အဇ္ဇျတ္တ ရဲ့ ​ခြေလှမ်​းများ

မိတ်​​ဆွေ ….

​ရေတစ်​ခွက်​​လောက်​​ပေးပါ

ညစ်​ညူး​နေတဲ့ ကျုပ်​အ​တွေး​တွေရယ်…..​

ထုံထိုင်​း​အေးစက်​​နေတဲ့ ကျုပ်​ခံစားမှုရယ်…….​

ကိုယ်​့အတွက်​ပဲ စဉ်​းစားတတ်​တဲ့အကျင်​့ဆိုး​တွေရယ်​ ….

​ရေ​ဆေးပစ်​လိုက်​ချင်​လို့ ။ ။

 

မိတ်​​ဆွေ…..

အပ်​တစ်​​ချောင်​း​လောက်​​ပေးပါ

မချင်​့ချိန်​တတ်​တဲ့ ပါးစပ်​​ပေါက်​ရယ်​ …

ခဏခဏ ဆာတတ်​တဲ့ အစာအိမ်​ရယ်​ ….

စပ်​စပ်​စုစုမြင်​တတ်​တဲ့မျက်​လုံး​တွေရယ်​ …….

ချုပ်​​နှောင်​သိ်​မ်​းဆည်​းထားချင်​လို့ ။ ။

 

မိတ်​​ဆွေ

အမှိုက်​ပုံရှိတဲ့​နေရာကိုလမ်​းညွှန်​ပါ

မရိုးသားတဲ့ တပ်​မက်​မှုရယ် ….​

ရိုးသား တဲ့ မာန်​မာနရယ် ……​

အက​်​​ကြောင်​းထပ်​​နေတဲ့နှလုံးသားရယ်​ ……

အပြီး စွန်​့ပစ်​လိုက်​ချင်​လို့ ။ ။

 

မိတ်​​ဆွေ

ထွက်​​ပေါက်​ကိုလမ်​းညွှန်​ပါ

ပိတ်​​လှောင်​ထားတဲ့တံခါး​တွေဖွင်​့​ပေးပါ

ညစ်​နွမ်​း​နေတဲ့ ​လေထုကိုသန်​့စင်​​ပေးပါ

ပြီး​တော့ ….. ​ပျောက်​ကွယ်​​နေတဲ့ ​မျှော်​လင်​့ခြင်​း​တွေပြန်​ရှာ​ပေးပါ

နှစ်​မျိုးငါးမတ်​နဲ့ ​ဈေး​လျော့​ရောင်​းခဲ့တဲ့ ကတိသစ္စာရယ်​ …..

အလဲအထပ်​မှာ အလိုက်​​ပေးခဲ့ရတဲ့​မေတ္တာတရားရယ် …..

အ​ကျောက်​အ​ပေါင်​ဆိုင်​မှာ ​ငွေငါးကျပ်​နဲ့ အဆုံးခံလိုက်​တဲ့ ကြင်​နာမှု​တွေရယ်​ …

ကျုပ်​ … ပြန်​ရှာကြည်​့ချင်​တယ်​ ။ ။

 

 

 

 

 

ခရီးသည်​ကြီး

 

 

 

 

 

 

 

 

26 comments

  • ukyein

    August 21, 2013 at 1:26 pm

    ဆန္ဒတွေပြည့်စေပေါ့ဗျာ။

    • ခရီးသည်ကြီး

      August 21, 2013 at 1:51 pm

      ​ပေး​သောဆုနဲ့ ပြည်​့ရပါလို၏ 🙂

  • ခင် ခ

    August 21, 2013 at 1:32 pm

    မိတ်ဆွေ
    အိပ်ခွင့်ရမည့်နေရာလေး လမ်းညွှန်ပေးပါ
    ရုန်းမထွက်နိုင်တဲ့ ဘဝတွေရယ်
    ရင်မောရတဲ့ လောကကြီးရယ်
    စိတ်လှုပ်ရှားတဲ့ သောကတွေရယ်
    အလိုမကျတဲ့ ဒေါသတွေရယ်က
    ခဏလောက်ဝေးဖို့ တစ်မှေးလောက်လေး အိပ်ချင်လို့။

    • ခရီးသည်ကြီး

      August 21, 2013 at 1:55 pm

      ဦး​လေး ခင်​ခ ခင်​ဗျာ
      ယခုလို ကဗျာ​လေး နဲ့အ​ရောင်​တင်​​ပေးတာ ​ကျေးဇူးပါဗျ

  • အလင်းဆက်

    August 21, 2013 at 1:43 pm

    ကဗျာ ရဲ ့ပထမ အပိုဒ် နဲ ့ဒုတိယ အပိုဒ်တွေက
    ကျွန်တော် အခု ဖြစ်နေတဲ့ ခံစားချက် တစ်စိတ်တစ်ဒေသ နဲ့ တိုက်ဆိုင်နေလိုက်တာ

    ကဗျာ အရေးကောင်းတဲ့ ခရီးသည်ကြီးး
    ကဗျာတွေ မကြာခဏ ရှာတွေ ့ပါစေနော်

    ချစ်ခင်လေးစားလျက်

    • ခရီးသည်ကြီး

      August 21, 2013 at 1:58 pm

      ​ဆရာအလင်​းဆက်​ရယ်​
      တိုက်​ဆိုင်​မှုရှိရင်​ ခွင်​့လွှတ်​ပါဗျ
      ကျုပ်​ က်ိုယ်​တိုင်​လည်​း …..

  • ဆာလ်ပါကွန်နိူင်

    August 21, 2013 at 1:44 pm

    အကျောက် အပေါင်ဆိုင်မှာ ဆုံးသွားတဲ့ ကိစ္စကကျုပ်တာဝန်ထားပါ
    ဘာမှမပူပါနဲ့။

    • ခရီးသည်ကြီး

      August 21, 2013 at 1:59 pm

      ဟုတ်​ကဲဗျ
      ပြန်​​ရွေး​ပေးပါ 🙂

    • GARFIELD

      August 21, 2013 at 3:39 pm

      ရွာထဲက ဦးကျောက်တော့ မိန်းမယူခါနီး စီးပွားရေးသောင်းကျန်းနေတာမသိဘူး…
      အခုမှပေါ်တော့တယ်… အပေါင်ဆိုင်တောင်ဖွင့်ပြီးပြီ… ဟီးဟီး

      အကျောက်အပေါင်ဆိုင်တဲ့…

      ခင်မင်လျက်-
      ဂါဂါးကြီး

  • kyeemite

    August 21, 2013 at 1:51 pm

    “အဇ္ဇျတ္တ”ကိုသရုပ်ဖေါ်တာကောင်းပါ့ဗျာ…
    ခရီးသည်ကြီးက ကဗျာရေးတယ်ကောင်းကိုးဗျ..

    • ခရီးသည်ကြီး

      August 21, 2013 at 2:01 pm

      ဦး​လေး ကြီးမိုက်​
      အရမ်​းမ​​မြှောက်​နဲ့ဦးဗျ
      ​လေ​တွေတိုက်​​နေတယ်​
      လွင်​့ပါသွားရင်​ဒုက္ခ 🙂

  • Mr. MarGa

    August 21, 2013 at 2:32 pm

    ပျောက်ကွယ်နေတဲ့ မျှော်လင့်ခြင်းတွေရယ်
    နှစ်​မျိုးငါးမတ်​နဲ့ ​ဈေး​လျော့​ရောင်​းခဲ့တဲ့ ကတိသစ္စာရယ်​ …..
    အလဲအထပ်​မှာ အလိုက်​​ပေးခဲ့ရတဲ့​မေတ္တာတရားရယ် …..
    ထို အရာများသည် တာဝတိံသာသို့ ရောက်ရှိလာခြင်း မရှိခဲ့ပါကြောင်း…… 🙂
    ဦးမာဃ (ခေတ္တ လူ့ပြည်)

    • ခရီးသည်ကြီး

      August 21, 2013 at 2:55 pm

      ဦးမာဂ တို့နတ်​ဌာ​နေက ဝင်​ခွင်​့မှမ​ပေးတာပဲဗျ
      ​နောက်​တခါ ဆိုက်​​ရောက်​ဗီဇာ​ပေးပါ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 21, 2013 at 3:19 pm

    ဒီဂဗျာဂို ပြတိုက်ပို့ကြပါဗျို့

    • ခရီးသည်ကြီး

      August 23, 2013 at 11:25 pm

      ဦး​အောင်​ပု ​ရေ့
      ပြတိုက်​ပိတ်​သွားဘီဗျ
      ​ဆော်​ဩ​ပေးတာ ​ကျေးဇူးဗျ
      ကြုံရင်​ ဖားပြုတ်​အရက်​နဲ့ကြွက်​​ေ ကြာ်​ ဆွဲကြတာ​ပေါ့ ​နော :mrgreen:

  • Ma Ma

    August 21, 2013 at 3:59 pm

    ကဗျာလေး သဘောကျတယ်။

    နှစ်​မျိုးငါးမတ်​ ဆိုတော့…………
    မဆလ ခေတ် လူသားလို့ ဆိုလိုတာပေ့ါ။ :hee:

    • ခရီးသည်ကြီး

      August 23, 2013 at 11:32 pm

      မ ဆ လ ……
      သမ ဝါယမ ဆိုင်​ ….
      ပါတီယူနစ်​ ….
      ​ပြည်​သူ့​ကောင်​စီ …
      ဆန်​တစ်​ပြည်​ ​လေးကျပ်​ခွဲ ….
      ​ဒေါ်​လေး မမ​ရေ …. ပြန်​​ပြောရင်​ ရင်​ခံလွန်​းလို့ 🙂

  • TheWinner Getprize

    August 23, 2013 at 4:16 pm

    မရိုးသားတဲ့ တပ်​မက်​မှုရယ် ….​
    ရိုးသား တဲ့ မာန်​မာနရယ် ……​
    အက​်​​ကြောင်​းထပ်​​နေတဲ့နှလုံးသားရယ်​ ……
    အပြီး စွန်​့ပစ်​လိုက်​ချင်​လို့ ။ ။

    တကယ်ပါပဲနော်….စွန့်လိုက်နိုင်ရင် ကောင်းမှာပဲ….

    • ခရီးသည်ကြီး

      August 23, 2013 at 11:34 pm

      ဟုတ်​ကဲ့
      ကျုပ်​လည်​း အဲ့လိုဖြစ်​ချင်​လို့ပါ
      တခါတရံ အ​နှောက်​အယှက်​​ပေးလွန်​းလို့ဗျ

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 4:37 pm

    ခရီးဒယ်ဂျီးရဲ့
    ငွေငါးကျပ်နဲ့ အဆုံးခံလိုက်ရဒဲ့
    အကြင်နာဒွေဂို …
    ကျုပ် ပျံယူလာဂဲ့ဘာဒယ် …

    မှတ်ချက် ။ ။ အလင်းဆက်ရဲ့ ဒေါ်ဖွားမေ …
    :mrgreen:

    • ခရီးသည်ကြီး

      August 23, 2013 at 11:38 pm

      ခက်​တာပဲ ကို့လူရယ်​
      အရင်​းထက်​အတိုးပို​နေမှာ​ပေါ့
      ​ကောင်​း​ကောင်​သိမ်​းထားကိုရင်​​ရေ….
      လူတိုင်​းကိုမ​ပေးနဲ့ :mrgreen:

  • အရီးခင်

    August 23, 2013 at 10:46 pm

    ခရီးသည်ကြီး
    အသံလေး ပြန်တွေ့ရလို့ ဝမ်းသာမိပါကြောင်း ဝင်ပြီး အော်သွားပါသည်။
    ဘယ်နေရာတွေကို လည်ပါတ်လာခဲ့တုန်း။ 😛

    ဒါထက် အကျောက် အပေါင်ဆိုင် ဆိုတာ ရွာထဲ က ကိုကျောက် ဆိုင် ဆိုတာ သတင်းပေးဖို့ ဟာ အပေါ်မှာ သတင်းပေးသူတွေ ဦးနေပါရော့။

    ကဘာ လေးက ကောင်းလိုက်တာ။
    ကျုပ်လဲ အဲဂလို စပ်ဦး မယ်။
    ချစ်တီး အကြောင်း။ 😉

  • ခရီးသည်ကြီး

    August 23, 2013 at 11:50 pm

    အရီးခင်​
    လာအား​ပေးလို့ အားရှိသွာပြ ီဗျ 🙂
    အရီးခင်​​ပြောသလို ဒီဘူတာကိုပြန်​ဆိုက်​တာပဲ​နော့
    ကျုပ်​မန်​း​ဂေဇက်​ရွားသားများ ဆိုတဲ့ ဆီကို​ရောက်​​နေပါဘီဗျ
    အရီးလည်​း ပြခန်​းမှာ တစ်​ပုတ်​တင်​ထားတယ်​ဆိုလို့ အံ့ဩဝမ်​းသာပါတယ်​ဗျ
    မမှန်​းတတ်​လို့ ဘယ်​ကဗျာလဲ​တော့မသိပါ​နော
    ​ကျေးဇူးပါဗျ ။

  • marblecommet

    August 24, 2013 at 3:31 am

    မိတ်ဆွေ
    ရေတစ်ခွက်သောက်ပါ
    …………
    မိတ်ဆွေ
    အပ်တစ်ချောင်းယူပါ
    ……….
    မိတ်ဆွေ
    အမှိုက်ပုံဒီမှာပါ
    …….
    မိတ်ဆွေ
    ထွက်ပေါက်လည်း ဒီမှာပါ
    …..
    ……..
    ……..
    မိတ်ဆွေ
    တကယ်တော့
    ကျွန်တော်ဟာ ကိုယ့်မှာမရှိသေးတဲ့
    အရာတွေကို ပေးနေမိပြီး
    မိတ်ဆွေတောင်းနေတာတွေက
    မိတ်ဆွေရထားပြီးသား အရာတွေသာ
    ဒီတော့
    မိတ်ဆွေ
    ကျွန်တော့်ကို အဲဒီ
    အဇ္စုတ္တလေး ပြန်မျှပေးပါဦး….။ ။
    ……….
    လေးစားတဲ့
    ငကမ်း….

  • ခရီးသည်ကြီး

    August 24, 2013 at 7:45 am

    ​ပေးရမှာ​ပေါ့ ဆရာကမ်​းကြီးရယ်​ 🙂
    ကို့ဆရာလိုတယ်​ဆိုရင်​ အဆင်​သင်​့
    ပီး​တော့ …..
    ငါး​ရေချို ဟင်​းရယ်​ ၊ စနိုက်​​ကြော်​ရယ်​ ၊ ဇင်​ပြွန်​းသီးချဉ်​စပ်​ချက်​ရယ်​ ​ခေါင်​ရည်​​မွှေး​မွှေး​လေးရယ်​ ….. ကြယ်​နီ ​ဆေး​ပေါ့လိပ်​ရယ်​ အ​ဖော်​လုပ်​ပြီး အဇ္ဇျတ္တ​တွေအ​ကြောင်​း​ချင်​တယ်​ဗျ
    တ​နေ့​ပေါ့ဗျာ ….

    ဆရာတို့လို ကဗျာပုံ​ဆောင်​ခဲ​တွေကိုအားကျတဲ့

    ခရီးသည်​်​

  • မောင် ပေ

    August 25, 2013 at 8:17 pm

    သုံးကျပ်ကို တစ်လိပ်နဲ ့
    သုံးကျပ် ကို တစ်လိပ် နဲ ့
    ခေါင်းမူးသွားပြီ ဒူးယားသည်ရေ
    (ဘိုဘိုဟန် စာသားမှ)
    မှတ်ချက် ။ စာသားမှားလျှင် ခွင့်လွှတ်

Leave a Reply