ပေးဆပ်မှု

အဂတိလေးပါး
မလိုက်စားပါဘူး
မိုက်မှားမိမှာ စိုးလွန်းလို့    ….

ချစ်လား—မေးရင်
ဖြေရဲဖူး—ရှင့်
နစ်သွားဦးမှာ စိုးလွန်းလို့ —-

လွမ်းတယ်–ဆိုတာ
ဘယ်လိုလဲ—— တဲ့
ပူလောင်လွန်း လို့
ကျွမ်းသွားတတ်တယ် သိ ချ င် ပါ  နဲ့ 

နူးညံ့  အပြူံးတွေ
ပေး မှာ လား——တဲ့
ပူလောင်သဘော မရောစတမ်း ဆို
ပေးကမ်း  မှာ  ..  ပါ့ ။

ဝါ ၀င်း     အ သား အ ရေ
ေ ရွှ အ ဆ င်း လား —–တဲ့
ခွာ သာ ယူ သွား
စပါးလုံး တစ်ထောက်စာများ
နှမျော  မနေအားပါဘူး–

မင်း ဆံ နွယ် တွေ —
ရင်ခုန်သွားတယ်
သြော်–ဟုတ်–
ဒီ တစ် ခါ ဆံပင် ကျွတ်တွေ ပုံထားပေးမယ်–ယူ

အမြဲသတိရတယ်
ကောင်းတာ ပေါ့.  ဒါပေမယ့်
အမြဲသတိထားရင် ပိုကောင်းမယ်
ရုပ်နာမ် ဖြစ်ပျက်–မေ့ရခက်တယ်

မေ့ပျောက်မရဘူး
တစ်နေ့ တာလုံး ပြောချင်စမ်းတယ်
ကိုယ့် တစ်ယောက်အတွက်နဲ့ 
အပါယ်တစ်ခေါက်
ပြန်သွား ချင် သးလား  ။

မျက်စိအောက်က အပျောက်မခံနိုင်ဘူး
တကယ်လား ဟင်
အသက်ကုန်သွားရင် ကိုယ့်အနား
မင်း ဘယ်နှစ်ရက်နေမလဲ—ရှင်

ပစ်မထားပါဘူး ဆိုလာသူရေ
ပစ်သာထားခဲ့
မင်းတစ်ယောာက်
နစ်နာသွားမှာ—စိုးလွန်းလို့ 

ဒါဆို ပြတ်သားသွားမှာ
အ ဟု တ် လား —တဲ့
မှတ်သားလောက်စရာ ရှာဖွေရာမှာ
မပြတ်သားရဲလို့  ဖြစ်ပါ့မလား—

အဂတိ လေးပါး မလိုက်စား   ..  ဘူး
မိုက်— မှား–မိ–မှာ– စိုး– လွန်း –လို့ —–။        ။

 

 

ကုမာရီ

About Mahar Myanmar

Mahar Myanmar has written 16 post in this Website..