင် ကိုယ့်ထက်မိုက်သူအပြင် အခြားရှိအုံးမား…. သွား အသနားဗူး….. 😀

  • အလင်းဆက်

    August 20, 2013 at 9:25 am

    ဦးကြီး မိုက် ရေ…
    ကျွန်တော်ကတော့…
    ဒီ ရွာ မှာနေ နေသမျှ ….အချိန်မှာ…
    ဒီရွာလေး ပိုကောင်းတဲ ့ ပတ်ဝန်းကျင် တစ်ခု ( အဖွဲ့အစည်းကောင်းတစ်ခု ) ဖြစ်ဖို ့အရေးဆို…
    စိတ်ဝင်စားမိမြဲ…
    ဘာများ.လုပ်ပေးနိုင်မလဲ..လို ့…. တွေးမိမြဲ….ဖြစ်နေပါပြီ ။

    ဒီတော့……
    ကူနိုင်သလောက်ကို.. ကူသွားပါမယ်လို ့….
    စာရင်းပေးပါတယ် ။

    ချစ်ခင်လေးစားစွာ….
    အောင်ရဲလင်းနဲ့တူတဲ့ အလင်းဆက်

  • Myo Thant

    August 20, 2013 at 9:54 am

    ကိုမိုက်ရေ

    ကျနော်က တစ်ပတ်ကို ခြောက်ရက်

    တစ်ရက်ကို ကိုးနာရီလောက် အွန်လိုင်းနဲ့ နှစ်ပါးသွားရသူမို့

    ကိုမိုက်ကို အတတ်နိူင်ဆုံး ကူညီပါ့မယ် ၊

    အံဇာရေ

    လိုအပ်ချက်ရှိခဲ့ရင်လည်း ပြောပါနော ၊ 🙂

    • kyeemite

      August 20, 2013 at 11:10 am

      ကျေးဇူးအထူးတင်ပါတယ်..အလင်းဆက်နဲ့ ကိုမျိုးသန့်ရေ…
      ဖတ်ရွေးအဖွဲ့ဝင်များတော့ တချို့လူတွေ မအားတဲ့လတွေမှာခေတ္တ နားနိုင်တာပေါ့ဗျာ… 🙂

  • kai

    August 20, 2013 at 12:30 pm

    နောက်ဆို.. ဆုကို.. ဖတ်ရွေးကူသူများကိုပါ ပေးဖို့စဉ်းစားသင့်တယ်…
    ဆိုတော့…
    ကြီးဒေါ်နွားကျောင်းတယ်လို့တော့.. မယူကြစေလို..
    ကိုယ်နေတဲ့ရွာ.. ကိုယ်တိုင်စီကမှမလုပ်ကြရင်.. ဘယ်သူလုပ်ကြမှာလဲ.. ဆိုတဲ့အတွေးကလေးဝင်စေချင်ပါကြောင်း…

    ဒါကို.. ကိုယ်နေတဲ့ရပ်ကွက်.. မြို့ရွာ.. တိုင်းပြည်အထိ.. ချဲ့တွေးကြစေလိုပါကြောင်း..
    ပြောရရင်…
    နောင်တချိန်… ဖတ်ကူကနေ.. အမတ်အဖြစ်အရွေးခံရင်.. ဖတ်ကူထားသူများ… အသဲရဲ့မဲအတွက်လည်း.. အာမခံတခုဖြစ်ပါကြောင်း.. :mrgreen:

    • kyeemite

      August 20, 2013 at 1:14 pm

      “ကိုယ့်ထမင်းကိုယ်စားပီး ဂျီးတော်(သူကြီး)နွားကျောင်းဖို့ကြံစီကြတာပါပဲ..”
      သဂျီးမင်းက ဒီစာသားလေးတွေ့လို့ထင်ရဲ့… :mrgreen:
      နောက်တာပါဗျာ…ဖတ်ရွေးအဖွဲ့ဝင်တွေအားလုံးက ရွာအပေါ်သံယောဇဉ်ရှိလို့
      ကိုယ့်ရွာလိုသဘောထားလို့ စေတနာအပြည့်နဲ့ လုပ်နေကြတာသာဖြစ်ပါဂျောင်း…
      အချို့ ဖတ်ရွေးရော ဖတ်ရွေးမဟုတ်တဲ့ ရွာလူကြီးတစ်ချို့ဆို
      လူတင်မက ငွေပါအလုံးအရင်းနဲ့စေတနာပါပါစိုက်ထုတ်နေကြတာ
      အာတီဒုံ ရဲ့ ရှင်းတမ်းပို့စ်မှာကြည့်ရင်သိနိုင်ပါဂျောင်း…

      နောက်ဆို.. ဆုကို.. ဖတ်ရွေးကူသူများကိုပါ ပေးဖို့စဉ်းစားသင့်တယ်…

      ဒီအကြံပြုချက်ကိုလည်း ရွာ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်အဖွဲ့နဲ့တိုင်ပင်ပြီးဆောင်ရွက်သွားပါ့မယ် 🙁

  • Swal Taw Ywet

    August 20, 2013 at 1:32 pm

    အင်းးးးးးး ဘယ်လိုပြောရပါ့။။။
    ဗမာလိုဘဲပြောလိုက်ပါတော့မယ်နော်။
    ကူချင်ပါတယ်ဗျာ၊ သင်တန်းဖွင့်ထားတာဆိုတော့ အင်တာနက်ဆိုင် မသွားနိုင်၊ သွားပြန်ရင်လည်းသင်တန်းက ပိတ်ထားခဲ့ရမှာ။။။။ဆိုတော့ကာ….
    အင်တာနက်သုံးလို့ရတဲ့ Hand Set ဝယ်နိုင်ဘို့ ထီထိုးထားပါကြောင်း။
    Good second hand Hand Set လေးများရှိရင် လက်တို့ပေးစေလိုပါကြောင်း။
    သကြီးထံမှ တစ်သိန်းရမှပေးနိုင်မည်ဖြစ်ပါကြောင်း။
    လစဉ် အစည်းဝေးပွဲအတွက် ဂေဇက်ကွပ်ပျစ်လေး အသင့်ရှိနေပါကြောင်း။
    With respect,
    Swal Taw Ywet.

  • kyeemite

    August 20, 2013 at 2:56 pm

    အံစာတုံးရဲ့ ဖတ်ရွေးဆွေးနွေးခန်းပို့စ်မှာ…ကိုရင်သဂျားကဒီလိုဆိုပါတယ်

    Mr. MarGa says:
    တရားဝင် ပြောပါမည်။
    ဖတ်ကာရယ် မကူနိုင်တာကြောင့်
    မဟာရာဇာနှင့် ပေါင်းကာ နည်းပညာ တာဝန်ခံ/လက်ထောက်တာဝန် ထမ်းဆောင်ရန် အသိပေးပါကြောင်း။
    တရားမဝင် ပြောထားရာက တရားဝင် ထပ်ပြောပါသည်ခင်ဗျ

    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် သဂျားမင်းရေ….
    တတ်နိုင်တဲ့ဖက်ကဝင်ကူမယ်ဆိုလို့ကျေးဇူးတင်အားတက်မိပါတယ်..
    မဟာရာဇာဂျီးရေ..စါရင်းတို့ထားနော်.. 🙂

    • Mr. MarGa

      August 20, 2013 at 6:18 pm

      အဲဗျ
      ကျွန်တော်က ဒီဘက်မှာ လာပြောမလို့ လုပ်တုန်း ရှိသေး
      သွက်လိုက်တာ….
      ဆိုတော့
      အဲသလို အဲသလိုပါဗျာ
      ဖတ်ရွေးကို ကူမယ် ပြောထားတာ နှစ်လလောက်ကို ရှိ်ပါပြီ
      ကိုယ်တိုင်က ပို့စ်လဲ မဖတ်နိုင်တာကြောင့် တတ်နိုင်တဲ့ဘက်ကနေ အဲသလို ကူပါမယ်ဗျ

  • ခရီးသည်ကြီး

    August 20, 2013 at 3:06 pm

    ကျုပ်​ ​မေးအ​ကောင်​့ကအဆင်​မ​ပြေဘူးဗျ
    ​facebook မက်​​ဆေ့နဲ့ ဖတ်​မိတာ​လေး ပို့​ပေးရင်​ ဖြစ်​မလားဗျ ။
    သိချင်​လို့ပါ ။
    ကြိုက်​တာ​လေး​တွေ ​ပြောလို့ရမလားဗျ

    • kyeemite

      August 20, 2013 at 3:57 pm

      ဖြစ်ပါတယ်ခရီးသည်ကြီးခင်ဗျား…ဝမ်းသာစွာကြိုဆိုပါတယ် 🙂
      ကြိုက်တာလေးတွေလည်းပြောလို့ရပါတယ်…
      မပို့နိုင်တဲ့လလည်းမပို့နဲ့ပေါ့လေ…

  • GARFIELD

    August 20, 2013 at 3:17 pm

    ဒီလကစပြီး အားသွန်ခွန်စိုက်ပြန်ကြိုးစားပေးပါ့မယ်ဗျို့…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • kyeemite

      August 20, 2013 at 3:58 pm

      ဖက်တီးကက်ရေ…ဝမ်းသာပါတယ်
      ကိုယ်က နင်တို့ကိုအမာခံအားကိုးထားတာပါ..

  • Foreign Resident

    August 20, 2013 at 6:40 pm

    ကို kyeemite ရေ ။

    ဒီလ မကူဖြစ်တာ Sorry ဗျာ ။
    ပြီးခဲ့တဲ့ လပိုင်း အလုပ် နဲနဲ ရှုပ်နေတော့ ၊
    ရွာထဲ သိပ် မဝင်ဖြစ်လို့ မရွေးပေးဖြစ်တာပါဗျာ ။
    ( Post တွေ သိပ်မဖတ်ဖြစ်ပဲ နှင့် မ ရွေးချင်ဘူးလေ )

    • kyeemite

      August 21, 2013 at 1:40 pm

      ရပါတယ် ကိုရင်ဖေါရေ…
      ဖတ်နိုင်တဲ့လ ဝင်ရွေးပေးရင်ဖြစ်ပါတယ်..
      ဒါကြောင့် စုဆောင်းရေးထပ်လုပ်နေရတာပါ..
      အာတီဒုံလည်းနောက်ပိုင်းစာမေးပွဲတွေရှိလို့ မဖတ်နိုင်လောက်ဘူး..တဲ့ 😆

  • ကိုမိုက်ရေ
    ကျနော်ကဖတ်ရွှေးအဖွဲ့ ကထွက်ထားပြီးသားပါ။
    ကိုမိုက်သတိမေ့နေလို့ဖြစ်ပါမယ်။

    ဒါပေမယ့်လိုအပ်တာရှိရင်အပြင်ကနေဝိုင်းကူပေးပါမယ့်။
    ကောင်းကျုိုးလုပ်တယ်ဆိုတာ ဟိုအဖွဲ့ ဒီအဖွဲ့ မဝင်ပေမယ့်လဲ လုပ်လို့ရတယ်လို့ခံယူထားလို့ပါ.။
    ကြုံတုံးပြောလိုက်ရရင် ကိုပေါက် ဘယ်ပါတီမှ မဝင်ခဲ့ဘူးဗျ။
    1981 အစိုးရအလုပ်ကနေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ပြီးကတည်းကပါ။
    နောက်တစ်ချက် ကူညီမယ်ဆိုတဲ့ သူများကလဲ ဘာများပြန်ရမလဲဆိုတဲ့ မျော်လင်ချက့်မထားတာကတော့ သေချာပါတယ်။

    • kyeemite

      August 21, 2013 at 1:48 pm

      ကိုပေါက်ရေ…
      ကျနော်လည်း ကိုပေါက်ထွက်ထားတာမေ့သွားတယ်ဗျာ..ဆောဒီး 😆
      “ကောင်းကျုိုးလုပ်တယ်ဆိုတာ ဟိုအဖွဲ့ ဒီအဖွဲ့ မဝင်ပေမယ့်လဲ လုပ်လို့ရတယ်လို့ခံယူထားလို့ပါ.။”
      ဟုတ်ပါတယ်ဗျာ…ကိုပေါက်ရွာနဲ့ပါတ်သက်သမျှကိစ္စတွေမှာ အားတက်သရောကူညီနေတာ
      အားလုံးမျက်မြင်ကိုယ်တွေ့ပါ…လိုအပ်ရင်ကူညီမယ်ဆိုတာနဲ့တင်လုံလောက်ပါဂျောင်းး
      ဝမ်းသာပါ၏ 🙂

  • အရီးခင်

    August 20, 2013 at 10:51 pm

    တကယ်ဘဲ လေးစားပါတယ် အုတ်ကသစ်ကြီး ရယ်။
    😛

    • kyeemite

      August 21, 2013 at 2:04 pm

      ကိုခင်လတ်ကြီးနဲ့တွေ့မှပဲ “အုတ်ကသစ်ကြီး ”ဖြစ်ရတော့တယ်.. 😛
      တကယ်တော့ အခုအချိန်ကစလို့ ဥက္ကဋ္ဌ တွေ ငှက္ကဥ တွေ
      မရှိတော့ပါဘူးဗျာ…“အားလုံး ဝိုင်းလုပ် ဝိုင်းစားပေါ့”
      ပိုလုပ်နိုင်တဲ့သူက ပိုလုပ်ပေး
      ပိုစားနိုင်တဲ့လူက ပိုစားပေး
      ပိုကူနိုင်တဲ့သူက ပိုကူပေး ကြပေါ့…
      အားလုံးတန်းတူသွားကြတာပေါ့…
      ဘာမှမလုပ်ပေးနိုင်သူတွေကလည်း တိတ်တိတ်လေးအားပေးနေပေါ့…
      အဲဒီပုံစံသွားတာကပိုကောင်းမယ်လို့ကျနော်ယူဆလို့ပါ

      ဖြစ်တည်ခဲ့ပြီးသား `ဖတ်ရွေး´ အလုပ်နဲ့ ခြောက်လတစ်ခါကျင်းပသွားမယ့်

      `မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူရွာသားများတွေ့ဆုံပွဲ´ကြီး အတွက်တော့ ကျုပ်အစွမ်းကုန်လုပ်ပေးသွားမဲ့အကြောင်း ဒီနေရာကပြောလိုပါတယ်

      🙂

  • Ma Ma

    August 21, 2013 at 8:11 am

    ဘယ်အဖွဲ့အစည်းမဆို ရေရှည်ရှင်သန်ရပ်တည်ဖို့အတွက် အဖွဲ့ဝင်သစ်တွေ လိုအပ်ပါတယ်။
    ဖတ်ရွေးအဖွဲ့ရှင်သန်ဖို့အတွက် အားသစ်လောင်းဖို့ အော်ခေါ်နေပေါင်းလည်း များပါပြီ။
    တက်တက်ကြွကြွပါဝင်ချင်သူအားနည်းနေတာလည်း အမှန်ပါပဲ။
    ဘယ်လိုပရိုမိုးရှင်းလုပ်ရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။
    ဖတ်ရွေးထဲဝင်ရင် ပွိုင့် ၁၀၀၀ဝ လောက် တိုးပေးမယ်လို့ ကြေညာလိုက်ရင် ကောင်းမလား။
    ပေးတာ မပေးတာက သဂျီးအပိုင်းးးးးးး :loll:

  • မမရေ သတ်ပုံပြင်ပေးလိုက်အုံးဗျို့။
    “ကျုပ်အစွမ်းကုန်လုပ်ပေးသွားမဲ့အကြောင်း ”
    ဒါဆိုရင ်မလုပ်ဘူး လို့ပြောတာနဲ့ တူနေမယ်

  • ဦးကျောက်ခဲ

    August 22, 2013 at 10:21 am

    အားတဲ့အချိန်အား၊ အလုပ်များပြန်ရင် ဆက်တိုက်ဆိုတော့…
    ဖတ်ရွေးတော့ မဖြစ်နိုင်သေးဘူး အကိုမိုက်…
    တခြား ကူနိုင်တာတော့ ကူပါ့မယ် ခင်ဗျားးး…

  • မဟာရာဇာ အံစာတုံး

    August 22, 2013 at 11:59 am

    ဘာဒုန်းဂျ ..
    ခီညားဂျီးက ကျုပ်တင်မှ တင်ဒါလား ..
    အိုက်ဒါ သက်သက်ရန်စဒါဘဲ …
    ကျေနပ်ဘူးးးး
    ကျုပ်ကျေနပ်အောင် ဘီယာလိုက်တိုက် …
    :mrgreen:

    ==============

    မန်းဂဇက် စာဖတ်သူတွေ အနေနဲ့ …
    မိမိတို့ ဖတ်မိတဲ့ ပို့စ်တွေထဲက မိမိနှစ်သက်ရာ ပို့စ်တွေကို
    အထက်က မေးလ် လိပ်စာတွေဆီ ပို့ပေးကြပါလားလို့ …..
    ပို့ပေးတဲ့ လူတွေကို လက်ဆောင် အနေနဲ့
    ကျုပ်က အာဘွား ပေးသွားပါ့မယ် …. ဟီးးဟီးး
    :mrgreen:

  • ဦးဦးပါလေရာ

    August 22, 2013 at 11:55 pm

    လွန်ခဲ့တဲ့ တစ်လခွဲလောက်ကစလို့ ကျုပ်အဖို့ အင်တာနက်သုံးနိုင်တဲ့အချိန် ပြောင်းသွားပါတယ်..
    အဲဒါဟာ ဖတ်ရွေးအဖွဲ့က နှုတ်ထွက်ရခြင်းအကြောင်းရင်းတွေထဲက အရေးအပါဆုံး အပြောင်းအလဲတစ်ခုဆိုပါစို့ ….

    အရင်ကတော့ ည ဆယ့်တစ်နာရီခွဲက မနက် တစ်နာရီအတွင်း အင်တာနက်သုံးလို့ရပါတယ်
    အဲဒီအချိန်ဟာ ကွန်လဲ ကောင်းတဲ့အချိန်ပါပဲ..
    အခုနောက်ပိုင်းတော့ သုံးချင်ရင် နေ့လည်ပိုင်းလောက် နဲနဲ သုံးချိန်ရပါတယ်..
    အဲဒီအချိန်မျိုးမှာ ကွန်က မေးတောင် မနည်းဖွင့်စစ်ရတဲ့အချိန်မျိုးဖြစ်နေပါတယ်..
    ဒါကြောင့်လဲ ရွာနဲ့ ခပ်လှမ်းလှမ်းကနေပဲ လှမ်းမျှော်ကြည့်ရတာတွေ များလာတော့တယ်…
    ပိုစ့်လေးတွေ ရေးထားမိပေမယ့် တင်ပြီးရင် ပြန်မဖတ်နိုင် ပြန်မဆွေးနွေးနိုင်မှာစိုးလို့ ပိုစ့်လဲမတင်ရဲပဲ ဖြစ်နေတော့တယ်…။

    အဲ.. အဲ.. အသက်ကြီးလာလို့ အကျင့်ပါပြီး ညည်းမိနေတာ..
    (ဟိုဘုန်းကြီးကလေးကတော့ ပြောပါတယ်- ဘာကြောင့်ဖြစ်ဖြစ်မညည်းနဲ့၊ လူလဲမုန်းတယ်၊ ဘယ်သူမှလဲမသနားဘူး…..တဲ့..)
    အဲဒါ…
    အခုပြောတာတွေကြောင့်တော့ ဖတ်ရွေးကို လှည့်မကြည့်တော့ဘူးလို့တော့ မဆိုလိုဘူးနော..
    အခွင့်သာတဲ့ လ တွေမှာ ဘယ်သူခေါ်ခေါ် မခေါ်ခေါ် ၊ အတင်းကို ဝင်ဖတ်ကူဦးမှာ……။
    အုတ်ကသစ်ကြီးနဲ့ အတင်းရေးမူးကြီးတို့က ဒို့လူလေးများ…လို့ ခေါ်ရင်လဲ
    ဝေလေလေ လုပ်ဖို့ အသင့်ရှိပါကြောင်း….
    🙂

    ဒါနဲ့…

    ပြောရဦးမယ်…

    အဲဒီ .. စာမူဖတ်ရွေးတာ…တို့ ဆုပေးတာတို့.. ဆိုတာတွေက
    စိုက်ပျိုးရေးစကားနဲ့ပြောရရင်
    စင်ထိုး တာ တစ်မျိုး ဖြစ်တယ်။
    အဲဒီ စင် ပေါ်မှီပြီး- အပင်အနွယ်လေးတွေ အညွန့်တစ်လူလူ တက်လာအောင်လို့ပေါ့…။
    ဒါဆိုရင် ပေါက် ကြမှာပါ…

    စင်က (စင်ထိုးဖို့က) အဓိက ပါနော…..

    ပြီးတော့ အခြား စင် အမျိုးအစားတွေလဲ ထပ်စဉ်းစားနိုင်ပါသေးတယ်နော…။

    အဲ.. အိပ်ချင်မူးတူးနဲ့ ဘာတွေလျှောက်ပြောမိပါလိမ့်..
    ဘွာတေး… ဘွာတေး…
    :mrgreen:

  • Min Zarni

    August 23, 2013 at 7:41 am

    နှုတ်ထွက်တယ် ဆက်နေတယ် အတိအကျ မကြေငြာပေမယ့် ကျနော် က ဖတ်ရွေးအနေနဲ့ ဆက်မလုပ်ဖြစ်တော့တာလည်း ကြာပြီဗျ..
    ကွကိုယ်လည်း မပိုင်သလို စာပေအမျိုးအစားအပေါ်မှာလည်း ဟင်းချေးများတဲ့ ကလေးလို ဟိုဟာ မစား ဒီဟာမကြိုက် ကရှိတတ်သေးတော့
    ဆက်ရှိဖို့လည်း မသင့်တော်ဘူးဗျာ…။ အချိန် မပေးနိုင်တာကလည်း တပိုင်း ဆိုပါတော့ ..။
    တကယ်တော့ဗျ.. ဖတ်ရွေး နည်းတာ များတာထက် စာအရေးနည်းကြတာ ..ပိုစ့်အတက် နည်းကြတာက သာလို့ ဆိုးတဲ့ ပြဿနာလို့မြင်မိတယ်…။
    ပြောဖူးတဲ့ စကားဟောင်းပြန်ကောက်ရရင် သဂျီးပြောတော့ လူတသောင်းဖတ်တယ် တဲ့ .. စာရင်းပေါက်တာ ၂၀ဝ လောက် အဲ့ထဲကမှ ၂၀-၃ဝ လောက်ပဲ
    ပုံမှန် တက်ကြွလှုပ်ရှားသူ…ပိုစ့်တင်သူ ဒီ ၂၀-၃ဝ ပဲ အလှည့်ကျ ဆုယူတမ်း ကစားနေတယ် လို့ လူ၁သောင်းမြင်မှာ စိုးသဗျ…။
    ၁၀၀၀ဝ ကနေ ၂၀ဝ ထဲ ၂၀ဝ ကနေ ၂ဝ ထဲ များများဝင်ဖို့ပဲ promote လုပ်ဖို့ ပိုအရေးပါတယ် မြင်မိတယ်ဗျို့ ..။

Leave a Reply