ဒို့ဘာမန် နိုင်ပြီ

ムラカミAugust 22, 20131min36643

၂၀၁၃ အရှေ့တောင်အာရှ ဘောလုံးပွဲကား စတော့ပေမည်။

ကိုရီးယားလူမျိုး နည်းပြကြီး ပတ်ရှောင်ခွာ အင်မတန် စိတ်ညစ်နေသည်…။

အဘယ်ကြောင့် ဆိုသော် ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း

လက်ရွေးစဉ် ကိုကိုများကြောင့် ဖြစ်သည်။

ပြောရလျင် မြန်မာ့လက်ရွေးစဉ် ဘောကိုကို တို့မှာ ကမာ္ဘ့အဆင့်မီလေသည်။

ခြေစွမ်းပိုင်း မီခြင်း ဟု မဆိုလိုပါ ။ တက်တူးထိုး ကလပ်တက် ရှက်ထု ဆံပင်ဆိုး ပြီး စကီအလန်းလေးတွေ တွဲသည့်နေရာတွင်ဖြစ်၏။

ခြေစွမ်းပိုင်း မကောင်းပေ ..သို့ရာတွင် လူစွမ်းကောင်းတွေ တော့ ထွက်လေ၏။

ပရိတ်သတ်ကို လက်ခလည်ထောင် ကော့ပြ သူမှအစ အချင်းချင်း ခြေဖြင့်ခတ်သည့် ကွန်ဖူးအကျော်အမော်အလယ်

နည်းပြကို ဘောပဲ ပြောတဲ့ကောင် အဆုံး လူစွမ်းကောင်း အကုန်ထွက်လေသည်။

သည်တော့ နည်းပြကြီး ညစ်မယ်ဆိုလည်း ညစ်ချင်စရာပါပေ..။

ဘယ်တော့မှ အသက်၂ဝကမတက်သော လူငယ်ခြေကျ များလည်း လွန်စွာပေါလေ၏။ ပရိတ်သတ်က အသက်၂ဝ ဆိုတာ

အိမ်ထောင်သက်လား ပြန်မေးရမည့် မောင်တွေ တည်း။

ဒါတောင် တချို့ပရိတ်သတ်က တချိန်က ငဒို့အသင်းက အာရှကျားတွေ ကွ ဟူသော အိပ်မက်ကို လက်လွတ်မခံသေးပေ။

ဟုတ်ပါသည် …ယခုလည်း အာရှကျားတွေ ပင်။ ယခင်ကတော့ ကိုးတောင်ကျားပေါ့ ..ယခုတော့ ဖွတ်ကျား။

ဒီလူတွေနှင့် ဘယ်လိုလုပ် ဖလားသိမ်းမည်နည်း..။ ကြုံတောင့်ကြုံခဲ ကိုယ့်မြေပေါ်မှာကန်မည့်ပွဲ…။ ပရိတ်သတ်ကလည်း လိုလားတောင့်တနေမှာအမှန်။

နောက်ဆုံးတွင် နည်းပြကြီး ပတ်ရှောင်ခွာ သည် ဘောလုံးကွင်းကို ပတ်ကာ အသာလေး ရှောင်၍ တိတ်တဆိတ် ထွက်ခွာခဲ့ရာ

ရတနာပုံ မန္တလေးဂဇက် ရွာသို့ ဒုတ်ဒုတ်ထိ ရောက်လေတော့ သတည်း..။
ဟော … တွေ့ပါပြီ..ဟုတ်သည် .. နည်းပြကြီးမှာ အရပ်အမောင်းမြင့်မား သန်စွမ်းပုံရပြီး ကျစ်လစ်သည့် ခန္ဒာကိုယ်ရှိသော

ရွာသား လူငယ်တယောက်ကို တွေ့မြင်သွားခြင်းဖြစ်သည်။ သူသည်ကား .. သင်္ဘောသီး စူသီ။

ဤကဲ့သို့ ခန္ဒာကိုယ်ပိုင်ရှင်အား လက်ရွေးစဉ် ဂိုးသမားရွေးမူ ကောင်းပေချိမ့်တကား ဟု မှတ်ကာ ဘောကွင်းသို့ခေါ်၍

ဂိုးစမ်းပြီး ဖမ်းခိုင်းလေသည်။ သို့ရာတွင်ကား အနှီလူငယ်မှာ နာမည်ကျော် ရုပ်ရှင်မင်းသမီး ဒါ့ပုံထုတ်ကြည့်လျင်ကြည့်

မကြည့်လျင် ဂိုးတိုင်ကို သံချေးခေါက်နေသောကြောင့်.. နည်းပြကြီး စိတ်ညစ်ရပေတော့သည်။

သို့ရာတွင်မူ နည်းပြကြီးကား ဉာဏ်ကောင်းပေစွတကား.. ။ ဘောလုံးတွင် ယုစ် ဆိုသော စာလုံးတလုံးရေးပြီး

စမ်းကြည့်ရာတွင် ဂိုးသမား စူသီမှာ အမြဲတစေ ဘောလုံးအား ကျားချောင်းချောင်းနေတော့သတည်း။ အနာခံဖမ်းဖို့

ခုန်ပျံဒိုက်ဗင်ပစ်ဖို့ လည်း ဝန်မလေးတော့ချေ။ တခါတခါ ဘောလုံးကို အတင်းပွေ့ပိုက်ထားသဖြင့် မနည်း ပြန်တောင်းရသည် ဟူသတတ်။

အော်.. ယုစ် ယုစ် .. စူသီတို့ ယုစ့် ကို စွဲလား မစွဲလား ပြောတယ် ..ကျောဘက် ခါးအောက်ဘက် ခပ်လျှောလျှောတွင်ပင်

*USED* ဟု တက်တူးထိုးထားသတဲ့လေ..။

 

အရံဂိုးသမားအတွက်မူကား ဂဇက်ရွာမှပင် ဖြစ်သော အမေရိကား၌ တင်းနစ်စ် ဘောကောက် လုပ်စားနေသူ

ရှာရာပိုဗာ ကိုကိုကြောင် အား ရည်စူးထားလိုက်သည်။ သူက ဘောသေးသေးတောင် အလွတ်မပေးဘဲ ဖမ်းနိုင်တာ

ဘောကြီးကြီး ဆိုရင်တော့ ပြေးမလွတ်နိုင်ပေ မဟုတ်တုံလော။
တဆက်တည်းမှာပင် နောက်တန်း ဗဟိုခံစစ်အတွဲ ကိုလည်း နည်းပြကြီး ရွေးချယ်လိုက်လေသည်။ ထိုအတွဲမှာကား

ဗဟိုခံစစ် ဖြူမည်းညီနောင် ဟု နာမည်ကျော်သည့် ရီယို ဘလက်ချော နှင့် နျူမန်ဂျာ နိုဇိုမိ တို့ ဖြစ်သည်။ ရီယို ဘလက်ချော ကား

အောက်ဘောများ ရှင်းထုတ်ရာတွင် နာမည်ကျော်သလို လူကပ်ကစားရာတွင်လည်း အလွန်ပိရိသူဖြစ်သည်..။ မယုံလျင်

လှည်းတန်းက ကောင်မလေးကို မေးပါလေ။ နျူမန်ဂျာ နိုဇိုမိ ကတော့ ကျစ်ကျစ်လစ်လစ်နှင့် အပေါ်ဘောများ အရှင်းတော်သလို

အရောက်ပို့ရာတွင် (ဘောလုံးပေးပို့ခြင်း) ထူးချွန်သူတည်း။ သူတို့၏အရံအဖြစ်နှင့်မူ ရုပ်ချင်းခွဲမရအောင်တူသော
ရာဖေးပါလေရာ နှင့် ဆာမိဒါဆေးလ်ဗား အမွှာညီအစ်ကို ရှိလေသည်။

လိုအပ်ပါက ခံစစ်မှူး ၄ယောက်လုံးကို တပြိုင်နက်ထည့်သွင်းပြီး ကာတင်နာစီယို ဘောက်စ်ဒီဖန့်စ် ကစားရန် နည်းပြကြီး ရည်မှန်းထားလေသည်။
နောက်တန်း ဘယ်ညာ တောင်ပံနှစ်ဖက်တွင်မူ မာဂယောက်ပြား နှင့် ဒညင်းဝက်ဆိုသော LWB, RWB ၂ယောက်ကို ရွေးထား၏။

သူတို့မှာကား နင်ပြီး ငါ့အလှည့် ဟုတွင်တွင် အော်လျက် အင်မတန် အတွဲညီကြသူများ ဖြစ်သည်။ နင်ပြီးငါ့အလှည့်ဆိုသည်မှာ

တယောက်တလှည့်စီ တောင်ပံများမှနေ၍ တိုက်စစ်သို့လိုက်ပါပံ့ပိုး flank attack လုပ်ကြခြင်းကို ဆိုလိုပါသည်။

 

ကွင်းလည်ခံစစ်အတွက်မူ စလိုက်ထိုးဖျက်တာ အင်မတန်ကျွမ်းကျင်သည့် ဂဏန်းကြီး၇ရ ကိုရွေးထားသည်။

သူ့အရံအဖြစ် မူ ဗလာဒီမာယွဲစီ ရှိသည်။ သူကလည်း မပျက်ပျက်အောင်ဖျက်တတ်သည့်နေရာမှာ နာမည်ကျော်လေသည်။

ထို၂ယာက်၏ တူညီတဲ့အချက်မှာကား ၂ယောက်စလုံး JD ချစ်သူများဖြစ်ခြင်းပင်။ (JD= Jockey Doggie မဟုတ်ပါ Jack Deniel ဖြစ်သည်)

ဂလောက်ဆိုလျင် ခံစစ်ပိုင်းကို ကျစ်လစ်သိပ်သည်းစွာ တည်ဆောက်ပြီးလေပြီ ဖြစ်၏။

 

ကွင်းလယ် ညာတောင်ပံ အတွက်မူ ကိုကိုမတ် ရှိလေသည်။ သူကား နာမည်နှင့်လိုက်အောင် ထောင်ပေးတာ အလွန်ကောင်းသူဖြစ်သည်။

(ဖြတ်တင်ဘောတွေ ဘာတွေ ပြောပါတယ်) ။ ဘယ်တောင်ပံအတွက်မူကား လူကောင်သေးသေးနှင့် အပြေးသန်သူ ဆံရှည်ကိုယ်တော် ကမ်းစိန် ရှိသည်။

ကဖတ်ကတ် ကထူးဆန်း ကဇော်သန့် တို့ကလည်း သူတို့၏ အရံအနေနှင့် ကြမ်းပိုးအလွန်ကိုက်သော အရံခုံတန်းပေါ်မှ ဖင်တကြွကြွ..။

အော်. .. မြန်မာ့လက်ရွေးစဉ်အသင်းကြီးအတွက် အောင်ပွဲဆာလောင်ကြတာပြောပါတယ်။
ဘောလုံးတသင်း၏ အခရာလည်းဖြစ်သော အလွန်အရေးကြီးသည့် ကွင်းလယ်တိုက်စစ်ဗိသုကာ နေရာအတွက်ကား ဇန်းနီဒီ ကျောက်ဒန်းစ် ကို

ရွေးချယ်ထား၏။ သူကား ကိုယ်တိုင်လည်း အကွက်ကျကျ ဂိုးသွင်းတတ်သလို တိုက်စစ် အဆုံးသတ်သမားများ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးနိုင်စွမ်း

ရှိသူတည်း။ တိုက်စစ် ၁နေရာ အတွက် ကား သူနှင့် အလွန်အတွဲညီသူ မောင်ရင်အံ ကစားလေသည်။ ထိုတိုက်စစ်မှူးကား အငြိမ် တိုက်စစ်မှူး..

လှုပ်ရှားလေ့သိပ်မရှိ.. သို့သော် တခါလှုပ်လိုက်သည်နှင့် ဂိုးရပြီးသား။ နောက်ဆုံးကစားသော မွန်ပြည်နယ် အသင်းနှင့်ကစားသည့် ခြေစမ်းပွဲတွင်ပင်

သူတို့၂ဦး တယောက် ၁ဂိုးစီ ရကြလေသည်။
ဒါဆို ကောင်းပြီ အငြိမ်တိုက်စစ်မှူး ရှိလျှင် အလှုပ် တိုက်စစ်မှူးနေရာအတွက်ကိုကား အလိမ်အခေါက်စိန်မျောက်မျောက် အင်ဇာဂီ အားရွေးထားလေသည်။

သူကား ကရင်ပြည်နယ်အသင်းကို ဂိုးတဒိုင်းဒိုင်းသွင်းရင်း နာမည်ကျော်လာသူဖြစ်၏။

 

နည်းပြကြီး ပတ်ရှောင်ခွာကား အလွန်တောင့်တင်းသည့် လူစာရင်းကို ရပေပြီ။ သို့ရာတွင်မူ သူ့အတွက်

တကယ်လိုအပ်နေသော စကားပြန်နှင့် ကိုအော်ဒီနိတ်တာ ရာထူးအတွက်မူ လူရှာမတွေ့သေးပေ။

နောက်ဆုံးတွင် ဘောဝက်ဆိုက်ထောင်ပီး ကိုရီးယားမင်းသမီးပုံတွေ စွတ်တင်လေ့ရှိသော ကိုမျိုးသန့်ကိုခန့်ထားလိုက်သည်။

ဒီနေရာကား သူနှင့်အလိုက်ဆုံးမဟုတ်တုံလော။

လိုအပ်လျက်ရှိသော ဘောသံတမန်ရာထူးအတွက်မူ နန်းခင်ဇေလတ် အား ရာ ထားလိုက်သည်။

 

ဆီးဂိမ်း အကြို လှုံ့ဆော်သူများအဖြစ် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အဆိုကျော် မော်ဒယ် မင်းသမီးများဖြစ်ကြသော။

ဝါဆိုမိုးပူးချ်၊ စံရတီမိုးဇက်။ သင်ဇာနွယ်ပင်း။ ခရစ်စတယ်တီးနား။ နန်းသူလုံ တို့နှင့်တကွ ပြေတိုက်ဦး နှင့် အုပ်ဒရာကျော်ဇင် တို့ လင်မယားကပါ

အားဖြည့်ကြသေးသည်။

သဂျီးမင်းပင်လျင် ထရက်ဆု ဝမ်းဆက်နှင့် ရပ္ပါတယောက်လိုဝတ်စားကာ ကလေးခေါင်းလောက်ရှိသော ဘလင်းဘလင်း ခေါ် ကြေးဆွဲပြားဝိုင်းကြီး

ဆွဲထားလိုက်သေးသည်။ ဆွဲပြားတွင် ထွင်းထုထားသည့် သူ့ အမည်နာမမှာကား S@i S@i K@m K@i ဟူသတတ်။

မင်းသမီး ကြက်သွန်မြစ်ကား မျက်စိမျက်နှာ ပျက်ခြေပြီ။ဒါတောင်မှ သူက ရွှေရလျှင် ချွတ်၍ နေပူတော် ကိုပတ်-က မည် ထကြွေးကျော်သောကြောင့်

အားလုံး ဝိုင်းတားကြရသေးသည်။ ထိုအခါကျမှ မျက်မှန်ပြောတာပါဟု လျှောချတော်မူလေသည်။

မွေ့နှင်းကေသရာ နှင့် ပတ်ကညောရှီး တို့မှာလည်း ဘောလုံးကွင်း၏ တောင်ဘက်ထိပ်နှင့် မြောက်ဘက်ထိပ်တို့တွင်

MG ဟု တံဆိပ်ထွင်းထုထားသော အုပ်ခဲကား တစ်စီးစီနှင့် အားပေးရန်စောင့်ဆိုင်းနေကြပြန်သည်။ ရွှေကား ပြေးမလွတ်ပြီ။

အမေရိကပြန် နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာမား ကလည်း အာတီဒုံ ဆိုင်းဝိုင်းကြီးနှင့် ဒို့ဘာမန် နိုင်ပြီ သီချင်း ဆိုဖို့ အဆင်သင့်။

မမဝေါင် မဇာယိ တို့ မလီလီကျဲ့ တို့အာပျိုယီးတသိုက်မှာလည်း ကွင်းထဲထိတကူးတက ဆင်း၍ ဝေသာလီပြည်ဘီလူးကျသည့်အလား

ဟန်ဘာဂါ ကိုက်ပြီး ပလုပ်ပလောင်း အားပေးကြပြန်သည်။ ၂၀၁၃ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကား စချေပြီတည်း။

 

 

mg

43 comments

  • garfield

    August 22, 2013 at 12:19 pm

    ဟမ်ဘာဂါ ၂ လုံး မှ ဝ မှာနော်။
    ကြို ပြော ထားတာ. 😀

    • Min Zarni

      August 22, 2013 at 12:23 pm

      စားပါ စားပါ… S@i S@i K@m K@i နားသာ သွား ရစ်သီရစ်သီ မလုပ်မိစေနဲ့ …
      ကွိကွိ..

  • Zaw Thant

    August 22, 2013 at 1:02 pm

    .. အာတီဒုံ ဆိုင်းဝိုင်းကြီးမှာ ပတ်မကြီးပါသလား.. အရံခုံကြာကြာပို့ခံရရင် ပြေးဖောက်ပစ်ရမယ် .. ဟင်း ဟင်း

  • ကိုရင်စည်သူ

    August 22, 2013 at 1:14 pm

    တိန်… တော်တော်ကောင်းတဲ့ inspiration ပါလား..နာ့ကို ပိုက်ဘောတွေ ဖမ်းခိုင်းဗြန်ပီ… ပတ်ကညောဂီ့..
    ယုစ်သာ တပ်ထား.. ဘယ်လောက်ကြီးတဲ့ အလုံးဖြစ်ဖြစ် မိအောင် ဖမ်းဗြမယ်..ကွစ်..
    ပိုက်ဘောဖမ်းဒါ.. နာမယ်ဒါဆိုးတာ.. နွှာပီးသား ပန်းသီးစားရသလိုပါဘဲဟ.. :mrgreen:

  • ဦးကျောက်ခဲ

    August 22, 2013 at 1:21 pm

    ကြံကြံဖန်ဖန် မောင်ဂီရယ်… ခင်ဗျားမို့ ပေါက်ကရစဉ်းစားတယ်…
    အတည်ပြောရရင်တော့ ဒို့ဘာမန်ဘောသမားတွေ ပရိတ်သတ်တွေနဲ့…
    ဆီးဂိမ်းမှာ ဘယ်လိုအရှက်ကွဲရဦးမယ် မသိဘူး… စိတ်လေပါ့..
    🙁

    • Min Zarni

      August 23, 2013 at 8:35 am

      မနေ့မနက်က တက်တဲ့ သတင်း၂ပုဒ်ဖတ်ပီး ချဉ်လို့ ချရေးလိုက်တာပါဗျာ…။
      ပထမသတင်းက မြန်မာဘောသမားတွေ ပင်ကိုယ်အရည်အသွေးမညံ့ဘူး ကြိုးစားရင် ရွှေရနိုင်တယ်လို့
      နည်းပြဂျုပ်က ပြောသတဲ့ …
      တဆက်တည်းမှာ လက်ရှိ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု က အသက်၆ဝ ရှိတဲ့ သူ့ကိုတောင် မမီဘူး အားမရဘူး
      ဆိုပြန်သတဲ့ .. ဆိုလိုရင်းကတော့ဗျာ …

  • မဟာရာဇာ အံစာတုံး

    August 22, 2013 at 1:30 pm

    ဇန်းနီဒီ ကျောက်ဒန်းစ် ရဲ့ ဖန်ဒီးမှုအစွမ်းဂ
    အံ့မခန်းဘာဘဲ …
    ပျောမယုံ ကျုံဖူးမှ သိဂျမယ် …
    အတော်ဂျီး အပို့ကောင်းဒဲ့ ကွင်းလယ်ဘိသုဂါဂျီးဗျ …
    :mrgreen:

    • Min Zarni

      August 22, 2013 at 1:35 pm

      ဒိုင်းမွန်းပလေး လို့ ခေါ်တဲ့ ၄-၁-၂-၁-၂ နဲ့ ပွဲထွက်ပါတယ်ခည..

  • Myo Thant

    August 22, 2013 at 1:57 pm

    ( နည်းပြကြီး ပတ်ရှောင်ခွာကား အလွန်တောင့်တင်းသည့် လူစာရင်းကို ရပေပြီ။ သို့ရာတွင်မူ သူ့အတွက်

    တကယ်လိုအပ်နေသော စကားပြန်နှင့် ကိုအော်ဒီနိတ်တာ ရာထူးအတွက်မူ လူရှာမတွေ့သေးပေ။

    နောက်ဆုံးတွင် ဘောဝက်ဆိုက်ထောင်ပီး ကိုရီးယားမင်းသမီးပုံတွေ စွတ်တင်လေ့ရှိသော ကိုမျိုးသန့်ကိုခန့်ထားလိုက်သည်။

    ဒီနေရာကား သူနှင့်အလိုက်ဆုံးမဟုတ်တုံလော။ )

    နာ့ဟာနာ Yoona ပုံလေးတင်တာ အပြစ်လားကွယ် 🙂

    • Min Zarni

      August 22, 2013 at 2:01 pm

      စကားမစပ် အူးလေးဝက်ဆိုက် မြန်မာဂိုး ပျက်ကျနေတာ ၁ပါတ်ကျော်ပြီ မပြင်တော့ဝူးလား…
      အဲ့ဆိုက်က သတင်းလေးတွေ ကျော် ကြိုက်လို့ဗျ…
      အထူးသဖြင့် စီးရီးအာရ် နဲ့ ဘွန်းဒစ်စ်လီဂါ သတင်းတွေ ဖတ်ရလို့ …
      (တခြားဆိုက်တွေမှာက သိတော်မူတဲ့အတိုင်း) အနှီ လိဂ်တွေ ကန်ရောကန်နေသေးရဲ့လားမေးယူရလောက်အောင် ဖတ်စရာမစိဒါရယ်..

      • Myo Thant

        August 22, 2013 at 2:56 pm

        ကျပါဘူးဟ
        အခုလည်း တင်နေတာပဲ

        • Min Zarni

          August 22, 2013 at 2:57 pm

          http://www.myanmargoal.com/

          404 File not Found တက်နေတယ် အူးလေးရေ…
          အဲ .. တချက်တချက်လည်း 403 Forbidden ပြသေးတယ်..

    • Min Zarni

      August 22, 2013 at 3:11 pm

      ကျော် NTT နဲ့လည်း စမ်းပြီးဘီ Softbank ရော e-Mobile နဲ့ရော ..
      မရဝူးရယ်.. အခုပိုစ့်မှာ ပြထားတဲ့ Err ပေါ်လာတယ်…
      တခြား အပြင်က ဆြာတွေလည်း ဝိုင်းစမ်းပေးဂျဘာအူး…

      • ကိုရင်စည်သူ

        August 22, 2013 at 4:19 pm

        404 ဘဲ ပြနေပါဒယ်.. 199 ခေါ်လိုက်ဘာ…

    • ဦးကျောက်ခဲ

      August 22, 2013 at 3:15 pm

      ဝုတ်ပါတယ် ခင်ဗျ.. ကျောက်စ်လည်း ဖွင့်လို့မရပါဘူး…
      404 တွေ 403 Forbidden တွေ ပြနေပါ၏…
      😀

      • Myo Thant

        August 22, 2013 at 3:19 pm

        အဲ နာက ရုံးထဲမှာမို့ ရနေတာကြီးလား

        အပြင်က သူငယ်ချင်းတွေကို မေးဦးမယ်

        • GARFIELD

          August 23, 2013 at 9:00 am

          ဟိဟိ…
          MICT ထဲက ဆာဗာကို လိုကယ်နက်ဝပ်နဲ့ချိတ်ပြီး… သူ့ဆိုဒ်တက်နေတယ်လို့များထင်နေလားဟင်…
          ကွန်တော်လဲရဘူး… ဟိဟိ…

          ခင်မင်လျက်-
          ဂါဂါးကြီး…

    • kai

      August 22, 2013 at 4:16 pm

      ကျုပ်လည်း.. ဖေါ်ဘစ်ဒမ်တယ်ဗျို့..
      Forbidden

      You don’t have permission to access /index.php/premier/13177-2013-08-22-04-36-17 on this server.

      Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.
      Apache Server at http://www.myanmargoal.com Port 80

      • ကထူးဆန်း

        August 22, 2013 at 9:33 pm

        me2 .403

  • kyeemite

    August 22, 2013 at 4:24 pm

    ကိုညိုးတန့်ရေ..ဟုတ်တယ်ဂျ..Forbiddenပဲ
    😀 😀 😀 😀

      • Min Zarni

        August 27, 2013 at 6:11 am

        ပြန်စစ်ပါအူး အစ်ကိုမျိုးသန့်…
        အဲ့သည့်ဆိုက်လည်း မတက်နေဘူး…

  • Wow

    August 22, 2013 at 4:39 pm

    အိုဘယ့်… မားကက်တင်း…
    Snake Snake ချင်း leg see ပါဒယ်ကွီ :kwi:

    • Min Zarni

      August 22, 2013 at 4:53 pm

      ပိုစ့်မှားမန့်တယ်လားးး

      • Wow

        August 22, 2013 at 5:01 pm

        အိုက်ပို့စ် ဖတ်တောင် မဖတ်ရသေးဝူး… :mrgreen:
        ဂေးဇက်ကြီး လူစည်အောင်လုပ်တာ မလားလို့ ပေါချင်ဒါ… :kwi:

  • အလင်းဆက်

    August 22, 2013 at 5:24 pm

    တိန်

    ကျွန်တော်နဲ ့ ဦးမာဃ က
    နင်ပြီးး ငါ့အလှည့် တွေ ဆိုပါလား
    69 တွေ ပေါ့နော်
    ဆိုးပါဘူး
    တရားမျှတမျှတ မှု ရှိပေသားပဲ ။

    :kwi:

    ကိုဂီ နဲ ့ကျမှ
    အောင်ရဲလင်းနဲ့ တူတဲ့အလင်းဆက်လည်း
    ဘဝ ဆိုးရှာပြီ
    ကိုယ့်ဟာကိုယ် သနားထာာာ

    ကိုဂီ
    ကလေးတစ်ဒါဇင် ရပါဇေ

    :kwi:

  • Mr. MarGa

    August 22, 2013 at 6:23 pm

    အင်း………..
    နေရင်းထိုင်ရင်း နောက်တန်းကစားသမား ဖြစ်သွားပြီပေါ့
    ဟို ဒညင်းဝက်
    69 တဲ့လားဟ
    ကြောက်ချာဂျီးးးးးးးးးး
    ကိုရင်ဂီ
    ကျုပ်ကို LWB နေရာထားပေမင့်
    ရှေ့တန်းပါ တက်ပြီး ဂိုးသွင်းမယ့် သူပါနော့
    နတ်သမီး တစ်ဖက်တစ်ထောင်ကြားက
    ငါဟဲ့ သိကြား…. :kwi:

    • အလင်းဆက်

      August 22, 2013 at 8:14 pm

      နာ့ကို ဒညင်းဝက်လို ့ ခေါ်နဲ ့…

      🙁

      =================

      ကိုကိုလို ့ခေါ်ကြည့်စမ်းးး

      :kwi:

  • cobra

    August 22, 2013 at 6:46 pm

    အရင်အစမ်းအနေနဲ ့ နေပြည်တော်အသင်းနဲ ့ကန်ခိုင်းမယ်
    နေပြည်တော်အသင်းက နံပါတ်၈နဲ ့၁၂ ကိုပါထည့်မှာနော်……။

  • GARFIELD

    August 23, 2013 at 9:05 am

    ငါ့ကို အရန်ခုံထိုင်ခိုင်းထားတယ်…ဟွန်း…
    ငါကတော့ တိုက်စစ်မှုးတွေမောရင် ဝင်ကန်ပစ်မှာပဲ… ဂိုးချင်သလောက်ဂိုး…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • မဟာရာဇာ အံစာတုံး

      August 23, 2013 at 9:28 am

      ဒီတိုက်စစ်မှုးဆို ..
      လူကပ် ကစားဖူးကွာ …
      ဘော်ဒီ စားလို့လည်း ရမှာ မီဟုတ်လောက်ဘူးးး
      သူ့ကိုယ်လုံးဂျီး တလိမ့်လိမ့် … ဟီးးဟီးး တွေးကျိလိုက်ဒါ ရီစရာဂျီး …
      :mrgreen:

  • ရွှေတိုက်စိုး

    August 23, 2013 at 9:33 am

    ပြေတိုက်ဦး နှင့် အုပ်ဒရာကျော်ဇင် တို့ လင်မယား တဲ့ ဘူ.ကျောဒါယဲဟင်..
    သများက မင်းမော်ဂွမ်း ပါဆိုအေ….
    ပြီးတော့ သမီးလေး… ယွမ်းဝထီတိုက်အုပ် ပါသေးတယ်လေအေ………ဟိဟိ

    ဆီဂိမ် ပြိုင်ပွဲကို မိသားစုလိုက် လာအားပေးတာ…………. သခင်မျိုးဟေ့ ဒို.ဗားမန်း..(စီဒီ သဂျီး) ဖရီးကစ်အကန်ကောင်းရမည်……. ဘောလုံးမဟုတ် မျက်ခွက် ………ခွိခွိ..

    မှတ်ချက်။ ။ သတ်ပုံစစ်များသိစေရန် ဆီဂိမ် စာလုံးတွင် လုံးဝ ဝစ်စပေါက် မပါ….

    • မဟာရာဇာ အံစာတုံး

      August 23, 2013 at 10:03 am

      သမီးဂလေးနဲ့ တားလေးနဲ့
      နှစ်ဗွေတည်း ဂိုးတွင်းတမ်း ကစားဂျင်ဒယ် .. ဒက်ဒက်တိုက်ရယ် …
      :mrgreen:
      စဒါနော် .. ချိတ်ချိုးရဝူး …
      ချိတ်ချိုးရင် တစ်ခါတည်း ခိုးပြေးပလိုက်မှာ ..

      • ရွှေတိုက်စိုး

        August 23, 2013 at 10:26 am

        ငါနော် ဒင်းတော့ ပွတ်ထည့်လိုက်ရ ခြောက်ထောင့်က လေ အလုံးဖြစ်တော့မယ်…. အံချာဒုံးတော့.. ဟွင်းဟွင်း..

  • marblecommet

    August 24, 2013 at 2:47 am

    ဝှိုက်ဘုတ်မှာ ေ—ာပဲ လို့ ဆဲတဲ့
    ကောင်လည်း အခု ပြန်ရွေးခံနေရပြီ မိဂီရဲ့
    ကျော်ကတော့ လက်ရွေးစင်လို
    ဘောအသင်းတစ်သင်းကိုဆဲတာ
    တစ်နိုင်ငံလုံးကို ဆဲသလို ခံစားရပါ့
    ……….
    တစ်ခါတုန်းသိပ်မကြာသေးဘူး မေ့နေလို့
    အင်္ဂလန်ဂိုးသမားနေရာအတွက်
    လူရွေးရခက်နေလို့ နို်င်ငံသားမဟုတ်တဲ့
    နိုင်ငံသားမဟုတ်တဲ့ ပရီးမီးယားလိဂ်ဂိုးသမားတစ်ယောက်ကို
    နိုင်ငံသားခံယူစေပြီး ရွေးမယ်ဆိုတဲ့ဟာကို
    ရှီးယားကလား ဘယ်သူလဲမသိ
    ဂိုးသမားတစ်ယောက်တောင် မရှိတဲ့တိုင်းပြည်က
    ဘာဖလားလိုချင်တာလဲ မရရင်နေ ဆိုတဲ့သဘောနဲ့ပြောသလို
    ကျုပ်လည်း အေပေးလေးကိုတော့ သေတောင်
    အားမပေးတော့ဘူးရယ်….လို့……

    • Min Zarni

      August 24, 2013 at 8:23 am

      အာဆင်နယ်က စပန်းနျတ် အယ်မူနီးယားကို ညွှန်းခဲ့တုန်းကထင့်.
      မနေ့တနေ့ကလိုပါပဲဗျာ. အော်. ကျော်တို့တွေလည်း မငယ်တော့ဘူးပဲ.
      အချိန်ရှိခိုက်



































      မိန်းမယူအူးမှပါလေ.
      ငိငိ

  • Crystalline

    August 24, 2013 at 9:07 am

    အဲဒီနှစ်ယောက်တိုက်စစ်မှူးထားလို့ အလုပ်ဖြစ်မှာမဟုတ်ပါဘူးလေ.. သူတို့အမယ်ကြီးတွေကို လည်ပြန်ကြည့်နေရတာနဲ့ :kwi:

    • ဦးကြောင်ကြီး

      August 26, 2013 at 8:38 am

      ခရစ်စတယ်လေးနဲ့ အိမ်ကွင်း အဝေးကွင်း ကန်ဂျင်လိုက်ထှာ… သူနဲ့ငါ နှစ်ယောက်ထဲ ချိန်းကန်တဲ့ ဇာတ်လမ်း မရေးဓါတ်ဗူးလား တရှီးထဲရှီးနေတဲ့ နှူးဘာဂျီး မောင်ဂီရယ်….. :kwi:

  • ခရီးသည်ကြီး

    August 24, 2013 at 10:43 am

    အနိုင်​ဂိုး ဂိုသွင်​းသွားတာ ××××တိုတို အံ ××××××
    အနိုင်​ဂိုး ဂိုသွင်​းသွားတာ×××× တိုတိုအံ ××××××
    ဂိုး ဂိုး ဂိုး ဂိုး
    ဂိုးသွင်​း​ကောင်​းဒဲ့ ဒို့ တိုတိုအံ 🙂 🙂

  • uncle gyi

    August 25, 2013 at 11:18 pm

    မြန်မာနိုင်ပြီဆိုလို့ဘာနိုင်တာများလဲလို့
    ဝင်ကြည့်လိုက်တာ
    ဖိုက်တင်နိုင်တာဖြစ်နေတာ
    ဒီလူတွေနဲ့ကဒါပဲနိုင်မှာပဲလေ
    အစကတည်းကမမျှော်ခဲ့တာ
    နောက်၅နှစ်လောက်ဆိုရင်တော့ဖြစ်နိုင်မလားပဲ

  • black chaw

    August 26, 2013 at 12:23 pm

    ပြောလို့ ပြောတာ မဟုတ်ဘူး…။
    ဖတ်နေရင်း…
    ဆရာမင်းလူ ကို သတိရတယ်…။
    စာပေနယ်က သူ့မိတ်ဆွေတွေကို စရင်းနောက်ရင်း
    ဝတ္ထုတွေထဲ ထည့်ထည့်ရေးသွားတာလေး နဲ့ သွားတူတယ် ထင်မိတယ်…။
    မင်းလူဝိဉာဉ် လွှမ်းမိုးခြင်းခံရသော ညီငယ်အင်ဇာဂီရဲ့
    ပျော်စရာပို့စ်တစ်ပုဒ် အဖြစ် သတ်မှတ်ပါတယ်ဗျာ…။
    ခံစစ်မှူး…
    ရီယို ဘလက်ချော…။
    :kwi:

Leave a Reply