ပေါ်တင်ပေးတဲ့ ရည်းစားစာ

alinsettAugust 22, 20131min52549

စပယ်ရေ

 

ပန်းတွေ အားလုံး စပယ်ဖြစ်လိုက်ပါတော့လို ့

ငါ ဆုမတောင်းရဲပါဘူး ။

 

မြတ်နိုးစုံမက်

ငါ ပြတ်ပြတ်သားသားချစ်တာက

သနပ်ခါး လိမ်းထားတဲ့ ပန်းကလေး

နင်ပါ ။

 

ငါ ချစ်တဲ့ ပန်းကလေး

အနေဝေးသွားရင် သွေးအေးလို့

ငါ့ကို ချစ်တဲ့ နင့်အချစ်တွေ

လျော့သွားမှာ စိုးပါရဲ ့။

 

တကယ်တော့ ငါဟာ

အသည်း မမာတဲ့ ယောကျာ်းပါ ။

အချစ်ဆိုတာ . . . . .

အချစ်ပါပဲဆိုပြီး

အချစ်ကို အဓိပ္ပါယ်ထပ်မဖွင့်ချင်တဲ့

ငါ့ကို

နင် ပြန်သွားတဲ့အခါ

မေ့လိုက်မှာ လား ။

 

ကဗျာရေးတဲ့ငါက

နူးညံ့သိမ်မွေ့ ့မှုကိုမရှိဘူး လို ့

နင် ဝေးဝေးကနေ တွေးမိဦးမလား။

 

နင့်အတွက် တပ်မက်တွယ်တာဖွယ်ရာ သိပ်မကောင်းလောက်မယ့် ကဗျာရူးစာမူးတစ်ယောက်ကို

နင် ဝေးဝေးက သတိရဦးမလားး

 

နင် ငါကို ချစ်တယ်လို ့

ငါ့အထင်နဲ့ ငါ ပျော်ခဲ့တယ်

ငါ နင့်ကို ချစ်တယ်လို ့

နင့်အထင်မှာ စွဲစေတဲ့အထိ

ငါ ချစ်ပြခဲ့တယ် ။

 

ဟုတ်တယ် ။

 

ငါ နင့်ကို ချစ်တယ်။

 

ဟောဒီလောက မှာ

ဘယ်ယောကျာ်းမှ မချစ်နိုင်သေးတဲ့ အချစ်နဲ ့ အနှိုင်းမဲ့ချစ်ပြချင်တယ် ။

 

မယုံမရှိနဲ ့။

ငါ့ကိုယ်ငါ သိတယ် ။

 

ငါတန်ဖိုးထားတဲ့ ပန်းကလေး

တခြားသူ ခူးသွားမှာတော့

ငါမလိုလားဘူးပေါ့ ။

ငါက ငါချစ်တဲ့အရာတွေကို

ငါ့ရင်ခွင်ထဲမှာပဲ သိမ်းပိုက်ချင်သူ. . . .ငါချစ်တဲ့ သနပ်ခါးရန ံ့နဲ့ ကောင်မလေး

တစ်ချက်ကလေးတောင် သူများကိုမပေးချင်ဘူး ဆိုမှ

အနေဝေးဖို ့က ဖန်လာတယ်။

 

အဲဒီ ့ကံကြမ္မာကို မတရားးးးး ဆဲချင်တယ်။

 

ငါချစ်တဲ့ ပန်းကလေး

ငါနဲ့အဝေးးးပြေးးးသွားးတဲ့အခါ

ငါ့ ပန်းကလေးနဲ့နီး ဖို ့

ခရီးသစ်တွေ စ ပါမယ် ။

 

ငါ ခရီးလမ်းဆုံးရာ ပန်းတိုင်ဟာ

နင့်ဆီအရောက်လှမ်းကြိုလင့်မယ့်

နင့်လက်ကလေးကိုဆွဲ

နင့်နဖူးပြင်က သနပ်ခါးရနံ ့လေး

တစ်ချက် မွှေးကြူဖို့နဲ့

နင့်ကို သိမ်းပိုက်

ငါ့ကိုယ်ငါ နင့်လက်အပ်ဖို ့ပါပဲ။

 

နင့်ရှေ့ မှာ ချ လှဲပေးထားတဲ့

ငါ့ရဲ ့မာန အလံကလေးးး

နင် . . . . နင်းချေမယ်ဆိုလည်းးး

အဆင်သင့်ပါ . . . စပယ် ။

 

စပယ်တစ်ပွင့်ကို ချစ်မက်တွယ်တာ

သံယောဇဉ် တပွေ ့တပိုက်နဲ့

ဟောဒီ ချစ်ငမိုက်သားကို

နင့် အကြင်နာ အကြည့်တစ်ချက်နဲ့

ဂျွမ်းပစ်ခိုင်းလည်းး

ရပါတယ် ။

 

နင့် အတွက်ဆို . . .

ဘာမဆို ပေးပစ်ဖို ့

ငါ့ရင်ဘက်ကို ဖွင့်လိုက်တယ် ။

 

ရဲရဲတောက် နှလုံးသားနဲ ့

ရင်ထဲက ပန်းတစ်ပွင့်ရဲ ့ပုံရိပ်

နင် မြင်မှာပါ . . . စပယ် ။

နင့်ကိုချစ်တဲ့ အချစ်နဲ့

ငါ. . . . . . . . . . . . .

လောကသစ်တစ်ခု တည်ဆောက်ထားတယ် ။

 

နင် . . . . . . . . . . .

ခဏဖြစ်ဖြစ် လာကြည့်ဖို ့

ဝင်ခွင့်လတ်မှတ်တစ်စောင် နင့်ကိုငါပေးမယ် . . . . စပယ် ။

အဲဒီ ဝင်ခွင့် လက်မှတ်မှာ

နင့်ကို ငါ ချစ်တယ် ဆိုတဲ့ စာသားးးးး

အဖြူရောင်နဲ ့ရေးထားတယ် ။

 

နင် . . . .

ဝင်ခဲ့ပါ

နင် နားခိုရာ ရင်ခွင်တစ်ခု

နွေးထွေးစွာ ရှိနေတယ် ။

 

နင် မရှိရင်

ဘာမှလည်း မရှိတဲ့ ငါ့ရင်ခွင်

နင်တစ်ယောက် ခိုဝင်ရုံနဲ့

အရာ အားလုံး ပြီးပြည့်စုံတယ် . . . စပယ်။

 

ငါ့အချစ်သမိုင်းးးးး

ရာဇဝင်မှ မရိုင်းခဲ့တာ

ဗလာစာတစ်ရွက်လို ဘာမှ ရေးမထားတဲ့

အခုမှ စ သော ဇာတ်လမ်းပါ ။

အခုတလော ခေတ်စားနေတယ်ဆိုတဲ့

အလွမ်းနဲ ့တော့

ဇာတ်မသိမ်းချင်ဘူးးးး

ငါ . . . . .

ရူးလိမ့်မယ် စပယ် ။

 

ကျောက်ရုပ်တွေတောင်

ခေါင်းငုံ ့

လက်ပိုက်

နင့်အရှေ ့မှာ ညင်သာ

ပျော့ပျောင်း

နင့်အမိန့် အတိုင်း လိုက်နာစေသွားမယ့်

နင့်ရဲ ့ ယဉ်စစ အလှရိုးရိုး

ငါ တမျိုးပြီးတမျိုးးး

ပို တိုးးလို ့ချစ်ချင်တယ် ။

 

ဂန္ထဝင်မြောက်ရဲ ့လားးး

ငါ့ ရည်းစားစာ

တကယ်တော့ ငါရေးခဲ့တာ

ငါ့အချစ် သမိုင်း ပါ ။

အသည်း ထက်မှာ မော်ကွန်းထိုးပြီးမှ

ဘုရားရှေ ့မှာ ဒူးထောက်

နင့်အတွက် လက်မြှောက်ပြီးးးရေးတဲ့

မဟာလင်္ကာ တစ်ပိုင်းတစ်စ

ငါ ကြွကြွရွရွ ရေးတယ် ။

 

ချစ်သော စပယ်

ပန်းဖြူဖြူတစ်ပွင့်ကိုမှ

အနမ်းဖြူဖြူနဲ ့ လွှမ်းခြုံပေးချင်တဲ့ငါ

နင့်အတွက် တော့

သူရဲကောင်းစာရင်းး ဝင်စေချင်တယ် ။

 

အပိုတွေ မပြောတတ်ပါဘူး ။

မြေကြီးစကားပဲ ငါ တတ်သူ

ကောင်းကင်တွေ နားလည်ဖို ့

ငါ့ ဘာသာစကားက မလှပနိုင်ဘူး ။

နင် နားလည်ဖို့တော့

ကြိုးစားပြီးငါပြောပါ့မယ် ။

ရှင်းရှင်းလေးပါပဲ

 

ချစ်တယ် ။

 

49 comments

  • Crystalline

    August 22, 2013 at 9:36 am

    အရှေ့တောင်အာရှမှာ စတုတ္ထမြောက်အပျော်ဆုံးယောက်ျား အမြန်ဆုံးဖြစ်ပါစေ :harr:

    • GARFIELD

      August 22, 2013 at 10:30 am

      အပျော်ဆုံးယောင်္ကျားဖြစ်ဖို့ နောက်ထပ်ဖိနပ်တစ်ရံလိုသေးတယ်…
      ခက်တာက အဲ့ဖိနပ်တစ်ရံက အကြီးလား… အသေးလားတောင် သေချာသူမသိသေတဲ့ဘဝ…
      ဝေးပါသေးတယ်လေ…

      ခင်မင်လျက်-
      ဂါဂါးကြီး

      • အလင်းဆက်

        August 22, 2013 at 10:43 am

        အပျော်ဆုံး ယောကျာ်း ဖြစ် ချင်ပါတယ်
        ခက်တာက
        နှလုံးလမ်းကြောင်းက ခံနေတဲ့ ကျွန်းးး
        ဘီလူး မစီးပါစေနဲ့ လို ့
        ဆုတောင်းနေရတယ် ။

        :kwi:

      • ဖြူစိုင်း လူ

        August 23, 2013 at 6:16 am

        ကြုံတုန်းတစ်ခုမေးချင်လို့ပါ

        ဘာမပြော၊ ညာမပြောနဲ့ လူကို ဘလိုင်းကြီး ဘာလို့ ဘလော့သွားလဲသိချင်လို့
        (ဒီနေရာမှာပဲ ပြန်ရှာတွေ့လို့ မေးခွန်းထုတ်ကြည့်တာ)

        • အလင်းဆက်

          August 23, 2013 at 7:54 am

          တိန်

          ဘယ်သူ့ကို ပြောတာလဲ ဟင်

          ကျွန်တော် လားးး

  • မင်းခန့်ကျော်

    August 22, 2013 at 9:48 am

    စံပါယ်ရေ

    ဒီမှာ

    ချစ်တယ်

    တဲ့

    စံပါယ်ဆိုဒါ

    သိသလိုလိုပဲ

    ဟီးးးးးးး

    :mrgreen:

    အော်ခေတ်က

    အွန်လိုင်းပေါ်ကနေ

    တကမ္ဘာလုံး သိအောင်

    ရည်းစားစကား

    ပြောလို့ရ နေပြီ

    ဒီဝါ အကျွတ်မှာ

    ဒီလူ

    မိန်းမရပါစေ။

  • ukyein

    August 22, 2013 at 9:49 am

    သူတို့အခြင်းခြင်းကျတော့ဟုတ်သား ဟ

    ဒို့တော့ဘာမှမသိဘူး…ဟဲ့…ဒါနဲ့ ချစ်သု့ဝေလေးနဲ့မှဟုတ်ရဲ့လား
    ဒီကောင်လေးတော့………………………………နော်။

    • အလင်းဆက်

      August 22, 2013 at 11:00 am

      ချစ်သုဝေ ကိုတော့ တစ်သက်မမေ့ပါဘူး ဦးဦးကြိမ်
      :kwi:

  • ဦးကျောက်ခဲ

    August 22, 2013 at 10:11 am

    ဝှိုက်ဘုတ်မှာ ဒီကဗျာကို ဆော့ပန်နဲ့ ချရေးပြီး…
    စပယ် လာမည့်လမ်းမှာ ဘုတ်ထောင်ပြလိုက်…
    ဒီထက် ပေါ်တင်ကျတာ မရှိ… ဟီ ဟိ
    😀

    • အလင်းဆက်

      August 22, 2013 at 10:58 am

      ဦးကျောက် ပြောသလိုလုပ်ရင် အဆင်ပြေလောက်တယ်
      မပြေလည်း ဒေါ်ဖွားမေ ဆီ သွားမယ်။
      ကဗျာစာသားထဲက စပယ်ဆိုတာကို ဖျက်ပြီး ဖွားမေ ကိုထည့်ရမယ်

      အဟိ အဟိ
      🙂

      :kwi:

    • GARFIELD

      August 23, 2013 at 8:57 am

      ဦးကျောက် ဝယ်ထားတဲ့ ဝှိုက်ဘုတ်တွေထဲက တစ်ခုလောက်ပေးလိုက်ပါလား…
      ဦးကျောက်အတွက်အသုံးမလိုတော့ဘူးထင်တယ်… ဟိဟိ

      ခင်မင်လျက်-
      ဂါဂါးကြီး

  • Ko chogyi

    August 22, 2013 at 10:13 am

    ပန်းစပယ်ဆိုတာ
    ဖူးပွင့်စ မာန်ဝင့်ထယ်
    အလှကြွယ်နေနိုင်ပေမဲ့
    မခူးရက် မပန်ရက်ရင်ပေါ့
    အခါလွန်အရွယ်နှောင်းပြန်တော့
    ကြွေလွင့်ကာ မြေမှာခစမြဲမို့
    ခူးပါတော့ ရှင်ရယ်……………………

    • အလင်းဆက်

      August 22, 2013 at 10:56 am

      ခူးပါတော့မယ် စပယ်ဖူး
      မြူးကာပေါ့ကွယ် တကယ် ရူး
      :kwi:

  • ငေးလ

    August 22, 2013 at 10:15 am

    မိုက်ချက် စာသားတွေ နုဖက် ရုပ်နဲ့တော့ မလိုက် အဟက် ကျော်ထွဋ်ဆွေ ပြောတာနော်
    စပယ်ရယ် ချစ်တယ် ဆိုတဲ့ စကားလုံးကို ကျည်ဆံ လုပ်
    မန်းဂေဇက် သေနပ်နဲ့ ဝေးဝေးက နေ ကောင်းကောင်းချိန်ပြီးပစ်နေပြီ့

    • အလင်းဆက်

      August 22, 2013 at 10:54 am

      ငေးလ ရဲ ့စကားလုံးလေးလည်း ဂွတ်တယ်ဗျ
      ချစ်တယ်ဆိုတဲ့စကားလုံးကို ကျည်ဆံလုပ်
      မန်းဂဇက်သေနတ်နဲ့
      တဲ့
      ရှယ်ပဲ

      🙂

      • ငေးလ

        August 22, 2013 at 11:14 am

        ဂေဇက်ရွာသူ ပီပီ သများတွေလို ကဗျာမစပ် တတ်ပေမယ့်
        အတွေးတော့နဲနဲ များတဲ့ ည လေးပါ

        • အလင်းဆက်

          August 22, 2013 at 1:17 pm

          ညလေးရေ

          အဲဒီ အတွေးတွေကို
          ကဗျာအဖြစ် အသက်သွင်းပြီး
          ကျွန်တော်တို ့ဂဇက် ကဗျာချစ်သူများရဲ ့ကဗျာပြခန်း ကိုသာ ပို့ပါ
          ရှင်သန်နေတဲ့ကဗျာ အလှကို ဖော်ထုတ်ပေးပါရ စေ

        • Min Zarni

          August 22, 2013 at 1:22 pm

          ကျော်နှစ်သက်တဲ့ စာရေးဆြာ တယောက်ကတော့ သူ့မိန်းမကို ဂလိုချွဲသဗျ….
          မင်းဟာငါ့ဘဝအတွက် တော်ဝင် သဇင်ပန်း မဟုတ်သလို သိပ်လှတဲ့ နှင်းဆီပန်းလည်း မဟုတ်ပေမယ့်
          ဖြူစင်မွှေးပျံ့တဲ့ စံပါယ်ပန်းလေးပါပဲ တဲ့…
          ငိငိ ..
          ဘွားတော် ကြွေပါလေရော ..တသက် ..။

  • Min Zarni

    August 22, 2013 at 10:23 am

    ပြောပြန်ရင်လည်း ဂီစ့်ကြွားဒယ် ဖစ်မယ် .. Wall ပေါ်သာ တက်ကြည့်ပါဒေါ့ကွယ် …ငိငိ…
    (တအားပျော်ဒယ် အားမိုးရယ်..)

  • Ma Ei

    August 22, 2013 at 10:48 am

    စပယ်..
    ဆိုတာ ဂဇက်ရွာသူလေးလား …
    ဘယ်သူများပါလိမ့် အလင်းဆက်ရေ…

    • အလင်းဆက်

      August 22, 2013 at 11:11 am

      စပယ် ဆိုတာ
      စပယ်ပါ

      :kwi:

      အမှန်တော့
      စပယ် ဆိုတာ
      သနပ်ခါး လိမ်းထားတဲ့ ပန်းကလေး ပါ

      အမှန်တော့
      သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးဆိုတာ
      တာရာမင်းဝေ ရဲ့ စကားလုံးလေးပါ
      ခဏယူသုံး လိုက်တာပါ

      🙂

  • စံပယ် (ချစ်သုဝေနဲ့တူဒဲ့ အရူးမလေး)

    August 22, 2013 at 11:17 am

    ကိုကိုဆက်ရယ် …
    သများဂို ကပ်ဒိုးလေး ပေးလည်း ဖစ်ဒါဘဲကို ..
    ဂုဟာဂ ချက်ချာဂျီး ….
    သများလည်း ကိုကိုဆက် ကို ကျိုက်နေဒါ …
    ဒါလေးတောင် သိဝူးလားလို့ .. ဟွန့် ..
    :mrgreen:

    • အလင်းဆက်

      August 22, 2013 at 1:13 pm

      အမငီးးးးးးး

      သူ ့ကိုယ်သူများ ချစ်သုဝေ နဲ့ တူသဒဲ့
      နီက ချစ်သုဝေနဲ ့တော့ မတူဘူးး
      သုမောင်နဲ့ တူနေတာ
      ဒီတော့ သုမောင်နဲ့ တူတဲ့ အံအံ လို ့ပြောစမ်းဘာာာ
      🙂

      နီဂ နာ့ကို ကျိုက်နေတာလားးး
      နီ ကို နာ့အကြောင်းပြောပြထားတယ်နော်
      နီ မကြောက်ဘူးလားးး

      :kwi:

  • kyeemite

    August 22, 2013 at 1:10 pm

    မှတ်ပလား အလက်ဆင်း…
    နင့်ရီးဇား ခြောက်မျက်နှာရောက်လာဘီ.. :loll:

    • အလင်းဆက်

      August 22, 2013 at 1:26 pm

      ဟုတ်ပါ့ ဦးကြီးရယ်

      ဒီစာက အံအံကို ရည်ရွယ်သလို ဖြစ်သွားရင်တော့
      ပြန် ရုတ်သိမ်း ရမှာပဲ ။

      ခြောက်မျက်နာနဲ့ ညားမယ့်အစား
      ဒေါ်ဖွားမေကို ဖက် တေတာက ပိုကောင်းမယ် ထင်ဒယ်
      အဟင့်

      :kwi:

      • မဟာရာဇာ အံစာတုံး

        August 22, 2013 at 1:35 pm

        ဟကောင် .. အလင်းဆက် …
        ငါ့ကိုများ စွပ်စွပ်စွဲစွဲ …
        ငါက နင့်ကို ဘာတစ်လုံး ပြောလို့ဒုန်း …
        အခုမှ ငါက လာဒါ ….
        နင်ဒေါ့ နာဂျင်ဘီ ထင်ဒယ် …

        • အလင်းဆက်

          August 22, 2013 at 4:28 pm

          အံသုဝေ ရယ်
          နီ ဘယ်လောက် လည် လည်
          နီ လည်တာ
          နာ နုံ အ သ လောက်ပဲ ချိဘာဒယ် ။

          နာ သေချာ ကြည့်ရှု စစ်ဆေးပြီးမှ
          နီ မှန်း သေချာမှ ပေါဒါဘာ

          :kwi:

          ရုပ်ဖျက်ကျွမ်းတဲ့ အံစာ ကို
          ဟိုကောင်မလေး ရေ
          သတိထားပေတော့

          အဟိ

          ဂျစ်လို ့ချောက်တွန်း တာပါ

  • Mahar Myanmar

    August 22, 2013 at 2:28 pm

    ရည်းစား စကား ချစ် တယ် ပြော ဖို့ အဲ သလောက်
    ရှည် နေတုန်း ချစ်သူ ထွက်သွားရင် ..
    နင် ဘူတူ့ ကို သွား ပြော မလဲ ..
    အလင်း ဆက် ရေ

    • အလင်းဆက်

      August 22, 2013 at 4:30 pm

      အကြော်စုံ ရောင်းဒဲ့ ဒေါ်ဖွားမေရယ်
      ချစ်သုုဝေ ရယ်
      အရန်သင့် ချိဘာဒယ်

      အဟိ

      🙂

  • ရွှေမိုးတိမ်

    August 22, 2013 at 2:28 pm

    အင်းးး သနပ်ခါးလိမ်းထားတဲ့ ပန်းပွင့်ကလေး ဒဲ့
    ပေါ်တင်ပေးဒဲ့ရည်းစားစာ က ကဗျာဆန်လိုက်တာ။ 🙂

    • အလင်းဆက်

      August 22, 2013 at 4:32 pm

      အဲဒိ စကားလုံးလေးကို ချစ်လွန်းလို ့
      ဆရာတာရာမင်းဝေ ဆီက
      ခဏငှား သုံး လိုက်တာပါ
      ရွှေမိုး ရေ

      :kwi:

  • ခင် ခ

    August 22, 2013 at 3:26 pm

    စပယ်တစ်ကုံးလေး သူ့ကိုပန်ပေးချင်တယ်
    ကိုယ်ကိုတိုင်ခူးလို့သီမယ်။
    မေးပါရစေ ဖြူစင်သက်ထားအချစ်ရယ်
    ငြင်းပယ်မှာဘဲ စိုးပါတယ်………

    • အလင်းဆက်

      August 22, 2013 at 4:50 pm

      လေး ခ ရေ
      လေး ခ ရေးတဲ့ စကားလုံးလေးတွေက တိုတို ထိထိ မိမိနဲ့ ရှယ်ပဲ

      နောက်တစ်ခါ
      လေး ခ ရေးပေးနော်

      ဒီတစ်ယောက်နဲ ့အဆင်မပြေရသ်
      နောက်တစ်ယောက် အတွက်ပေါ့

      အဟိ

      🙂

  • Mr. MarGa

    August 22, 2013 at 6:47 pm

    ကတောက်စ်
    အဲ့ဒါပဲ
    ဒီစကားလေး တစ်ခွန်း ပြောဖို့အရေးကို
    ကွေ့ပတ် ဝေ့ဝိုက်နေတာ အကြာကြီး..
    ပြောပလိုက်စမ်းဘာာာ
    တစ်ခွန်းထဲပဲ
    ချစ်တယ် ပေါ့
    အရစ်ကို ရှည်တယ်
    ဒါကြောင့်လဲ ဖိနပ်က တစ်ရံထဲပဲ ရှိနေတာ :mrgreen:

    • အလင်းဆက်

      August 22, 2013 at 8:04 pm

      နောက်တစ်ရံ … က..
      ချစ်သုဝေ ဖြစ်မလား…
      စပယ် ဖြစ်မလား….
      ဒေါ်ဖွာေးမ ဖြစ်မလား….

      မသိ ။

      အဟိ ။

      ရှည်တာကောင်းမယ် ထင်လို ့ဟ ။
      အရစ်..ပြောပါတယ် ။
      သကြား.က ဘာအရစ်ပြောတာလဲတော့မသိ ။
      :kwi:

  • ukyein

    August 23, 2013 at 4:39 am

    တယ်ရောင်းကောင်းတဲ့ ရည်းစားစာပါလား………ကဲ…..တစ်စောင်လောက်
    ငယ်မူငယ်သွေးပြန်ပြီး ငယ်ချစ်ဦးကိုပေးဖို့ပါ…………..
    အဆဲအဆို မခံရအောင်တော့ ရေးဗျာ…..တန်ရာတန်ကြေးပေးပါ့မယ်
    …….ရော့…..ချစ်သုဝေ ပို့စ်ကဒ်၊ဒေါ်ဖွားမေအကြော်တစ်ခု နဲ့ မသီရသေးတဲ့ စပယ်ပန်းတွေ။

  • ကြည်ဆောင်း

    August 23, 2013 at 12:23 pm

    ဂဇက်ထဲ မရောက်တာကြာလို့ ဝင်ကြည့်လိုက်မိတော့
    အလက်ဆင်းတစ်ယောက် ဘယ်အငြိုးနဲ့ စပါယ်ချစ်မိုးတွေရွာနေပါလိမ့်နော်….

  • အရီးခင်

    August 23, 2013 at 9:00 pm

    တော်သေးတာပေါ့ဟယ်။
    နောက်ဆုံးမှာ
    ရှင်းရှင်း လေးပါဘဲ။ ဆိုလို့။
    (နောက်တာ)
    ဒါနဲ့ ပြောပြီးပြီလား။ 😛

    • အလင်းဆက်

      August 24, 2013 at 7:38 am

      ပြောပြီးပြီ အရီးရေ
      ဒီ စာက ပြောပြီးမှ ရေးတဲ့ ရီးဇားစာ

      ::)

      🙂

      အဲဒါကြောင့်
      ဒီ ရီးဇားစာထဲမှာ
      သူ ့မှတ်ချက်တစ်ခု ပါနေတာလေ

      ကျွနိတော့်ကို သူ မှတ်ချက်ချ ထားတာ

      :kwi:

  • marblecommet

    August 24, 2013 at 3:34 am

    ရည်းစား
    စာမှာ
    း း ဒါ နှစ်ခု အပိုထည့်ထားတာ ဘာသဘောပါလိမ့်
    .

    • အလင်းဆက်

      August 24, 2013 at 7:42 am

      စာလုံး ပိုရေးလိုက်မိတဲ့ သဘောပါ ။
      ပိုရေးထားတာကိုလည်း
      ပြန် မပြင်အားသေးတဲ့ သဘောပါ ကိုကမ်း ရေ

      :kwi:

  • ခရီးသည်ကြီး

    August 24, 2013 at 9:05 am

    စံပယ်​သူံးကုံး
    ညက ကုံးယ
    သူံး​ကုံးပြ ီး​တောင်​ ​မောင်​မလာ
    ပြန်​​တော့မင်​းရှင်​ မင်​းညိုစင်​
    လုလင်​ပြန်​​တော့ ပြန်​​လေ​တော့ …. ။ :mrgreen:

    • အလင်းဆက်

      August 24, 2013 at 10:23 am

      ခရီးသည်ကြီးရေ

      ခရီးသွားရင်းးး
      ကျွန်တော့် ရည်းစားစာကို ဖတ်မိသွားတယ်ပေါ့လေ

      🙂

  • မောင် ပေ

    August 25, 2013 at 8:13 pm

    ပေါ် တင် ပေး
    ဆော် ဂွင် လေး
    လျော် နင် ပြေး
    ဖော် ပင် ဆေး
    ဂေါ် ကြင် မေး

    • အလင်းဆက်

      August 25, 2013 at 8:20 pm

      ဂေါ်ကြင်မေး ပျော်ဝင်သေး
      အော်ချင်မနှေး ညှော်ရင်ပြေး
      ခေါ်ရင်အဝေး ဖော်ချင်တွေး

      အဟိ ။
      လိုက်နိုင်တော့ဝူး..ကာရန်တွေနောက်…

      🙂

Leave a Reply