အရှင်အာနန်ဒါ Rev Lustig က ဘာသာပြန်တဲ့မြန်မာကဗျာ – ၉

KyaemonAugust 25, 20138min25414

ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို

ဆက်လက်ပြီးတင်ပြတာပါ၊

 

  အားရပါးရ “လွေး” ရအောင်

  မြန်မာရှူခင်းတွေကိုပါ ရှာဖွေပြီးတင်ဆက်ထားတာပါ၊

  

 

ပုံတွေနဲ့ကဗျာတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင်

ပုံတွေရော စာတွေပါ ကြီးလာပါမယ်၊

—————

 

farmer23farmer27farmer2farmer17farm1farm2farmer8farmer9farmer10farm3farm4

 

 

farmer18farmer30farmer22farmer29farmer28farmer12farmer5farmer19farmer4farmer21farmer16farmer15farmer20farmer6farmer11farmer26

 

 

===========================

 

 

အမည်မသိတဲ့စာဆိုရဲ့ “ကောက်စိုက်သီချင်း”

 

farm5farmer14farmer3farmer1farmer7farm6farm7farmer13

 

 

 

14 comments

  • အလင်းဆက်

    August 25, 2013 at 5:50 pm

    ကဗျာ အလှ ကိုရော
    ပုံရိပ်အလှတွေကိုပါ
    တဝကြီး ခံစား လိုက်ရပါတယ်ဗျို ့

  • မောင် ပေ

    August 25, 2013 at 7:10 pm

    မြို ့မှာ တော့ ဂဏန်းလို ့ခေါ်ကြတာပ
    ရွာ၊ တောနယ်ဘက်က လူတွေ အခေါ်ကတော့ ပုစွန်လုံး ရယ်တဲ့
    ချဉ်စပ်လေးချက်ပြီး
    ထွေးညိုလေးနဲ ့မြည်းလိုက်ရင်
    ဆွေမျိုးမေ့လောက်အောင်
    ရှူးရှူးရှဲရှဲ ကောင်းတာမို ့
    မြန်မာနိုင်ငံများ ပြန်ရောက်ခဲ့လို ့
    မန်းတလေးမြို ့များ လာဖြစ်ခဲ့ရင်
    တည်ခင်းဧည့်ခံချင်စမ်းပါဘိ

  • ဦးကြောင်ကြီး

    August 26, 2013 at 8:28 am

    ကဗျာက မဆုံးသေးဘူးလားဗျ… မပြီးနိုင်မစီးနိုင် မြင်းအီးတဘူဘူ ပေါက်သလို မြစ်ဆုံရေကာတာ အခန်းဆက် ဇာတ်လမ်းမျှောထားတဲ့ အတိုင်းပဲ…။ ခြစ်တယ်ကြေးမုံဂျီးရယ် တူနှကိုယ် အတူနီးဂျင်ပီ။။ ရွာထဲမှာ နောက်ပေါက်တဲ့ ရွှေကြာတွေ တထောင်ထောင်နဲ့ … တောက်စ် သူတို့မှာပဲ ရှိတဲ့အတိုင်း… ငါ့မှာလဲရှိဒယ်ကွ.. အချိန်မတန်သေးလို့ သားရေပင်စည်းထားတာ… လွှတ်လိုက်ရင် ဒေါင်ကနဲနေမှာ…

  • Min Zarni

    August 26, 2013 at 8:33 am

    အမှတ်မမှားရင် ကောက်စိုက်သီချင်းက ကုန်းဘောင်ခေတ်နှောင်းဗျ…
    ပြီးတော့ ကဗျာကမဆုံးသေးဘူး နောက် တပိုဒ်ကျန်သေးတယ်.

    ပုံးဖာမှောက်ဆင် ဆိုတဲ့အပိုဒ်ဗျ… အဲ့စာလုံးက ထူးထူးခြားခြားဖြစ်တာမို့ မှတ်မိနေတာရယ်..

    တော်သေးဘီ..

    ခင်တဲ့

  • garfield

    August 26, 2013 at 8:49 am

    ကဗျာဖတ်နေရင်း တွေးမိတာ ………………. ဂဏန်းဟင်း စားချင်တယ်လို့။ 😀
    ဂဏန်းနဲ့ ပုဇွန်လုံး တူသလား မတူသလားတော့မသိဘူးဗျ။
    ဘေးတိုက်သွားကြတာချည်းပဲ။

    မန်းလေး နေတုန်းက အဲ့လို ဗန်းနဲ့ လိုက်ရောင်းတဲ့ ဂဏန်း နီနီကြီးတွေ (ဘာလို့နီတုန်းတော့ မသိ) မစားဖူးလို့ ဝယ်ပြီး ဘာမှ ဆက်မလုပ်တတ်လို့ ပစ် လိုက်ရရော။

    ခုမှသိတာတာက ဂဏန်း ကို အရသာရှိအောင် စားရတာ အင်မတန် ငရဲကြီးသကိုးးး (တဂျီး မမြင်ပါစေနဲ့) :mrgreen:

    သေပြီး ကြာရင် အထဲက အသား က ကျုံ့တယ်ခေါ်မလားးး အဆံချောင်သွားလို့။

    ဆက် တင် ပါဦးးး အားပေးနေပါတယ်။
    ဒီ တစ်ခေါက် က နည်းနည်းခြားသွားသလားလို့။ 🙂

  • Kyaemon

    August 26, 2013 at 11:55 am

    ကိုအလင်းဆက်
    ကိုမောင်ပေ
    ကိုမင်းဇာနီ
    ကိုGarfield ဂါဖီး

    အားပေးကြတာကိုကျေးဇူးပါ၊
    ——-

    ကိုပေပို့လိုက်တဲ့ မေတ်တာစေတနာကြောင့်
    အတော်ကိုနှစ်ထောင်းအားရ ပြီး ဗိုက်လဲ ဝ သွားပါပြီဗျ၊

    ဒီကလုပ်ငန်းတွေ၊အနှောင်အဖွဲ့တွေနဲ့ဆို
    မန်းလေးရောက်ဘို့တော်တော်မလွယ်ကြောင်းပါ၊
    ကျေးဇူးထပ်လောင်းတင်အပ်ပါကြောင်း၊
    ————

    ကိုMin Zarniက ပြောတဲ့နောက်တပိုဒ် လွယ်ရင်
    တင်ပေးစေလိုပါတယ်၊

    ဆရာတော်ရဲ့ကဗျာစာအုပ်ကိုပြန်သွားကြည့်တာ မပါလို့ပါ၊
    ကျန်ရစ်ခဲ့တာလား ချန်ထားခဲ့တာလား မသိပါ၊

    ————

    ကိုGarfield
    ဟုတ်ကဲ့ပါ

    နည်းနည်းခြားတာ က အလုပ်များတာရယ်၊

    “ကဗျာက မဆုံးသေးဘူးလားဗျ… မပြီးနိုင်မစီးနိုင် မြင်းအီးတဘူဘူ ပေါက်သလို”…….
    ပြောတဲ့သူလဲ ရှိတာရယ်၊

    စသည်၊စသည်……

    ——————–

    အူးကြောင်းအီး

    “အချိန်မတန်သေးလို့ သားရေပင်စည်းထားတာ… လွှတ်လိုက်ရင် ဒေါင်ကနဲနေမှာ…”

    ……ရေးတာ၊

    စေတနာရှိရင် ခင်ဗျားရဲ့ “အပြော” ကို “လက်တွေ့” လုပ်ပြစမ်းပါအုန်း၊

    မန်းလေးဂေဇက်ရွာသူရွာသားတွေရဲ့အကျိုး အတွက်ပေါ့ဗျား၊

    • Min Zarni

      August 26, 2013 at 12:57 pm

      ပုံးဖာမှောက်ဆင်
      တို့လှတုန်းမြင်ပတဲ့အောင်

      ဆိုတဲ့၂ကြောင်းပဲ အလွတ်ရတော့တယ်ဗျာ..
      ဆယ်တန်းမြန်မာစာ စာအုပ် နီးစပ်သူတွေရေ လုပ်ကြပါဦး

      • garfield

        August 27, 2013 at 9:54 am

        အကျွန်တို့လယ်ကောက်စိုက်တုန်းက (ဟန်ချင်း – ကုန်းဘောင်ခေတ်)ထဲ က စာသားပါ ဂီရေ။

        အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
        လယ်တော်တွင်းက များတတွေ။
        ကိုယ်စီ- က-လို့ လှစရာ၊
        တို့မျက်နှာမှာ နံ့သာပြောက်လို့၊
        လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
        သွေးကြပါအေ့။ ။

        ပန်းထိမ်လက်ခ မပေးရ၊
        ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
        ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
        ပေရွက်လိပ်ကြီး နားတောင်းဆင်၊
        ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
        အောင်ပင်လယ် ရွာမရိုင်း၊
        တိုင်းရွှေပြည့် လက်နား။ ။

        လေးရာ့နှစ်ဆယ်၊
        အနံငယ် တိုထဘီနှင့်၊
        ဖျင်အကျႌ သစ်ခေါက်ဆိုးလို့၊
        ချုပ်ရိုးတွေ သီတတန်းမှာ၊
        သန်းကိုက်လို့ မယား။ ။

        ကျွဲခတ်သည့်ဟန်၊
        ချဗျာဆံ စုံပါးရိုက်ကို၊
        ခါလိုက်ချည့် တို့အပျိုမှာ၊
        ယဉ်နကို မူကြစို့၊
        မရိုးဖြူဆံခွေထုံးမှာ၊
        ကုံးပန်လို့ ခြားခြား။ ။

        အကျွန်တို့လယ် ကောက်စိုက်တုံးက၊
        ပြုံးလိုက်တဲ့ အကောင်ဟာရယ်၊
        သင်း-ပါရဲ့လား အေ့။ ။

        ပုံး ဖာ မှောက်ဆင်၊
        တို့-လှတုန်းကို မြင်ပတဲ့အောင်၊
        ငါးမျိုးဆင် ပုဝါပြောက်မှာ၊
        အဖာတွေ တရာလောက်ကို၊
        ဟော-မြှောက်လို့ ပြစမ်း။ … ။

        စာဆိုရှင် အမည်မသိ

        😀

    • ဦးကြောင်ကြီး

      August 27, 2013 at 9:19 am

      မိုက်ရိုင်းလှဂျီလားကွ တရုတ်သဗုံ ကြေးမုံဂျီးရ….. စစ်သားမှာ သေနတ်၊ ဘုန်းကြီးမှာ ခါးပန်းကြိုး အရေးကြီးဆုံး ဖြစ်သလို စာရေးသူအတွက် ကလောင်နာမည် အသက်ပဲကွ… ရွာထဲမှာနေရင် လူ့ယဉ်ကျေးမှု ရှိရတယ်… ဂျလေဗီလို ပြောရင်ရာပြော ဆိုဂျင်ရာဆို လုပ်လို့မရဘူး… သတ်ပုံမှားတယ်ဆိုလည်း ဒီလောက်မှ အသုံးလုံး မကြေရင် တရုတ်ပြည်ပြန်… ကူမြူနစ်ပါတီ ကေဒါသင်တန်း ထပ်တက်…
      မာမွတ်လျှာပွတ်အာစွပ်လာရွတ် အယာမရှည်လာ သဂျီးဦးခိုင်မ် ခင်ဗျား.. ဟောသည်မှာ ဝသဗုံကြေးမုံဂျီးရယ် အနော့်ကို မဟုတ်တရုတ် ပြောနေတာ အယေးရူပေးဖို့ အောက်ပါ စည်းကမ်းဂျက်များအရ ဖင်ပြပါသည်။
      6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
      9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
      11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။

    • garfield

      August 27, 2013 at 9:48 am

      အထူးသဖြင့်ရတတ်သမျှသော ‘ ဟင်းကြမ်း ’ တို့နှင့်ပင် မြန်ယှက်စွာစားသောက်ကြပုံကို ဝန်ကြီး၏ တျာချင်းတိုင်းလိုလိုတွင် တွေ့ပါသည်။ ။(http://www.lubo601.com/2012/12/blog-post_3.html)

      ‘ တောင်ဘက်ပိန်းဝင် ’ တျာချင်း

      ခါးတောင်းကျိုက်လုံး၊ ပခုံးခဲတွေ
      ချွေးတွေကလည်း စီး၊ ဒီးဒီးကျသည့်ရေ၊
      စဖိုမှာပေ၊ ချက်လေထမင်း
      မနပ်နိုင်ပြီ၊ တစီစီ
      နန်းနီသာ မီးအိုးခင်းငယ်နှင့်လေး။
      ဝမ်းလှိုင်တွင်းငယ်မှာ၊ သွတ်သွင်းမြဲပင်
      အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငပိကင်
      လှေဆိုက်တည့်လျှင်၊ ကြေးလင်နှင့်ကျင်း၊
      ရိုးရွက်ကယ်ဖူးခေါင်၊ အားပါးကိုလောင်၊
      ချဉ်ပေါင်ပူလှသည့် ဟင်းငယ်နှင့်လေး။
      တစ်ယောက်ချင်းသည်၊ ထမင်းခူးသော်
      တစ်ဆုပ်ကယ်နေ့တိုင်း၊ လမိုင်းရှိ ပူဇော်၊
      သွေးသောက်ကယ်ခေါ်၊ အဖော်ပေါင်းညှိ
      ငုံ့ကာ ငုံ့ကာ၊ ဝပ်၍သာ၊
      ဆုပ်ကာ လွေးလိုက်ဘိသည်နှင့်လေး။
      စားမိစားရာဝမ်းမှာ ကျင့်တော့သည်၊
      ပိန်းကောသူကြီးမှာ ချမ်းသာမြင့်တော့သည်။
      ~~~~~~~~~~~~~~~~~~~~~~~~~

      ‘ ထန်းသမားဘွဲ့ တျာချင်း ’

      သို့နှင့် ရောက်က၊ ခဏအောင့်လျှင်
      တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊
      ဟင်းအိုးဆူလျှင်၊ အကင်ခပ်ပြီး
      အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
      မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
      ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်၊
      ပြီးလျှင် ရေမရှာ ခွေးသာ ကျွေးတော့သည်။ ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      ‘တောင်ပိုင်တက်ဘွဲ့’ တျာချင်း

      ကင်ပလင်းဟင်း၊ ဖွတ်ခြောက်ကပ်ကာ
      မီးမှာဖုတ်သည်၊ ငရုတ်မိုးမျှော်သာ
      ကြက်သွန်မပါ၊ ဆုံမှာထောင်းမှ၊
      ထမင်းဟင်းပူ၊ ငရုတ်ဟူ
      လူလူအငွေ့ထသည်နှင့်လေး။ ။
      ရုက္ခနတ်ကိုပင် တင်ရည်ထားတော့သည်၊
      တိုးဝှေ့ သူထက်ငါ ဆုပ်ကာ စားတော့သည်။
      စားသောက်ပြီးလျှင်၊ အုံးကြီးသားရေ
      လဲလျောင်းမှီကာနေ၊
      အငွေ့ဝေဝေ၊ ဧရာ့တုတ်လောက်၊
      ကြေးလုပ်ဆူးရံ၊ ကန်တော့ခံသည်၊
      ဆေးတန်ဆူလှယ်သောက်ပါစို့လေး။ ။
      ~~~~~~~~~~~~~~~~~~~~~~~

      ‘ကုန်တင်လှေကြီးဘွဲ့ တျာချင်း ’

      စုံရာငယ်ပျော်ပါး၊ စားမှုကိုစီရင်
      အိုးသူကြီးမှာ၊ ပြည့်နီးမန်းနှင့်ပင်
      စလောင်းငယ်မြေအင်၊ ကုန်စင်ငယ်မလပ်
      ဘူးရောဖရုံ၊ ဟင်းမျိုးငယ်စုံ၊
      ငါးပုံမှာ အမဲစပ်ပါလို့လေး။
      စောင်းကာ ခပ်ပါလို့၊ မလပ်ကယ်အောင်
      လိုလိုတိုင်း၊ လိုတိုင်းကိုတဲ့ မရှောင်
      စပ်သီးငယ်ပူလောင်၊ သောင်မျှော်ငယ်တခြား၊
      စုကာပုံကာ၊ ထမင်းမှာ၊ ဝစွာဖော်အများငယ်နှင့်လေး။
      စုရုံးငယ်ပျော်ပါး၊ စား၍ပြီးလျှင်
      တစုတဝေး၊ ပျော်ရေးကိုသာဆင်၊
      ပြောဟောငယ်တိုင်ပင်၊ ပျော်ရွှင်မအား
      စိတ်ကရောက်ရာ သဘောကိုသာ
      များစွာ ပြောကြငြားသည်နှင့်လေး။ ။

      ဝန်ကြီးပဒေသရာဇာ၏ တျာချင်းတိုင်းက စားသောက်ပိုင်းဆိုင်ရာ ထုတ်နှုတ်ချက်တွေ။
      ဒီ လယ်သမား ကဗျာက ဒါ အကုန်ပဲ ထင်ပါတယ်။
      ဂီ ပြောတာ တခြား တျာချင်းထဲက ဖြစ်နိုင်ပါတယ်။
      😀

      • kai

        August 29, 2013 at 6:24 am

        ဆီပြန်… ဆီပြန်နဲ့..
        ဆီနဲ့သွေးရော လူကဖော
        ကိုလက်စရော တသိမ့်သိမ့်တက်လို့
        အဆီအဆိမ့်တွေ ကိုယ်ထဲတပြိုပြို
        အသက်နှစ်ပြန်တိုကြတဲ့မြန်မာတွေ
        ရှေးစာဆိုအရေးက ပြန်ချင့်လျှင်ဖြင့်
        အမှန်ကျူးရင့်ရမှာက
        မြန်မာမှန် ဆီပြန်မစားဘူးတဲ့လေး။ ။

        ပုံ။ ။ အမည်သိစာဆို( မပြောဘူး)

        • garfield

          August 29, 2013 at 8:28 am

          ဟိ။
          ကြည့်ရတာ ငရုတ်သီး အရမ်းစားတဲ့ လူမျိုးလိုဖြစ်နေတယ်။

          တျာချင်းက ဟင်းတိုင်း ငရုတ်သီးချည်းပဲ။

          ဒီ အမည်မပြောချင် ကဗျာလေးကို ကူးထားလိုက်တယ်။
          လိုလဲ မလိုလဲ သုံးချင်တဲ့ချိန် သုံးဖို့။

          😀

        • Inz@ghi

          August 29, 2013 at 8:44 am

          နက်ဖြင်ခါ ရုံးဆင်းရင် ငြုပ်သီးအခြောက် နဲ့ ဝက်သား ဝယ် ထား
          စနေကျတော့ ဆီနဲ့ ခပ်ခြောက်ခြောက် စင်းကော အတုံးလေးတွေ ကြော်ပြီး ဗူးနဲ့ ထည့် ဆောင်ထားမယ်
          ပဲသီး မွန်လဥ ငြုပ်ပွ ပြောင်းဖူး လေးထောင့်လေးတွေ အသင့် ရောထားပြီး ရေခဲရိုက်ထားတဲ့
          အထုပ်လေးတွေဝယ် စားခါနီးမှ ဝက်သားနဲ့ ရှလောရှလူး လေးလုပ်ပီး ကုန်းဘောင်ကြော် လုပ်စားမယ်..
          ဒါမှမဟုတ်လည်း အာလူးလေး ကာရီ နဲ့ချက် လို့ စားခါနီးမှရော …အဲ့ဂလိုလေးတွေ
          တွေးမိတာလေးတောင် ဘယ်နား ရောက်သွားတယ်မသိ…

          အနိစ္စ

        • garfield

          August 29, 2013 at 8:50 am

          စားပါအေ။
          နာ့ မောင်ဂလေးက စားရမဲ့ ခန်ဒါကိုယ်ပါ။
          နာ က ဒီ စနေကို ဂဏန်း ငရုတ်သီး စမ်းချက်မို့။
          ချီလီ တစ်ထုတ်။ ပက်ပါ တစ်ထုတ် ဝယ်ထားတယ်။
          :mrgreen:

          အသီးအနှံ တွေကို မုန့်နှစ်ကပ်ပြီး ဒီဖလိုင်း ကြော်မယ်။
          တဂျီးက ဆီစားလွန်းလို့ ပြောလို့ စားချင်စိတ်ပေါ်လာတာ။
          😀

Leave a Reply