Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

… အခုတလော စာအုပ်သိပ်မဖတ်ဖြစ်ပဲ ရုပ်ရှင်သာ တစ်ရက် တစ်ကား၊ နှစ်ရက် တစ်ကားလောက် ကြည့်ဖြစ်နေတယ်.. အသက်ကြီးလာလို့ ဦးနှောက်သိပ်မသုံးချင်တော့ လို့ဖြစ်မလားမသိ… ထားပါတော့လေ.. အဓိက ကတော့ ကိုယ်ကြည့်မိတဲ့ အထဲက ကြည့်လို့ ကောင်းတာလေးတွေကို လက်တို့ချင်တဲ့ သဘောပါပဲ.. နောက်ပြီး ရွာထဲမှာလည်း ရုပ်ရှင် နဲ့ ပါတ်သတ်လို့ ကိုယ်ထက် ဆရာကျမယ့် လူတွေလည်းရှိဦးမှာ ဆိုတော့ သူတို့ ပြန်ညွန်းတာလေးတွေလည်း သိချင်လို့ပါ..

 

ဒီလ အတွက်တော့ ၃ ကားလောက်ပြောချင်ပါတယ်.. အမှန်တော့ ဒီလ ကြည့်ရတဲ့ ဇာတ်ကားတွေကို သိပ်အားမရဘူးရယ်.. အဲဒါကြောင့် အရင်လတုန်းက ကြည့်ရတာတွေပါ ပြန်ဆွဲထည့်ထားပါတယ်..

 

၁။ At the Gate of the Ghost

A_2

ထိုင်းဇာတ်ကားပါ.. အခုတလော နာမည်ကြီးတဲ့ Pee Mak လို ဟာသ ကားမဟုတ်တော့ သိပ်တော့ နာမည် မထွက်ပါဘူး.. ဒါပေမယ့် လူ့စိတ်သဘောလေးတွေကို ဦးစားပေးရိုက်ထားပြီး Award တွေပါတွေလည်း ရထားပါတယ်..  

ဇာတ်လမ်းကတော့ ထိုင်းဘုရင်တစ်ပါး နဲ့ မိဘုရားတစ်ပါး တောထဲမှာ ခရီးသွားတုန်း တောပုန်းဓားမြနဲ့တွေပါတယ်.. ဘုရင် သေပြီး မိဘုရားက အနိုင်ကျင်ခံရပါတယ်.. နောက်တော့ ဓားမြကို မိသွား ပြီး အမှုလည်းစစ်ရော ဇာတ်လမ်း စရှုပ်ပါတယ်.. အဖြစ်အပျက်ကို ပြန်ပြောတဲ့ နေရာမှာ ဓားမြ၊ မိဘုရား နဲ့ ဘုရင် (သေပြီးတဲ့ ဘုရင်ကိုတော့ နတ်ဝင်သည်က တဆင့် ခေါ်ပြီး စစ်ပါတယ်) တို့ ပြောတာ နည်းနည်းစီလွဲနေပါတယ်.. ၇၀ % လောက်တူပြီး အဓိက ၃၀ % လောက်ကကွဲလွဲနေပါတယ်.. ဘုရင် ကိုဘယ်သူသတ်တာလဲ၊ မိဘုရားကကော တကယ်အနိုင်ကျင့်ခံရတာလား စတာတွေမှာ ကွဲလွဲချက်လေးတွေ ရှိနေပါတယ်.. ဘာကြောင့် ဘယ်လိုတွေ ကွဲလွဲနေတယ်ဆိုတာကတော့ စိတ်ဝင်စားရင် ဇာတ်ကားမှာသာဆက်ကြည့်ကြပါတော့..

ဇာတ်ကားကြည့်ပြီး စဉ်းစားမိတာကတော့ ကိုယ်တကယ်မသိလိုက်တဲ့ ကိစ္စတွေကို ပြန်ကြားတဲ့ နေရာမှာ တစ်ဦးတစ်ယောက်ထဲ စကားနဲ့လမ်း မဆုံးသင့်ပါဘူး.. ကလေးနှစ်ယောက် ရန်ဖြစ်တဲ့ ကိစ္စကစလို့ ကိုယ်မမှီလိုက်တဲ့ ၈၈၈၈ ကိစ္စတွေ လိုမျိုးမှာပါ အဖြစ်မှန်နဲ့ အနီးစပ်ဆုံးကို သိချင်ရင် ဟိုဖက် ဒီဖက် ကြားလူ စကား အကုန် ကြားရပါမှ ဖြစ်မယ်လို့ တွေးမိပါတယ်..

၂။ The Attacks of 26/11

 attacks of 26/11

အိန္ဒိယ ဇာတ်ကားပါ.. ၂၀၀၈ Mumbai မှာ ဖြစ်တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတာပါ.. အကြမ်းဖက် တိုက်ခိုက်မှု ကို ဖြစ်ရပ်မှန် ပုံစံရိုက်ထားတာ ဆိုတော့ ဇာတ်လမ်းတော့ သိပ်မပါပါဘူး.. Titanic တုန်းက Jack & Rose လိုမျိုး အလီဘာဘာ နဲ့ အမီနာ ဆိုပြီး ကြေကွဲဖွယ် စုံတွဲလေးပါ ထည့်ရိုက်လိုက်ရင်တော့ ပို အောင်မြင်မလားမသိပါဘူး.. အခုတော့ လှတပတလည်းတစ်ယောက်မှမပါ၊ ပြတာတွေကလည်း သွေးသံ ရဲရဲပါပဲ..

ဒါပေမယ့် ဖြစ်သွားတာကလည်း ကိုယ်နဲ့မနီးမဝေး အိန္ဒိယ မှာ၊ ဖြစ်ရပ်မှန်လည်းဖြစ်၊ ကိုယ်နိုင်ငံမှာလည်း ဒီလို လူမျိုးရေး အမုန်းတရား အစအနတွေ စတွေ့နေရချိန်ဆိုတော့ ကြည့်တဲ့ အချိန်မှာ ခံစားချက်တစ်ခု (sense of fear လို့ပြောရမလား) တော့ရပါတယ်.. ရုပ်ရှင်ကြည့်တာလည်း ဒီလိုခံစားချက်တစ်ခုခုရ ဖို့က လိုရင်းပဲ ဆိုတော့ ဇာတ်ကားကောင်းတစ်ခုအဖြစ်တော့ သတ်မှတ်ချင်ပါတယ်..

 

၃။ Samurai X (Roruni Kenshin)

Rurouni-Kenshin

ဂျပန်ကားပါ.. ငယ်တုန်းက အတော်ကြိုက်ခဲ့ ဆာမူရိုင်း Rurouni Kenshin (ငယ်တုန်းက ခေါ်တော့ ကင်ရှီ) ကာတွန်းကားကို ရိုက်ထားတာပါ.. အခုမှ ကြည့်တဲ့လူတွေအတွက်တော့ သာမာန် အက်ရှင်ကား တစ်ကားလိုပဲ ဖြစ်မလားမသိဘူး.. ကိုယ့်အတွက်တော့ ငယ်တုန်းက ကြည့်ခဲ့တဲ့ ကားမို့ ပြန်အမှတ်ရုံမက အဲ့ဒီတုန်းက ကြားဖြတ်ကြော်ငြာလာတတ်တဲ့ မိတ်ကပ်ကြော်ငြာရယ် (အာချီ ထင်တယ်) သူ့ သီချင်းရယ်တောင် ပြန်ကြားမိပါတယ်.. ဒါကြောင့် ရုပ်ရှင်တွေထဲမယ် ငယ်ချစ်ဦးပြန်တွေ့ကြတဲ့ အချိန် ဖက်တီးဘုတ်ကြီး ဖြစ်နေရင်တောင် ရင်တွေဘာတွေ ခုန်နေကြတာလား မပြောတတ်ဘူး.. ကိုယ်အတွက်လည်း ငယ်တုန်းက ကြိုက်ခဲ့တဲ့ ဇာတ်ကောင်မို့လို့ ကြည့်လို့ကောင်းပါတယ်..

ဇာတ်လမ်းကတော့ မေဂျီခေတ် ဂျပန်ပြည်အပြောင်းအလဲကြောင့် ဆာမူရိုင်း လူတန်းစားတစ်ရပ်ရဲ့ အရေးပါမှု ပျောက်ကွယ်ခဲ့ပါတယ်.. ဒီနောက်ခံ အခြေအနေမှာ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဆာမူရိုင်း ဘဝကနေ အေးချမ်းတဲ့ သာမာန်ဘဝကို ပြောင်းလဲဖို့ကြိုးစားပါတယ်.. ဒါပေမယ့် သူ့ရဲ့ အတိတ်က အရိပ်မည်းတွေ၊ အခက်အခဲ အသစ်ကြုံတွေရတာတွေ၊ သူ့ရဲ့ identity အတွက် ရုံးကန်ရတာတွေ (တချိန်က Assassin တစ်ယောက်ဖြစ်ခဲ့ရင် အမြဲ Assassin တစ်ယောက်ပဲ ဖြစ်ရတော့မလား) စတာတို့ နဲ့ အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းလေးပါ..

 .

.

အင်း.. ရေးပြီး ပြန်ကြည့်လိုက်တော့ ဟောလီးဝဒ်ကား တစ်ကားမှမပါပဲ အရှေတိုင်းကားတွေချည်းဖြစ်နေတယ်.. မတတ်နိုင်ဘူး ဒီရက်ပိုင်းကြည့်ရတဲ့ အနောက်တိုင်းကားတွေကလဲ သိပ်အားရစရာမှ မရှိတာ..

 

ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတွေရှိရင် ကွန်မန်ထဲမှာ ညွှန်းပေးကြပါဦး..ရွာထဲမှာလည်း ရုပ်ရှင်ကြိုက်သူတွေ မနည်းလှဘူးထင်ပါတယ်..

.

.

Zaw Thant

About Zaw Thant

Zaw Thant has written 9 post in this Website..