မြွေမိလာတဲ့ သေဂျင်းဇိမ်း

ムラカミAugust 23, 20131min1396

 

ဖြစ်ပုံက ဂလို မြန်မာပြည်ကျူရှင်လောက ရဲ့ ခြားနားတဲ့ရှုထောင့် ပေါ့ဗျာ ..ယလဲ့ ..။

ပထမနှစ် ကျောင်းသားဘဝ ပေါ့ဗျာ .. အစောပိုင်းက ပရက်တီကယ်လစ်တာ နောက်ပိုင်းကျ

ပရက်တီကယ်မှန်ပြီး လက်ချာ လစ်ဖြစ်လာတော့တယ်..။

 

လင်းပါဦးမယ်.. လက်ချာလစ်တယ်ဆိုတာ ကဂလိုပါ။ ခေတ်ရဲ့ သားကောင်းတို့ ထုံးစံအတိုင်း

ကျနော်တို့ ကျူရှင်ယူကြရပါတယ်။ ကျူရှင်မှာ အပြင်ဆြာ သင်တာရှိသလို ဌာနမှူး အဆင့်ထိ ကျူရှင်ပေးစားတာလည်း

ဆန်းတဲ့ကိစ္စရပ် တော့မဟုတ်ဘူးခည။ ဌာနမှူးကျူရှင်သင်တယ် ဘာဖြစ်တုန်းဗျာ ..သွသူ သင်တာ ကျောင်းမှာ ကောင်းကောင်းသင်ရင်

ပီးတာပဲ .မှုတ်ဖူးလား။ ဒါမှလည် းနွမ်းပါးလို့ ကျူရှင်မယူနိုင်ရှာတဲ့ ကလေးတွေအပေါ် တရားမှာပေါ့။

အဲ.. ဆက်ဆွဲရရင် ကျောင်းမှာ ဆိုတာက အတွေ့ကြုံရင့် အသင်အပြကောင်း တဲ့ ဌာနမှူး တွေချည်း အချိန်ပြည့်သင်နေတာ

မဟုတ်ဘူးလေ… ကထိက တွေ လက်ထောက်ကထိက တွေ နဲ့ ဆြာမလေးတွေ ရှိတတ်သေးတာကလား။

 

အသင်အပြမဆိုးသူ ကောင်းသူ ဂွမ်းသူ မျိုးစုံပါရဲ့ပေါ့ခီညာ…။ ကျောင်းမှာ လက်ချာလစ်တယ်ဆိုတာ ကျူရှင်မှန်သရွေ့

မထိခိုက်ဘူးပေါ့ဗျာ … ကွိကွိ.. (ဆင်ခြေပေးရတာ မောထှာ)

ဆိုတော့ဗျာ .. တကယ်သိသင့် တတ်သင့် မှတ်သင့်တဲ့ အရေးကြီးသင်ခန်းစာမျိုးmust know ကို ဌာနမှူးကသင် .. ကျန်တဲ့

သင်ခန်းစာ should know, good to know လောက်ကိုတော့ အောက်ကဆြာမတွေသင်ပေါ့… ။

(စာမေးပွဲနီးရင် ဌာနမှူး လက်ချာတွေချည်း ရွေးပီးသာ ဖိဖတ်- ကွိကွိ အီကား စပေါ့ တည်း)

သည်တော့ ကျူရှင် က လက်မှန်တဲ့ အဖျော်ဆြာနဲ့တူပြီး ကျောင်းက လက်မမှန်တဲ့ အဖျော်ဆြာ နဲ့ တူသဗျ..

 

ဂလိုနဲ့ မောင်ဂီ့ လည်း လက်ချာတွေ ကို ကျော်ခွ ကျောင်းလစ်လာသပေါ့ဗျာ ..။ ကျောင်းလစ်တယ်ဆိုလို့

ဝေးဝေး သွားနေတာမဟုတ်ဘူး လက်မှတ်လေးဝင်ထိုးလိုက် ဘောလေးပြေးကန် လိုက် လက်မှတ်လာပြန်ထိုးလိုက်

ဂစ်တာလေးပြေးခေါက်လိုက်နဲ့ ကျောင်းပရဝဏ်ထဲနေပီး အတန်းမတက်တာ … ကွိကွိ..။

(တခါတခါလည်း မိန်းမလှကျွန်း တို့ ဘလေဇုံတို့ ကန်ဘောင်တို့ပေါ့ဗျာ)

 
ဂလိုနဲ့ပေါ့ဗျာ ..အထက်က ကျူရှင်ကိစ္စ နဲ့ ပါတ်သတ်ပြီးတော့ပေါ့ … တခြားရှိမလား ..ဇူးပေါ့…(ဖော်ပဟေ့.)

ထိပ်ပိုင်း ချက်ပတာ ၁-၅ လောက်ထင်တယ်.. ဒီအတိုင်းသင်နေတာအကောင်း ၆ လား ရလားတော့ မမှတ်မိ.

အခန်းခေါင်းစဉ်က မြွေ ။ မောင်ဂီ့ က ဌာနမှူး ပြတဲ့ကျူရှင်ကို မတက်ဘူး အပြင်ဆြာ တယောက်ရဲ့ ကျူရှင်ကို တက်တယ်။

အဲ့ဒီဆြာက အဲ့သည့်ကာလ ဗမာပြည် အတော်ဆုံး ဘိုင်အိုဆြာ တော့ပ်တန်း ရွေးရင် ထိပ်ဆုံး၃ယောက်က မဆင်းမဲ့လူ။

(ဆယ်တန်းဘိုင်အိုလည်း သင်တယ် ဆိုလိုသည်)။ 3D Tissue ဖြတ်စပုံတွေ ဆွဲတာများ အင်မတန် ပြတ်သားလှပ။

သူ့ဘာသာရပ်နဲ့ ပါတ်သတ်ရင် ဆြာဝန်တွေ မှ ဖတ်တဲ့စာတွေထိ နှံ့စပ်လေ့လာထားသူ ။ တန်ရုံ ဆြာဝန်တယောက် သူ့ကိုယှဉ်ပြီး

စာရှင်းနိုင်မယ်မထင် ဘူး ။ ထားပါတော့ အနှီဆြာအကြောင်း။ မောင်ဂီ့ က အိမ်မှာကျူရှင်ဝိုင်းသဗျ …ဌာနမှူး ဖွင့်တဲ့ ကျူရှင်သွားမတက်သလို

သူ့လည်းပင့်ပြီး မသင်ဘူး။ ဟိုဆြာသမား ကို ကြည်ညိုသူဆိုတော့ ဟိုဆြာ ကို ပင့်ပြီး သင်တယ်။ နောက်ပိုင်း ဆြာသမား မလာနိုင်တာတောင်မှ

ကွကိုယ် ဆြာ့ သင်တန်းထိ သွားတက်တယ်။ အဲ့ဒလောက်စိတ်ကြီးတာရယ်။

သည်တော့ ဆေးတက္ကသိုလ် -၁ ပထမနှစ် ဇူး ကျူရှင်တွေရဲ့ ..ဈေးကွက်ဝေစုကို ကြည့်ရင် အနှီ နာမည်ကျော်ဆြာက ၄၀%

ဌာနမှူးက ၃၀% လောက် နဲ့ ကျန်တဲ့ ပါဆင့်ကိုတော့ ကဌိက တွေ အခြား အပြင်ဆြာတွေ နဲ့ စတာဒီဂိုက်တွေခည…။

ဒီတချက်တည်းကပဲ တခြား မေဂျာတွေနဲ့ ဇောက်ထီး ဖြစ်နေတာကိုး..

(တခြားမေဂျာများတွင် ဌာနမှူးမှာ ဈေးကွက်ဝေစု အများဆုံးရရှိတတ်ပါသည်)

 
ဒီ ဂဏန်းကပဲ ဌာနမှူးကို ဒေါသဖြစ်စေခဲ့သလားတော့ မပြောတတ်ဘူး ။ အခြား မိဂီတို့မသိတဲ့ ပါဆင်နယ် ပိုင်းတွေလည်း ပါချင်ပါမပေါ့လေ..။

ရှေ့ပိုင်းတွေ သင်ပီး သကာလ မြွေအခန်းကို ကျော်ပြီး အခြား (တစ်ရှူးတွေ အပိုင်းထင်တယ်) သင်ပါလေရော…။

ဟိုဆြာ့ ကျူရှင်က အစဉ်လိုက်အတိုင်းသင်တော့ မြွေခန်း အပြီး ကျောင်းစာမေးပွဲအစစ် ကွက်တိလောက် ကိုက်ထားတာရယ်။

ခုတော့ ပညာခန်းတွေ ပါလာပြီမို့ .. သိတဲ့အတိုင်း … (အော် ကနားစီးတို့များ ၁၆နှစ်သားနဲ့ Red Ocean Strategy ကိုထိတွေ့ခဲ့တာရယ်)

မောင်ဂီ့တို့ ကျောင်းမှာနေပီး ကျောင်းမှာ ဘာသင်သလဲ မသိတဲ့ဘဝပြောပါတယ်။ မသိဘူး အေးဆေး..

လက်မှတ်ဝင်ထိုးရုံထိုးနေတာ..။ တခါတလေများ မိညီမ ကို ကျော့် လက်မှတ်သင်ပေးထားပီး … အတန်းဒန့်စ် ရအောင် လုပ်တတ်သေးတာ

ဂလိုနဲ့ စောင်မွဲနီးတော့မှ ဌာနမှူးလက်ချာတွေကို အတန်းမှန်တဲ့ စကီလေးတွေဆီက

ခခယယ တောင်း ကူးမယ်လုပ်တော့ … ။သေဇမ်း …သေဂျင်းစိမ်း.. ဟိုက မြွေ ခန်း ကျော်သင်သွားတယ်..။

 
ကတောက်ခ် .. အဲ့သည့်တော့မှ လိုက်လံ စနဲနာကြည့်တော့ … ဟုတ်ပါတယ်ဗျား.. ဟိုဆြာကျူရှင်တက်သူတွေ

အားလုံး ရှော့ခ် ရနေပါတော့တယ် တဲ့ …။(အတန်းမှန်သူတွေက ကျူရှင်အတွက်ရော ကျောင်းးစောင်မွဲအတွက် ပါ

၂ဆကျက်ရလို့ ..မျက်တွင်းလေးတွေကို ချောင်လို့…)

မောင်ဂီ့ ခညာလည်း မျက်ကွင်းလေးတွေချောင်လို့ .. (အိပ်ရေးပျက်ခံပီး ဂိမ်းဆော့တာ- တလွဲမတွေးရ)
ပြောရရင်တော့ဗျာ.. ကိုယ့်ဆြာသမားက အာဝဇွန်းက ရွှင်ရွှင် ..မောင်ဂီ့လို စာစိတ်မဝင်စားတဲ့ကောင်ကိုတောင်

မြွေပွေးက ဘယ်လို မြွေဟောက်က ဘယ်ညာ ဂျပ်မြွေက ရေချိုရေငံစပ်မှာနေပြီး အမြီးက ဒေါင်လိုက်ပြားတာ..

ဘယ်ဒင်းက neuro toxic ဘယ်ဟာက haemo toxic ကယားပြည်ဘက်မှာတွေ့ရတဲ့ ပြဒါးမြွေ ဆိုတာ ဘယ်ညာ

ဟိုး အင်ဒီယားနွယ် တဲ့ တောကြီးမြွေဟောက်က ပါးပြင်းမရှိ အညာက လှည်းလမ်းကြောင်းတွေမှာ ခွေနေတဲ့

မြွေပွေး က မျက်ခွက်မယ် loreal pit ခေါ်တဲ့ အပူအာရုံခံအင်္ဂ ါ ပါတဲ့ပါးချိုင့်လေးနဲ့တဲ့ ..အောင်မယ် ..အမေရိကန်က

ခြုံပုတ်တွေထဲနေတဲ့ မြွေဟောက်တမျိုးကို Bush masters ဆိုတာက ပါလိုက်သေးတယ်။ ဆြာက မင်းတို့ကောင်တွေလည်း

ပန်းခြံတွေထဲ Bush masters လုပ်မနေကြနဲ့ဦး ဆိုတာလေးက အစ ခုထိ မှတ်မိသေးတာရယ်။ ပြောရတာ အသီးနာလွန်းလို့..

 

စာရင်းချုပ်တော့ ဟုတ်ကဲ့ ကျပါတယ်ခီညား ။ ကျတာမှ Badly fail လို့ခေါ်တဲ့ အမှတ်(၁၀ဝပေးတာမှာ)၂ဝ အောက်နဲ့ ခွေးကျကို

ကျတာပါ ကိန်ကိန်..။ (သူက ၅ဝအောင်မှတ်ကို ၄ဝလောက်နဲ့ကျရင် ကြောင်ကျ တဲ့ခည..)

ကျုပ်မတော့ မြွေဖမ်းလိုက်မိတာ.. ဇင်ဝိုင်းရုံးခန်း ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်သွားရေးရပါပေါ့လား ..။

 

အိုက်ဒလိုနဲ့ .. မောင်ဂီ့လည်း ကျောင်းသိပ်မလစ်ရဲတော့ ဘူး ဖြစ်သွားပါလေရော ဗျာ..။

ဟဲဟဲ … သိတယ်မလား .. ကျောင်းမလစ်တော့ ..ကျောင်းမှာသင်ပီးတဲ့အခန်း ကနေ့

ကျူရှင်က သင်မယ် ဆိုရင် ..အဲ့ဒိနေ့ မောင်ဂီ့ ကျူရှင် လစ်ပါတယ်ခီညား…။

နောက်ဆုံး ဆြာက ဟတ်ကောင် ဇာဖားစ် နင် ငါ့ ကျူရှင်ကို ချေးတုံး ရေမှာမျောတဲ့ မက်သတ် နဲ့ တက်နေတာလား တဲ့..

(မြုပ်ချည် ပေါ်ချည်) … သေဂျင်းစိမ်း လည်း နောက်ထပ် ဂုဏ်ပုဒ်တခု ထပ်တိုးရော ဆိုပါတော့ ပိတ်သတ်ကြီးရယ်…။

 

6 comments

  • ဦးကျောက်ခဲ

    August 23, 2013 at 11:42 am

    ကျောက်စ်တို့တုန်းက ဘူမိမှာ ကျူရှင်အလွန်ရှားပါတယ်…
    ဋ္ဌာနမှူးကသင်ဖို့ဆိုတာတော့ ဝေလာဝေး…
    နားမလည်ရင် လဘက်ရည်ဆိုင်မှာတောင် စာမေးလို့ရသေးတယ်…
    အဲ သချာ်နဲ့ ဘိုင်အိုကတော့ ဘူမိရောက်ကတည်းက လုံးဝကို ပြတ်သွားတာပဲ…
    🙂

  • Mahar Myanmar

    August 23, 2013 at 3:16 pm

    ကျုပ် ခြေရာ နင်း မယ့် အလောင်းအလျာ လေး..
    တကတည်း လစ် မယ် ဆို တာချည်း ပဲ..
    အဲဒါ ကြောင့် လည်း ခွေး ကျ ကျ တယ် ဆို လား
    အဲဒါ က ခွေး ကျ မဟုတ် ဘူး
    မြွေ ကျ ကျတာ …

  • cobra

    August 23, 2013 at 4:17 pm

    GTC တို့ ကွန်ပျူတာတို့ဆိုကျောင်းများမှားနေသလားတောင်ထင်ရတယ်။
    အင်းယားမှာပဲတွေ ့နေရတယ် ဂယ်ပဲ…ဂယ်ပဲ….။

  • Mr. MarGa

    August 23, 2013 at 6:51 pm

    အဟမ်း…အဟွတ်
    အိုက်သဟာ ကျောင်းဝတ်စုံ ရှိခြင်း မရှိခြင်းရဲ့ အားသာချက် အားနည်းချက်ပဲ ကိုကို ကော်ဘရာရဲ့ :mrgreen:
    ဂျီတီစီတွေ ကွန်ပျူတာတွေက ကျောင်းဝတ်စုံတွေနဲ ့ဆိုတော့ ဘာလုပ်လုပ် ဒါ ဘယ်ကလဲ တန်း သိသဗျ။
    ကျောင်းဝတ်စုံ မထားတဲ့ ဝိဇ္ဇာ၊သိပ္ပံ တို့ ဆေးကျောင်းတို့ကျ အပြင်လူနဲ့ ရောသွားသလေ။
    အပေါ်က ပို့စ်နဲ့ ပြန် ဆက်ရမယ် ဆိုရင်တော့
    ကျုပ် ကိုရင့်ပို့စ် ဖတ်ပြီး အပြန်မှာ အဲ့အကောင်လေး ရှေ့ကတောင် ဖြတ်ပြေးသွားသေးတယ်
    အဆိပ်သာမရှိ်ရင် အတော် ချစ်စရာကောင်းမယ့် အကောင်လေးတွေဗျ သိလား :mrgreen:

  • marblecommet

    August 24, 2013 at 2:32 am

    တို့များ ဆယ်တန်းစာမွဲကတည်းက
    သုံးရက်လောက် ရထားပတ်စီး
    ခဲ့ပါသကွီ……

  • အလင်းဆက်

    August 24, 2013 at 11:51 am

    အင်းးး
    ဒီ တစ်ပုဒ်မှာတော့
    နာတို့ကို မှိုချိုးမျှစ်ချိုး
    ဘာဂလိုတိုတို စွပ်စွဲချက်တွေ မပါပါလား
    :kwi:

Leave a Reply