အလင်းဆက်နှင့်…. အချစ် / အလွမ်း ….

alinsettAugust 25, 20131min43134

ဒီဘဝ မှာ ဖြင့် အချစ်ဆိုတာကို

မတွေ ့ရတော့ဘူး ထင်ထားသမျှ လွဲချော်တိမ်းစောင်းပြီး သူမ နှင့် ဆုံဖြစ်ခဲ့ပါသည် ။

အဆုံးသတ် လှမယ် မလှဘူးသေချာ မသိနိုင်သေးသော်လည်း သူမနှင့် ယခုလို တွေ ့ဆုံ တွယ်တာ ခဲ့ရရုံ အဖြစ်ကလေးကိုပဲ ကျွန်တော် ကျေနပ်လိုက်ပါသည် ။

အချစ်သည် ကျွန်တော့်အတွက်တော့ ကြယ်ရောင်မှုန်မှုန်ဖြင့်

လင်းသလိုလို ရှိသော

သာမန် ညတစ်ည သာဖြစ်ပါသည် ။

=========

ကျွန်တော့်မှာ လျှောက်ရမည့်လမ်းတွေရော

ခင်းကျင်းပေးခဲ့ရမည့် လမ်းတွေရော အများကြီးရှိနေပါသည် ။

လမ်းတွေ ပေါ်မှာ . . . . . .

လျှောက်လိ်ုက်ခင်းလိုက်ဖြင့် မအားလပ်နိုင်အောင် ဖြစ်နေသော

ကျွန်တော့်လို ယောကျာ်းတစ်ယောက်အတွက်

အချစ်ဆိုတာ ဖြစ်လာရန်ခက်ခဲသော နတ်သမီးအိပ်မက်တစ်ခုသာ ဖြစ်သည်ဟု ကျွန်တော် ထင်မှတ်ခဲ့ဖူးသည် ။

ဒါပေမယ့် အဲသည် မအားလပ်အောင် ရှုပ်ပွနေသည့်အလုပ်တွေထဲမှာ အင်တာနက် အွန်လိုင်းပေါ်မှ နေ၍ ပြုလုပ်နေရသော အလုပ်တွေ ပါဝင်နေခြင်းက သူမနှင့်ကျွန်တော် ဆုံတွေ ့ဖြစ် စေခဲ့တာဖြစ်သည် ။

သူမ က ကျွန်တော် ရေးသော အင်တာနက်ပေါ်မှ စာများ ကဗျာများကို ဖတ်မိခဲ့သူ ။

ကျွန်တော့် Mail လိပ်စာနှင့် ကျွန်တော့် ဓါတ်ပုံများကလည်း အင်တာနက်ပေါ်မှာ အလွယ်တကူရှာဖွေ လို့ ့ရနေသောအခါ

သူမ ဘက်က စတင်မိတ်ဆက်လာဖို့ ့အခြေအနေမှာ

အင်မတန်သမားရိုးကျ ဆန်သွားပါသည် ။

 

ကျွန်တော့် ဓါတ်ပုံ နှင့် ကျွန်တော့် မွေးနှစ် ကအစ ကျွန်တော့် Mail အဆုံး ဖော်ပြထားသော မဂ္ဂဇင်းလည်း ရှိပါသည် ။

အဲဒါကတော့    ရွှေအမြုတေ မဂ္ဂဇင်းဖြစ်သည် ။

 

ကျွန်တော့် Mail ကို ဆက်သွယ်လာသူ အားလုံးကို    ကျွန်တော်က လက်ခံစကားပြောပါသည် ။

တချို ့ပုဂိ္ဂုလ်များကိုတော့

ကျွန်တော်က စ ဆက်သွယ်စကားပြောပါသည် ။

 

ကျွန်တော့် ဓါတ်ပုံနှင့် အချက်အလက်များ ရွှေအမြုတေက ဖော်ပြပြီး နောက်ပိုင်း မှာတော့ သိသိသာသာ ထူးခြားမှု တစ်ခု ဖြစ်လာသည် ။

 

ထိုထူးခြားမှုသည် ကျွန်တော့်ဆီကို ဆက်သွယ်လာသော စာတိုက်မှ စာများးး အင်တာနက် Mailများ သည်

မိန်းကလေးငယ်ငယ် ဆယ်ကျော်သက် များ ဖြစ်နေခြင်း ပင် ။

 

ကျွန်တော့် ဓါတ်ပုံကို မြင်ဖူးရုံနဲ ့

အလင်းဆက်က ချောတယ် ဟု ပြောလာသည့်စကားများကို ကျွန်တော် ရင်မခုန်ပါ ။

 

ကျွန်တော် ့မှာ ကျွန်တော့်ရုပ်ရည်နှင့်ပက်သက်ပြီး ခံစားချက်မရှိပါ ။

ကျွန်တော့် ကို ကျွန်တော် မှန်ထဲမှာ ပြန်မြင်ရတိုင်း ချောတယ် ခန့်တယ်လည်း မတွေး မိ ။

သာမန် ယောကျာ်းတစ်ယောက်

သာမန် လူတစ်ယောက်၏ မျက်နှာ ထက်

ဘာမှ လည်း ပိုမထူးခြားပါ ။

ခပ်တည်တည် မှုန်ကုပ်ကုပ် နေတတ်ပြီး အရယ်အပြုံး နည်းသောကြောင့် ကျွန်တော့်ကို ကြည့်လျှင်  ကျက်သရေ မရှိ ဘူး ထင်သူများပင် ရှိနိုင်ပါသည် ။

 

((( ခက်တာက ရွှေအမြုတေမှာ ပါလာသည့်ပုံကတော့ ပုံထွက်ကောင်းသည် လို့ ဆိုရမလားမသိ တော်တော် အဆင်ပြေပြီး ကြည့်ကောင်းသွားသည် ။ မင်းသားနိုင်းနိုင်း လိုလို / အောင်ရဲလင်း လိုလို ဖြစ်နေသည် ။ နည်းနည်းလျှော့လျှော့ပေါပေါ့ပြောရလျှင် ကိုရီးယား မင်းသားဂျွန်စော နူပျိုစဉ်က ပုံလေးလိုဖြစ်နေသည် ။ )))

ထို အပေါ် ယံ အရေပြားတစ်ထောက်စာကို ကြည့်ပြီး ခင်မင်လာသူများကို ကျွန်တော် ပြန် ခင်မင်ရုံ သာမန်အနေအထားသာ ခံစားခဲ့ပါသည် ။

 

သာမန်ထက်ပိုထူးသော . . . . . အပေါ်ယံအရေပြားတစ်ထောက်စာ ခင်မင်လိုမှု ထက်ပိုသော . . . .

မိတ်ဆက်မှုတစ်ခုကို ကြုံ လိုက်ရပြီးနောက်မှာတော့ . . . . .

****************************

““  ရှင့်စာတွေ ဖတ်ဖူးတယ် ။

ရှင်က mandalaygazette မှာ စာတွေရေးတယ် မဟုတ်လား ။ ရှင့်အတွေးတော်တော်များများကို သဘောကျပြီး စောင့်ဖတ်နေတာပါ ””” ဆိုပြီး

သူ ့ကိုယ်သူမိတ်ဆက်လာသူ တစ်ယောက်ကိုတော့ . . .

ကျွန်တော် သာမန်ထက် ပို၍  အရေးထား ဆက်ဆံခဲ့ပါသည် ။

 

သူမသည် ပန်းတစ်ပွင့် ၏ အမည်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး

ကျွန်တော့်ထက် တစ်နှစ်လောက် အသက်ပိုကြီးပါသည် ။

သူမသည် စာအုပ်တော်တော်ဖတ်နိုင်သည့် မိန်းမတစ်ယောက်လည်းဖြစ်သည်။

ကျွန်တော် စာအုပ်တစ်ရာ ဖတ်ဖူးသည် ဆိုလျှင်သူမလည်း စာအုပ်တစ်ရာ ဖတ်ဖူးလိမ့်မည် ။

ကျွန်တော် စာအုပ် တစ်သောင်း ဖတ်ဖူးသည် ဆိုလျှင် သူမလည်း စာအုပ်တစ်သောင်း ဖတ်ဖူးလိမ့်မည် ။

ကျွန်တော် ပြောပြသော စာအုပ်များ ကို သူမ သိနေသည် ။   သူမပြောပြသော စာအုပ်များကိုလည်း ကျွန်တော် သိနေသောအခါ သူမနှင့်ကျွန်တော် စာပေမိတ်ဆွေများအဖြစ် ခိုင်ခိုင်မာမာဖြစ်တည်သွားသည် ။

 

သူမက ဂျူး ၏ ဝတ္ထု ဇာတ်ကောင်အမျိုးသမီးများ၏ အတွေးအခေါ် နှင့် အယူအဆ တော်တော်များများကို လက်ခံတတ်သူ ။

ကျွန်တော်က တာရာမင်းဝေ ၏ ဝတ္ထု ဇာတ်ကောင်အမျိုးသားများလို လျှို့ဝှက်နက်ရှိုင်းစွာ နားလည်ရ ခက်တတ်သူ ။

 

ကျွန်တော်တို့နှစ်ယောက် VZO မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးး စကားများစွာ ပြောဖြစ်ခဲ့ပြီးနောက်မှာ

သူမက မှတ်ချက်တစ်ခု ချခဲ့သည် ။

 

ရှင်နဲ ့ကျွန်မက ရင်ဘက်ချင်း နီးတယ် ။

*************************

ကျွန်တော် နှင့်သူမ သည် နှစ်နှစ်နီးပါး VZO  ထဲမှာသာ တွေ့ ့ဆုံစကားပြောဖြစ်ခဲ့သည် ။

 

သူမက ရန်ကုန်နှင့်အလှမ်းဝေးသော မွန်ပြည်နယ် မြို ့ကလေးတစ်မြို ့မှာ နေထိုင်သူမို ့

ရန်ကုန်ကို သိပ်မရောက်ဖြစ် ။

 

ကျွန်တော် နှင့်သူမသည် ရင်းနှီးခင်မင်မှု အတိုင်းအဆ ကြီးမား လာခဲ့သည် ။

တစ်ယောက် ၏ စိတ်ကို တစ်ယောက် သိ လာခဲ့သည် ။

အကြိုက် ချင်းး မကြိုက်တာတွေချင်း

တူညီမှု မတူညီမှုတို့ကို ညှိနှိုင်း တတ်လာသည် ။

တစ်ခါတစ်ရံ သဘောထား မတိုက်ဆိုင်သောအခါ

အခြေအတင် ပြောဆိုဆွေးနွေးကြပြီး နှစ်ယောက်စလုံး၏ သဘောထားများ အတင်းမာဆုံးအချိန်ရောက်လျှင်တော့ နှစ်ယောက်စလုံးကပင် အလျှော့ပေးဖို့ ့ပြင်ဆင်မိသည် ။

ဘယ်သူက မှ ပိုသည် မရှိ ။

ဘယ်သူကမှ လိုသည်မရှိ ။ တစ်ယောက်ကိုတစ်ယောက် ဦးစားပေးတတ်သော စ်ိတ်အခြေအနေတစ်ခုဖြင့် ပက်သက်ဆက်နွယ်မိသော ရင်းနှီးမှုတစ်ခု ကို ကျွန်တော်တို ့တည်ဆောက် ယူကြသည် ။

=================

မိုးစက်များ ကျွန်တော့်ကို စိုစွတ် အေးစက်စေသော နေ ့တစ်နေ ့မှာတော့ သူမ ရန်ကုန်ကို ရောက်လာခဲ့သည် ။

ကိုးလ တိတိ ရန်ကုန်မှာ နေပြီး သင်တန်းတစ်ခု တက်ရမည် ။

ကျွန်တော် နှင့်သူမ ပထမဆုံးအကြိမ်အဖြစ် အပြင်မှာ လူချင်းတွေ ့ဆုံဖြစ်ပါသည် ။

ထိုနေ့က မိုးတွေ ရွာသည် ။

ထီးကိုင်ရမှာ ပျင်းတတ်သော ယောကျာ်းတစ်ယောက်အဖြစ် ကျွန်တော်က သူမ၏ ထီးကလေးကို ကပ်ဆောင်းလိုက်သည် ။

ကျွန်တော် …သူမကို ထီးမိုးပေးရသော အရသာကလေးကို…ရင်ခုန်သွားသည် ။

ရန်ကုန်မြို့၏ ကားလမ်းရှုပ်ရှုပ်ကို ဖြတ်ကူးသောအခိုက်မှာ ကျွန်တော် သူမ၏ လက်ကလေးကို ဆွဲကိုင်ထားခဲ့သည် ။

ရိုးရှင်းသော လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ထဲ သူမနှင့်ကျွန်တော် စကား များစွာ ပြောဖြစ်ကြသည် ။

စာအုပ်တွေအကြောင်းး

ကျွန်တော့်ကဗျာတွေ အကြောင်း းးး

ကျွန်တော် တို့ ဖတ်ခဲ့ဖူးသော အကြိုက်တူ စာအုပ်များထဲမှ အယူအဆ အတွေးအခေါ်များအကြောင်းးး

အဲဒီနောက်မှာတော့ ကျွန်တော်တို ့

အချစ်ဆိုသော အရာ နှင့် သံယောဇဉ် ကိစ္စကို နွေးထွေးစွာ ပြောဆိုဖြစ်ကြသည် ။

ထိုညက အိမ်အပြန်သည် ရင်တခုန်ခုန်ဖြင့် ပြန်တွေးတော ငေးမောရန် အကောင်းဆုံး အိမ်ပြန်ခြင်းဖြစ်သည် ။

ထိုညက ကျွန်တော် အိပ်မပျော်ပါ ။

ညနက်လာလေလေ ပို တောက်ပလာလေလေ ဖြစ်သော လှပသည့် ကြယ်ပွင့်ကလေးများကို ငေးမော့ကြည့်ရင်း

အချစ် သီးချင်းလေးတစ်ပုဒ်ကို တိုးတိုးလေး ညည်းဖြစ်သည် ။

==================

နောက်တစ်နေ ့ ညနေခင်းမှာတော့ ကျဆိမ့်တစ်ယောက်တစ်ခွက် အတူသောက်ရင်း

အချစ်အကြောင်း ပြောဖြစ်ကြသည့်အချိန်ကလေးမှာပဲ….

ကျွန်တော် သူမကို ချစ်ကြောင်း အသိပေးလိုက်ပါတော့သည် ။

************************

သူမနှင့် ကျွန်တော်သည် အသက်နှစ်ဆယ့်ခြောက်နှစ်ခန် ့လူငယ်များပီပီ

အချစ်ဆိုတာထက် သံယောဇဉ်ဆိုတာကို ပိုယုံကြည်ကြပါသည် ။

အချစ်ဆိုတာထက်လည်း ပို နက်ရှိုင်းသော သံယောဇဉ်ကြိုးတို့ဖြင့် ………တိုးပြီး ရစ်ပတ်နှောင်တွယ် မိကြသည် ။

သူမကို ကျွန်တော်..  .  .. ကျွန်တော်ကိုယ်တိုင်  ဘာမှန်းမသဲကွဲသေးသည့် အချစ်ဆိုတာကြီးနှင့် ချစ်တာ မဟုတ်ပဲ…

သံယောဇဉ်ဆိုသည့် ကြိုးတစ်ချောင်းဖြင့်… ..တွယ်တာ  ရစ်ပတ်ခဲ့တာဖြစ်သည် ။

ကျွန်တော့်ကိုလည်း.. သူမ က  ရှင်းပြစရာ မလိုသော..နားလည်မှု  ဖြင့်.. နွေးထွေ းစွာ..လက်ခံ ခဲ့ပါသည် ။

ကျွန်တော်တို ့……  သာမန်လူငယ်နှစ်ယောက် ၏ နီးကပ်မှုမျိုးဖြင့်…. ပိုမိုနီးကပ်ခဲ့ပါသည် ။

===================

နဝဒေး ရုပ်ရှင်ရုံ …..

မြိုင်ဟေဝန်ပန်းခြံ….

အောင်ဇေယျကြိုးတံတား…

ကျိုက္ကလော့ဘုရား…..

အင်းစိန်ပန်းခြံနားက… လက်ဖက်ရည်ဆိုင်ကလေးများ….

 

ထို နေရာ များသည်..ကျွန်တော်နှင့် သူမ.. အကြောင်း..တစ်စုံတစ်ယောက်က ပြန်ပြောပြလျှင် မပါမဖြစ်..

အမြဲပါနေရမည့် နေရာများဖြစ်သည် ။

ကျွန်တော် ..သူမကို… ယောက်ျားတစ်ယောက် ၏ ဆန္ဒစိတ်အထွေထွေဖြင့်.. ပြင်းပြင်းပြပြ လိုအပ်ခဲ့ဖူးသည် ။

သူမသည်လည်း..မိန်းမတစ်ယောက် ၏  ယုယကြင်နာ တတ်ခြင်းနှင့်..ကျွန်တော့်ကို.. ကြင်နာပေးခဲ့သည် ။

ကျွန်တော်.. စိတ်ညစ်နေချိန် တစ်ခုမှာဆိုလျှင်….

ကျွန်တော် ဘီယာ ထိုင်သောက်နေခိုက်……..

………………………………………………..-

=========================================

တစ်ရက်မှာတော့.. သူမနှင့်ကျွန်တော်.. အနာဂတ်အကြောင်းကို ဆွေးနွေးဖြစ်ကြပါသည် ။

သူမသည်.. ရန်ကုန်ကို ကိုးလ တိတိ  ရောက်ရှ်ိခဲ့ပြီးနောက်မှာ….

ဘယ်ဆီဘယ်ဝယ် မသိနို်င်သေးသော..နယ်မြို့တစ်ခုခုကို   တာဝန်ကျမည့် အစိုးရဝန်ထမ်း အလုပ်ကို   ရည်ရွယ်ထားသူ..။

ကျွန်တော် ရှိနေမည့်.. ရန်ကုန်မြို ့မှာ တာဝန်ကျဖို ့ဆိုသည်မှာ… မဖြစ်နိုင်သော မျှော်လင့်ချက် တစ်ခု လို..ခပ်ရေးရေးကလေးသာ အခြေအနေရှိသည် ။

သူမ ၏ နယ်မြို့ကလေး ကိုပင်… သူမ တာဝန် ကျဖို ့ဆိုသည်မှာ.. မသေချာ.. မရေရာ..။

ကျရာနေရာကို သွားဖို ့.. အသင့်ဖြစ်ေသော စိတ်ဖြင့်.. သူမက     ပြင်ဆင်ထားပြီးသား ဖြစ်သည် ။

အဲသည်..ကိုးလဆိုသော အချိန်က  မကြာခင်ကလေးမှာပဲ   ပြည့်တော့မည် ။

သူမ  ရန်ကုန်မှ … ဝေးးသွားသော အခါ..ကျွန်တော်.. …ဘယ်လို ကျန်ရစ်ခဲ့မလဲ…။

သူမ ရှိရာကို လိုက်သွား  ရမည်လား..။

ကျျွန်တော် ရှ်ိရာကို.သူမ လာခဲ့မည်လား..။

တကယ်တော့…..  အနေဝေးဖို ့..မတွေး ရဲတော့သော. …   တွယ်တာမှု မျျိုးဖြင့်..သူမ ကို ကျွန်တော်က   ( ကျွန်တော့်ကို လည်း..သူမက ) တွယ်တာနေခဲ့ပြီ မဟုတ်လား။

တကယ်တမ်း… ဝေးသွားသော အခါ..ဘယ်လို  ရှေ့ဆက်ကြမလဲ.. ။

ကျွန်တော်…. မွန်းကျပ်လာသော အခါ…

အဲဒီ အလုပ်ကို… မလုပ်လို ့မရဘူးလား… ဟုပင်  မေးမိသည် ။

ဒီအလုပ်ကလွဲရင်.. တခြား အလုပ်တွေ အများကြီးပါကွာ.. ဟု….

သူ လျှောက်မည့်လမ်းကို.. ခြေထိုးခံသလို စကားမျိုး.ပြောမိပါသည်  ။

သူမကတော့…..

အနာဂတ်ကို.. မတွေး ရဲ လို ့…  တမင်ကိုမေ့ထားပြီးနေရကြောင်းသာ….. ပြန်ပြောနိုင်ပြီး…

သူမသည်လည်း..တွေဝေ….နေခဲ့ပါသည် ။

သံယောဇဉ်သည်.. လူငယ်နှစ်ယောက် ၏  စိတ်နှလုံးတို ့ကို  ကောင်းကောင်း ထိန်းချုပ် ခိုင်းစေနေလေပြီ ။

==============================

((( လွန်ခဲ့သော တစ်ပတ်လောက်က .. ကျွန်တော်နှင့်သူမ  ဘာမှ မပြောပလောက်သော အကြောင်းအရာကလေးကို အကြောင်းပြုပြီး..

စိတ်အခန့်မသင့်ဖြစ်ခဲ့ကြသည် ။    အောင်ဇေယျ ကြိုးတံတာေးပါ် လမ်းလျှောက်ပြီး.. တွေ ့ဆုံဖြစ်သော ညနေခင်းမှာဖြစ်သည် ။

ထိုညနေက  ကျွန်တော်  သူမကို.. ဘာစကားတစ်ခွန်းမှ မပြောတော့ပဲ.. တိတ်တိတ်ဆိတ်ဆိတ်  လမ်းလျှောက်နေခဲ့သည်  ။

တိတ်ဆိတ်သော အနေအထားသည် ကျွန်တော်တို ့နှစ်ယောက် အတွက်..  တော်တော်  ထူးခြားသော အနေအထားဖြစ်သည် ။

အဲသည်လောက် တိတ်ဆိတ်မှုမျိုးဖြင့်.. တစ်ခါမျှ  အေးစက်မနေခဲ့ဖူးပါ ။

ထိုညနေမှာတော့.. ကျွန်တော့် မှာ..ဘာမှ ပြောစရာ စကားလု့းမရှ်ိခဲ့ ။ ပြောစရာ စကားလုံး ရှိသော်လည်း.. မပြောမိအောင်နေခဲ့သည် ။

အိမ်အပြန်လမ်းသည်..ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်လျက်…  ကျွန်တော်ပင်.. တုန်လှုပ်လာခဲ့သည် ။

သူမက…ပထမတော့..  ..  ဘာမှ  မဖြစ်သလို  လျှောက်လာခဲ့သောလည်း..သူမနေထို်ုင် ရာ အဆောင်…လမ်းကလေးထဲ ချိုးဝင်လိုက်သော အချိန်မှာတော့..

သူမက ဤ အခြေအနေကို သည်းမခံနိုင်လောက်အောင်.. ပေါက်ကွဲတော့သည် ။

တိတ်ဆိတ်ခြင်းကို… ဖန်တီးခဲ့တဲ ့ အတွက်.နှစ်ဦးလုံးမှာ… အပြစ်ရှိသလိုလို ဖြစ်လာသည် ။

ခဏတာလေး… တိတ်ဆိတ်ငြိ်မ်သက်  ..ခံစားမှု ကို ဖုံးကွယ် ထားဖို ့ပင်….. မလွယ်ကူနိုင်ခဲ့သော..သူမနှင့်..ကျွန်တော်….

မကြာခင်… … ဝေးကွာ လျက်…. ….   တိတ်ဆိ်တ် ငြိမ်သက်နေကြရတော့မည် ။ )))))

 

=======================================

 

ကျွန်တော်တို ့ နှစ်ယောက် ၏ အချစ်ရေး..အနာဂတ်သည်… ကြောက်မက်ဖွယ်ရာ  အိပ်မက်ဆိုးတစ်ခုလို .. ….

စောင့်နေပြီ ။

လူဆိုတာ…လင်းဝေ စိမ်းမြတဲ့  ပန်းည များစွာထက်..သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…ဆိုသော..စကားလုံးကလေးကို…

သတိရသွားသည် ။

တာရာမင်းဝေ ၏ စာအုပ် တစ်အုပ်ထဲမှာ.ဖတ်ခဲ့ရတုန်းကတော့… ဒီလောက်လေးလေးနက်နက် မခံစားခဲ့ ရ ။

အခုအချိန်မှာတော့…..

ကျွန်တော်……  သူမနှင့် ပျော်ရွှင်ကြည်နူးခဲ့သော အချိန်ကလေးများကို..

သတိရတာထက်….

သူမကို လွမ်းနေရမည့်.. အလွမ်းည များကို…  ခါးခါးတူးတူး ခံစားနာကျင်နေရတော့မှာက  ပိုနေတော့မှာကို….

သိလိုက်ပါပြီ ။

အင်းလေ……………….

ဘယ်တတ်နိုင်မလဲနော်…။

အချစ် ကို  … ထိတို ့ကြည့်လိုက်ပြီ..ဆိုကတည်းက…..

ဒါက စိတ်ကိစ္စ ဖြစ်သွားပြီ ။

ဆေးသောက်လို ့ပျောက်တဲ ့ ကိစ္စ မဟုတ်ဘူး ။

သံယောဇဉ်ကိစ္စ……

=================================

ကျွန်တော်.. သူမကို   ရဲရဲ ဝံ့ဝံ့ ချစ်ခဲ့ခြင်းဖြစ်သည် ။

အချစ်ဆိုတာ…ကျွန်တော့်အတွက်..  မီးခိုးငွေ့တွေလို ဝေဝေဝါးဝါး  ဖြစ်နေပါစေဦး..ကျွန်တော်ကတော့.. သတိ္တကို အရင်းတည် ၍ ချစ်ခဲ့ပြီ ။

အချစ်ကို..ရွေးချယ် ခဲ့င်္ပြီး မှတော့.. အချစ်ဆီ ကရလာမည့် ရလဒ်မှန်သမျှကို..လက်ခံနိုင်ဖို ့.. အင်အားတစ်ခုတော့..ကျွန်တော် မွေးမြူထားနိုင်ရပါလိမ့်မည် ။

သတ္တိမရှိလျှင် မချစ်နဲ ့ ။

 

=================================

ဟင်းးးးးးးးးးးးးးးးးးးးး

 

ချစ်ရဲခဲ့မှတော့….

လွမ်းရဲဖို ့လည်း… လိုပါတယ်လေ……။

=================================

=================================

 

လေးစားစွာ…..

 

အလင်းဆက်

 

 

 

 

 

 

34 comments

  • Min Zarni

    August 26, 2013 at 7:03 am

    အချစ်ဆိုသည်မှာ ..
    (ဆက်ဆိုဗျာ)

    😛

    • အလင်းဆက်

      August 26, 2013 at 7:20 am

      အံ့ဩမှုများနဲ့ ဆန်းကြယ်သော အရာ

      အချစ်ဆိုသည်မှာ . . . . . .
      (ဆက်ဆိုမယ့်သူ ရှိလား )

      :kwi:

      • Min Zarni

        August 26, 2013 at 7:57 am

        ကိုယ်ပေးသော်လည်း… ပေးတိုင်းပြန်မရတာ…-လို့ခေါ်သလား …

        • အလင်းဆက်

          August 26, 2013 at 11:33 am

          ထူးအယ်လင်းရဲ ့
          ဒီသချင်းကတော့
          အခုတလော မကြာခဏ နားထောင်ဖြစ်နေပါတယ်
          🙂

  • surmi

    August 26, 2013 at 7:40 am

    အချစ်​ဆိုတာ ××× ပူ​လောင်​တဲ့ ..မီး​တောက်​ငယ်​တစ်​ခု …. 🙂
    ကဲ … ​မောင်​ဂီလို​ပြောမယ်​ ဆက်​ဆိုကွာ 🙂

    • garfield

      August 26, 2013 at 9:00 am

      ဘယ်သူ မပြု မိမိမှု
      စဉ်းစားကြည့်ပါ ခု။
      မေတ္တာဟာ အေးမြတဲ့ စမ်းချောင်း ငယ် တစ်ခု
      ၅၂၈ ထက်ပိုရင် ငိုပွဲတွေ စု။

      သံယောဇဉ် ဆိုတာကရော
      ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ် တစ်ခု။

      (ဆာဆာ့ ရဲ့ သီချင်းကို ဆက်ဆိုသွားသည်။)
      😀

      • အလင်းဆက်

        August 26, 2013 at 11:29 am

        အိုက်ဒိ သချင်းကို သားသား ကြိုက်တယ်
        မမဇာ

        🙂

        ========

        သူမ ရဲ့ နာမည်က ဇဘယ် ပန်းကလေး ရဲ့နာမည်ပါ

        ဦးမာဃ မသိစေနဲ ့ဗျို ့
        🙂

        🙂

  • ငေးလ

    August 26, 2013 at 8:12 am

    အချစ် ဆိုတာ ဘဝ ကို ဖန်ဆင်း တတ်သလို့
    အချစ် ဆိုတာ ဘဝ ကို ဖျတ်ဆီး တတ်တယ့်
    သာယာမှု နဲ့ စိတ်ကြေကွဲမှု ဝမ်းနဲမှု ပျော်ရွှင်မှု တွေ ရောပြွန်းနှိပ်ဆက် ဘဝ တစ်သက် ဖူလုံစေ့

    • အလင်းဆက်

      August 26, 2013 at 11:32 am

      အဲဒိ သချင်းလေးကို နားထောင်ဖူးပါတယ် ညလေးရေ
      တော်တော် နားထောင်ကောင်းပါတယ်
      ဝိုင်းစု ထင်တယ် ဆိုတာက

      🙂

  • ဦးကြောင်ကြီး

    August 26, 2013 at 8:32 am

    ခြစ်ရဲလွမ်းရဲ
    မန်းရဲဖမ်းဆွဲ
    ကြမ်းဖြဲတန်းထဲ
    ဝမ်းနည်းငန်းဘဲ..

  • garfield

    August 26, 2013 at 8:56 am

    ကောင်မလေး နာမည်က စံပယ် တဲ့လားးးး 😀

    အချစ်မှာ နားလည်မှုခြင်း ညီမှ သက်တမ်းရှည်တယ်။
    စိတ်ခံစားချက်ကို အလျှော့အတင်း ထိန်းချုပ်နိုင်တဲ့သူက နားလည်ပေးနိုင်မှုစွမ်း ပိုမြင့်တယ်။

    စေတနာများများ၊ လောဘ နည်းနည်း၊ နားလည်မှု ပြည့်ပြည့်လေးနဲ့ ချစ်ကြည့်။

    ဒါတောင် ဘက်မညီရင် သိပ်စိတ်ချမ်းသာနိုင်မှာမဟုတ်ဘူးးး

    အလက်ဆင်းကို စိတ်ဆိုးဘူးနော်။
    😀

    • Crystalline

      August 26, 2013 at 11:13 am

      နာ့မမကြီးလည်းအထုမှ သက်ပြင်းချရဲတော့တယ်.. :kwi:

      • garfield

        August 26, 2013 at 11:18 am

        ဘယ်သူ့ စိတ် ဘယ်လို ရှိတယ် ဆိုတာ သိပြီးသားပါလေ။

        မသိပဲ အလိုက်ကမ်းဆိုးမသိ ပြောချင်တဲ့ သူမျိုးတွေကိုပဲ တောက်ညင်ကတ်တာပါ။ 😀

        • Mr. MarGa

          August 26, 2013 at 8:06 pm

          ညတ်ချွာဖျား……
          လက်နက်ကြီးသံတွေကြားတယ်
          သိကြားမင်း ကျောက်ဖျာ တင်းလာပြီ…..

        • အလင်းဆက်

          August 27, 2013 at 2:39 pm

          သကြားမင်းး..ကျောက်ဖျာ.. တင်းရင်.. ရွှံ ့ဖျာ..ပေါ် ပြောင်းထိုင်…

          အဟိ ။
          နောက်ထာ..။

  • မဟာရာဇာ အံစာတုံး

    August 26, 2013 at 11:19 am

    ချစ်ပီးမှဒေါ့
    တို့နောက်ဆုတ်ဖို့ လွယ်ဒေါ့ဝူးကွယ် … တူနှယ့်နှယ် ..
    နင့်ဟာ ဖတ်ပီး
    ဒီသချင်း ဒဒိရတွားလို့ …

    • အလင်းဆက်

      August 26, 2013 at 11:24 am

      ကိုယ့်အကြောင်းကို
      အချစ်ဝစ်ထုလိုလေး ရေးကြည့်မိပါတယ်
      သီချင်းလေးတွေ စုစည်းရာ ဖြစ်သွားပါပေါ့

      အံစာ စတိုင်နဲ့ပြောလိုက်ဦးမယ်
      သာဒု သာဒု

      🙂

  • မောင်ဘလိူင်

    August 26, 2013 at 1:38 pm

    ဝေးသွားတဲ့အခါ…. နှလုံးသားမှာ.. အမြဲတမ်းသတိရနော်.. ကြင်နာခဲ့
    ဘူးတဲ့အချိန်အခါများ.. ပြန်လည်ကာ ရယူဖို့ မဖြစ်နိုင်တော့တဲ့အခါ ..
    ရင်ထဲမှာ.. ပြန်တမ်းတ.. မြင်ယောင်လိုက်ပါ.. ရင်ခုန်သံ နွေးထွေးစွာ
    မှေးအိပ်မပျော်တဲ့ မေ့စက်ရာထက်မှာ….

    • အလင်းဆက်

      August 26, 2013 at 5:39 pm

      ကိုဘလှိုင်ရေ

      အဲဒိ စာသားတွေနဲ့
      ကိုထူးအိမ်သင် ရဲ့ အသံချိုချိုရှရှ ကို
      ပြန်ကြားယောင်မိသွားဘီဗျာ

  • ကိုရင်စည်သူ

    August 26, 2013 at 2:37 pm

    အချစ်ဝတ်ထုရေးတဲ့ ဆာယေးဆြာ ကိုယ်တော်ချောဒွေ…
    စော်ကြည်တယ်ဆိုတာ.. ကိုရင်အလက်ဆင်း ရေးပြမှ…
    ပိုပီးလက်ခံတွားပါပီဂျာ…. :mrgreen:

    • Min Zarni

      August 26, 2013 at 2:42 pm

      ဗေဒင်ဟောတတ်တဲ့ဆြာတွေ စွံတာလည်း ကိုယ်တွေ့ဗျ…
      သင်္ဘောသီး ဖြစ်နေတော့လည်း တော်ကီက လန်းတာကလား..။
      ကျုပ်တို့များ ယဲဇားလေးတယောက်ကို ဖြစ်ဖြစ်မည် ပိုးရတာ..။
      ဟိုလှိုဏ်ခေါင်းဆြာလိုလည်း အပြောလေးက မညက်တော့..။

    • အလင်းဆက်

      August 26, 2013 at 5:38 pm

      ကိုရင်စည် ရယ်
      ကျွန်တော်က ဆော်မကြည်ပါဘူးဂျာ
      :kwi:
      အချစ်ရေးနဲ့ပက်သက်ရင်
      အလွဲအချော်တွေ များတဲ့ လူသားပါ

      ဝမ်းနည်းးးထာ
      🙂

  • lele kyi

    August 26, 2013 at 4:04 pm

    အချစ်ဟာ ခါးးးးခါးးးး။ ကိုအငဲပြောတာပါ။
    ကျမ တော့ ဆလင်းဒီယွန်ရဲ့ “because u love me” ကို ကြိုက်တယ်။ 😀

    • အလင်းဆက်

      August 26, 2013 at 5:36 pm

      ကျွန်တော်တော့ အငဲကြီးဆိုတာတွေ ခံစားလို့မရ
      🙂

      because u love me ကိုတော့ ခံစားလို့ရတယ်
      သီချင်းနားထောင်ရင် ဘီယာလေား ရီဝေဝေ အရှိန်နဲ့ နားထောင်ရတာကို
      ပိုကြိုက်တယ်
      ပို ခံစားလို့ကောင်းလာသလား ထင်မိတယ်

  • Mr. MarGa

    August 26, 2013 at 8:03 pm

    အို…ချစ်သော စံပါယ် ရယ်
    စပယ့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ စပယ်ကလွဲလို့ တစ်ရွာလုံး သိပါသကွယ်
    စပယ့်ကို ချစ်တာမှ လေ
    ချစ်ချစ် ချစ်ချစ်နဲ့တောင် မြည်နေတယ် သိလား
    ဟို အလက်ဆင်း
    အူကြောင်ကြောင် လုပ်မနေနဲ့
    လွမ်းမနေနဲ့ ဆွေးမနေနဲ့ ငေးမနေနဲ့
    လာဟဲ့ လာဟဲ့
    သွားပြီး တစ်ခွက်လောက် မော့ရအောင် :mrgreen:

    • အလင်းဆက်

      August 27, 2013 at 2:41 pm

      ဘာာာာာ
      စံပယ့်ကို ချစ်တာ.. စံပယ်က လွဲရင်. တစ်ရွာလုံးသိတယ် ..ဟုတ်လား

      နာ ့ရဲ ့ သနပ်ခါးလိမ်းထားတဲ့ပန်းကလေးလည်း.. သိပါတယ် ဟ။
      သိလို ့.. နာ ့ကိုတောင် အာဘွား.ပေးပြီးပြီ် ။

      အဟိ ။

      အရသာ ရှိထာ…။
      :kwi:

      တစ်ခွက်လောက် မော့ရအောင် ဆိ်ုတဲ့ စကားတော့. အကြိုက်ဆုံးပဲ.. ဟ။

      🙂

  • ဝင့်ပြုံးမြင့်

    August 27, 2013 at 1:12 am

    အပေါ်က မန့်တဲ့လူတွေအားလုံး လျှောက်ဖြီးနေတယ်လို့ပဲ ထင်တယ်။ ဘယ်သူမှ အချစ်အကြောင်းမသိဘဲ လျှောက်ဖြီးနေတာ။ အလက်ဇင်း အဆိုးဆုံး။ (အဲဒါကြောင့် လူပျိုကြီးဖြစ်နေတာ)
    အချစ်စစ်ထက် တန်ကြေးကြီးတဲ့အရာ ဘာမှမရှိ။ အချစ်စစ်စစ်ဟာ ရှားပါးလွန်းတော့ လူနည်းနည်းလေးပဲ တွေ့ကြုံနိုင်တယ်။ တန်ဖိုးထားခွင့် ရနိုင်တယ်။ တန်တဲ့လူပဲ ရတယ်လို့ ပြောတာပါ။

    • အလင်းဆက်

      August 27, 2013 at 2:38 pm

      တိန်….
      အစ်မ ဝင့်ပြုံးမြင့်ကတော့.. ပြောအားရှိ်မှာပေါ့ ..။
      တူဂ…
      အချစ်စစ်နဲ ့..တွေ ့ထားတာကိုးးး

      လူပြိုကြီး… စာရင်းထဲ.. သားသားကို.သွင်းထားပြီလား. အစ်မရယ်..။

      :kwi:

  • အရီးခင်

    August 27, 2013 at 3:16 pm

    ပါးစပ်ပိတ်ပြီး ဖတ် သွားသဟေ့။
    သူများ အတည်ခံစားနေရတာ ဝင်နှောက် မိမှာစိုးလို့။ 😉

    ဒါထက်
    တစ်ချိန်မှာ လွမ်းခဲ့တယ် ဆိုတာ နောက်တစ်ချိန်မှာ ရီစရာ ဖြစ်သွားတတ်တာ ဆိုတာ မမေ့နဲ့။
    😛

    • အလင်းဆက်

      August 27, 2013 at 3:45 pm

      အရီးရေ….
      အလွမ်းဆိုတာ… နောင်တစ်ချိန်မှာ..ရီစရာဖြစ်သွားတတ်တယ်..ဆိုတဲ ့ စကားကြောင့်…
      ရင် နည်းနည်းပေါ့ သွားတယ်။

      🙂

  • Min Zarni

    August 28, 2013 at 9:15 am

    အတော် သတ္တိကောင်းတဲ့ မိန်းကလေးဗျာ..
    ကျော်ဆို နာမည်ကြီး ကြည့်ပြီး မခြစ်ရဲဘာဘူး
    ဘာတဲ့ ..(မိုး) အလင်းsex (မယ်) တဲ့ …
    ငိငိ..အတော် စိတ်ကြီးတဲ့လူ

Leave a Reply