ကြည့်မိတဲ့ ရုပ်ရှင် (August 2013)

Zaw ThantAugust 23, 20136min37749

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

… အခုတလော စာအုပ်သိပ်မဖတ်ဖြစ်ပဲ ရုပ်ရှင်သာ တစ်ရက် တစ်ကား၊ နှစ်ရက် တစ်ကားလောက် ကြည့်ဖြစ်နေတယ်.. အသက်ကြီးလာလို့ ဦးနှောက်သိပ်မသုံးချင်တော့ လို့ဖြစ်မလားမသိ… ထားပါတော့လေ.. အဓိက ကတော့ ကိုယ်ကြည့်မိတဲ့ အထဲက ကြည့်လို့ ကောင်းတာလေးတွေကို လက်တို့ချင်တဲ့ သဘောပါပဲ.. နောက်ပြီး ရွာထဲမှာလည်း ရုပ်ရှင် နဲ့ ပါတ်သတ်လို့ ကိုယ်ထက် ဆရာကျမယ့် လူတွေလည်းရှိဦးမှာ ဆိုတော့ သူတို့ ပြန်ညွန်းတာလေးတွေလည်း သိချင်လို့ပါ..

 

ဒီလ အတွက်တော့ ၃ ကားလောက်ပြောချင်ပါတယ်.. အမှန်တော့ ဒီလ ကြည့်ရတဲ့ ဇာတ်ကားတွေကို သိပ်အားမရဘူးရယ်.. အဲဒါကြောင့် အရင်လတုန်းက ကြည့်ရတာတွေပါ ပြန်ဆွဲထည့်ထားပါတယ်..

 

၁။ At the Gate of the Ghost

A_2

ထိုင်းဇာတ်ကားပါ.. အခုတလော နာမည်ကြီးတဲ့ Pee Mak လို ဟာသ ကားမဟုတ်တော့ သိပ်တော့ နာမည် မထွက်ပါဘူး.. ဒါပေမယ့် လူ့စိတ်သဘောလေးတွေကို ဦးစားပေးရိုက်ထားပြီး Award တွေပါတွေလည်း ရထားပါတယ်..  

ဇာတ်လမ်းကတော့ ထိုင်းဘုရင်တစ်ပါး နဲ့ မိဘုရားတစ်ပါး တောထဲမှာ ခရီးသွားတုန်း တောပုန်းဓားမြနဲ့တွေပါတယ်.. ဘုရင် သေပြီး မိဘုရားက အနိုင်ကျင်ခံရပါတယ်.. နောက်တော့ ဓားမြကို မိသွား ပြီး အမှုလည်းစစ်ရော ဇာတ်လမ်း စရှုပ်ပါတယ်.. အဖြစ်အပျက်ကို ပြန်ပြောတဲ့ နေရာမှာ ဓားမြ၊ မိဘုရား နဲ့ ဘုရင် (သေပြီးတဲ့ ဘုရင်ကိုတော့ နတ်ဝင်သည်က တဆင့် ခေါ်ပြီး စစ်ပါတယ်) တို့ ပြောတာ နည်းနည်းစီလွဲနေပါတယ်.. ၇ဝ % လောက်တူပြီး အဓိက ၃ဝ % လောက်ကကွဲလွဲနေပါတယ်.. ဘုရင် ကိုဘယ်သူသတ်တာလဲ၊ မိဘုရားကကော တကယ်အနိုင်ကျင့်ခံရတာလား စတာတွေမှာ ကွဲလွဲချက်လေးတွေ ရှိနေပါတယ်.. ဘာကြောင့် ဘယ်လိုတွေ ကွဲလွဲနေတယ်ဆိုတာကတော့ စိတ်ဝင်စားရင် ဇာတ်ကားမှာသာဆက်ကြည့်ကြပါတော့..

ဇာတ်ကားကြည့်ပြီး စဉ်းစားမိတာကတော့ ကိုယ်တကယ်မသိလိုက်တဲ့ ကိစ္စတွေကို ပြန်ကြားတဲ့ နေရာမှာ တစ်ဦးတစ်ယောက်ထဲ စကားနဲ့လမ်း မဆုံးသင့်ပါဘူး.. ကလေးနှစ်ယောက် ရန်ဖြစ်တဲ့ ကိစ္စကစလို့ ကိုယ်မမှီလိုက်တဲ့ ၈၈၈၈ ကိစ္စတွေ လိုမျိုးမှာပါ အဖြစ်မှန်နဲ့ အနီးစပ်ဆုံးကို သိချင်ရင် ဟိုဖက် ဒီဖက် ကြားလူ စကား အကုန် ကြားရပါမှ ဖြစ်မယ်လို့ တွေးမိပါတယ်..

၂။ The Attacks of 26/11

 attacks of 26/11

အိန္ဒိယ ဇာတ်ကားပါ.. ၂၀၀၈ Mumbai မှာ ဖြစ်တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတာပါ.. အကြမ်းဖက် တိုက်ခိုက်မှု ကို ဖြစ်ရပ်မှန် ပုံစံရိုက်ထားတာ ဆိုတော့ ဇာတ်လမ်းတော့ သိပ်မပါပါဘူး.. Titanic တုန်းက Jack & Rose လိုမျိုး အလီဘာဘာ နဲ့ အမီနာ ဆိုပြီး ကြေကွဲဖွယ် စုံတွဲလေးပါ ထည့်ရိုက်လိုက်ရင်တော့ ပို အောင်မြင်မလားမသိပါဘူး.. အခုတော့ လှတပတလည်းတစ်ယောက်မှမပါ၊ ပြတာတွေကလည်း သွေးသံ ရဲရဲပါပဲ..

ဒါပေမယ့် ဖြစ်သွားတာကလည်း ကိုယ်နဲ့မနီးမဝေး အိန္ဒိယ မှာ၊ ဖြစ်ရပ်မှန်လည်းဖြစ်၊ ကိုယ်နိုင်ငံမှာလည်း ဒီလို လူမျိုးရေး အမုန်းတရား အစအနတွေ စတွေ့နေရချိန်ဆိုတော့ ကြည့်တဲ့ အချိန်မှာ ခံစားချက်တစ်ခု (sense of fear လို့ပြောရမလား) တော့ရပါတယ်.. ရုပ်ရှင်ကြည့်တာလည်း ဒီလိုခံစားချက်တစ်ခုခုရ ဖို့က လိုရင်းပဲ ဆိုတော့ ဇာတ်ကားကောင်းတစ်ခုအဖြစ်တော့ သတ်မှတ်ချင်ပါတယ်..

 

၃။ Samurai X (Roruni Kenshin)

Rurouni-Kenshin

ဂျပန်ကားပါ.. ငယ်တုန်းက အတော်ကြိုက်ခဲ့ ဆာမူရိုင်း Rurouni Kenshin (ငယ်တုန်းက ခေါ်တော့ ကင်ရှီ) ကာတွန်းကားကို ရိုက်ထားတာပါ.. အခုမှ ကြည့်တဲ့လူတွေအတွက်တော့ သာမာန် အက်ရှင်ကား တစ်ကားလိုပဲ ဖြစ်မလားမသိဘူး.. ကိုယ့်အတွက်တော့ ငယ်တုန်းက ကြည့်ခဲ့တဲ့ ကားမို့ ပြန်အမှတ်ရုံမက အဲ့ဒီတုန်းက ကြားဖြတ်ကြော်ငြာလာတတ်တဲ့ မိတ်ကပ်ကြော်ငြာရယ် (အာချီ ထင်တယ်) သူ့ သီချင်းရယ်တောင် ပြန်ကြားမိပါတယ်.. ဒါကြောင့် ရုပ်ရှင်တွေထဲမယ် ငယ်ချစ်ဦးပြန်တွေ့ကြတဲ့ အချိန် ဖက်တီးဘုတ်ကြီး ဖြစ်နေရင်တောင် ရင်တွေဘာတွေ ခုန်နေကြတာလား မပြောတတ်ဘူး.. ကိုယ်အတွက်လည်း ငယ်တုန်းက ကြိုက်ခဲ့တဲ့ ဇာတ်ကောင်မို့လို့ ကြည့်လို့ကောင်းပါတယ်..

ဇာတ်လမ်းကတော့ မေဂျီခေတ် ဂျပန်ပြည်အပြောင်းအလဲကြောင့် ဆာမူရိုင်း လူတန်းစားတစ်ရပ်ရဲ့ အရေးပါမှု ပျောက်ကွယ်ခဲ့ပါတယ်.. ဒီနောက်ခံ အခြေအနေမှာ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဆာမူရိုင်း ဘဝကနေ အေးချမ်းတဲ့ သာမာန်ဘဝကို ပြောင်းလဲဖို့ကြိုးစားပါတယ်.. ဒါပေမယ့် သူ့ရဲ့ အတိတ်က အရိပ်မည်းတွေ၊ အခက်အခဲ အသစ်ကြုံတွေရတာတွေ၊ သူ့ရဲ့ identity အတွက် ရုံးကန်ရတာတွေ (တချိန်က Assassin တစ်ယောက်ဖြစ်ခဲ့ရင် အမြဲ Assassin တစ်ယောက်ပဲ ဖြစ်ရတော့မလား) စတာတို့ နဲ့ အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းလေးပါ..

 .

.

အင်း.. ရေးပြီး ပြန်ကြည့်လိုက်တော့ ဟောလီးဝဒ်ကား တစ်ကားမှမပါပဲ အရှေတိုင်းကားတွေချည်းဖြစ်နေတယ်.. မတတ်နိုင်ဘူး ဒီရက်ပိုင်းကြည့်ရတဲ့ အနောက်တိုင်းကားတွေကလဲ သိပ်အားရစရာမှ မရှိတာ..

 

ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတွေရှိရင် ကွန်မန်ထဲမှာ ညွှန်းပေးကြပါဦး..ရွာထဲမှာလည်း ရုပ်ရှင်ကြိုက်သူတွေ မနည်းလှဘူးထင်ပါတယ်..

.

.

Zaw Thant

49 comments

  • Min Zarni

    August 23, 2013 at 3:14 pm

    Hitokiri Kenshin Himura Battosai
    やべえええ。。。

    😛

    • Min Zarni

      August 23, 2013 at 3:25 pm

      ကဲန်းရှင်း အကြည့်ကောင်းလို့ ကျုပ် ဒုက္ခကောင်းကောင်းရောက်ဖူးတယ်။
      ဘာသာစကားတခုကို လေ့လာရင် လုပ်ရမှာက ၁။ ရုပ်ရှင် ၂။ သီချင်း ၃။ native speaker ကို ရဲဇားထား
      ကျုပ် ၃ခုလုံးလုပ်ဖူးတယ်…။
      အဲ့ကာတွန်းကားစီးရီးစ်ကို ငယ်ငယ်က AXN မှာ ဘိုလို အတွဲလိုက်ကြည့်ပီးသားကို ယားပြီး
      ကြီးမှ ဂငယ်လိုပြန်ကြည့်ဖြစ်တာ … ဖြစ်ချင်တော့ ကဲန်းရှင်း က အလွန်ရှေးကျပြီး အလွန်ယဉ်ကျေးတဲ့ အသုံးအနှုံးတွေ သုံးတယ်…
      မသိဘူးပေါ့ ..ကိုယ်လည်း အဟုတ်မှတ်လို့ … လူကြီးတယောက်နဲ့ ဆေးလိပ်သောက်တဲ့နေရာမှာတွေ့တော့
      မင်းဂနေ့ ဒင်နာရှိတယ် မဟုတ်လား မေးတော့ ခပ်တည်တည် ကဲန်းရှင်း သုံးသလိုသုံးပြီး ပြန်ဖြေလိုက်မိတယ်လေ..
      sou de gozaru yo… လို့…
      သူကဆက်ပြောတယ် ကတ်စတမ်မာနဲ့လား တဲ့.. ကျုပ်လည်း ဆက်ဖြေတယ်
      sou dewa gozaren လို့ …
      သူလည်း သီးမခံနိုင်တော့ဘူးထင့်..
      ဟတ်ကောင် နင် kabuki ပြဇာတ်မင်းသား လုပ်စားမလို့လေ့ကျင့်နေတာလားတဲ့..
      တိန် ….

      ပြီး ဒီဘဲ ဘယ်လိုဖွလိုက်တယ်မသိဘူး
      အဲ့ရုံးက လူအတော်များများက ကျော့်ကို ဇာတ်ရူးလို့ ထင်ကုန်ရော….
      နောင် ရင်းနှီးသွားမှ မနဲပြန်ရှင်းယူရတယ်..

      • Zaw Thant

        August 23, 2013 at 3:50 pm

        lol 😀 .. အဲ့လိုရှိသေးတာလား.. ကျွန်တော်တော့ မသိပါဘူး.. အတူတူပဲလားလို့..

        .. ကျွန်တော်တော့ ဂျပန်ကာတွန်းကားကြည့်ရင် ဂျပန် စကားပြောနဲ့ Eng စာတန်းထိုးတာပဲ ကြည့်ဖြစ်တယ်.. နောက်ခံပြောပေးတာခြင်းအတူတူ ဂျပန်လိုက ပိုအဆင်ပြေတယ်..

  • garfield

    August 23, 2013 at 3:17 pm

    ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    နာ့ ကို ကျ နားစွန်နားဖျားးးတောင် မညွန်းဘူးးးးးးးးးးးးးးးးးးးးးးးး

    ဟွန့်။
    နာ လည်း ရုပ်ရှင်ညွှန်းရေးမို့ပါကွ။
    ရုပ်ရှင်ကြည့်ဖိုးမတတ်နိုင်သေးလို့ စုတုန်းမို့။ :mrgreen:

    မင်း ပြောတာ တစ်ကားမှ မကြည့်ရသေးဘူးးး
    လာရင် ယူခဲ့နော်။
    ကြည့်ကြမယ်။ မင်းက ဘာသာပြန်ပေးးးးး ရှင်းပြပေးးးး

    ဇိမ် ပဲ။ ဟေးဟေးဟေးးးးးးး 😀

    • Zaw Thant

      August 23, 2013 at 3:51 pm

      မသိဘူးလေ.. ရဲတိုက်တို့ပဲ ကြည့်နေသလားလို့ပါ.. 😛

      .. ယူခဲ့ပါမယ်.. လတ်တလောကြည့်ချင်ရင်တော့ ဟိုတစ်ခေါက်ပေးထားခဲ့တဲ့ အထဲက Death Note 1,2 ကြည့်ကြည့်လေ.. နည်းနည်း ထူးထူးဆန်းဆန်း ကြိုက်ရင်ပေါ့.. 1,2,3 ဆိုပြီး ၃ ကားပါတာ ရှေနှစ်ကားပဲ ကြည့်..

  • garfield

    August 23, 2013 at 3:23 pm

    စိုပြေကာ နု အသား ဝင်းဝါ
    ပင်ကိုယ် အလှ ထင်ရှားတောက်ပ လာ
    ဘိုချီ ကို နေ့တိုင်းလိမ်းပါ။

    မှဲ့ခြောက်များနဲ့ တင်းတိမ် ဝက်ခြံ အားလုံးပျောက်တဲ့ လင်ဇီး ပုလဲ ကရင် ဘိုချီ။

    အဲ ကြော်ငြာမို့လားးးးး

    ပြောရင်း ကင်ရှီလေးကို သတိရလာပြီ။

    ကာတွန်းကားလို ကောင်းသလားးးးးးး

    နာ တော့ ခုတလော မာရသွန်နေတယ်။

    ရှိသမျှ ကားအဆက်တွေ တစ်ထိုင်တည်း ကြည့်နေတာ။
    တစ်ကားကောင်းကို မကြည့်ဖြစ်သေးဘူးးးး

    “Life of Pi” လား ပဲ ကြည့်လိုက်မိတယ်။

    • Zaw Thant

      August 23, 2013 at 3:54 pm

      .. ဟုတ်တယ် ဘိုချီ ဖြစ်မယ်.. ဇာတ်ကားလည်း ကောင်းတယ်.. တစ်မျိုးစီပေါ့..

      .. Life of Pi တောင် မကြည့်ရသေးဘူး.. ကြည့်လိုက်ဦးမယ်..

  • nozomi

    August 23, 2013 at 3:49 pm

    ဒီရက်ထဲ မိတ်ဆွေ နှစ်ယောက်ဆီက ရတဲ့ ရုပ်ရှင် ၁၀ဝ ကျော် ထဲ က ကားတွေ အချိန်ရရင် နဲနဲ စီ ကြည့်ဖြစ်နေတယ်

    Argo ဆိုတဲ့ အီရန်မှာ ရှိတဲ့ အမေရိကန် သံရုံး အစီးခံလိုက်ရတဲ့ ကားလေး သဘောကျမိတယ်
    နောက် The Wolverine ထဲ က ဂျပန်မလေး သဘောကျတယ်

    • Min Zarni

      August 26, 2013 at 1:19 pm

      အိုကမိုတိုချန် လေးကိုပြောဒါထင့်…
      ၅ပေ၉လက်မခွဲ ခည…
      အူးလေးလည်း အဆိပ်ပြင်းတာ ကြိုက်သကိုး…

  • Zaw Thant

    August 23, 2013 at 3:57 pm

    .. Argo ကို နာမည်ထွက်လာလို့ ကြည့်ဖို့စဉ်စားပြီးမှ မင်းသား ဘင်အက်ဖလက် ကို မကြိုက်လို့ မဝယ်ဖြစ်တာ (မျက်နှာသေ သလိုပဲ).. ဇာတ်လမ်းလေးမဆိုးဘူး ဆိုရင်တော့ ကြည့်လိုက်ပါဦးမယ်.. The Wolverine က အခုထွက်တဲ့ အသစ်ကို ပြောတာလား.. အဲ့ဒီကားကတော့ ကြည့်ဖြစ်မှာပါ..

  • GARFIELD

    August 23, 2013 at 3:59 pm

    မနေ့ညက ကြည့်ဖြစ်တာတော့…

    Emperor ဆိုတဲ့ရုပ်ရှင်ဇာတ်ကား… ဒုတိယကမ္ဘာစစ်ပြီးတော့ မက်ခ်အာသာက တာဝန်ယူပြီး…
    ဂျပန်ဘုရင်ကိုစစ်ရာဇဝတ်ကောင်အဖြစ်တရားစွဲဖို့စုံစမ်းတဲ့နေရာမှာ…
    ဂျပန်မလေးကို ချစ်မိတဲ့ ဝမ်းစတားဗိုလ်ချုပ်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတာ…
    သမိုင်းနောက်ခံပြီး ဝမ်းနည်းဖွယ်အချစ်ဇတ်လမ်းလေးနဲ့ပေါ့…
    စကားလုံးအသုံးအနှုန်းတွေ အရမ်းကြိုက်ပါတယ်…
    ၂၀၁၂ မှာရိုက်ထားတာပါ…
    http://www.imdb.com/title/tt2103264/

    လောလောဆယ်ကြည့်ချင်နေတဲ့ကားကတော့
    Percy Jackson : Sea of Monsters ပါဗျာ…
    http://www.imdb.com/title/tt1854564/?ref_=sr_1
    ကျွန်တော်ကြိုက်တဲ့မင်းသမီးလေး အလက်ဇန်ဒြာ ဒစ်ဒါရီယို ပါလို့လဲပါပါ့…ဟီး

    ရုပ်ရှင်အကြောင်းပြောမယ်ဆိုရင်… ဆက်ကြတာပေါ့…
    အိမ်မှာ DVD Library ဖွင့်ဖို့ စုထားတဲ့ DVD ပေါင်း ၅၀ဝ နီးနီးရှိတယ်…
    ကော်ပီရိုက်နဲ့တော့ငြိတာပေါ့အေ…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • Zaw Thant

      August 23, 2013 at 4:08 pm

      .. ကျေးဇူးပဲ ဦးဦး ဂါးဖီးရေ.. Emperor ဆိုတဲ့ ကားတော့ အကြိုက်တွေ့လောက်တယ်.. စကားလုံးကောင်းကောင်းလေးတွေ၊ ဇာတ်လမ်းတွေ နဲ့ မပျင်းရအောင်ရိုက်သွားတဲ့ drama ကားမျိုးမှတ်တယ်..

      .. Percy Jackson တော့ ပထမကားတုန်းက သိပ်မကြိုက်လှဘူးဗျ..

      .. DVD အရေအတွက်က အားရစရာကြီးပေပဲ.. သက်ဆိုင်ရာကို လက်တို့လိုက်ရမလားမသိ 😀

      • garfield

        August 23, 2013 at 4:17 pm

        ဟုတ်တယ်။
        ပါစီတို့က နမူနာက တော့ လန်ပြန်လို့ပဲ။
        ကြည့်မိရင် တောက်တလွဲဖြစ်မစိုးလို့။

        ခုတော့ နောက်ဆုံးလာမဲ့ ဝူးဗရင်းးး လေးတွက်
        အိပ်(စ) မန်း တွေ မာရသွန်နေတယ်။
        မျက်ရိုးတွေလည်း ကိုက်လို့။

        နာ တို့ ရန်ကုန်ရောက်မှ ဆိုင်ရာပိုင်ရာ ဟန်ဆောင်ပြီး ဒီ လူဂျီး ဒီဗီဒီ တွေ သွားသိမ်းရအောင်။ 😀

    • Min Zarni

      August 23, 2013 at 4:12 pm

      ၅၀ဝ မှာ ၄၈ဝ ကျော်က အောကားတွေ

  • garfield

    August 23, 2013 at 4:09 pm

    အဲဒီ ဂါဂါးကြီး နဲ့ မင်းဇာနည် ဆိုတာ ရုပ်ရှင် သရဲတွေ။
    ဒီ ဆိုက် မှာ နာ ရုပ်ရှင်ညွှန်း ရေးချင် တာ တူဒို့ ၂ ယောက် ကို ကြောက်လို့ မရေးဖြစ်တာပေါ့။

    😀

    နောက် မ လဲ့ လဲ့ ကြည် လာ လိမ့်ဦးမယ်။

    သူ လည်း ရုပ်ရှင် ချစ်သူပဲ။

    ခွိခွိခွိ။

    • Zaw Thant

      August 23, 2013 at 4:21 pm

      .. ဂလိုလား.. ကောင်းတာပဲလေ.. တခြားသရဲတော့ ကြောင်ချင်ကြောက်မယ် ရုပ်ရှင်သရဲတော့ မကြောက်ဘူးလေ.. ဘာကားတွေ ကောင်းလဲဆိုတာ အဆင်သင့် မေးလို့ရတာပေါ့.. (သရဲ ဦးနှောက်ဖောက်စားဖို့ ကြံခြင်း 😀 )

      • Min Zarni

        August 26, 2013 at 1:24 pm

        ဖွတ်တီးကတ်များ အထင်ကြီးလို့ဗျာ …
        ဒင်းက မာရီယာ အိုဇာဝါ ။ ဆိုလာ အအိုးအိ။ လီနာ ယာမရှိတ တို့လောက်သိတာ…။

    • lele kyi

      August 23, 2013 at 8:12 pm

      ဒီမောင်နှမတွေ အတိုင်အဖောက်တော်တော်ညီပါ့။ ရုပ်ရှင်သရဲတွေနဲ့ပေါင်းမိလို့ပါ။ မောင်လေးက အခွေငှားဆိုင်ဖွင့်ခဲ့ဘူးတယ်။ သူ့ဆိုင်ကအခွေတွေကိုအကုန်အားပေးတာ။ သူကြည့်တဲ့ကားအကုန်နီးပါးလိုက်ကြည့်ပေးတယ်။ တစ်ယောက်တည်းကြည့်ရတာပျင်းတယ်လေ။ ပြီးရင်ဘေးကနေ ကိုယ်ထင်တာတွေလိုက်ပြော။ ဟီးးး။ တူ-တူမတော်တွေနဲ့က ကြောင်နဲ့ကြွက်။
      Life of PI ကြည့်ပြီးသွားပြီ။ အဲ့ကားကိုတော်တော်နဲ့မကြည့်ဖြစ်ခဲ့ဘူး စိတ်သိပ်မဝင်းစားခဲ့လို့။ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ပေးချင်တဲ့ မက်ဆေ့ချ်ရယ် ရိုက်သွားတာတွေတော်တော်လှတယ်။ပြီးတော့ သိပ်ကြိုက်ခဲ့ဘူးတဲ့ ဆာမူရိုင်းကား တစ်ကားရှိတယ်။ ကျန်းကျီရီ ရယ် ကိုရီးယားမင်းသားရယ်။ အရင်က ခဏခဏ ကြည့်ဖြစ်တယ်။ အခုပြန်ရှာကြည့်တာမတွေ့တော့ဘူး။ အဲ့တုန်း ဆရာချစ်ဦးညို ရဲ့ ဝတ်ထု သီရိလင်ကာ ကဘုရင်တွေနန်းလုတဲ့အကြောင်းကိုဖတ်နေတာ။ အဲ့ကားထဲက ဇာတ်ဝင်ခန်းကိုကြည့်ပြီးမှရေးထားသလားလို့ခံစားရတယ်။ ဘာပြောကောင်းမလဲ စာအုပ်ရွှဲရွှဲစိုသွားတာပေါ့။ မိုးရွာချပလိုက်တာ။ ဇာတ်လမ်းတွဲတွေကလည်းတော်တော် ဒုက်ခပေးခဲ့တာပဲ။ ကြည့်ပြီးလဲပြန်ကြည့်တာပဲ။ သူငယ်ချင်းတွေနဲ့တူတူ မနက် ၃နာရီထိ ကြည့်။ ခဏ အိပ် ၅နာရီ ပြန်ထ။ ရုံးသွား ။ ရုံးဆင်း တော့ ကျောင်းကိုပြေး အဲ့မှာအိပ်ငိုက်။ ပရောဂျက်တာကိုဒါ့ပုံရိုက်။ အိမ်ရောက် သူငယ်ချင်း အခန်းသွား ရုပ်ရှင်ပြန်ကြည့်။ အဲ့လိုပတ်ချာလည်ရိုက်ကောင်းလို့။စာပို့ခံရ ။ ပရိုဂန်ဒါရိုက်တာနဲ့ တွေ့ရပြီးလိမ်မာသွားတာ။ အခန်းဆက်ကားဆိုမကြည့်တော့ဘူး။ ဒါပေမဲ့ အမှတ်မရှိ အဲရိုး ကို နှစ်ရက်နဲ့ တစ်ည အပြီးကြည့်ပလိုက်တယ်။ အခုတော့ တော်တော် လိမ်မာသွားပါပြီ ရုံးပိတ်ရက်မှပဲကြည့်တော့တယ်။ ဟီးးး ကားကောင်းလေးတွေရှိရင်ညွှန်းပါကွယ်

      • Zaw Thant

        August 24, 2013 at 10:08 am

        .. တကယ့် ရုပ်ရှင်ချစ်သူပဲ.. အားကိုးစရာတစ်ယောက်ရပြီ.. ကျွန်တော့် ကိုလည်း ကားကောင်းလေးတွေ ကြည့်ဖြစ်ရင် ပြန်ညွှန်းပါဦး.. 🙂

  • kai

    August 23, 2013 at 4:30 pm

    ခုတလော… Red Box ကသွားသွားဌားနေတာ.. အကုန် Blu-ray တွေချည်းပဲ…
    မျက်စိနှမြောလို့လေ…
    ဒီမျက်လုံးနဲ့ကြည့်တာချင်းအတူတူ.. DVD ထက်ပိုကောင်းတာလေးပဲကြည့်တော့မယ်တွေးမိထားလို့..
    ဒီနေ့ကြည့်ဖြစ်တာက.. Olympus Has Fallen
    အကြမ်းဖက်သမားတွေက.. မစ်ဒယ်အိစ်သားတွေမဟုတ်ပဲ.. ကိုရီးယန်းဖြစ်နေတာ.. သိပ်အဆင်မပြေ..
    ဒါပေမယ့်ကြည့်ကောင်းတယ်ထင်တာပဲ..

    ဆိုတော့… တီဗီကြည့်ပိတ်သတ်ကြီးခင်ဗျ…
    Blu-ray ကားကောင်းလေးများညွှန်းစေချင်… :mrgreen:

    • Zaw Thant

      August 23, 2013 at 5:01 pm

      .. ဟုတ်ပ ကျွန်တော်လည်း ဘယ်လောက်ဇာတ်ကားကောင်းကောင်း ကြည်တောက်နေတာ မဟုတ်ရင် မကြည့်ချင်ဘူး 😀 .. အချိန်ပေး၊ မျက်စိ အညောင်းခံ ကြည့်တာချင်း အတူ ဘလူရေး ဆိုတော့ ပို တန်တာပေါ့လေ..

      .. Olympus Has Fallen ကကြည့်ပြီးပြီ.. ကြည့်လို့ကောင်းတယ်.. ကြိုက်ပါတယ်.. ဒါပေမယ့် အဲ့လောက်ကြီး ဖြစ်သွားအောင် ဘယ်လိုအခြေအနေတွေက ခွင့်ပြုခဲ့တယ် ဆိုတာမျိုးပါရင်တော့ ပို အသက်ဝင်မလားပဲ.. အခုတော့ fully armed လေယာဉ်ကြီး တစ်စင်းလုံး မြို့ထဲဝင်လာတာကို မထိန်းနိုင်တာတော့ ညံရာကျတာပေါ့.. ကျွန်တော်တို့ ဘဘကြီးတွေ ဆို ဒီလိုဘယ်အဖြစ်ခံမလဲ.. 😀

    • မောင်ဘလိူင်

      August 23, 2013 at 5:41 pm

      Olympus Has Fallen ထက်စာရင် White house down ကို ပို သဘောကျ
      တယ် သဂျီး ရေ.. -http://en.wikipedia.org/wiki/White_House_Down-

      • Mr. MarGa

        August 23, 2013 at 6:27 pm

        ဒီအပတ် White House Down ကို ကြည့်ရန် တို့ထားသဗျ

        • Zaw Thant

          August 24, 2013 at 10:11 am

          .. မီတူး မီတူး.. Olympus Has Fallen ကြည့်ထားတာ မကြာသေးလို့ နည်းနည်းခြားထားတာ.. ဒီရက်ပိုင်းတော့ ကြည့်ရမယ်.. 🙂

        • Min Zarni

          August 26, 2013 at 12:55 pm

          အဲ့ အိမ်ဖြူတော်ဝင်စီးတဲ့၂ကားလုံးကို တယောက်သောသူကလေး အိမ်မှာ ကပ်စားပီး တထိုင်တည်း ကြည့်ခဲ့ပါဂျောင်းးးး ဒချိ ဒချိ
          (ပတ်ကညောမမြင်ဇီယ)

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 4:34 pm

    တားဂဒေါ့ ခလေးပီပီ
    ကာတွန်းဂါးဒွေဘဲ ကျိုက်ဒယ် … ဟီးးး
    အခု နောက်ဆုံး ဒီဇာတ်ကားဂို အကျိုက်ဆုံးဗျဲစ် ..
    ….
    ……..
    ………..
    http://viooz.co/search?q=despicable+me&s=t
    …….
    :mrgreen:

    • Zaw Thant

      August 23, 2013 at 5:06 pm

      .. ကာတွန်းကြည့်တာ ကလေး ဆို ကျွန်တော်တော့ ကလေးဘဝက တက်မယ်မထင်ဘူး.. 😀

      .. despicable me ကကြည့်ဖို့ တခ်လုပ်ထားပါတယ်.. ကျေးဇူးပါ..

      • မဟာရာဇာ အံစာတုံး

        August 23, 2013 at 5:14 pm

        ဟီးဟီးး
        ဒါချို တားနဲ့ အကျိုက်တူဒယ် ….
        နောက်ခါ ကာတွန်းဂါးဒွေ ကောင်းရင် လာပေါမယ် .. ဟီးးဟီးး
        :mrgreen:

    • သာမီးလည်း despicable me ကို အရမ်းကြိုက်.. 🙂
      ဒါမယ့် တစ်ချို့တစ်ချို့ပြောတဲ့ ဟို မျက်လုံးပြုးပြူးကာတွန်းကိုတော့ အသီးယားတယ်…

  • ကိုရင်စည်သူ

    August 23, 2013 at 5:33 pm

    ဟိုနေ့က ကြည့်လိုက်တဲ့.. ဘီလူးကားဇာတ်လမ်းကတော့ ရင်ထဲထိတယ်ဗျ…
    အမေရိကန်မှာ ဆီလူးမာဆပ်က အဖြူမကို မင်းသားက တွေ့ပီးကြိုက်သွားတယ်ပေါ့…
    သူ့ခမျာ ဘယ်လောက်ချစ်လဲ တန်ဖိုးထားလဲဆို ပိုက်ဆံပေးပြီး အဝှာတောင်မပြုဘူးပေါ့။
    အဲ့ ဆီလူးမာဆပ်က မိန်းမကလည်း လိုင်းပေးမယ့် တန်းကြေးရမှ လိုက်တဲ့အပျောက်လိုင်းပေါ့
    မင်းသားက အရမ်းချစ်ပြီး မိုးရွာတဲ့ည သူမအိမ်စုံစမ်းပြီး လိုက်သွားတာ ကလေးတစ်ယောက်နဲ့လေ.. ဟိုက..
    လက်ထပ်ဖို့ တောင်းဆိုလဲ.. လိုင်းမမက လက်မခံပဲ အိမ်ပြောင်းသွားပုံလေး မင်းသားကျန်ရစ်ဖြစ်ပုံလေး
    ပရော်ဖက်ရှင်နယ်နဲ့ ဒရမ်မာကို လိုင်းကြောင်းလေးထားပြီး သရုပ်ခွဲသွားပြပုံလေး သိပ်ကြိုက်သဗျ…။
    (ဒါမျိုး ကျနော့်မျက်စိရှေ့တစ်ယောက်ဖြစ်ဘူးတယ်။ ထိုင်းဘက်ရောက်တုန်းက သူငယ်ချင်းတစ်ယောက်
    ကြွေကျပြီး သင်္ဘောကဆင်း အဲ့ထိုင်းမနဲ့ တူတူနေလိုက်တာ.. ခုဆို ကလေးတစ်ယောက်တောင် ရနေရောပေါ့) 🙁
    တကယ်ဆို မြန်မာပြည်မှာလည်း ၁၈+ ဆိုပီး အဲ့လိုကားမျိုး အဖြစ်ရှိရှိရိုက်မယ်ဆို
    လမ်းကြောင်းတစ်ခုထဲက ဖောက်ထွက်ပီးအောင်မြင်လောက်ရဲ့… :mrgreen:
    ခုတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ဇာတ်ကတခြား အဝှာပြုခန်းကို စိတ်ကြွအောင် အသားပေးရိုက်တာများတော့
    ဖြစ်နိုင်မယ်မထင်…။ ငွေလေးရွှင်လာတဲ့တစ်နေ့တော့ အဲ့လိုကားကောင်းမျိုး ထုတ်လုပ်သူလုပ်ပီးး
    ရွာသား အနုပညာရှင်တွေကို အားကိုးချင်မိသေးရဲ့… ဟီးး မင်းသားကတော့ ကျနော်ပေါ့နော်.. :mrgreen:

    • Zaw Thant

      August 24, 2013 at 10:38 am

      .. ဘီလူးကားဆိုတော့ သူကြီး အကြိုက်ပေါ့လေ (ဘီလူးရေး ကိုပြောတာပါ).. 😀

  • Mr. MarGa

    August 23, 2013 at 6:34 pm

    ကျုပ်ကတော့
    လောလောဆယ် Hawaii Five 0 Third Season ကို စီးရီးလိုက် ကြည့်နေသဗျ
    Despicable me ကတော့ ဒုတိယအကြိမ် revision ပြန်ပြီးပြီ။
    လောလောဆယ်တော့
    ကြည့်ရန် စာရင်းထဲမှာ
    Red 2, Now You See Me, White House Down နဲ့ Empire State ကို ထည့်ထားမိသဗျ။

    • Zaw Thant

      August 24, 2013 at 10:50 am

      .. ကြည့်ရန်စာရင်းလေး ကြိုက်ပါတယ်.. 🙂

  • အရီးခင်

    August 23, 2013 at 8:33 pm

    ဂျပန် ဆာမူရိုင်း ကား ပိုစတာ ကြည့်ပြီး အရီးတို့ အချိန်က “ဟင်နရီ ဆာနားဒါး – Hiroyuki Sanada” ကို ပြေး သတိရတယ်။
    နင်းဂျား ကားတွေ နဲ့ နာမည်ကြီးပေါ့။
    နောက် The Brave Archer ဆိုတဲ့ ဟောင်ကောင် သိုင်းကား။
    ဆယ်ကျော်သက် အရွယ်မှာ အဲဒီကားတွေ ကြိုက်ခဲ့ဖူးပါ့။

    • Zaw Thant

      August 24, 2013 at 11:02 am

      .. ဟင်နရီဆာနားဒါးတော့ ကျွန်တော်လည်းမှီလိုက်တယ်ဗျ.. ငယ်တုန်းကပေါ့လေ.. သူ နဲ့ ဆန်နီချီးဗား ရဲ့ နင်ဂျာကားတွေ ကြည့်ပြီး ကျွန်တော်တို့ မောင်နှမ နင်ဂျာလိုမျက်နှာစီးပြီးကစားကြတာ ခြံထဲကခွေးတွေက မမှတ်မိလို့ လိုက်ကိုက်တာ အသေအလဲပြေးရပါရော.. 😀

      • garfield

        August 24, 2013 at 11:19 am

        You remember that, huh???
        I m scared of dogs since that time.. 😀

        • Zaw Thant

          August 24, 2013 at 11:28 am

          .. မှတ်မိတာပေါ့.. ဒါပေမယ့် ငယ်သေးလို့ထင်တယ် သိပ်တော့မကြောက်သွားဘူး.. တကယ် အကိုက်မခံရလိုက်လို့လဲပါမှာပေါ့..

  • Crystalline

    August 24, 2013 at 8:59 am

    ရုပ်ရှင်မကြိုက်ဘူး.. မကြည့်ဘူး.. တွမ်အင်န်ဂျယ်ရီရယ်.. ဂါဖီးရယ်ပဲကြည့်တယ်.. 🙂
    သီချင်းဆိုရင်တော့ tune ကောင်းရင်အကုန်ကြိုက် အကုန်နားထောင်တယ်..

    • Zaw Thant

      August 24, 2013 at 11:12 am

      .. Tom & Jerry ရဲ့ ကျွန်တော်တို့ ကလေးဘဝကို လွှမ်းမိုးပုံကိုတော့ တခြားဇာတ်ကားတွေမှီမယ် မထင်ဘူး.. အခုထိကို မျက်လုံးထဲစွဲနေတာပါ.. 🙂

    • Mr. MarGa

      August 24, 2013 at 11:48 am

      Tom & Jerry မပါရင်
      ကလေးဘဝ မပြည့်စုံသလိုပဲ ဟီဟိ
      အခုထိလဲ ဒီ နှစ်ကောင် သတ်တာကို ကြည့်တုန်း
      တူ၊တူမတွေ ကြည့်ရင် ယောင်ဝါးချပြီး ကိုယ်ပါ ရော ကြည့်လိုက်သေးတယ် :kwi:

  • အလင်းဆက်

    August 24, 2013 at 1:12 pm

    ကျွန်တော်လည်းးနိုင်ငံဂျား ကာတွန်းဇာတ်လမ်းတွေ အသည်းစွဲနေတုန်းး
    မက်မက်မောမော ကြည့်ဖြစ်နေတုန်း

    🙂

    အခု ကိုဇော်သန့် ပြောပြတဲ့ ဇာတ်ကားတွေ မကြည့်ရသေးတော့
    ပြန် ကြည့်လိုက်ပါဦးမယ်

    • Zaw Thant

      August 26, 2013 at 11:20 am

      .. ကောင်းတာလေးတွေ ကြည့်ဖြစ်ရင်လည်း လက်တို့ပါဦးနော.. 🙂

  • kolumbus

    August 25, 2013 at 5:25 pm

    ကဲ မနေနိုင်တော့လို့ ဝင်လာပြီ။ ရုပ်ရှင် အကြောင်းပြောရမယ်ဆိုရင် ဘာမှမစားလဲရတယ်၊ (မပြောခင်ကြို စားထားတာ)၊ အောကားကလွဲလို့ ဘာမှ မကြည့်ဘူး…. အဲလေ မှားလို့ အောကားကလွဲလို့ ဘာမှ မလွတ်ဘူးလို့ပြောတာ။ တုန်ရင် မှုန်ရင် ဘယ်လောက်ကောင်းကောင်း မကြည့်ဘူး၊ အဲဒါကြောင့် တစ်နှစ်လောက် နောက်ကျပြီးမှပဲ ကြည့်ရတယ်။

    ဒီတစ်ပါတ် ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပို့ ၂ပုဒ်ဖတ်ရတယ်။ အခုပို့နဲ့ မအိပို့၊ တစ်ခုက နိုင်ငံတကာကရုပ်ရှင် ဇတ်ကားကောင်းတွေအကြောင်း၊ နိုင်ငံတကာဆိုပေမယ့် အဓိက အိမ်နီးချင်းနိုင်ငံတွေက ရုပ်ရှင်တွေ။ တစ်ခုက ကိုယ်နိုင်ငံက ရုပ်ရှင်။ နှစ်ခုစလုံးကို ကြိုက်ပါတယ်။ ကိုယ့်နိုင်ငံက အနုပညာရှင်တွေကို ရှက်ကြပါလို့ ပြောချင်တယ်။ ဒီလိုပဲ ရိုက်နေကြတာပဲ၊ ဒီလိုပဲ လုပ်စားရမှာပဲဆိုတဲ့ ပုံစံကိုပြောင်းစေချင်တယ်။ ရုပ်ရှင်လောက ကလူတွေမညီကြတာကိုလည်း ပြောချင်တယ်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းနိမ့်သွားတာ အခုမှမဟုတ်ဘူး။ ကြာခဲ့ပြီ။ နာတာရှည် ဖြစ်နေပြီ်။

    ဟောလိဝုကထွက်သမျှ ကောင်းတယ်လို့တော့မဟုတ်ပါ။ ကြည့်ရင်းတန်းလန်း နဲ့ ကောက်ပိတ်လိုက်ရတဲ့ ဟောလိဝု ရုပ်ရှင်တွေလည်းရှိပါတယ်။ သူတို့ဆီမှာ ညံ့တဲ့ဇာတ်ကားတွေရှိသလို ကောင်းတဲ့ကားတွေလည်း မနည်းပါဘူး။ ပြင်သစ်ကားတွေလည်း ကောင်းတယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ဘူး။
    ရွာထဲက မိတ်ဆွေတွေလည်း ဘယ်နားမှာ ဇတ်ကားကြည်ကြည် ရနိုင်လည်းဆိုတာကို လက်တို့ကြပါအုံး။ ရုပ်ရှင် ကြည့်ညွှန်းစာအုပ်တွေဆို လိုက်ဝယ်ပြီးဖတ်တယ်။ ဆရာမ ဂျူးရေးတဲ့ ရုပ်ရှင် ဇတ်လမ်းတွေဆို ကြည့်လို့ကောင်းသလို၊ သူရေးပြတာလည်းဖတ်လို့ကောင်းတယ်။

    ကလေးတွေ Tom and Jerry ကြည့်တယ်ဆိုလို့၊ ကျနော့ မိတ်ဆွေတစ်ယောက်ရဲ့ သုံးနှစ်အောက်ကလေးကို ရုပ်ရှင်တွေပြနေလို့ တားရသေးတယ်။ ကလေးက ငယ်ပါသေးတယ်၊ သုံးနှစ်ကျော်လောက်မှ တီဗီပေးကြည့်ပါ၊ တစ်နေ့ကို စုစုပေါင်း နှစ်နာရီထက်မပိုစေနဲ့။ ကလေးရှေ့ မှာတီဗီကြည့်ရင်လည်း တတ်နိုင်သမျှ ကလေးနဲ့ သင့်တော်မယ့် ဇတ်လမ်းမျိုးပဲကြည့်ဖို့ အကြံပေးရတယ်။ ဒါပေမယ့်လည်း မအောင်မြင်ပါဘူး၊ အခုဆို ကလေးကတီဗီ မကြည့်ရရင် မနေနိုင်တော့ဘူး။ စူပါမင်းလို၊ x men လိုဇတ်ကားတွေကြည့်ပြီး ကလေးက သူ့ကိုယ်သူ စူပါဟီရိုးထင်နေတာကို သူတို့က သဘောတွေကျ၊ ကျနောက ဘဝင်မကျဖြစ်။ သုံးနှစ် ဝန်းကျင် ကလေးတွေက အကုန်လိုက်မှတ်နေတာလို့၊ သူကို အမှိုက်တွေပြရင် သူကလည်းအမှိုက်တွေပဲ ပြန်လုပ်ပြမှာပေ့ါ ဘာညာပြောလည်းမထူး၊ ကျနောလည်း ကိုယ်အရှိန်ကိုယ်သတ်ပြီး မပြောတော့ဘူး။

    စကားမစပ်တစ်စပ် ကလေးတွေကို သင်္ကန်းစီးပေးပြီး တရားထိုင်တဲ့ ပုံတွေကိုလည်း ဘဝင်မကျပါဘူး။ အဲဒီလိုလုပ်နေကြတာ သူတို့လေးတွေ အတွက်လိုအပ်လို့လား၊ မိဘတွေရဲ့ ဆန္ဒလားပေါ့။ မမှီရဲ့ အစိမ်းသေထဲက ကလေးတွေကိုမြင်ယောက်ကြည့်ပေါ့၊ တစ်ဆက်တည်း ပြောရရင် အဲဒီပို့လည်း ကြိုက်ပါတယ်။ ပြောရင်းနဲ့ ဘယ်တွေတောင်ရောက်ကုန်ပြီလည်းမသိတော့ဘူး။ ဒါပဲ ဒါပဲ….

    • Zaw Thant

      August 26, 2013 at 11:18 am

      .. မြန်မာ့ ရုပ်ရှင်နာတာရှည် ဖြစ်နေတာကိုတော့ မပြောလိုပါဘူးဗျာ.. ကိုယ်နိုင်ငံရဲ့ အခြေအနေကိုက အဖက်ဖက်က ဆိုးနေတာကိုး.. ပြောရရင် အစိုးရ၊ ဌာနဆိုင်ရာ၊ ဆရာဝန်၊ ရဲ၊ အနုပညာသမား၊ ပြည်သူ စတာတွေ အပြန်အလှန် အပြစ်ဖို့နေကြတာနဲ့ ပြီးမှာပဲ.. အဓိက ကတော့ ကိုုယ်အလုပ်ကို အကောင်းဆုံးလုပ်မယ်ဆိုတဲ့ mindset လေးတွေဝင်လာကြရင် တိုးတက်လာမှာပါ..

      .. မန္တလေးမှာ ဇာတ်ကားဝယ်ရင်တော့ ၃၂လမ်း၊ ၈၃ နဲ့ ၈၄ လမ်းကြားက ကျော်ဗေလုဝ ကိုသွားဝယ်ဖြစ်တယ်ဗျ.. အခွေစုံတာရယ် မကြည်သေးရင် မကြည်သေးဘူး ဖြေပေးတာရယ်ကြောင့်ပါ.. ဆရာမ ဂျူးရေးတဲ့ ရုပ်ရှင် အညွှန်းစာအုပ်လေးကို မှတ်မှတ်ရရ ရှိတယ်ဗျာ “မြစ်တစ်စင်းကို ဖြတ်ကျော်ခြင်း” မှတ်တယ်.. ရုပ်ရှင်ကောင်ကောင်းမကြည့်တတ်သေးတဲ့ အရွယ်မှာ ဖတ်တာတောင် အတော်ဖတ်ကောင်းတဲ့ စာအုပ်ပါ.. ရုပ်ရှင်ကို တကယ်ကြည့်တတ်တဲ့ လူကိုယ်တိုင် အရေးကောင်းကောင်းနဲ့ ရေးတာမို့ ဖြစ်မယ်ထင်ပါတယ်.. ဒါပေမယ် နောက်ပိုင်းရုပ်ရှင်အညွန်းစာအုပ်တွေ ဖတ်ကြည့်တော့ အဲ့လိုမကောင်းတဲ့ အခါ ရုပ်ရှင်အညွှန်းစာအုပ်တွေဆို မဖတ်ဖြစ်တော့ပါဘူး.. 🙂

      .. ကလေးငယ်ငယ်တွေ သင်္ကန်းစီးပေး တရားထိုုင်ခိုင်းတာကို ဘဝင်မကျတဲ့ အပေါ် ကိုယ်ချင်းစာပါတယ်.. ဘာသာရေးနဲ့ ပါတ်သတ်လို့ ရေလိုက်လွဲနေတယ်လို့ ထင်မြင်မိပါတယ်..

  • black chaw

    August 26, 2013 at 12:48 pm

    ကုလားကားလေး တစ်ကား ညွှန်းချင်ပါတယ်ဗျာ…။
    သီချင်းမဆိုဘူး…၊ မဒန့်စ် ဘူး…၊
    အဓိက အကြောင်းအရာက အင်္ဂလိပ်စာသင်တာပါ…။
    ကားနာမည်က English Vingli လို့ ထင်ပါတယ်..။
    မိသားစု အတူတကွ ပျော်ပျော်ရွှင်ရွှင် ကြည့်နိုင်တဲ့ကားလို့ ..
    အာမခံပါတယ်…။
    ဇာတ်လမ်းပြီးတာနဲ့ ကြည်နူးပျော်ရွှင်တဲ့ ဖီလင် မျိုး ကို
    ရပါလိမ့်မယ်ဗျာ…။
    နောက်ကြုံမှ ထပ်ညွှန်းပါဦးမယ်…။
    ဒီလို ပို့စ်မျိုး ထပ်တင်ပါဦးဗျာ…။

    • Zaw Thant

      August 26, 2013 at 1:05 pm

      .. မကြည့်ရသေးဘူးဗျ.. ရှာကြည့်လိုက်ပါဦးမယ်.. ကျေးဇူးပဲဗျ..

      .. လစဉ်လိုမျိုး ရေးမလားလို့ စိတ်ကူးပါတယ်.. သူများကိုလည်းညွှန်းရင်း သူများညွှန်းတာလဲ ပြန်နားထောင်ရင်းပေါ့.. 🙂

  • black chaw

    August 26, 2013 at 1:15 pm

    လစဉ်ရေးမယ်ဆို ကြိုဆိုပါတယ်ဗျာ…။
    ဒီပို့စ်လေးထဲမှာ ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေ
    အပြန်အလှန်ညွှန်းကြတာပေါ့…။
    ဇာတ်လမ်းကောင်းကောင်းလေးတွေကို…
    ခက်ခက်ခဲခဲ အပင်ပန်းခံရှာစရာ မလိုတော့ဘူးပေါ့…။
    🙂

  • GARFIELD

    August 26, 2013 at 4:28 pm

    မနေ့ညကမှ မထင်ပဲကြည့်လိုက်မိတဲ့ရုပ်ရှင်တစ်ခုရှိတယ်…
    အဲဒါက The Messenger (၂၀၀၉)ခုနှစ်မှာရိုက်ထားပြီးတော့… အလန်းစားမင်းသားတွေမပါပေမယ့်…
    အတော်ခိုက်မိသွားတဲ့ရုပ်ရှင်ပါဗျာ…
    http://www.imdb.com/title/tt0790712/
    အမေရိကန်စစ်တပ်ကနေ ဒဏ်ရာကြောင့်စစ်သားဆက်မဖြစ်နိုင်တော့မယ့်သူတစ်ယောက်က
    သူ့နောက်ဆုံး (၃)လအမှုထမ်းကာလမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ မိသားစုတွေကို သတင်းလိုက်ပို့
    ပေးရတဲ့အကြောင်းလေးပါ… အတော်လေးသဘောကျမိသဗျ…

    ကာတွန်းကားဆိုလို့…
    ရုပ်ရှင်ကောင်းကောင်းကြည့်တတ်ကတည်းက အကြိုက်ဆုံးကာတွန်းကားက
    Garfield ပါတဲ့… ယုံမလားတော့မသိဘူး… ဟီး

    ခင်မင်လျက်-
    ဂါဂါးကြီး

Leave a Reply