ပေးဆပ်မှု

Mahar MyanmarAugust 23, 20131min17812

 ပေးဆပ်မှု

အဂတိလေးပါး
မလိုက်စားပါဘူး
မိုက်မှားမိမှာ စိုးလွန်းလို ့   ….

ချစ်လား—မေးရင်
ဖြေရဲဖူး—ရှင့်
နစ်သွားဦးမှာ စိုးလွန်းလို ့—-

လွမ်းတယ်–ဆိုတာ
ဘယ်လိုလဲ—— တဲ့
ပူလောင်လွန်း လို့
ကျွမ်းသွားတတ်တယ် သိ ချ င ် ပါ  နဲ ့

နူးညံ့  အပြူံးတွေ
ပေး မှ ာ လား——တဲ့
ပူလောင်သဘော မရောစတမ်း ဆို
ပေးကမ်း  မှာ  ..  ပါ့ ။

ဝါ ဝင်း     အ သား အ ရေ
ေ ရွှ အ ဆ င်း လာ း —–တဲ့
ခွာ သာ ယူ သွ ာ း
စပါးလုံး တစ်ထောက်စာများ
နှမျော  မနေအားပါဘူး–

မင်း ဆံ နွယ် တွေ —
ရင်ခုန်သွားတယ်
ဪ–ဟုတ်–
ဒီ တစ် ခါ ဆံပင် ကျွတ်တွေ ပုံထားပေးမယ်–ယူ

အမြဲသတိရတယ်
ကောင်းတာ ပေါ့.  ဒါပေမယ့်
အမြဲသတိထားရင် ပိုကောင်းမယ်
ရုပ်နာမ် ဖြစ်ပျက်–မေ့ရခက်တယ်

မေ့ပျောက်မရဘူး
တစ်နေ့ တာလုံး ပြောချင်စမ်းတယ်
ကိုယ့် တစ်ယောက်အတွက်နဲ ့
အပါယ်တစ်ခေါက်
ပြန်သွား ချင် သးလား  ။

မျက်စိအောက်က အပျောက်မခံနိုင်ဘူး
တကယ်လား ဟင်
အသက်ကုန်သွားရင် ကိုယ့်အနား
မင်း ဘယ်နှစ်ရက်နေမလဲ—ရှင်

ပစ်မထားပါဘူး ဆိုလာသူရေ
ပစ်သာထားခဲ့
မင်းတစ်ယောာက်
နစ်နာသွားမှာ—စိုးလွန်းလို ့

ဒါဆို ပြတ်သားသွားမှာ
အ ဟု တ် လ ာ း —တဲ့
မှတ်သားလောက်စရာ ရှာဖွေရာမှာ
မပြတ်သားရဲလို ့ ဖြစ်ပါ့မလား—

အဂတိ လေးပါး မလိုက်စား   ..  ဘူး
မိုက်— မှား–မိ–မှ ာ– စိုး– လွန်း –လို ့—–။        ။

 

 

ကုမာရီ

12 comments

  • အရီးခင်

    August 23, 2013 at 8:48 pm

    အရင်ခေတ်ထဲ က (ကျုပ်တို့ခေတ် ပေါ့လေ) မိန်းမ အဆိုတော် (မေခလာလားမမှတ်မိတော့)။
    “ကိုယ်သေရင်တစ်ပါတ်ထဲဘဲ ငိုမယ်ဆို” ဆိုလား။
    သူ့ရည်းစား က တစ်ပါတ်ဘဲ ငို မယ် ဆို လို့ ဖြတ်မယ် လို့ ဆို ထားတဲ့ သီချင်း။
    ဘယ်သူက နေ့တိုင်း ငို နေနိုင်မှာမို့လဲ။ နော။
    မှန်ရာပြောတော့ လဲ တစ်ချို့ (ဒါမှမဟုတ် အများ) မကြိုက်ကြဘူး ကိုမဟာ ရေ။
    ညာမှတဲ့။ 😉

    • Mahar Myanmar

      August 24, 2013 at 8:20 am

      မုသား မပါ လင်္ကာ မချော လို့ လည်း ဆိုထား ပေး သကိုး
      အရီး ခင် ရဲ့….
      မှန် တာ ပြော လွန်း ရင် ..အဲဒီ လူ က လူ့ဂွစာ တဲ့….
      ဗုဒ္ဓ မူ အတိုင်း ပေါ့ ..အလယ် အလတ် ပဲ ကောင်း ပါတယ်..
      မုသား စကား မပြော နဲ့.. ဒါပေမယ့် အမှန် ချည်း ပဲ လည်း
      မဖြစ် စေနဲ့ ပေါ့……

  • ခရီးသည်ကြီး

    August 24, 2013 at 9:30 am

    ကျုပ်​က​တော့ကြိုက်​တယ်​ဗျာ
    အမှန်​​ပြောတာကို ကန်​့လန်​့တိုက်​တယ်​ဆိုရင်​ ကျုပ်​လည်​းတခါတရံ ဂလန်​့​ကောင်​ဘဲဗျ ။
    ကဗျာဖတ်​ပီး ကျုပ်​လည်​းသံ​ဝေဂယူသွားပါတယ်​ 🙂

    • Mahar Myanmar

      August 24, 2013 at 1:11 pm

      ကို ခရီးသည် ကြီး လည်း မှန် တာ ပြောလွန်း လို့ ရွာနား တောင်
      ကပ် နိုင်သေး ရဲ့ လား.. အမြဲတန်း ခရီး သွား ဖြစ် နေပေါ့ …
      လောက မှာ အမှန် တွေ ချည်း ပဲ ပြော ကြေး ဆို ..
      ဘာ တွေ ဖြစ် လာ မလဲ သိ ချင် စမ်း ပါ ဘိ ဗျာ..

      ကို ခရီးသည်ကြီး ရေ… အမှန် ပြော လိုက် ရတာ တစ်ခါ နဲ့ ပြီး တယ်
      ညာ လိုက် မိ ရင် တစ်ခါ နဲ့ မပြီး တော့ ဘူး
      မပေါ် ေ အာင် ဆက်တိုက် မုသား တွေ ကျူးလွန် ရတော့ မယ်
      ပို ကြောက်စရာ ကောင်း ပါတယ်..

      ကျေးဇူး ပါ

      • lele kyi

        August 24, 2013 at 4:59 pm

        အင်းးး ဟို မားကတ်တာကို လာဖတ်စေချင်ပါရဲ့။ အနုပညာမြောက်အောင်ဘယ်လိုလိမ်ရမလဲဟင်။

        • Mahar Myanmar

          August 26, 2013 at 2:19 pm

          သင်စရာ မလိုတာ..
          ကျူရှင် မလိုတာ..
          ဆရာ မလိုတာ…
          ကိုယ့်ဘာသာ တတ် တာ..

          လိမ်ညာမှု… ပဲ

  • အလင်းဆက်

    August 24, 2013 at 12:04 pm

    ဝေဒနာ ပစ်စယာ တနှာာ မဖြစ်အောင်
    စိတ်ထိန်း ပေအံ့

    :kwi:

  • Mahar Myanmar

    August 24, 2013 at 2:13 pm

    အလင်းဆက် အတွက် ဒဲ့ ရေး ထား တဲ့ ကဗျာ ပါခင်ဗျာ
    သံဝေဂ ယူတော် မူပါ ခင်ဗျာ..

  • garfield

    August 24, 2013 at 6:06 pm

    မှန်တယ်။ မှန်တယ်။
    အဲလိုတွေ ပြောချင်နေတာ.။
    သူများချစ်ခြင်းးးး မလို တယ် ဖြစ်မစိုးလို့။

    အကာ ပေါ်မှာ သကာလောင်းပြီး ကာဗာတင်ထားတာတွေ များနေတဲ့ အချစ်မှာ အနှစ်ကို မြင်ဖို့ခက်တယ်ကွဲ့။
    တရားရတာတော့မဟုတ်။
    တစ်ခါတစ်လေ အချစ် (သန့်သန့်) ဘက်က နာမိတယ်။

    • Mahar Myanmar

      August 26, 2013 at 2:18 pm

      အချစ် သန့်သန့် ကို ပဲ စိုးရိမ်ရ မှာ ဂါဂါ ရဲ့..
      အချစ် သန့် လေ ဒီ ဝဲ ဂရက် ကို ရုန်း မထွက် နိုင် အောင် ဖြစ် မယ် လေ..
      သံသရာ လွတ် မြောက်ကြောင်း ဆိုတာ…
      ဒီ စိတ်ခံစား မှု တွေ က လွတ်ကင်း မှ ရမယ်..

      မလွတ် နိုင်သ၍ တော့ .. အချစ် သန့်သန့် လေး တွေ က
      လူ့လောက အတွက် သန့်ရှင်းပြီး အကျိုး ပြုပါ တယ်…

  • Min Zarni

    August 26, 2013 at 2:21 pm

    ကျော်ကတော့ ယုသန်ဒါတင်လေးကို အသေရရ အရှင်ရရ ပဲဗျို့…
    အရှင်ရရင် ပေါင်းမယ် အသေရရင် ဖဲဝိုင်းထောင်ပီး အကောက်ကောက်စားမယ်

    • Mahar Myanmar

      August 27, 2013 at 8:46 am

      ဟိဟိ အဖေါ် ရပြီ
      စိတ်ဓါတ် တူ လေး တွေ..
      ကျုပ် လည်း အရှင် ရရ
      အသေ ရရ ပါ ဗျာ….

Leave a Reply