သီလ ငါးဖြာ ၊ ပြည့်စေရာ။

Kyi LwinAugust 23, 20131min41717

မင်္ဂလာပါ သူကြိးနဲ့ တကွ မန်းရွာသူ ရွာသားမျာ။

ကျန်းမာတော်မူကြရဲ့နော်။

ခုတလော ရွှေမြန်မာတွေ ကိုယ့်အမျိုးကိုယ်ချစ်ဖို့ လှုံ့ဆော်ကြ၊ မျိုးစောင့် ဥပဒေဆိုပြီး တပ်လှန့်ကြနဲ့ တော်တော်လေး အလုပ်များနေကြရှာတယ်။

အဲဒီလို မျက်စိဖွင့် နားစွင့် လာတာကြောင့် ရပ်ကွက်တွေထဲမှာ ယဉ်ကျေးလိမ်မာ သင်တန်းတွေ ဖွင့်လိုက်တာတော့ တော်တော် အကျိုးအမြတ်ရှိတဲ့ လုပ်ရပ်ပဲ။ တို့များ ယုံကြည် ကျင့်သုံးတဲ့ဗုဒ်ဓ ( ဓ သေးသေး မရှာတတ်လို့ပါ။) ဝါဒ အခြေခံ တရားကိုက အပြစ်မပေး ၊ ဆု မပေးဘူး။ ကိုယ်ကျင့်ရင် ကိုယ်ရမယ်။ ကိုယ်လုပ်တဲ့ ကောင်းမှု မကောင်းမှု- ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံ ပြန်တာပဲ။ ကောင်းရင် စံ ၊ မကောင်းရင် ခံ ။ ဒါကြောင့်လည်း ဘုရားဟော နဲ့ တလွဲတွေချည်း လုပ်နေကြတာပဲ။ ကိုယ်လုပ်တာ ကိုယ်ခံဆိုတော့ – ကိုယ့်ဘာသာလုပ်တယ် ဘာဖြစ်လဲ ဆိုတာမျိုးတွေ တွေးပြီးနေကြတာထင်တယ်။ ဘုရားထက် ကြီးတဲ့ ဘုရားလူကြီးတွေကလည်း လိုရာဆွဲတတ်ကြသေးတာကိုး။

ဘာပဲဖြစ်ဖြစ် ရပ်ကွက် ဓမ္မာရုံတွေမတော့ ယဉ်ကျေးလိမ်မာသင်တန်းတွေ ဖွင့်တာ တခြားသူတွေအတါက် မသိပေမင့် တို့အတွက်တော့ အဆင်ပြေသပေါ့။ အိမ်နဲ့တည့်တည့် တစ်လမ်းကျော် အရပ်မှာ ဓမ္မာရုံက ရှိနေတာဆိုတော့ ဓမ္မရုံကသင်တန်းပေးတဲ့ နေ့ဆို ဘုန်းဘုန်းပြောသမျှ  အော်လံနဲ့မို့ အတိုင်းသားကြားနေရတာမို့ သင်တန်းကို အိမ်ကနေ တက်နေရသလိုပ။

တပတ်တခါ တနင်္ဂနွေနေ့တိုင်း မူလတန်းကနေ အထက်တန်းထိ မည်သူမဆို တက်ရောက် သင်ယူနိုင်တာဆိုတတော့ ကလေးတွေကလည်း အရွယ်စုံ အတန်းစုံ။

တခါတရံ ဘုန်းဘုန်းက သင်ထားပြီးသမျှတွေ ပြန်ပြန် မေးတတ်တယ်။ သင်တန်းသား ကလေးတွေက ပြန်ဖြေပေးရတယ်။ တခါတခါ အမေးနဲ့ အဖြေတွေက သိပ် စိတ်သင်စားစရာကောင်းတယ်။  တခါတလေ ဘုန်းဘုန်းက သင်တန်းသား၊ သင်တန်းသူ အချင်းချင်း အမေးတဖွဲ့ အဖြေတဖွဲ့ အမေး အဖြေ လုပ်ခိုင်းတတ်တယ်။

ယဉ်ကျေးလိမ်မာသင်တန်းဆိုတာဘာသာရေးသက်သက်သင်တဲ့ သင်တန်းမဟုတ်ပဲ ကလေးသူငယ်လေးတွေကို ဗုဒ်ဓ နဲ့ ပတ်သက်တဲ့ဗဟုသုတဖြစ်တဲ့အကြောင်းအရာလည်းပါတယ်။

လောကဝတ် ၊ လူ့ကျင့်ဝတ် သင်ပေးတဲ့ အကြောင်းလဲပါ။ ကိုယ် စိတ် နှလုံး ယဉ်ကျေးစေတဲ့ ကဗျာလေးတွေ ရွတ်ဆိုတတ်အောင်သင်ပေးတာလဲပါ။ အဓိက ကတော့ ကလေးတွေရဲ့ စိတ် သိမ်မွေ့ နူးညံ့ စေတာပါပဲ။ အပြောအဆို အနေအထိုင် နဲ့ ပတ်ဝန်းကျင် ဆက်ဆံ ပေါင်းသင်းရေးတွေပါ သင်ပေးနေတာ ကြားနေရပါတယ်။

ဒီတပတ်တော့ မေးခွန်းတွေမေးရင်းနဲ့ ကျင့်ဝတ် ဆိုတဲ့ စကားဆီ ရောက်သွားတယ်။ ကျင့်ဝတ်ဆိုတာ စည်းကမ်းပေါ့။ လူမှာလည်း လူ့ကျင့်ဝတ်၊ ရဟန်းမှာလဲ ရဟန်းကျင့်ဝတ် ဆိုတာတွေကို စောင့်ထိမ်းရမယ်။ ပြီးတော့ အမေရိကန်သမ္မတ လင်ကွန်းအကြောင်းပြောတယ်။ တောသား ဘဝက ဆင်းရဲ နုံခြာ လို့ စာသင်ကျောင်းမတက်နိုင်ပဲ ပျဉ်ပြားပေါ်မှာ မီးသွေးနဲံ ရေးပြီး စာတတ်အောင် သင်ခဲ့တဲ့ သူတောင် အမေရိကန်သမ္မတကြီးဖြစ်လာသတဲ့။ ပြီးတော့ တို့များရဲ့ သမ္မတကြီးဦးသိန်းစိန်လည်း ဟိုး… ဧရာဝတီတို်င်း ရွကလေးတစ်ရွာမှာ မွေးလာတဲ့ သူပါတဲ့ ။ ပညာသင်ဖို့ရာ အတွက် ကျောင်းရှိတဲ့ နေရာကို အပင်ပန်း အဆင်းရဲခံသွားပြီး ပညာသင်ခဲ့ရပါသတဲ့။ ´´ သူတို့လို လူ တွေ တောင် နိုင်ငံတော် သမ္မတ ဖြစ်သေးရင် မင်းတို့လို မြို့ပေါ်နေပြီး ပညာကောင်းကောင်းသင်ခွင့်ရနေတဲ့ သူတွေရော နောင်တချိန် သမ္မတ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ပညာကို ကျိုးစားသင်ကြပါ။ လူ့ကျင့်ဝတ်တွေကို သေသေချာချာလိုက်နာ ကျင့်သုံးကြ ´´လို့ မိန့်တော်မူပြီး ´´ လူ့ကျင့်ဝတ် ဘယ်နှစ်မျိုးရှိလဲ ´´လို့မေးတော့ ကလေးတွေက ´´ ၅ မျိုး ရှိပါတယ်ဘုရား တဲ့ ။´´

´´ဟုတ်တယ်။ အဲဒီ ၅ မျိုးက ကလေးတို့ သိနေတဲ့ ငါးပါး သီလ ပဲ။ ငါးပါးသီလ ဆိုတာ လူတိုင်းစောင့်ထိမ်းရမယ်´´ ဆိုပြီး ငါးပါးသီလရဲ့ ကျင့်ဝတ်တွေကိုမေးပါတယ်။

´´ ၁။ သူ့ အသက် မသတ် ရပါဘူး။

၂။ သူ့ ပစ္စည်း ကို မခိုးရပါဘူး။

၃။ သူ့တပါး သမီးပျို ၊ လင်ရှိ မယား စတာ တွေကို မဖျက်ဆိးရပါဘူး။

၄။ သူတပါး အကျိုူးပျက်စီးအောင် အကျိုးယုတ်အောင် ၊ ကို်ယ်အကျိုးအတွက် လိမ်ညာ မုသား ပြောဆိုခြင်း မပြုရပါဘူး။

၅။ အသိတရားပျောက် အောင် မှောက်မှားတတ်တဲ့ သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။  ´´

´´ မှန်တယ်။ အဲဒါ အခြေခံ လူ့ဝတ္တရား၊ လူ့ ကျင့်ဝတ်တွေပဲ။ ဒီတရား ငါးပါးကို လူတိုင်း စောင့်ထိမ်းကြည့် လောကကြီးအင်မတန်အေးချမ်း သာယာ လှပ လာမယ်။ ဒါကြောင့် ယဉ်ကျေးလိမ်မာ သင်တန်းက ကလေးတွေ ဒီ တရား ငါးပါးကို ၊ ဒီကျင့်ဝတ်ကို အသေအချာ လိုက်နာကြရမယ်။ နောင်တချိန် ဒီလို ကျင့်ဝတ် ငါးဖြာနဲ့ ပြည့်စုံတဲ့ လူတွေက လောကကောင်းကျိုး တိုင်းပြည်ကောင်းကျိုး အမျိုး ဘာသာ သာသနာ ကောင်းကျိုးတွေကို ယူဆောင်ပေးနိုင်မှာ။ ကဲ  ဘုန်းဘုန်း ကို ဘာမေးချင်တာ ရှိသေးလဲ။ “

ဆိုတဲ့အသံကြားပြီး ခဏ ငြိမ်သွားပါတယ်။ ပြီးတော့ ယောက်ျားလေး တစ်ယောက် အသံက မေးပါမယ် လို့ပြောတာ ကြားလိုက်ပါတယ် ။

ဘုန်းဘုန်း က “ မောင်သီဟ လား။ အခု ရ တန်း တက်နေတာနော်။ ကဲ ဘာမေးချင်လဲ မေးပါ။“ ဆိုတော့။

“ တပည့်တော်တို့က ဘုန်းဘုန်း စကားနားထောင်ပါ့မယ်။ ငါးပါးသီလ မြဲအောင် စောင့်ထိမ်းပါ့မယ်။ ဒါပေမယ့် သမ္မတ လုပ်တဲ့ သူက ငါးပါးသီလ မမြဲရင်၊ လူ့ကျင့်ဝတ် မညီရင်ရောဘုရား။“ တဲ့။   ဒီအမေးလည်း ဆုံးရော။ ဘုန်းဘုန်း အသံက အော်လံ ထဲ က ပေါ်လာပါတယ်။

“ အမယ် အမယ် မောင်သီဟ ရယ် ။ဒါက ဘုန်းဘုန်းကို အချွန်နဲ့ မတာပေါ့ ဟုတ်လား။ ဒါတော့ မရဘူး ။ ဘုန်းဘုန်း ပြော ရရင်တော့ မင်းပြောတဲ့ ငါးပါးသီလ နဲ့ လူ့ကျင့်ဝတ် နဲ့ မညီတဲ့ သမ္မတကြီး ရှိနေရင် ငါးပါးသီလမြဲတဲ့ လူ့ကျင့်ဝတ်နဲ့ ညီတဲ့ သမ္မတ တစ်ယောက်မြန်မြန်ရောက်လာပါစေလို့သာ ဆုတောင်းပေတော့ကွယ်။“ တဲ့။

ဒါနဲ့ ဒီတပတ် ယဉ်ကျေးလိမ်မာ သင်တန်းအချိန်ပြီးဆုံးချိန်ရောက်ပြီတဲ့ အတွက် တော်ကြအုံးစို့။

မန်းဂေဇက်ရွာသားများလည်း ဝိုင်းဝန်းဆုတောင်းပေးကြအုံးရှင်တို့။

လောက ကောင်းကျိုးလိုလားတဲ့ သူတွေများလာမှ လူကောင်းတွေ ဖြစ်မယ့်သူတွေများလာပြီး သမ္မာအာဇီဝ ကောင်းစွာအသက်မွေးခြင်းနဲ့ ဝမ်းဝဝ ခါးလှလှ ဘဝတွေ နေထို်င်နို်င်ကြမှာမို့။

လေဆန်အရပ်ထိ ပျံ့သင်း မွှေးကြိုင် သော သီလ ပန်းများပွင့်လန်းစေကြောင်း ဆုမွန်တောင်းလျှက် သူကြီးတို့ရွာမှာလည်း ပွင့်သော ပန်းတိုင်း မွှေးစေသတည်း။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်မြို့။

၂၃. ၈.၂၀၁၃။

 

 

 

 

17 comments

  • အရီးခင်

    August 23, 2013 at 8:11 pm

    သူကြီးမင်း ဖတ်ပြီးရင် မေးလိမ့် မယ် မကြည် ရေ။
    “အဲဒီ ဆုတောင်း ကို ဘယ်သူ လာဖြည့် မှာလဲ” လို့။
    မကြည် လဲ ကျန်းမာရွှင်လန်း ပါစေနော်။ 😛

  • kai

    August 23, 2013 at 11:47 pm

    တော်တော်လေးတိုးတက်လာတယ်ဆိုရပေမယ့်.. လိုသေးတယ်ထင်တာမေးလိုက်တယ်..
    စိတ်ဝင်စားသူများနဲ့…ဆွေးနွေးလိုကြောင်း..

    ၁။ သူ့ အသက် မသတ် ရပါဘူး။
    သူဆိုတာ.. လူဆိုရင်ပြောစရာမရှိပေမယ့်.. တိရိစ္ဆာန်အကောင်ဘလောင်တွေဆိုရင်တော့… လမ်းလျှောက်လို့နင်းမိတဲ့.. ပုရွတ်ဆိတ်တင်တော်တော်များနေကြောင်း…။ ဟော..ပြောရင်းဆိုရင်း.. တရားဟောတဲ့ တံတွေးစင်ပြီး.. ပိုးဟတ်ပေါက်စလေးတကောင်.. ရေ..အဲ..တံတွေးနစ်သေပဟ..

    ၂။ သူ့ ပစ္စည်း ကို မခိုးရပါဘူး။
    မူပိုင်ခွင့်ရှိတဲ့ ပစ္စည်းတွေကျ.. ခိုးနားထောင်..တဆင့်ဝယ်လို့ရတယ်ပေါ့…

    ၃။ သူ့တပါး သမီးပျို ၊ လင်ရှိ မယား စတာ တွေကို မဖျက်ဆိးရပါဘူး။

    ကာမပိုင်လင်/မယားကျ.. အချင်းချင်းလုပ်ချင်တာလုပ်ခွင့်ရှိတယ်ပေါ့…

    ၄။ သူတပါး အကျိုူးပျက်စီးအောင် အကျိုးယုတ်အောင် ၊ ကို်ယ်အကျိုးအတွက် လိမ်ညာ မုသား ပြောဆိုခြင်း မပြုရပါဘူး။
    အမျိုးစောင့်ဥပဒေပြဌာန်းရေး.. ဒို့အရေး.. ဒို့အရေး..

    ၅။ အသိတရားပျောက် အောင် မှောက်မှားတတ်တဲ့ သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

    ဘိန်းချ..ဆေးခြောက်ရှုကြဟေ့… :mrgreen:

    • အလင်းဆက်

      August 24, 2013 at 1:05 pm

      ဒို ့သူကြီးကတော့ လုပ်ပြီ ။

      🙂

      ======

      အန်တီ ကြည်ရေ

      အတွေးတွေကို
      ဆက်တွေး ဖို ့သိမ်းလိုက်ပါပြီ

    • Kyi Lwin

      August 26, 2013 at 4:18 pm

      မင်္ဂလာပါ ။
      ခုလို ပြန်ထောက်ပြ ဝေဖန်တာ ကျေးဇူးတင်ပါတယ်။
      ဝါး များလို ပဲ နု ရာက ရင့်လာကြမယ့် ကလေးတွေမို့ နားလည် လွယ်အောင် သုံးလိုက်တာလို့ ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်။

      အပေါ်က အလင်းဆက်ရေး တာ ကြည့်ရတော့ ဒါက သူကြီးရဲ့ ဝေဖန်မှုလို့ ယူဆပါတယ်။
      သူကြီးရေးလိုက်တာတွေ ဖတ်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်စားတဲ့ ရှေ့နေ တွေး တွေးတာများလားလို့ ထင်မိပါကြောင်းရှင့်။

  • Foreign Resident

    August 24, 2013 at 2:19 pm

    ပြဿနာ ၂ ခု ရှိနေတယ် ။

    ၁ ။
    ” ၄။ သူတပါး အကျိုူးပျက်စီးအောင် အကျိုးယုတ်အောင် ၊ ကို်ယ်အကျိုးအတွက် လိမ်ညာ မုသား ပြောဆိုခြင်း မပြုရပါဘူး ”

    ဆိုတော့ ၊ သူတပါး အကျိုး မပျက်စီးဘူး ဆိုရင် မုသား ပြောခွင့် ရှိတယ်ပေါ့ ။
    မဟုတ်သေးဘူး ထင်တယ် ။

    ၂ ။
    ” ငါးပါးသီလမြဲတဲ့ လူ့ကျင့်ဝတ်နဲ့ ညီတဲ့ သမ္မတ တစ်ယောက် “

    သမ္မတ တစ်ယောက် ဟာ ၊ ငါးပါးသီလ မြဲဖို့ မဖြစ်နိုင်ဘူး ထင်တယ် ။
    ဥပမာ သေဒါဏ်ကို အယူခံဝင်တယ် ၊ ပါယ်ချတာ ဟာ ၊
    သွယ်ဝိုက်ပြီး သတ်စေ လို့ ပြောတာပဲလေ ။
    KIA ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာဟာလည်း သွယ်ဝိုက်ပြီး လူသတ်တာပါပဲ ။

    မုသား ကတော့ ပြောမနေနှင့်တော့ ။

    • kai

      August 24, 2013 at 3:34 pm

      အဲဒီငါးပါးသီလဆိုတာကို.. ခေတ်နဲ့ညှိပြီး ပြန်ဖွင့်ဖို့အရေးတကြီးလိုနေပြီထင်မိတယ်..
      အခုမြန်မာ့ငါးပါးသီလဆိုတာက .. မဖြစ်နိုင်တာကြီးကိုအတင်းကာရောလုပ်ခိုင်း. .စောင့်ထိန်းခိုင်းနေပြီး.. သီလပေးတယ်ဆိုပြီး.. လူတွေကို သီလကိုယ်နှိုက်က.. အတင်းညာချခိုင်းနေသလိုဖြစ်နေတယ်..။ :kwi:

      ဘာတဲ့..
      အိပ်ခါနီးသီလစောင့်လိုက်ပြီး.. အိပ်တဲ့…
      အနည်းဆုံးအိပ်နေချိန်မှာ သီလလုံလို့.. ကုသိုလ်ရတယ်ဆိုပဲ…
      သေဟဲ့.. အိုအသင်လောက.. :mrgreen:

      • Kyi Lwin

        August 26, 2013 at 4:36 pm

        အလိုလေး ကိုရင်တို့ရယ် ငါးပါးသီလတော့ ခေတ်နဲ့ ညီအောင် ဆိုပြီး အပြုအပြင် မလုပ်ကြပါနဲ့။ ဒီလို ဘုရားဟောတွေကို ပြုပြင်ကြလွန်းလို့ သံဃာယနာ တင်ကြရတာပါ။
        အခု မြန်မာ့ ငါးပါးသီလ ဟာ မဖြစ်နို်င်တာ အတင်းကာရော လုပ်ခိုင်းတယ်ဆိုတာလေး ရှင်းပါအုံးရှင့်။
        တကယ်သီလ မြဲတဲ့ သူဟာ ဘာအကြောင်းကြောင့်မှ ကိုယ်စောင့်ထိမ်းတဲ့ သီလ ကို မဖေါက်ဖျက်ပါဘူး။
        ဒါပေမယ့် လူတိုင်း သောတာပန် ပုဂ္ဂိုလ် မဟုတ် တော့ ကာ။ ရသလောက်တော့အမြတ်ဆိုပြီး ဆရာကြီး ဦးသုခ ရိုက်တဲ့ တစ်ပါး သီလ လိုမျိုးအဖြစ် တွေတော့ ရှိမပေါ့။ လုံးဝ မရှိတာ မရတာထက် စာရင် တစ်ပါးလောက်ရတော့လည်းအမြတ်လို့ ဆိုချင်တာရှိသပေါ့။

        • GARFIELD

          August 26, 2013 at 4:54 pm

          အဲ…
          ကျွန်တော်နားလည်ထားတာတော့ ငါးပါးသီလဆိုတာ ဘုရားဟောမဟုတ်ဘူးနော်…
          ဘုရားမပေါ်ခင်ကတည်းကရှိပြီးသား ဓလေ့ထုံးတမ်းစဉ်လာတစ်ခုကို ယူသုံးထားတာပါ…
          တတ်သိနားလည်သူများ ပြောကြပါဦးဗျာ…

          ခင်မင်လျက်-
          ဂါဂါးကြီး

        • kai

          August 26, 2013 at 11:33 pm

          ဂရုဓမ္မဟာဘုရားဟောမဟုတ်ပါကြောင်း..

          ဂရုဓမ္မ ဆိုတာကတော့ ဂရု = ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနို်း ။
          ဓမ္မ = စောင့်ထိန်းရမည့် ကျင့်ကြံရမည့် လိုက်နာရမည့် တရားများ ဟု ဆိုလိုပါသည်။
          ကိုယ်စီ ကိုယ်စီ ကျင့်ကြံလိုက်နာရမည့်ကိုယ်ကျင့်တရားများပဲဖြစ်ပါတယ်။

          ၁။ သူတော်စင်များ အလေးဂရုထား ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မ သီလ တစ်နည်းဆိုသော် ငါးပါးသီလခေါ် ပဉ္စသီလပင်ဖြစ်ပါသည်။
          ၂။ ထိုငါးပါးသီလကိုပင် ကမ္ဘာဦးအစက စတင်ဖြစ်ပေါ်လာသော တရားဖြစ်သောကြောင့် ပဝေဏီ ဓမ္မ္မ (သို ့) ပဝေဏီသီလ ဟုလည်း ခေါ်ပါသည်။ ဝါရိတ္တသီလ
          ၃။ စကြဝတေးမင်းတို ့ ဓမ္မသတ်သဘွယ် ကျင့်သုံးလိုက်နာခဲ့သောကြောင့် စက္ကဝတ္တိဓမ္မသတ် ဟုခေါ်ခဲ့သည်။
          ၄။ ကုရုတိုင်းသားများ အမြဲကျင့်သုံးခဲ့သောတရားဖြစ်သောကြောင့် ကုရုဓမ္မ ဟုလည်း ခေါ်ကြသည်။
          ၅။ ငါးပါးအရေအတွက် ရှိသောကြောင့် ပဉ္စသီလ ဟုလည်း ခေါ်ဆိုပြန်ပါသည်။
          ၆။ လူအများ ကျင့်သုံးအပ်သောကြောင့် ဂဟဌ သီလ ဟုလည်း ခေါ်ပါသည်။
          ၇။ လူတို ့ (ခါးဝတ်ပုဆိုး လုံချည် တို့ကဲ့သို ့) အမြဲ စောင့်သုံးအပ်သောကြောင့် နိစ္စသီလ ဟုလည်း ခေါ်ပါသည်။
          ၈။ မပြုလုပ်အပ် မပြောဆိုအပ်ဟု တားမြစ်ထားသောတရားဖြစ်သောကြောင့် လည်း ဝါရိတ္တ သီလ လို့ခေါ်သည်။ ၉။ အရိယာဝင် သူတော်စင်တို ့မြတ်နိုးခင်မင်သောတရားဖြစ်သောကြောင့် အရိယကန္တ သီလ လည်းဖြစ်သည်။၁၀။ ကျင့်သုံးအပ် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလ လည်း ခေါ်ပါသည်။

          http://www.thitsaralin.org/2009/09/blog-post.html

          ဆိုတော့..

          http://myanmargazette.net/70687
          သီလပုံစံဖြည့်ကြပါ ( ပါဏာတိပါတာ – – – ) – ကိုငြိမ်းအေး

          .. ဖတ်ကြည့်..ဆွေးနွေးကြည့်စေလို.. :mrgreen:

  • ဝင့်ပြုံးမြင့်

    August 24, 2013 at 11:08 pm

    တစ်ထိုင်ဥပုသ်ဆိုတာတောင် ရှိတယ်။ မြန်မာပြည်မှာ အပေါများဆုံးက ကုသိုလ်ပါ။ နေတတ်၊ စားတတ်၊ သွားတတ် လာတတ်ရင်လည်း ကုသိုလ် ရတယ်။ ဘာမှ မလုပ်ဘဲ စိတ်ကိုထားတတ်ရင်တောင် ကုသိုလ်ရသတဲ့။
    မျှစ်ကြော်ပြုံးတို့ကတော့ ငါးပါးသီလ တစ်ပါးမှ မမြဲဘူး။ သမီးလေးကိုတော့ ဓမ္မစကူးလ် ပို့ပေးပါတယ်။ သမီးကတော့ ဓမ္မစကူးလ်မှာ အရမ်းပျော်တယ်။ ကျောင်းက ဆရာမတွေနဲ့ ဘုန်းဘုန်းတွေကို ကျေးဇူးတော့ တကယ်တင်ပါတယ်။ ရွဲ့ပြောတာ မဟုတ်ပါ။ သမီးကို ဗုဒ်ဓဘာသာအကြောင်း ဘာမှ မပြောပြဖူးတော့ အခုလို ဓမ္မစကူးလ်လုပ်ကြတာ သမီးလည်း ဘာသာရေးအသိလေး ဝင်သွားတယ်။ စိတ်ထားနူးညံ့သိမ်မွေ့လွန်းတဲ့ သမီးလေး ပိုသိမ်မွေ့သွားမှာလည်း ကြောက်ရတယ်။ တစ်ဖက်ကလည်း E ကောင်းအောင် လုပ်ပေးပါတယ်။ ဓမ္မစကူးလ်ကလည်း မပို့လို့မဖြစ်ဘူး။ ၄ပတ်ဆက်တိုက် မသွားရင် ကျောင်းပြောင်းခံရမယ်ဆိုလို့ပါ။ ဘယ်လိုပင်ဖြစ်ပါစေ ဓမ္မစကူးလ်ကို ကျေးဇူးတင်ပါတယ်။

    • Kyi Lwin

      August 26, 2013 at 4:46 pm

      ဓမ္မစကူးလ် ကို အဲလို ဖိအားပေး တက်ခို်င်းတယ်ဆိုရင်တော့ သူများအမြင် အကြား မှာ မသင့်တော်ပါဘူး။
      တစ်ထိုင် ဥပုသ် ဆိုတာ တို့ တွေ ငယ်ငယ်က အဲလို ဥပုသ်မျိုး ယူခဲ့ဖူးတာပေါ့။ ဘုန်းကြီးကျောင်းသွားတယ် ။တနေကုန် မနေနိုင်ဘူး။ ညနေစာ ဆာ တယ်။ ငယ်ရွယ်တဲ့အချိန်ဆိုတော့ နားမှာကြားတဲ့ သီချင်းလည်း ဆိုမိတာပဲ။ ဒီလိုမျိုးတွေဖြစ်ရင် ကိုယ်ယူထားတဲ့ သီလ ကို မဖြူစင်စေလို့ ထိုင်နေတဲ့ အချိန်လေးပဲ ယူပါစေဆိုပြီး မိဘ တွေက ပြောခဲ့တာ။ တကယ်တော့ ဒါမျိုးက မလုပ်သင့်ဘူး။ ဒါပေမယ့် လူငယ်တွေ ကိုယ့်ဘာသာတရားနဲ့ ဝေးမှာစိုးလို့ လူကြီးတွေက ရှေ့နောက် ချိန်ခွင် လျှာ ညှိတဲ့ အနေနဲ့ လုပ်ပေးတာ။
      အဓိက ကတော့ ကိုယ်ယုံကြည်တယ်ဆိုတဲ့ ဝါဒ ကို ကိုယ်တိုင် တကယ်ယုံကြည်တဲ့ စိတ် သဒ္ဒါ ဖြစ်လာပြီဆိုရင် ကိုယ်တို်င် တိတိကျကျ လိုက်နာ နိုင်တယ်ဆိုတာပါပဲ။

  • garfield

    August 26, 2013 at 9:14 am

    အဟီးးးးး
    ဒီ စာ ဖတ်ပြီး ကြားယောင်လာတာ တစ်ခုတည်းးးးး

    ကိစ္စတွေ ပြီးသွားမှ “မိဘ ပြည်သူများ ခင်ဗျားးးးး” ဆိုတဲ့ အသံ။ သေတဲ့သူတွေ သေကုန်ပြီးးးးးးပြီ။

    ကျန်တဲ့ ၅ ပါးကိစ္စတော့ တစ်ရွာလုံး နဲ့ တဂျီး ဆက်ပြောကြပါစေ။ 😀

  • ဝင့်ပြုံးမြင့်

    August 27, 2013 at 1:01 am

    ငါးပါးသီလကို ခေတ်နဲ့အညီပြုပြင်ရေး ရာနှုန်းပြည့် ထောက်ခံပါတယ်။ အကြောင်းက ဖတ်ခဲ့ဖူးတာရှိတယ်။ မြတ်စွာဘုရားဟာ ရဟန်းတော်တွေ စောင့်ထိန်းရမယ့် ဝိနည်း (တော်တော်များတယ်)တွေကို တစ်ခါတည်း သတ်မှတ်ခဲ့တာ မဟုတ်ဘူးတဲ့။ ပြဿနာတစ်ခါပေါ်မှ ဝိနည်းတစ်ခု ၊ စည်းကမ်းတစ်ခုပေါ့လေ အဲလိုမျိုး သတ်မှတ်ခဲ့တာ။ တကယ်လို့သာ ဝိနည်းတော်မှန်သမျှ သီလဟူသမျှ စည်းကမ်းဟူသမျှဟာ ကမာ္ဘတည်သရွေ့ အမှန်ဖြစ်နေမယ်ဆိုရင် သူတစ်ခါတည်း သတ်မှတ်လိုက်မှာပေ့ါ။ ငါးပါးသီလဟာ ဘုရားဟော မဟုတ်ဘူးပဲထားဦး၊ တကယ်တော့ လူ့ကျင့်ဝတ်စည်းကမ်းဖြစ်နေတော့ကာ တကယ်လို့သာ ဒီခေတ်ကြီးထဲ မြတ်စွာဘုရား အခုထိရှိသက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သူဟာ သူ့ ဥပဒေတွေ၊ ဝိနည်းတွေ ၊ စည်းကမ်းတွေ၊ သီလတွေကို update လုပ်မှာ သေချာပါတယ်။

  • Kyi Lwin

    August 27, 2013 at 11:23 am

    ကျွန်မရေးလိုက်တဲ့ စာ အပေါ် ပြန်ရေးပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းအရင်ပြောချင်ပါတယ်။
    ကျွန်မ ရဲ့ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ ရေးမိတဲ့စာအတွက် ပြန်လည် ပြောကြားပေးကြသော ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာများ ကိုဖတ်ရလို့ ဝမ်းသာမိသလို မိရိုးဖလာ ကိုးကွယ်သူ ကျွန်မ ငါးပါးသီလ ဆိုတာ ဘုရားဟောတာလို့ သိထားတဲ့အတွက် ခုလို အကျိုးကြောင်းတွေ သိခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်။
    ဘယ်လိုပဲဖြစ်စေ လောကကောင်းကျိုးဆောင်တဲ့ အချက်များ ကိုတော့ လိုက်နာရင် လိုက်နာ သလောက် ကျင့်သုံးရင် ကျင့်သုံးသလောက် အများ ကောင်းကျိုးဖြစ်စေတာမို့ ကောင်းရာ ကောင်းမှု ကောင်းအောင်ပြု၍ ကောင်းကျိုး ကိုယ်နှိုက် တည်စေသောဝ်လို့ ကိုယ့်ကို ကိုယ် ဆုံးမနေပါတယ်။ ဒီ့ထက် အကျယ်တဝင့် ရေးသားပေးမယ့် သူများ ရှိရင် ရေးစေချင်ပါကြောင်း ။

  • Kyi Lwin

    August 29, 2013 at 3:26 pm

    ဒီစာလေး တင်လိုက်တာ ခုတ်ရာတခြား ….. ကျေးဇူးများ ။ ဆိုသလိုပါ။
    သမ္မတကြီးကို သရော် ချင်လို့ ရေးလိုက်တယ်။ သို့သော်လည်း ကိုယ်မသိသေးတဲ့ ဗဟုသုတ ရစရာတွေဖတ်ရလို့ ကျေးဇူးတင်ရပါတယ်။

    • အရီးခင်

      August 29, 2013 at 3:43 pm

      တိုက်ရိုက် ဆုတောင်း ပါတယ် ကြည် ရေ။
      အဘစိန်က သဘောကောင်း ပါတယ်။
      ၂၀၁၅ တောင် မစောင့် ဘဲ “ဒေါ်အောင်ဆန်းစုကြည်” ကို လွှဲပေးတော့မယ် ဆိုသလားဘဲ။
      😛

      • Kyi Lwin

        January 19, 2016 at 1:20 pm

        အရီးခင်ရေ မတွေ့တာအတော်ကြာပေါ့နော။ ဖဘ ဖက်မှာ သတင်းတွေနဲ့ တနေကုန် အချိန်ကုန်နေလို့ ခုမှ မန်းဂေဇက်ရွာဖက် ခြေဦးလှည့်ခဲ့မိတယ်။ အလွမ်းပြေ စာတွေဖတ်ရင်း ဒီနေရာရောက်တော့ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက အရီးမှတ်ချက်လေးကို ခု လက်ရှိအခြေနေနဲ့ နှိုင်းကြည့်မိတော့ တက်တက်စင်ပါလားရယ်လို့ သို့သော် ရောင်နီတော့ဖြင့်မြင်ရပါလေပြီ အရီးရေ ။
        ကျန်းခန့်သာလို့ မာပါစေနော်။

Leave a Reply