Product Placement

ムラカミAugust 24, 20135min1806

နေရာယူခြင်း မြှုပ်နှံထည့်သွင်းကြော်ငြာခြင်း လို့တော့ ခေါ်မလားမသိဘူး ။ (မြန်မာလို ပြန်ထားတာ မရှိသေးဟုထင့်)
Product placement, or embedded marketing, နဲ့ပါတ်သတ်လို့ European Union ရဲ့ အလိုတော်အတိုင်း ပြောရရင်တော့
“any form of audiovisual commercial communication consisting of the inclusion of or reference to a product,
a service or the trade mark thereof so that it is featured within a programme”.
အစီအစဉ်တခုမှာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု ကို ကိုယ်စားပြု ညွှန်းဆိုတဲ့ အရုပ်သော်လည်းကောင်း အသံသော်လည်းကောင်းပါဝင် နေမှု ကို ခေါ်ပါသတဲ့.။

ဒါဟာ လက်ကမ်းကြော်ငြာ ဖလိုင်ယာ တီဗီကြော်ငြာ စတာတွေကို ခေါ်ဆိုတာမဟုတ်ပါဘူး။ စတာတွေက ကြော်ငြာ ဆိုတဲ့ စကားလုံးထဲမှာ အကျုံးဝင်ပါတယ်။
အခုညွှန်းဆိုတဲ့ အရာက ဖျော်ဖြေရေး နယ်ပယ် တခုခုမှာ ဝင်ရောက်မြှုပ်နှံတာကို ဆိုလိုချင်တာပါ။ အောက်မှာ အသေးစိတ် ပြောပါ့မယ်။
(ဝီကီက စုစည်းမှု ခေါင်းစဉ်ခွဲတွေအတိုင်း စုစည်းမှာ ဖြစ်ပြီး စာကတော့ ကျနော် ရေးချင်တာရေးမှာပါ။)
MV5BMTQzMjI5MDQ0N15BMl5BanBnXkFtZTcwMTgzNzgyMQ@@._V1_SY317_CR4,0,214,317_ဟိုး ၁၈၇၃ ကထုတ်တဲ့ Around the World in Eighty Days ဝတ္ထုခေတ်ကတည်းက သင်္ဘောကန်ပနီတွေက …သူတို့ရေကြောင်းလိုင်းတွေ
ဝန်ဆောင်မှုကောင်းကြောင်း ဒီဝတ္ထုကို သုံးလို့ … နေရာယူမြှုပ်နှံကြော်ငြာခဲ့ကြသတဲ့ …။ အခု အရမ်းခေတ်စားနေတဲ့ စကားသုံးပြီးပြောရရင်တော့
လော်ဘီလုပ် သပေါ့လေ…။ ဒီတော့ ဖြေဖြေရေး ကဏ္ဍရဲ့ သမိုင်းတလျောက် မှာလည်း အနှီ လော်ဘီကိစ္စ နေရာယူမြှုပ်နှံကြော်ငြာသမှုက
တင်းကြမ်း ဆိုပါတော့ဗျာ။ အဲ့ဒီအကြောင်းကို ရေးပါမယ်။ ထိပ်ဆုံး ရွှေရင်ရှုပ်က စလိုက်ရအောင်။

Product Placement in Historical Cinema
ရုပ်ရှင်တွေထဲမှာ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ဇာတ်ကောင်တွေ ကိုင်တွယ်အသုံးပြုတယ် ဆိုတဲ့ပုံစံနဲ့ နေရာယူမြှုပ်နှံခဲ့ကြတာ အသံတိတ်ရုပ်ရှင်
ခေတ်ကတည်းကတဲ့ဗျ။ စာထဲမှာတော့ ဘယ်နှခုနှစ်က ဘယ်ကားမှာ ဘယ်လို ဆိုပြီး ရေးထားပေမယ့် ကျနော်လည်း အဲ့ကားတွေ ပြန်ရှာမကြည့်နိုင်
စာဖတ်သူတွေလည်း စိတ်ဝင်စားအံ့မထင် တချို့ ထုတ်ကုန်တွေဆို အသက်တောင်မရှိရှာတော့ .. သည်တော့ သည်အကြောင်းကို ချန်လှပ်ခဲ့ပါ့မယ်။
သည်ဘက်ခေတ် ထင်ရှားတဲ့ ရုပ်ရှင်တွေက ထင်ရှားတဲ့ နေရာယူမြှုပ်နှံမှုတွေကိုတော့ အောက်က တော့ပစ်မှာ ရေးပါမယ်။

Product placement in movies
မှတ်မိကြဦးမယ်ထင်ပါတယ် Steven Spielberg ရဲ့ နာမည်ကျော် E.T. the Extra-Terrestrial (1982) ဇာတ်ကားမှာ M&Ms ကို အသေအကြေ
ထည့်သွင်းမြှုပ်နှံထားတယ် လို့ ဆိုကြပါတယ်။ အခြားသော ထုတ်ကုန်တချို့လည်းပါဝင်နေပါသေးတယ်။ ဒီဇာတ်ကားဟာ product placement နဲ့
ပါတ်သတ်လို့ ပြောစရာရှိလာတိုင်း ချန်မထားစကောင်းတဲ့ ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်။ ၁၉၉၅ ကထွက်တဲ့ ဘွန်းရုပ်ရှင် images (1)GoldenEye ဟာ
BMW အလွန်အောင်မြင်တဲ့ ကန်ပိန်းတခုဖြစ်ခဲ့ပါတယ်။ အနှီဇာတ်ကားမှာ ဘွန်းသုံးခဲ့တဲ့ Z3 model ဟာ သူရို့ဆီမတော့ အလွန်အောင်မြင် တဲ့ ပေါက်-ကား
တစီး ပေါ့လေ..။(ကားသစ်တင်ခွင့် ကြောင့် ကျနော်တို့ ဆီမတော့ လှုပ်လှုပ်ခတ်ခတ် မဖြစ်လိုက်ပေမယ့်) BMW ဆိုတာနဲ့ ဒါ ဂျိန်းစဘွန်း စီးတဲ့ကား
ဆိုတဲ့ image မျိုးလောက်တော့ စွဲကျန်ခဲ့တာပါ။ ဘွန်းအကြောင်း ဆက်ပြောပါဦးမယ်။ Tomorrow Never Diesမှာတော့
Tomorrow Never Dies (James Bond 007)BMW, Visa, L’OrĂŠal, Ericsson, Heineken, Avis, Omega SA စတဲ့ ထုတ်ကုန်တွေအတွက် မြှုပ်နှံကြော်ငြာခ ဟာ ဒေါ်လာ သန်း၁၀ဝ အထိ
ရှာဖွေနိုင်ခဲ့ပါတယ်။ Dies Another Day မှာပါတဲ့ Finlandia Vodka ဟာ ဘွန်းသောက်လို့ နာမည်ကျော် ခဲ့ပါတယ်။ ဒါဟာ အကြောင်းမဲ့တော့မဟုတ်ပါဘူး
အဆိုပါdie_poster ယမကာ ကန်ပနီဟာ ပိုမိုငယ်ရွယ်တဲ့ ယမကာ သောက်သုံးသူ လူငယ် အသက်အုပ်စု ကို ပစ်မှတ်ထားဖို့အတွက် ဘွန်းရုပ်ရှင်မှာထည့်သွင်းမြှုပ်နှံ ဖို့
ငွေသုံးခဲ့ကြတာပါ။ (Smart way of Money Spending) ။ တော်ပါပြီ အရက်အကြောင်းတော့ မပြောတော့ပါဘူး ။ (သောက်ချင်လာလို့ပါ)
ဒီနေရာမှာ စကားစပ်လို့ ၂၀၁ဝ က ကွယ်လွန်ခဲ့ရှာပြီး ဖြစ်တဲ့ Karen Sortito အကြောင်း နည်းနည်း မိတ်ဆက်ချင်ပါတယ်။ သူဟာ ရုပ်ရှင်ကားတွေမှာ
product placement လုပ်တဲ့ နေရာမှာ ဂန္ဓဝင်မြောက်တဲ့ မာကတ္တာ တယောက်လည်း ဖြစ်ပါတယ်။ E.T. အစ ဘွန်း ဇာတ်ကားတွေအလယ် Spiderman
အဆုံး သူ့ထင်ရှားတဲ့ လက်ရာတွေ တင်းကြမ်းပါပဲ။ RIP :'(

Psychological research
မြှုပ်နှံကြော်ငြာမှုရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာထားတာဖြစ်ပါတယ်။

Ways to measure product placement
Economic effects

အကြမ်းဖျင်းအားဖြင့်တော့ ဇာတ်ကားပေါက်ရင် ထုတ်ကုန် လိုက်ပေါက် ပါတယ်။ ဒါဟာထုံးစံပါ။ ဟိုတနေ့ကတောင် အသက်ကြီးကြီး ရုပ်ဆိုးဆိုး
စိတ်ပုပ်ပုပ် အကျင့်တန်တန် အာလဖွားယီးတယောက်နဲ့ ဟိုရုပ်ရှင်ထဲမှာပါတဲ့ လက်ပကျွတ်အကြောင်း ပြောဖြစ်သေးတာရယ်။ နောက်တာပါ အတည်။
သူရို့ဆီမတော့ ဇာတ်ကား ပေါက်တာ မပေါက်တာဟာ မြှုပ်နှံကြော်ငြာထားတဲ့ ထုတ်ကုန်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ ကန်ပနီရဲ့ စတော့ရှယ်ယာ အတက်အကျ
နဲ့တောင် ဆက်စပ်သေးတယ်လို့ ဆိုပါတယ်။ အသစ်တင်မယ့် ဘွန်းရုပ်ရှင်မှာ ထည့်ကြော်ငြာ ရောင်းဖို့ရှယ်ယာလေးတွေပြင်ထား ၁ဝရက်လောက်
ဘောက်စ်အော့ဖစ်စ် မှာ ဗိုလ်ဝင်ခံပဟေ့ ဆိုတာနဲ့ ရှယ်ယာလေးတွေ အထက်ကြေးနဲ့ ဖျော … ဟော ရုံကချတော့ နည်းနည်း ကျရိပ်သန်းလာတဲ့ ရှယ်ယာလေးတွေ
ပြန်ဝယ်… အမ်း… အဲ့မှာ ကြော်ငြာခ ထေမိ။ (ဟိုငပေါ ဘွန်းက ကိုယ့်ပစ္စည်း အလကား ကြော်ငြာပေးရသလို)… ဒီကြားထဲ ထုတ်ကုန်ပေါက်လို့ တက်တဲ့ရောင်းအား
က အမြတ်…။ မှတ်ပယား မာကတ္တာများ ယုတ်မာချက်။
Implicit memory
မသိစိတ်ရဲ့ စွဲလမ်းမှု။
MV5BMTUzMzg4MTg2M15BMl5BanBnXkFtZTYwNDM4OTk4._V1_SY317_CR6,0,214,317_Home Alone ရုပ်ရှင်မှာ ပက်စီကိုလာ ပါပါသတဲ့ …။ အဲ့သည့်ကား ဝက်ဝက်ကွဲ ပေါက်ပြီးသကာလ ကလေးတွေကို စစ်တမ်းကောက်ကြည့်တာ …ကိုကာကိုလာ နဲ့
ပက်စီကိုလာ(ဂန္ဓဝင်ပြိုင်ဖက် ၂ဦး) ဆို ပက်စီကိုလာကို ရွေးကြပါသတဲ့ …။ လုပ်တာ လုပ်တာ ..။

Explicit memory
အသိစိတ်ရဲ့ စွဲလမ်းမှု။
ဦးနှောက်မှာ Recall လုပ်ယူတဲ့ ဖန်ရှင်ရှိပါတယ်။ ကိုယ်က ဆိုနီ လက်ပတော့လေး နှစ်သက်နေတယ်.. ဂျိန်းစဘွန်းက သုံးပြတယ်.. ငွေယားလေးအဆင်ပြေတော့
အနှီ ဗိုင်အိုလေးပဲ ဝယ်ဖြစ်သွားတယ်။ အသိတယောက်ယောက်က ဟာကွာ ဘာလို့ မက်အဲယား မဝယ်သလဲ လာပြောမယ်ဆိုရင်.. ဒါ ဂျိန်းစဘွန်းသုံးတာကွ..
ကျန်း… အဲ့လိုပြန်ပက်တတ်သေးတာ..။

Accuracy
တိကျမှု။
ဒါက စစ်တမ်းတခု ပါပဲ။ ယူရို ရုပ်ရှင် လုပ်ငန်းစုတွေထက် ဟောလီးဝုဒ် တောင်ကြားက ဆြာတွေက ပိုတိကျကောင်းမွန်ပါသတဲ့ ။ ဒါကြောင့် ကမာ္ဘမှာ ဒင်းတို့
ထိပ်တက်ကပ်နေတာ..။ စကားမစပ် ကိုရီးယန်း ဂျင်းသုတ်ကလေးကော ကောင်းရဲ့လား ပိတ်သတ်ကြီးရဲ့…။ ရေညှိလိပ်ကလေး ဂရင်းတီးလေးနဲ့ တွဲသောက်ပါဦး။

The effectiveness of product placements
အပေါ်က ပြောခဲ့တဲ့ Home Alone ရုပ်ရှင် အကြောင်းပါပဲ။ အဲ့သည့်ကားကို ကြည့်ဖူးတဲ့ ကလေးတွေရဲ့ ၆၇% က ပက်စီ ကိုရွေးပေမယ့် မကြည့်ဖူးတဲ့ကလေးတွေထဲကတော့
၄၂% ကပဲ ပက်စီကို ရွေးပါတယ်။ ဒီနေရာမှာ နည်းနည်း လိုအပ်မယ်ထင်လို့ ထည့်ရွှီးရရင် ပက်စီ ဆိုတာ ကိုကာကိုလာထက် သေးကွေးတဲ့ ကန်ပနီတခုပါ။
ကြော်ငြာဖြုန်းအားမှာ ဟိုတဖက်လောက် မတတ်နိုင်ပါဘူး။ ယနေ့အထိ သူတပြန်ကိုယ်တပြန် ယှဉ်နိုင်နေတယ်ဆိုတာ သူ့မှာ အလွန်တော်တဲ့ မာကတ္တာတွေ ရှိလို့ဖြစ်ပါတယ်။
သေချာတာတခုက Product placement ဟာ သာမန် ဘုတ်ထောင်ကြော်ငြာတွေထက်တော့ ပိုပြီး အစွမ်းရှိတာပါပဲ။ ၄၂% ကနေ ၆၇% တက်ဖို့ဆိုတာ သာမန်ကြော်ငြာနဲ့
လုပ်ယူမယ်ဆို အတော်ကြီး လုပ်ယူရမယ့် ကိစ္စ ဖြစ်ပါတယ်။ အနှီမာကတ္တာတွေ အရွေးတော်ခဲ့ကြလို့ပါ။ စကားမစပ် သွားလေသူ စတိဂျော့ဘ်ကို ပန်းသီးကနေကန်ထုတ်ဖူးတာ
ပက်စီ က မာကတ္တာဟောင်း တဦး ပေါ့။

Film factors that influence effectiveness
ရုပ်ရှင်မှာ မြှုပ်နှံထည့်သွင်းခြင်းက အစွမ်းထက်တယ် ဆိုလာခဲ့တယ် ဒါဆို ရုပ်ရှင်ကရော အနှီထုတ်ကုန်ပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိတယ် ဆိုတာ
သည်ဘက်ကပြန်ကြည့်ပြီး ပြောဖို့လိုလာပါပြီ။

Type of product placement
အရုပ်လား အသံလား ဘယ်လို အခန်းမှာ သုံးမှာလည်း ဘယ်သူသုံးမှာလဲ စသည်ဖြင့် ခြားနားတဲ့ အနေအထားတွေက နေ
ခြားနားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

2313892-jackCharacter attractiveness
ဗိုင်အိုကွန်ပြူတာ ဝယ်ကိုင်ရုံနဲ့တော့ ခင်ဗျား ဂျိန်းစဘွန်းလို စော်ကြည်မလာသလို ဌာဏ်လည်း ကောင်းမလာပါဘူး ။ ဒါပေသိ
ခင်ဗျား ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတခုတော့ ပေးပါလိမ့်မယ်။ အဲ.. တခုရှိတာက ဗီလိန်ကိုင်တဲ့ ပစ္စည်း တံဆိပ်ကိုတော့ ခင်ဗျား မုန်းချင်
မုန်းပါလိမ့်မယ်။ ဒီနေရာမှာ တခုရှိတာက လုပ်ငန်းတွေအနေနဲ့ ကိုယ့်ပစ္စည်း ကို ဗီလိန် မသုံးခိုင်းရဘူးနော် လို့ သွားတားခွင့်မရှိသလို
ရုပ်ရှင်သမားတွေအနေနဲ့လည်း ဇာတ်ကွက်နဲ့မဆိုင်ဘဲ ပန်းသီး သိပ်ကောင်းတာပဲ အော်ခိုင်းလို့မရပါဘူး ။ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေက
ဆဲစာလေးတွေ ချီးမြှင့်ပါလိမ့်မယ်။ ထိုနည်းတူစွာ ပန်းသီးဆီက ငွေယူပြီး ဇာတ်ကွက်နဲ့ မဆိုင် ဒဲလ်ပီစီ တူနဲ့ထုပြတဲ့အခန်းမျိုးလည်း ရိုက်လို့မရပါဘူး။
တရားဆွဲပါလိမ့်မယ်။ သည်တော့ ဘောင်ထဲကလျှောက်ရပါတယ်။

Product prominence
အပေါ်မှာ ဆိုခဲ့သလိုပါပဲ။ ဆိုပါစို့ မင်းသားက ဆောက်လုပ်ရေး အင်-ယာ ။ ဇာတ်လမ်းထဲပါတဲ့ သူ့နောက်မှာ ပုံထားတဲ့ ဘိလပ်မြေအိတ်ထက်
သူ့လက်က နာရီ သူသုံးတဲ့ ဟန်းဆက် ကို လူတွေ ပိုသတိထားမိ ပိုစိတ်ဝင်စားမှာ အမှန်ပါပဲ။

Plot integration
downloadMr. & Mrs. Smith မှာ လင်မယားကွိုင်တက်တော့ ဟိုမင်းသမီး သောက်တဲ့ အရက်က ဘာတံဆိပ်လဲ သိလားဟင်င်င်င်..။
(သိရင်ပြီးရော မရေးတော့ဝူး)

Other factors
ညှီလိုက်ပါဦးမယ်လေ။ Transformers ထဲမယ် မီဂန်ဖောက်စ် တက်ခွတဲ့ ဆိုင်ကယ်က သူ့တင် ဝိုင်းဝိုင်းလေးတွေ ကြောင့် ပို လူသတိထားမိတယ်မဟုတ်လား။

 

Audience factors that influence effectiveness

Field dependence-independence
ဒါကတော့ သက်ဆိုင်မှု ရှိ-မရှိ ပေါ့ဗျာ။ FD, FI ဆိုပါတော့ ..။ FD သမားတွေ (သက်ဆိုင်မှုရှိသူတွေပေါ့ဗျာ.) ဥပမာ ကျနော်ဆို IT နယ်ထဲကဗျာ။ IT ထုတ်ကုန်တွေနဲ့
သက်ဆိုင်မှု ရှိသူ FD ဆိုပါတော့။ ဟို ဆန်ဆောင့် ဆိုတဲ့ ကော်ကျွတ်ဖုန်းတွေ ဘယ်လို ရိုက်ပြရိုက်ပြ ဖီလင်လာမှာမဟုတ်လို့ပါပဲ။ အဲ… ဒီနေရာမှာ FI ဖြစ်တဲ့ (မဆိုင်သူ-
IT သမားမဟုတ်သူ)ကျားမေမေပေါ့ဗျာ သူ ကြည့်မိရင်တော့ သူကြိုက်တဲ့ ဇာတ်ကောင် ဇာတ်ကွက် မျိုးသာဆိုရင်တော့ ငြိပြီ ဆိုတာပါပဲ။
အဲ့.. မိတ်ကပ်လိုဟာမျိုးကျ ပြောင်းပြန်ခည.. သူက FD ဖြစ်ပြီး ကျနော်က FI ပြန်ဖြစ်သွားပါတယ်။ သည်တော့ ကောက်ချက်ချ FD က ဆွဲဆောင်ရပိုခက်ခဲတတ်ပြီး
FI က အလွယ်တကူ သိမ်းသွင်းနိုင်ပါလိမ့်မယ်။

Attention
ဒါကလည်း အရေးပါတဲ့ တခုပဲဗျ။ ဥပမာဗျာ ..ကျနော့်လို ကောင်မျိုးကို ပစ်မှတ်ထား စွဲဆောင်ဖို့အတွက် ယောက်ျားဖြစ်ပြီး မိတ်ကပ်ဖွေးနေအောင်လိမ်းတဲ့
ဟိုမင်းသားပါတဲ့ တွိုင်းလိုက်ဆိုလား ဘာဆိုလား အဲ့ထဲသွားကြော်ငြာရင်တော့ လွဲပြီပဲဗျို့…။ အဲ့လိုကားမျိုးတွေက အချစ်သူရဲကောင်း ဆယ်ကျော်သက်ကလေးတွေနဲ့
အာပျိုယီးတွေ ကြည့်တဲ့ကား မဟုတ်လား ..။ (အဲ့ကောင် မိတ်ကပ်ကြော်ငြာတာလားမသိ..)။ အေးလေ နော.. မိတ်ကပ်ကို The Expendablesthe_expendables_2-wide လိုကားမျိုးမှာမှ
ထည့်ကြော်ငြာလို့မရပဲ။ ဟီဟိ။

Nationality, ethnicity, & age
တိုင်းပြည်ကိုလိုက်လို့ ဈေးဝယ်တဲ့ စတိုင် ကွာတယ်ခင်ဗျ။ အမေရိက က အသစ် အသစ် အသစ်။ ဂျပန်ကျတော့ လူသုံးများတာ လိုက်သုံးတယ်။ ဥပမာဗျာ
နေ့လည် ထမင်းထွက်စားတယ် လူများလို့ တန်းစီစောင့်နေရတဲ့ ဆိုင်ကို ဝင်တန်းစီစားတယ်။ ဘာလို့လဲဆိုတော့ ကောင်းတာသေချာလို့ လူအုံတာတဲ့။ ရတယ်
စောင့်မယ် တဲ့ …ထမင်းတလုပ် နာရီဝက် တန်းစီဖို့ ဝန်မလေးတဲ့ ကောင်တွေ ။ ဒါဆို ကျနော်တို့ လူမျိုးကျတော့ရော ?? ဟုတ်ကဲ့ အကြွေးရရင် Boeing 747 ဝယ်စီးပါမယ်။
လူမျိုး နဲ့ ကိုးကွယ်တဲ့ ဘာသာနဲ့လည်း ဆိုင်သေးတာကလားဗျာ။ ဂျော်နီဒက်ပ် ကို အံဖတ်ဆို့အောင်တိုက်အုံး ဟိုတိုင်းပြည်တွေမတော့ ရမ်ရောင်းအား တက်လာမယ်မဟုတ်ဘူး။

Brand consciousness
တခါတလေကျတော့ ဆေးကြောင့်လေး ဆိုတာမျိုး ဆိုက်အက်ဖက်ရှိတယ်ဗျ။ ဆိုုပါစို့ဗျာ …။ လူမှန်းကောင်းကောင်းသိတဲ့ ၄-၅-၆နှစ်အရွယ်ကလေး တယောက် သူ့မိဘ၂ပါးနဲ့
ထုတ်ကုန် တစုံတရာ(အပြေးဖိနပ် ထားပါတော့)ကို ပျော်ရွှင်စွာ သုံးနေတယ် ဆိုပါစို့… ။ အလားတူ ကလေးမျိုးကတော့ သူရို့မိဘ ကို အဆိုပါ တံဆိပ် ပူဆာကောင်း
ပူဆာမှာ ဖြစ်ပေမယ့် မိဘမဲ့ဂေဟာလို နေရာမျိုး အိမ်ထောင်ကျိုးက ကလေးမျိုး က ကြည့်မိတဲ့အခါမတော့ အနှီတံဆိပ်ကို အသားလွတ် မုန်းသွားတတ်တယ်ခည။
(Brand အကြောင်းတော့ တော်သေးဘီ..ပြောမပြီးလွန်းလို့)
Product placement in other types of media
Video games
ဘောလုံးကွင်းပတ်လည်က စမူစာပုံ ဘေဘုတ်တွေ ထောင်တာ မြင်ဖူးတယ်မဟုတ်လား ကိုယ့်ဆြာတို့..။ အဲ့ဒါတွေက ရောင်းတာဆိုတာတော့ သိမပေါ့နော်..။
ယနေ့ခေတ် ဂိမ်းထဲက ဘောပွဲတွေမှာလည်း ပုံစံတူခည ..ရောင်းတယ်။ သေနတ်ပစ်တဲ့ ဂိမ်းတွေ ဘာတွေမှာလည်း လူဆိုးက ကိုယ့်ကိုမတွေ့အောင်
မက်ဒေါ်နယ် ဆိုင်းဘုတ်နောက် ကွယ်ရတာတို့။ ဘာတို့ ကလည်း ရောင်းတာပဲခည။ သည်ဘက် စမတ်ဖုန်း တက်ဘလက် ခေတ်စားလာတော့ Freemium ပုံစံ
တောင်လုပ်လာကြတယ်.. လုပ်ပေါက်ကဂလို စားသုံးသူကို ဂိမ်းကို အလကားပေးဆော့တယ် ကြော်ငြာတော့ထိုးတယ်။ (ဂိမ်း ရေးရတဲ့ ကုန်ကျစားရိတ်ကို ကြော်ငြာ
ရှင်ဆီကယူတယ်) ကြော်ငြာမပါဘဲ ဆော့ချင်ရင် ဂိမ်းကို ဘယ်လောက်နဲ့ ဝယ်.. ဒါမျိုးပေါ့…။ ကွန်ပူတာ ဂိမ်းတွေကျပြန်တော့လည်း နာမည်ကျော် ဂရပ်ဖစ်ကတ်
ထုတ်တဲ့ ကန်ပနီတို့ စီပီယူထုတ်တဲ့ ကန်ပနီတို့က ဂိမ်းအစမှာ တခုတ်တရကို ကြော်ငြာထည့်ကြရတယ်ဗျ…။ ဒါတွေက ကမာ္ဘတဝှမ်း သန်းနဲ့ ချီပျံ့တာကိုး..
ကိုယ်ထုတ်တဲ့ပစ္စည်း တကယ်ဝယ်သုံးမယ့် လူတွေ ဆီ တိုက်ရိုက်ကြော်ငြာတဲ့နည်းမို့ ထိရောက်တယ်လေ။ ဂရပ်ဖစ်ကတ် ရောင်းချင်တာကို မင်းသမီးငှားပြီး ကတ်ကိုင်ခိုင်းပီး
တီဗီပေါ်တက် ဖင်လှုပ်ခိုင်းလို့ မှ မရတာ (ရတဲ့ဆီတော့ ရတယ် ဟိ..)
Broadway
ဒါကတော့ ကျော်တို့နဲ့ နည်းနည်းဝေးလို့ ချန်ခဲ့ပါတယ်။ (ပျင်း ရင် ပျင်းတယ်ပေါ့)
Music
ဟာလီဒက်ဗက်ဆင် နဲ့ လီဗိုက်စ် ဆိုရင် ရော့ကာတွေ ပြေးမြင်မှာဖြစ်ပြီး နိုက်ကီတွေ တင်ဘာလန်းစ်တွေ ဆိုရင်တော့ ရပ္ပါတွေ ပြေးမြင်မှာဖြစ်ပါတယ်။
ဟုတ်ကဲ့ မြူးဇစ်ဟာ ကာလချာတခုပါ။ တလောလေးကတောင် ဘလက်ဘယ်ရီက IT ဂုရုတွေ Blackberrry will keep on loving you

download (1) ထလုပ်ကြသေးတယ်။

Ethics
ဒါ ရေးရခက်တဲ့အပိုင်း ခင်ဗျ။ ကျနော်တို့ ဆီတော့ တယ် အက်သစ်ရှိတာကလား ..တခေတ်က ဖြစ်သည် လူဆိုးနဲ့ ရဲ ချရင် ရဲမသေရဝူး။ ဇာတ်ကားရိုက်ပီးဆင်ဆာတင်တာ
ပြန်မကျဘူး ဘာလို့လဲဆိုောတ့ သားမက်က ယောက္ခမ ကို ပြန်ပြောတဲ့အခန်းပါတယ် ကာရိုက်တာအရ ယောက္ခမက ရယက မို့တဲ့ …။ တိန် ..။
ဟိုလူကြီး ဟယ်ရီဆင် ဖို့ .. အတော် ညံ့သေးတယ် ..အမေရိကန်သမ္မတ လုပ်ပီး လူဆိုး ဖိနပ်နဲ့ မျက်နှာနင်းတာ ခံတယ်။ အာ..ဟိ

Product placement in television
Digital product placement
ဒိုင်းဆကဲ တို့ ဘာတို့ မှတ်မိသေးလားဗျ… ဂျပန်ကုန်တိုက် ဝန်ထမ်း ဇာတ်လမ်းတွဲတွေ (ကိုရီးယား ဂျပန်) ဟိုတယ်ဝန်ထမ်း ဇာတ်လမ်းတွဲတွေ နောက်မှာ
ဘူတွေစိလဲ သိလား ဗျ…။ (သိ- ပြီးတာပဲ..) .. အံမယ် လေကြောင်းလိုင်း တို့ ဆေးရုံတို့တောင် ပါသေးသဗျား…။ ပြောရင်း ကိမုရ တကုယ ဆိုတဲ့
အကြော်သယ်မ ဆီပူလောင်ထားတဲ့ အခွက်နဲ့ ကောင်ကိုသွားသတိရမိသေး ချဉ်ထှာ။

Self promotion
Independence Day ဆိုတဲ့ ရုပ်ရှင် မှတ်မိသေးလားဗျ။ အဲ့သည့်မှာ အပြင်မှာတကယ် ရှိတဲ့ သတင်းဌာန က ဇာတ်လမ်းထဲမှာ ပြည်သူတွေ နောက်ဆုံးသတင်းတွေကို
အဲ့သည့်သတင်းဌာနကနေ အားကိုးတကြီး ကြည့်နေတယ် ဆိုတာ ထည့်ရိုက်ပြသွားတယ်။ တကယ်က အဲ့ရုပ်ရှင်ကို ထုတ်တဲ့အဖွဲ့ကပဲ အနှီသတင်းဌာန ကိုပိုင်တာလေ။

Sports

barcelona-soccer-jersey
ဒါတော့ အားလုံးသိပြီးဖြစ်မှာပါ ဘောလုံးအသင်းတွေရဲ့ ရင်ဘတ်ပေါ်က စာတန်း ဘယ်ဈေးရှိတယ်ဆိုတာ ဂျာနယ်ဖတ်တဲ့ ဘောကိုကိုတွေ
အသိဆုံးပါ။ ဖော်မြူလာဝမ်း ကားတွေပေါ်က ရှုပ်ပွနေတဲ့ တံဆိပ်တွေကရော ဘေ့စ်ဘောဆြာတွေ ကိုယ်မှာ တင်တဲ့ တံဆိပ်တွေကရော..
အားလုံးဟာ ဒါတွေချည်းပါပဲ။

Others
တကယ်တော့ product placement ဆိုတာ ဂေါ်ရီလာ မားကတ္တင်း ခေါ်တဲ့ ပြောက်ကျား စစ်ဆင်ရေးပုံစံကွဲတခုပါပဲ..
အဲ့သည့်အကြောင်းကိုတော့ ဟောဒီနေရာမှာ သွားဖတ်နိုင်ကြောင်း လက်တို့ ခဲ့ပါရစေ။

ပြောက်ကျား စစ်ဆင်ရေး


နောက်ဆုံးအနေနဲ့တော့ ..

အနုပညာနှင့်ငွေကြေး
မျှမျှတတဖြစ်အောင် သည်ဘက်ကလည်း ပြန်ရေးပါ့မယ်လေ။ (တကယ်တော့ ခွတီးတာ..)
ငွေကြေးစွန်းထင်းမှုပါရင် အနုပညာရဲ့ မူရင်း တန်ဖိုး တစုံတရာ လျှော့နည်း ကင်းမဲ့ သွားတတ်သတဲ့။
ခက်တာက အဲ့လိုပြောခဲ့တဲ့ ဆြာတွေအကုန် ဆင်းဆင်းရဲရဲနဲ့ သေကုန်တာပါပဲ။
သည်တော့ ပိတ်သတ်ကြီးရေ ချင့်ယုံ ချင့်ယုံ။

The Kalama Sutta states:
Do not go upon what has been acquired by repeated hearing,
nor upon tradition,
nor upon rumor,
nor upon what is in a scripture,
nor upon surmise,
nor upon an axiom,
nor upon specious reasoning,
nor upon a bias towards a notion that has been pondered over,
nor upon another’s seeming ability,
nor upon the consideration, “The monk is our teacher.”
တော်သေးဘီ
ဘယ်သူ့မှ အကောင်းမပြောတဲ့
ဂီhttp://en.wikipedia.org/wiki/Product_placement

 

6 comments

  • lele kyi

    August 24, 2013 at 2:01 pm

    အင်းး မားကက်တင်းရဲ့ လှည့်ကွက်တွေကို သိပ်မသိပါဘူး။ ပန်းသီးကို စီးရီးလိုက်သုံးနေတဲ့ ပုတ်ဂိုကလည်း ပန်းသီးမကောင်းကြောင်းတော်တော်ပြောတာရယ်။
    ကျမ လည်းဗိုင်အိုကိုတော်တော်ရူးခဲ့တာ။ ကွန်ပူတာကောင်းမကောင်းထက် ဗိုင်အို တံဆိပ်ကိုရူးတာ။ ဘာဖြစ်လို့လဲဆိုတော့ TV မှာ ကြည့်နေကြ ချယ်နယ်က သတင်းကြော်ငြာတဲ့သူတွေက တစ်ယောက်တစ်လုံးစီနဲ့လေ။ အခုတော့ တခြားတံဆိပ်ပြောင်းမယ်စဉ်းစားနေတာ ကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်ထဲက။ ဒါပေမဲ့ မားကက်တာရုပ်ဆိုးတစ်ယောက်က သူ promote လုပ်နေတဲ့ တံဆိပ်ကိုလာကြော်ငြာနေတယ်။ အင်းး အဲဒီ ကွန်ပူတာကို ကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်ကားတွေထဲမှာ သူပုန်တွေချည်းသုံးတာ။ ဝယ်ဘူး လုံးဝပဲ။

    • Min Zarni

      August 27, 2013 at 9:10 am

      In 2006, Jobs sent an email to all employees when Apple’s market capitalization rose above Dell’s. The email read:

      Team, it turned out that Michael Dell wasn’t perfect at predicting the future. Based on today’s stock market close, Apple is worth more than Dell. Stocks go up and down, and things may be different tomorrow, but I thought it was worth a moment of reflection today. Steve.

      အဲ့လိုပြောတဲ့လူတွေ အသေစောသဗျ..
      ငိငိ

  • Mr. MarGa

    August 24, 2013 at 2:56 pm

    ပြောရရင်
    အဲသလိုမျိုး Product Placement တွေကို ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်တိုင်း သတိထား ကြည့်မိသဗျ။
    ကြည့်ရင်းနဲ့လည်း ဘယ်ဟာကတော့ သေသေသပ်သပ် ပြသွားတယ် ဘယ်မှာတော့ မရမနေ ကြော်ငြာသလို ဖြစ်နေတယ် ဆိုတာကို ဝေဖန်မိတယ်။
    နောက် အဲသလိုလေးတွေဆို သုံးချင်လာတာကတော့ လူ့ သဘာဝပဲပေါ့ဗျာ။
    စကားမစပ် မှန်းမိတာ ပြောရရင်ဖြင့်
    အိုက်ဒီ Product Placement ဆိုသဟာကလဲ ပါးပါးနပ်နပ် တင်ပြတတ်မှ ပေးချင်တဲ့ မက်စိကို ရောက်မယ်ထင့်
    ဘာလို့လဲဆိုတော့ ဟိုတစ်ရက်က အန်တီမွအိ ရေးတဲ့ လှည့်စား ညာစား ရုပ်ရှင်ကား ကြည့်ပြီး အနှီ product ကို အတော် မျက်စိနောက်နေလို့။

  • ငွေကြေးစွန်းထင်းမှု နဲ့ အနုပညာ
    အင်းးးးးး
    ချင့် ယုံစရာပါပဲ

    ဒါနဲ့
    ဒို့ဆီက ကိုနေကိုတိုးကြီး မိန်းမကြီးလို သရုပ်ဆောင်တဲ့ မာမီရှိန်း ဇာတ်ကားထဲမှာ
    မြင်မကောင်းလောက်အောင် ထည့်ပြထားတဲ့ ကြော်ငြာ ( ကုန်ပစ္စည်း အမှတ်တံဆိပ် တွေ) ပါနေတာ
    သတိရ မိပါရဲ့

    ဆိုးရှာပါဘူးးးးး

    :kwi:

  • GARFIELD

    August 30, 2013 at 11:29 am

    မှတ်မှတ်ရရ တစ်ခုလောက်ပြောဦးမယ်…

    ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Batman ထဲက Joker သရုပ်ဆောင်ကြီးက…
    တစ်ကားလုံး Nokia (နိုခိုင်) Music Xpress 5800 သုံးပြခဲ့လို့…
    ကမ္ဘာပေါ်မှာ Nokia Music Xpress 5800 ပေါက်ခဲ့တာလေးလဲ… မှတ်မှတ်ရရဖြစ်သွားဖူးပါတယ်…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • KZ

      August 30, 2013 at 11:37 am

      အဲလာ နာ့ အချစ်လေး Heath Ledger ကို ပြောတာလားဟမ်?
      ဘရော့ဘက် ကြည့်ပြီး အချစ်ပြယ်ရာက သူ သေဆုံးပြီးနောက် အချစ်သစ်မရှာတော့တာ ဒီနေ့အထိပေါ့။
      😥

      (ဟောလီဝုဒ်မှာမရှာတာကိုပြောတာပါ။ ခုတော့ ဂျာပွန်မင်းသားလေးတွေ တွေ့နေတယ်။) 😀

Leave a Reply