ပရီးမီးယားလိဂ် နန်းလုပွဲ အကြို (၂၀၁၃-၂၀၁၄)

====================================

ဘယ်သူတွေ ဘယ်လောက်ဖြုန်းဖြုန်း
အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို
မဲပြာပုဆိုးလို ဖြစ်စေခဲ့သူတွေကပဲ
သရဲနီဟန်ပန် နဲ့
တပွဲစီမှန်မှန် ချီတက်မှာလား။
ဒါမှမဟုတ်…
ချီလီသား အင်ဂျင်နီယာရဲ့
အညှိုးအနာတထောင်နဲ့
မိုးပြာရောင်တွေကများ
ဂိုးဆာလောင်နေကြမလား။
ဘောလုံးရာသီ မစသေးပေမဲ့
မော်ရင်ဟိုကို မြင်ရုံနဲ့
ပျော်ချင်သလိုလို ရင်ခုန်ခဲ့ပြီ။
မယိုင်မလဲ ခြင်္သေ့ပြာများ
နိုင်ပွဲ အစဉ်တွေ့မှာလား။
ဝယ်ပါတော့ကွယ်…
ဖလားလက်မဲ့ဘဝနဲ့
တအားရှက်ခဲ့ရတာ များပြီမို့
အမြောက်တပ်သား အာဆင်နယ် တွေကို
တခေါက်ထပ်မမှားဖို့ မှာချင်တယ်။
စပါးဆိုတဲ့ ဖျက်မြင်း၊
ဘေးလ်း ဆက်မနေရင်လည်း အသက်ပြင်းပါစေ။
ဆော်လဒ်ဒိုးရဲ့ ခြေစွမ်းနဲ့
ပြိုင်ဘက်တွေကို မြွေဖမ်းပြီး
ဝှိုက်ဟတ်လိန်းမှာ
လိုက်အမှတ်သိမ်းနိုင်ပါစေ။
မသွားပါနဲ့ ဆွာရက်ဇ်ရေ
ပြီးတော့
လူမျိုးရေးလိုလို ခွဲခြားပြီးလည်း မမိုက်နဲ့တော့
လူဆိုးလေးလိုလို ပဲများပြီးလည်း မကိုက်နဲ့တော့။
တကယ်က
မင်းဆက်ရှိနေမယ် ဆိုရင်
ကြိုးကြာနီတို့ အတွက်က
ဂိုးကဗျာသီဖို့ မခက်လှဘူး။
ကောင်းကင်ကို (၈.၈.၂၀၁၃)
====================================
ဒီကဗျာလေး ကြိုက်လို့မို့ ပြန်ရှဲဒါဘာ …။
ခွင့်ပုဂျက်လည်း တောင်းဘီးဒါးဘာ …။
ကျုပ်ကတော့ တတိယ အပိုဒ်ပါ …
လောလောဆယ်မှာတော့ ခြေစွမ်းရိုင်တန် ကို မှန်းလို့ မရလောက်သေးဘာဘူး …
ဇန်နဝါရီလောက်ဆိုရင်ဒေါ့ ပိုပီး ခန့်မှန်းလို့ ကောင်းနိုင်လောက်ပါရဲ့ …
ဒါဘာဗျဲစ် …
====================================

6 comments

  • Min Zarni

    August 26, 2013 at 11:43 am

    မန် ရှစ်တီး နဲ့ အာကြီးတော့ ၁ပွဲစီ နားကားပီးသွားပြီ
    နောက်တပါတ် လဘာဂျာပူး ကားမလားမသိ..
    အချိန်တန်တော့လည်း ယူနိုက်တက်နဲ့ ချယ်ဆီးပဲ လုရမှာပါဗျာ..။

  • Zaw Thant

    August 26, 2013 at 12:52 pm

    .. အင်း.. ဒီ ပရီးမီးယားလိဂ် ကြည့်ချင်တာကြောင့် Sky Net ကို အမြင်ကပ်ပေမယ့် ၃ လ အလျော့ ပေးလိုက်ရပြီ.. ဟင်းးး

  • Mr. MarGa

    August 26, 2013 at 5:49 pm

    ဘယ်သူတွေ ဘာပြောပြော
    ဘယ်အချိန်မှာ ဘယ်လိုပဲ ဖြစ်နေနေ
    ကျုပ်တို့ သရဲနီတွေကတော့ ဘယ်တော့မှ ဦးမညွတ်ဘူး ဗျ
    ဘယ်ဘက်မှလဲ မယိမ်းဘူး
    ရှုံးရှုံး နိုင်နိုင်
    သရဲနီစိတ်ဓာတ် အပြည့်ပဲ
    ငိငိ

  • အလင်းဆက်

    August 26, 2013 at 5:53 pm

    သားသားကတော့
    ဘောလုံးအကြောင်းဆို
    နားကို မလည်
    သို့သော်
    နားလည်ဖို ့ကြိုးစစားရင်း
    ဖတ်ချု လေ့လာတွားဘာဒယ်

    :kwi:

  • surmi

    August 26, 2013 at 6:59 pm

    ချဲလ်​ဆီး မှ ချဲလ်​ဆီးးးးးး
    ​ငွေလိုရင်​ ​မောင်​ရင်​ကို ငိုခိုင်​းလိုက်​ 🙂
    လမ်​းပတ်​ ၁ဂိုး သွင်​းမယ်​
    မန်​ယူက​တော့ အနူ​ခြေစွမ်​းပြလိမ်​့မယ်​
    ဆာအဲလက်​ မဟုတ်​လို့ မယုံ​သေးဘူးးးးး

  • kyeemite

    August 27, 2013 at 11:33 am

    သားသားလည်း
    ဘောလုံးအကြောင်းဆို
    နားကို မလည်…ဒါကြောင့် မမန့်တောဝူးကွာ 😀

Leave a Reply