အလောင်းအစား

ムラカミAugust 20, 20131min22014

 

ဆန်ဖရန်စစ်စကို ဂိုလ်းဒင်းဂိတ် ကြိုးတံတားနီပေါ်တွင် ဖြစ်သည်။

အရှေ့အာရှမှ အပျော်ဆုံးယောက်ျား ၂ယောက်ဖစ်သော နှင်းခဲအရည်ပျော် ကျောက်စ် နှင့် ပက်ကညော ခေါင်းညှိမ့် ဂီ့စ် တို့ လမ်းလျှောက်လာသည်။

ရှေ့တူရူမှ စိန တကောင် လျှောက်လာ၏ ။ ကျောက်စ် က အနှီ စိန ကိုရေထဲခုန်ချနိုင်အောင် ပြောနိုင်လျင် ဒေါ်လာတရာ ပေးမည်ဟု ဂီ့စ် ကို ပြောသည်။

ဂလောက်များ ခက်လွန်လွန်းလို့…။ ဂီ့စ် စိနကောင်ကို မျက်နှာမူကာ အောက်ပါအတိုင်းပြောချလိုက်သည်။

ဂီစ့်။ ဟေ့လူ ရေအောက်မှာ ဓါတ်ငွေ့ထွက်တယ်..။

ဘာ..စ်….ဗွမ်းးးးး….။

တဖန် ဂျပန်တကောင် လျှောက်လာသည်။ ဒီတခါ လောင်းကြေးက ၂၀ဝ ဖြစ်၏။ တခြားလူမှတ်လို့ ဂီ့စ်ပဲဟာ…ဂျပန်အကြောတော့ နပ်သပေါ့…

ဟိတ်လူ ဟောဒါ ဘယ်ဂျပန်မှ ရေဆင်းမကူးရဲတဲ့ အမေရိကရဲ့ တခုတည်းသော တံတားပဲ ဗျ..

ဘာ..စ်….ဗွမ်းးးးး….။

ကျောက်စ် နည်းနည်း ဖုလာသည် ..ဟော တွေ့ပါဘီ ကိုကို ကြောင်… ဒီလူ့ကိုတော့ မောင်ဂီ့စ် ကျပ်မရနိုင်တာ သိလေသည်.. လောင်းကြေးကား ၅၀၀

မောင်ဂီ့စ် ဒီတခါတော့ နာရီတွေ ဂျာကင်တွေ ကောက်ကတ် ချွတ်ပစ်သည်..ကိုကိုကြောင် အလွန်စိတ်ဝင်စားသွား၏။

ကြောင်။ ဟတ်ကောင် ငဂီ့ နင် ဘာလုပ်မလို့တုန်း

ဟာဂျာ ..ခီညား အသာနေဇမ်းဘာ.. ဒီမယ် ခုန်ချရဲရင် ခွစ်စ်လေးက အဖြေပေးမယ်ပြောထားလို့..

ဘာ..စ်….ဗွမ်းးးးး….။

ဒီတခါတော့ ၈၀ဝ ရှုံးထားသည့်အတွက် ကျောက်စ် လောင်းကြေးကို ၁၀၀ဝ ထိမြှင့်လိုက်သည်။

ဒီတခါတွေ့သူကတော့ သတ်ပုံဂိုဏ်းချုပ် မာမား ။

ကျောက်စ် ဘက်က ရေရေလည်လည် ကွန်ဖိဒန့်စ် မြင့်နေလေသည်။ ဒီအာပျိုယီး သည် မိုက်မိုက်မဲမဲ ခုန်ချလိမ့်မည်မဟုတ်ပါ…။

မောင်ဂီ့ လေအေးအေးလေးနှင့် ပြောချလိုက်သည်ကား

ရေသူမတွေ ဆာလုံးဗေါင်းမမှန်တာ သားသိပ်မုန်းတာပဲ မာမားရယ်…

ဘာ..စ်….ဗွမ်းးးးး….။

 

ဒီတခါတော့ အဘဖော..။ လောင်းကြေးကား ၂၀၀၀။

မောင်ဂီ့ မျက်နှာထား ချက်ခြင်းပြောင်းသွားသည်

၁၆နှစ်သမီး ယဲဇားထားသည့်ဟန်ဖြင့် နန်းစုဗလီစိုး စတိုင် ကြာပစ်နေသည်

ဖော။ ဟတ်ကောင် ဘာဖြစ်နေတာတုန်း။

ကိုယ့်ဟာကိုယ် ဘာပုံပေါက်နေတယ် ဆိုတာ စဉ်းစားစေချင်တယ်ကွယ်..

ဂီ့စ်။ ဟီဟိ… ခစ်ခစ်…။

ဖော။ ပြောလကွယ် ..ဘာတွေ အူတက်နေတယ်ဆိုတာ ..

ဂီ့စ်။ မပြောပါရဇီနဲ့ အဘရယ်…။

ဖော။ ပြောမှာသာပြောဇမ်းဘာကွယ်။

ဂီ့စ်။ ဟိုလေ.. ဟိုဟို အဘစိတ်မဆိုးရဝူးနော်..

ဖော… အေး.. ပြောမှာသာပြောဇမ်းကွယ့်

ဂီစ့်။ ဟိုလေ ဥကျောက်စ် ကပြောနေတယ် အဘက တဲ့ သင်္ဘောကပ္ပီတန် သာဖြစ်တာ ရေမကူးတတ်ဘူးတဲ့ …ဟိ…။

ဘာ..စ်….ဗွမ်းးးးး….။

ကျောက်စ် ချွေးပြန်လေပီ ငွေမျော ငွေနဲ့လိုက်ရမည်သာ… ဒီတခါ ၄၀၀ဝကြေး

လျှောက်လာသူကား ညောင်ဝတုတ်..။

မောင်ဂီ့ ဒီတခါကျမှ ချွေးပြန်ရတော့မည်

ဟိုက ဒင်းအကြောင်းသိသဖြင့် လှိမ့်ဖို့မလွယ်..

တုန်တုန်ရင်ရင်ဖြင့် လမ်းလျှောက်ရင်း

အရေးထဲ မောင်ဂီ့ ခလုတ်တိုက်လေသည်။

လက်ထဲက အိုင်ပက်မီနီ လေး လွင့်စင် ပျံဝဲ …

ဟာ..စ်….ဗွမ်းးးးး….။

 

ဒီတခါ ၈၀၀ဝကြေး ။ လျှောက်လာသူကား ကရင်စီ

မောင်ဂီ့ မျက်နှာချက်ခြင်း အိုချလိုက်ပီး

တနေရာရာကို ဆွေးဆွေးမြေ့မြေ့ကြည့် လက်ညှိုးထိုးရင်း တစုံတရာကို ရေရွတ်သည်…။

ကိုရင်စည် ဒိုင်ဗင် ပစ်တော့သည် ။

မောင်ဂီ့စ် ရွတ်တာ တလုံးတည်း ဖြစ်သည် .. ဟုတ်ပါသည်

ယုစ် .. တဲ့ ..(ယုသန်ဒါတင် ကိုဆိုလိုသည်)

 

ယခု ၁၆၀၀ဝ ကြေးမှာ အလှည့်ကျလာသူက အရီးခင် ဖြစ်သည်။

မောင်ဂီ့ ကတ်တလောက် တအုပ် ထုတ်သည် တစုံတရာကို အသည်းအသန်ရှာဖွေသည်..

အရီး မနေသာတော့

ခင်။ ဟဲ့ကောင်လေး ဘာတွေပြူးပြဲရှာနေတာလဲ..

အော်.. ဘာရယ်မဟုတ်ပါဝူး အရီးရယ်.. ဒီတံတားကြီးပေါ်က ခုန်ချတဲ့ လူစာရင်းမှာ မိန်းမ တယောက်မှ မပါသေးဝူး သတိထားမိလို့ပါ…

အင်းလေ.. မာဂရက်သက်ချာ နဲ့ ဂှူးတောင် ခုန်ချရဲမယ် မထင်..

အဲ့ဒါကြောင့်ပဲ ရှင်မထီး နီဂိမိ ကိုယ်တော်ကြီးက

မိန်းမဟူဘိ ထိုအိပ်ထိ၌

သတ္တိဟူသည့် ထိုကဝိသည်

အမြဲတစေ မရှိချေ၏

လို့ ဆိုခဲ့သေးတာမဟုတ်လားဗျာ…

မောင်ဂီ့ ရမ်းကြိတ်လိုက်သည်…။

အရီး ပဲ တခြားလူမှတ်လို့ … အစွမ်းပြတော့အံ့ထင်..။

အင်္ဂလန်ကျွန်းမှာ ကို့ကို ထားခဲ့ပဟေ့….ဗွမ်းးးးးးး

ကျောက်စ် စိတ်ညစ်ရပြီတည်း ….။ မတတ်နိုင် ဒီတခါ ၃၂၀၀ဝ ကြေး။

ဒီတခါတက်လာသူကား ဗလာဒီမာ ယွဲစီ …

ဟားဟား… မောင်ဂီ့စ် မင်း ဘာတတ်နိုင်သေးသတုံး …

 

မောင်ဂီ့စ် သူ့ ပုလင်းတူဗူးဆို့ ကို စကား တခွန်းတည်းသာပြောသည်။ ကယွဲစီ ခုန်ချသွား၏။

မောင်ဂီ့စ် ပြောလိုက်တာက ၂လုံးတည်း …

အာတား အာတား တဲ့..။

ကျောက်စ် ဒေါသတို့ အထွဋ်အထိပ် တည်း….

ကောင်းပီ ငဂီစ့် ဒီတခါ ဘယ်သူ လာလာ ..၁သိန်း ကြေးကွာ ..၁သိန်း

ဒေါ်လှ တသိန်းကြေး…

စိန်လိုက်လေ အူးလေးရဲ့ ဒချိ ဒချိ…

ကန္နားစီးကတော့ သူ့ဝသီအတိုင်း ပြောင်စပ်စပ်

ဟော ..တွေ့ပါပြီဗျာ…အဲဗား ကွမ်းစား နဲဗား ဝမ်းမသွားတဲ့ သူကြီး …

ဟုတ်ပါသည် မန်းဂဇက်သဂျီး ဖြစ်၏။

ဥကျောက်စ် မျက်နှာ ဝင်းတက်သွားသည်။

ဝိုင်းဝိုင်းဝက်စ် ထဲက ဝီလ်စမစ် လိုပြုံး၏။

ဘယ့်နှယ့် သဂျီးလမ်းလျောက်လာတာကို ကြာရန်ကော ဟူ၍ ရွှေသမင် လိုချင်သော မယ်သီတာ အထှာ နှင့်

ခြေဆောင့် ခါးထောက်လိုက်သေးသည်…။

မောင်ဂီ့ကတော့ အူးယီးတော် မာရဇ္ဇလို တည်တည်ငြိမ်ငြိမ် လက်ပိုက်လျက်

သဂျီးမှာကား ဒဿဂီရိ စတိုင်ဖြင့် စောင့်ကြွားကြွားလျောက်လာသည်…။

ဒလောက် မြောက်အမေရိကတိုက်၏ လက်ပေါက်အကပ်ဆုံး

အငြင်းအသန်ဆုံး ဂွ အကျဆုံး အယ်ချုပ် ကို ဒီငတိ

ဘယ်လိုမှ ခုန်ချအောင် ပြောနိုင်စွမ်း မရှိ ဆိုတာ

မြေကြီးလက်နဲ့ ခတ်တာတောင်မှ လွဲဦးမည် မဟုတ်လား..

သိပ် သေချာပါသည်။
ဟော ရောက်ပါဘီ…။

တသိန်းကြေး ဆိုတော့ဆားပုလင်းနှင်းမောင် နှယ် မောင်ဂီ့ တယောက် မင်မောင်း ဘယ်လောက်ပင် ကောင်းစေကာမူ ..သေနတ်လေးတော့ ဆောင်ခဲ့ အိုင်ပီရေ

..ဆိုတဲ့ ကိန်းနှင့် နည်းနည်းတော့ လန့်နေသည် ။

အော်.. သဂျီးခညာတော့ ဘာဘာဘာမှ မသိရှာ သေး..။

ဥကျောက်စ်ကား စုံထောက်ဦးကိုကိုကြီးလို သူ၏ ထွားကျိုင်း တုတ်ခိုင်လှသော ဝမ်းဗိုက်ကို ပွတ်၍ ရယ်သွမ်းသွေးနေ၏ ။

မောင်ဂီ့ မျက်လုံးများကို မှေးစင်းကာ ဘိန်းစား ဘွန်ဟောင်းနှယ် အတွေးနယ်ချဲ့သည်။

ဘာများပြောဖို့ ရှိလို့တုန်း ကိုရင်တို့ရဲ့..။

စနေမောင်မောင်၏ ရဲရင့်မှုမျိုးဖြင့် သဂျီး ကမေးသည်။

ဥကျောက်စ် ကတော့ ပရော်ဖက်ဆာ ဒေါက်တာစိတ်ဖွား လို အပိုင်ကွက်ရထားသည့်နှယ် အမူအယာကောင်းနေသည်…(အဲ..သူက ရှော့စိလယ်…)

မောင်ဂီ့ ကတော့ အပိုမဆိုတတ်သော ပုဏ္ဍား ဘကွန်းစတိုင်ဖြင့် …စကားတခွန်းကို ဆိုလိုက်လေသည်…။

ဘာ..စ်….ဗွမ်းးးးး….။

 

ဒေါ်လှ ၁သိန်း ၆သောင်း ၃ ထောင် နဲ့မှ ၈ရာတိတိ

ထွက်သွားပြီဖြစ်လေသည်။ မွဲဘီ… မင်ဂါ ဆောင် စားရိတ်လေးတွေ

ကုန်ဘာဘီ… ဟို သေဂျင်းဇိမ်း မိဂီ ကိုမှ သွား ပါးစပ်ဆော့မိတာကိုး…။

 

ဟုတ်ပါသည်…

ပရိတ်သတ်ကြီး သိချင်နေသော မေးခွန်းအား

ယခု ကျနော် ဖြေပါ့မည်…။

 

ကျနော် မောင်ဂီ့ သဂျီးမင်းအား ပြောခဲ့သော စကားမှာကား..

 

.
.
.
.
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
..
.
.
ဒီနေရာမှာ ရေဆင်းကူးရင် ငရဲကြီး တတ်တယ် တဲ့ …..
ဟူသတတ်..
ဒချိ ဒချိ
လွန်ဒလာ စိရင် ဝန်ဒါမိပါ ခည…။။

ဒက်ဂလောက် ..ဒက်ဂလောက် ..

14 comments

  • Myo Thant

    August 20, 2013 at 3:24 pm

    ကိုကိုကျောက်ကလည်းဗျာ

    အဲသဟာကြောင့် ချာတိတတွေနဲ့ မပေါင်းပါနဲ့ဆို ၊

    သားသားတို့လို လူပြိုကြီးတွေနဲ့ တွဲစမ်းပါ

    ၁၈ ရပ် မကတော့တဲ့ ပညာတွေ

    သင်တန်းကြေးမယူပဲ သင်ပေးမယ် ၊

    နှင်းရေ ဆိုရင် ရေပူလား ရေအေးလား ပါလာစေရမယ်

    အိုကေ ၊ ကဲ သင်တန်းဘယ်တော့ တက်မလဲ ?

    မိန်းမ မခွာနိူင်နည်း အွန်လိုင်းသင်တန်းကြီး ၊

    ဒါမျိုးက ခွာဘူးတဲ့လူမှ ပညာပိုစုံတာ ၊ 🙂

    • ဦးကျောက်ခဲ

      August 20, 2013 at 3:55 pm

      ကျောက်စ်က ရိုးရိုးသားသားလေးပါ ကိုမျိုးသန့်ရယ်…
      အချက်အပြုတ်ကလွဲရင် ဘာ ပညာမှ မတတ်ပါဘူး… အားဟိ
      😀

  • ဦးကျောက်ခဲ

    August 20, 2013 at 3:46 pm

    နောက်ဆုံးတော့ ကျောက်စ်လည်း အလန့်ထညက်လေးအော်လိုက်တာပေါ့…
    “ဟဲ့ပလုပ်တုပ်… မဲဆောက်ရေကြီးတာ ဆန်ဖရန်စစ်စကိုအထိမျောလာသကိုး…
    အဲ့ဟိုမှာ ပက်ကညော ရှီးးး ရေထဲက ကြောင်ကြီးတို့ စီသွပ်တို့နဲ့တော့ ပွဲပဲ… ဟီ ဟိ”
    “ဗျာ..စ်….ဗွမ်းးးးး” ဂီ့စ် တစ်ယောက် ရေထဲ ခုန်ချသွားတာမို့…
    ပိုက်ပိုက်လေးတွေ အိပ်ထဲပြန်ထည့်ရင်း…
    “ပျင်းတောင်ပျင်းသေးတယ် ဟေ့… ပျင်းတောင်ပျင်းသေးတယ်” အား ဟိ
    😀

    • Crystalline

      August 20, 2013 at 5:07 pm

      :harr: အန်ကယ်ကျောက်စ်ဇာတ်သိမ်းမိုက်မိုက်.. ဒါပေမယ့် အဲဒီဆာဂီကတော့ ရှီးဆိုလည်းဆင်းကယ်ချင်မှကယ်မှာနော့ :kwi:

  • kyeemite

    August 20, 2013 at 4:20 pm

    ကျောက်စ် ပွဲသိမ်းအကွက်ကလေးလှသဗျာ…. 😀

  • Mr. MarGa

    August 20, 2013 at 6:34 pm

    အွန်း…
    နောက်ဆုံးတော့ ကျောက်စ် က ဂလို လုပ်လိုက်သကိုး…..
    ဟီဟိ
    အဲဒီအချိန် ရေထဲမှာ နှင်း ရယ် ရှီးးး ရယ် တစ်ပြိုင်ထဲများ မျောလာရင် ဘယ်သူအရင် ဆင်းမယ်မသိ… :kwi:

    • အလင်းဆက်

      August 20, 2013 at 7:14 pm

      ပြိုင်တူ ဖြစ်လောက်တယ် ဟ ။
      လူတွေ မမှားပါဇေနဲ ့ ပဲ..စောင့်ကြည့်ရမှာ…
      အဟိ
      အဟိ

  • ကိုရင်စည်သူ

    August 20, 2013 at 6:45 pm

    ဒီလူမောင်ဂီ့.. အရက်သောက်ထားမှ… သူ့အကြံကလွတ်မယ်…
    နင်လဲခုန်ဆင်းလာတယ်.. နာအောက်က ဘာအော်လိုက်လဲ တိချင်လား…
    ကျားမလေးကို ရေအောက်မှာ ကြောင်ကြီးကိုက်ဒါမြင်ခဲ့ဒယ်ဆိုပီးးး .. ဟီးး :mrgreen:
    ယုစ်စ်..ယုစ်… သူ့မျက်နှာလေးမြင်ရင် ရေထဲမပေါနဲ့.. ဗွက်ထဲတောင်
    ခုန်ချရဲဒယ်… အချစ်ဝတ်ထုရေးရင် သူမျက်နှာလေးကို စိတ်ကူးယဉ်
    ဝေါ်ပေပါမှာ.. သူ့ရုပ်ကလေးတင်ပြီး ရေးရရင် သိပ်ဖီလ်းလာတာပဲ… ဒိုင်းညွှန့်.. 😳

  • အရီးခင်

    August 20, 2013 at 10:49 pm

    ရှီး ရေ ဒီမှာ ဟေ့ …
    မောင်ဂီ ရဲ့ ညစ်လုံး တွေ …
    လောင်းကစား နေတယ်။
    နဲနဲပါးပါး ဆုံးမ ဖို့ လိုပြီ ဟေ့။
    😉

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 21, 2013 at 10:17 am

    သဂျီးက ငရဲနဲ့ သရဲကို အပီရှာနေတယ်ထင်တယ်

  • Swal Taw Ywet

    August 21, 2013 at 1:22 pm

    သဂျီးကို ရေထဲခုံချခိုင်းတာ အရေးမကြီး။
    ဒီ ဂေဇက်လေးပိတ်သွားမှဖြင့် သာဓု အနိတ်စ။
    ၁၁၉ ကိုဖုန်းဆက်ကြပါဗျို့။။။။
    ကျနော်ခေါ်တာတော့ “ လူကြီး မင်း ” နဲ့ဘဲတွေ့နေလို့ပါ။
    Dear Ko Gi,
    Bravo.

    With respect,
    Swal Taw Ywet.

  • kai

    August 21, 2013 at 1:25 pm

    တောက်စ်..
    ငရဲတွေ့လို့ကတော့.. ငရဲမီးတတို့ရောင်းရငွေနဲ့တင်… ဂိုဒမ်းမ်ဂိတ်လောက်တော့…
    အေးဆေး… အပိုင်ဝယ်နို်င်မှာ.. :kwi:

    ဆိုတော့…
    ငရဲက.. ဘာသာသာသနာအားလုံးမှာရှိသတဲ့..
    ထာဝရဘုရားသခင်ထက်တောင်.. လူစိတ်ဝင်စားလှောင့်သေး…
    ဟေး…ဟေး…

  • Shee

    August 21, 2013 at 1:38 pm

    ရီလိုက်ရတာ…ရေတောင်သီးတယ်……….ပြောတက်ပါပေတယ်မောင်ရယ်…..

    လောင်းကစားကိုဆုံးမဖို့တော့ ရန်ကုန်ရောက်မှတွေ့မယ်…..အရီးခင်ရေ…ညင်းဆဲနည်းလေးသင်ပေးပါဦးး..:P

Leave a Reply