အမူ့တရာကြုံရ ဘဝဘဝဘဝ

ဒီရက်ပိုင်း ချစ်ချစ်ချစ် ချစ်နေရ အဲရေးနေတာမို့

ရွာထဲတောင်သိပ်မရောက်ဖြစ်ဘူး။ဒီနေ့တော့ ဘဝအဖြစ်

အပျက်လေးတစိတ်တပိုင်းလေးရေးချင်တာနဲ့

————————————————————————————————————————————-







မဆလ ဆိုတဲ့ခေတ်တုန်းကအဖြစ်အပျက်ပါ။

နေရာတကာမှာ လာဘ်တွေအင်မတန်စားတဲ့အချိန်ပေါ့ဗျာ။

ဘာလေးဖြစ်လိုက်ဖြစ်လိုက် ရုံးတို့ဂါတ်တို့ရောက်ရင် ငွေပေး

နိုင်ရင်အမူ့နိုင်တဲ့ခေတ်။ တနည်း “ငွေများ တရားနိုင်”အချိန်ပေါ့

ဗျာ။ခုတော့ ပြောင်းကုန်ပြီထင်ပါရဲ့ ” မီဒီယာများ တရားနိုင်”

ဆိုလားဘာလား။ ဆိုလားဘာလားဆိုတော့ မသေချာဘူးပေါ့ဗျာ။

ပုသိမ်မှာဖြစ်ခဲ့တာပါ။

ဇာတ်လမ်းကတော့ ————–








ပုသိမ်ဆိပ်ကမ်းသို့ မြောင်းမြဘက်မှ လူစီးသင်္ဘောတစီးဆိုက်ကပ်

လာလေသည်။ထုံစံအတိုင်း မြစ်ဆိပ်တခုလုံး ပုရွက်ဆိပ်အုံတုတ်နဲ့

ထိုးသကဲ့သို့ လူများအုံးအုံးထလျက်ရှိလေသည်။ ဒေါ်လှတယောက်

တူတော်မောင်လာမည်ဆို၍ လာကြိုနေခြင်းဖြစ်လေသည်။ လူအများ

သွားလာယောင်ယက်ခက်နေ၍ မတွေ့ခြင်းလား?မိမိ အားမတွေ့၍တယောက်

တည်းသုံးဘီးကားဌား၍သွားလေပြီလား? ဒါမှမဟုတ်နောက်တခေါက်သင်္ဘော

နှင့်ပဲလိုက်လာသည်မို့လားမစဉ်းစားတတ်။ သည်ကောင်ကလည်း

ခြေရှည်၍ အပေါင်းအသင်းစုံ မိမနိုင် ဖမနိုင် ဖြစ်နေ၍ ထိန်းကွပ်ပေး

ပါရန် မိမိအမျိုးသား သူ့ဦးလေးအားညီဖြစ်သူတူတော်မောင်၏ဖခင်က

အကြောင်းကြားလာ၍ မိမိမှာ သူတို့ညီအကိုကြားမဝင်သာပဲ လူဆိုးဖြစ်သူ

ခင်ပွန်းဘက်မှတူတော်မောင်ကိုလာကြိုနေရခြင်းဖြစ်လေသည်။

သင်္ဘောမှာလူရှင်းသွားပြီဖြစ်သည်။ တူတော်မောင်ကိုမူမတွေ့ရ။

ခတ်ချေပြီ။နေလည်းမြင့်လှပြီ။ သူ့တူမပါဘဲအိမ်ပြန်ပါက သူ့အား

အပြစ်ပြောလို့ဆုံးမည်မထင်။ သေချာအောင်နောက်တစီးစောင့်မည်။

နောက်တစီးက ညနေ သုံးနာရီဆိုက်မှာမို့ နေလည်းကျပြီ။။မပါလာလဲ

မိမိတာဝန်ကျေပြီ။ဟိုလူကြီးကိုသူ့ညီထံဖုန်းဆက်ခိုင်းရပေမည်။

ထိုင်ရတာကြာသဖြင့်အညောင်းအညာပြေ ဒေါ်လှလမ်းထလျောက်သည်။

တောင်ဘက်လျောက်လိုက် မြောက်ဘက်လျောက်လိုက် လျောက်

နေရာမှ တနေရာတွင်လူများ အုံ၍တစုံတခုကိုဝိုင်းကြည့်နေလေသည်။

အမျိုးသမီး ပီပီ အားနေသည် ပျင်းနေသည်မို့ စပ်စုအုံးလေမှ။

မသကာမျက်လှည့်ဝိုင်ဆိုပါက အချိန်ဖြုန်းလို့သာ၍ကောင်းမည်ဟု

တွေးလျက် အဆိုပါလူများဝိုင်းအုံလျက်ရှိသော နေရာသို့သွားလေသည်။

လူများမှာတိုးမပေါက်အောင်များလှပြီး တယောက်တပေါက်ဝေဖန်တီးတိုး

ပြောဆိုနေကြသည်ကို တွေ့ရ၍ မျက်လှည့်တော့မဟုတ်နိုင်။လဂွင်းသံ

ဗုံသံမကြားရ ဘာပါလိမ့်။မိန်းမဟူသည်မှာလဲ မသိလေလေ သိချင်လေလေ

အမျိုးမို့ မိန်မမတန်မဲ့ လူအုပ်အားအတင်းတိုး၍ ကြည့်ရှု့လေသည်။

“အိုးးးးးးမြတ်စွာဘုရားးး”

အမျိုးသားတယောက် ပက်ပက်စက်စက် အသတ်ခံထားရခြင်း

ဖြစ်လေသည်။ရုတ်တရက် မြင်လိုက်ရခြင်းကြောင့်ဒေါ်လှ အတန်

အကြာမှင်သက်နေရာမှ ဒါမျိုးမြင်ရလျှင် တပါတ်ခန့် ထမင်းမစား

နိုင်ဖြစ်လေ့ရှိသူမို့ ဤနေရာမှ ပြန်ထွက်မည်ဟု ခေါင်းကိုလှည့်လိုက်

သော်လည်း အသတ်ခံထားရသူမှာ မိမိမြင်ဖူးသလိုလို ဖြစ်လာ၍ ခေါင်း

ကိုအသာပြန်လှည့်၍ ကြည့်လိုက်ရာ—–

————————————————————————————————————————————






“အဖြစ်အပျက်ကတော့အဲဒါပါပဲ စခန်းမှုုး ကြီးရယ်” ။ ဒေါ်လှတယောက်

ဖြစ်ကြောင်းကုန်စင်ကို ပုသိမ်မြို့ အမှတ် (- )စခန်းမှုုးကြီး ဦးမင်းခန့်ကျော်

အား ငိုတဝက်ရှိုက်သံတဝက်ဖြင့်ပြောပြလေသည်။

“ကောင်းပါပြီဒေါ်လှ ဒီအမူ့ကို ကျနော်ကိုင်တွယ်ပြီးတရာခံကို

ဖော်ထုတ်မှာမို့ စိတ်ချလက်ချသာပြန်ပါလေ။ အဲတူတော်မောင်

အတွက်တော့စိတ်မကောင်းပါဘူးဗျာ။ လူဆိုတာကလည်း အသက်

တရာမနေရ အမူ့တရာ ကြုံရ အမျိုး မျိုး ——

“ဟဲ့ ကောင်တွေ ကျောင်းလေးပိတ်ပါတယ်စာကျက်မယ်မရှိဘူး

ဆော့ပဲဆော့နိုင်လွန်းတယ်။နင်တို့အဖေပြန်လာမှ တိုင်အုံးမယ်”

အဖေဆိုသည်နှင့် ကျနော်တို့ အလွန်ကြောက်ရသည်မို့

အမူ့ကိုဖော်ထုတ်ချိန်မရလိုက်ပေ :mrgreen:

9 comments

  • အလင်းဆက်

    August 20, 2013 at 7:11 pm

    အရွယ်လည်း.ရောက်သည် ။
    အမျိုးသားစစ်စစ် လည်းဖြစ်သည် ။
    ထို ့ကြောင့်.. ဖတ်သည် …။

    ကဲ..ဟာ..

  • မင်းခန့်ကျော်

    August 21, 2013 at 9:22 am

    လုပ် ပြီးမှ လူ့အခွင့်အရေးများချိုးဖောက်မိသလား

    ကိုယ့်ကိုယ်ကို မလုံဘူး :mrgreen:

  • Ma Ma

    August 21, 2013 at 9:51 am

    ီဒီဇာတ်လမ်းကို ကိုရင်ရာမညကို အကြောင်းကြားပြီး ဆက်လက်ဖော်ထုတ်ရမယ်။ :kwi:

    • မင်းခန့်ကျော်

      August 21, 2013 at 11:13 am

      ဟုတ်တယ် ဟုတ်တယ်

      ရွာထဲမှာ မောင်းတီး၍

      ကြေငြာ စေသတည်း :mrgreen:

  • ခင် ခ

    August 21, 2013 at 3:24 pm

    “အဖေဆိုသည်နှင့် ကျနော်တို့ အလွန်ကြောက်ရသည်မို့
    အမူ့ကိုဖော်ထုတ်ချိန်မရလိုက်ပေ´´
    ဪ စခန်းမှုးကြီးလည်း အဖေဆိုရင်ကို ကြောက်နေပြီးသား ဘဲပေါ့နော်။

  • Ko chogyi

    August 22, 2013 at 10:19 am

    စခန်းထဲမှာ မူးထဲသူကြီးရယ်
    မြောင်းမြသင်္ဘောဆိုတော့
    ဗန္တုလ လား၊ ဗန္တကလား?
    ငယ်ငယ်က အကြောင်းတွေ ပြန်သတိရမိသွားပါတယ်။

  • မင်းခန့်ကျော်

    August 22, 2013 at 2:56 pm

    ကျတော်လဲ သတိရတိုင်း

    မြောင်းမြ မုန့်ဟင်းခါး စားဖြစ်တယ်ဗျ။

    • kai

      August 22, 2013 at 4:20 pm

      ဘာမှတော့မဆိုင်ဘူး..
      စကားအတင်းစပ်ပြောမလို့..
      သတ်ပုံဂိုဏ်းအုပ်.. ရွာသူမမမိတ်ဆက်ပေးလို့.. မနှစ်ကယူအက်စ်ခေါ်ပေးဖူးတဲ့.. မြောင်းမြဒေါ်ချိုတို့မိသားစု.. ဘုန်းကြီးကျောင်းရံပုံငွေမုန့်ဟင်းခါးချက်ကျွေးဖို့.. ယူအက်စ်ထပ်ရောက်နေပြန်သဗျ…

      ဒီတပါတ်.. တနင်္ဂနွေချက်ကျွေးမယ်တဲ့.. အလူှတော်ပါတဲ့…
      မြောင်းမြမုန့်ဟင်းခါးတွေ… တီးရချီသေး…. :kwi:

  • ဦးကြောင်ကြီး

    August 26, 2013 at 9:26 am

    အမှုတရာ
    လဥပမာ
    ဂလုဗလာ
    ခရုမသာ…

Leave a Reply