“ပယ်စေသင့်၏မသင့်၏ လက်ခံကောင်း၏မကောင်း၏”

 

IMG_2875 [640x480]

“ပယ်စေသင့်၏မသင့်၏ လက်ခံကောင်း၏မကောင်း၏”

ပြီးခဲ့လပိုင်းက မန္တလေးမှာ မိန်းမလျာ တွေကရဲတွေဖမ်း တဲ့ကိစ္စက

အတော်လေးကိုလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

အရှေ့ကျုံးဒေါင့် ဆီဒိုးနားဟိုတယ်နဲ့မျက်နှာချင်းဆိုင်မှာ ညညသောင်းကျန်းနေတဲ့

မိန်းမလျာတွေကို ဖမ်းပြီး မိဘတွေလက်ကိုအပ်ခံဝန်ချုပ်တွေလုပ်ခိုင်းပါတယ်။

အချို့မိဘတွေက ကိုယ်မွေးထားတဲ့ သား ဒီဘဝရောက်နေတယ်ဆိုတာ မသိပါဘူးတဲ့

အံ့ဩစရာ။

ဒါကတော့ မန်းလေးမှာပထမဆုံးအကြိမ်လို့တောင်ပြောရင်ရပါတယ်။

အဲဒီအခါမှာ မိန်းမလျာ လို့ခေါ်တဲ့ လိင်တူချစ်သူတွေကလဲ

လာဖမ်းတဲ့ ရဲတွေကလူ့အခွင့်အရေး ချုးိဖောက်တယ်

သူတို့ကို မဖွယ်မရာလုပ်တယ် အရှက်တကွဲဖြစ်အောင်လုပ်တယ်ဆိုပြီး

တရားစွဲမယ် ဥပဒေဘောင်အတွင်းကပြောမယ်ဆိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ကြပါတယ်။

လိင်တူချစ်သူများက မကျေမနပ်ဖြစ်နေပေမယ့် လူအများစု ကတော့ ဒီလိုဖမ်းတာကို

သဘောတူကြပါတယ်။

အဲဒီမှာလာလာ ကဲကြတဲ့  မိန်းမလျာ တွေသောင်းကျန်းတာကို စိတ်ကုန်နေကြလို့ပါ။

သူတို့အထဲမှာလမ်းသွားလမ်းလာတွေကို အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်

ကဲကဲသဲသဲနဲ့ သောင်းကျန်းတဲ့သူတွေလဲပါတာကိုး။

မန်းလေးဆိုတာ ဒီလိုလူတန်းစားတွေကို ဘာမှသိပ်အရေးမစိုက်ဘဲ

ပေလာယျကံပြုထားတဲ့ မြို့လဲဖြစ်ပါတယ်။

ဟိုးအရင်က ကျုံးနံဘေးမှာရှိတဲ့ မန်းသီတာဥယျာဉ်ရယ် တောင်ဘက်ကျုံးလမ်းရယ်က

ညအချိန်ဆိုရင် မိန်းမလျာတွေ ကြီးစိုးတဲ့နယ်မြေပါဘဲ။

မာကျူရီမီးရောင်က မလင်းတလင်း၊

ကျုံးနံဘေးက ရေတမာပင်တွေနဲ့ကုက္ကိုပင်အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့

အမှောင်ကို အကာအကွယ်ယူပြီး လာသမျှလူကို အီစီကလီလိုက်လုပ်ကြတော့တာပါဘဲ။

သူတို့တစ်တွေက အုပ်စုဖွဲ့ပြီး နေကြတော့ လူကောင်းသူကောင်းတွေက သူတို့ကိုရှောင်ကြပါတယ်။

နောက်တော့ ခပ်ကြမ်းကြမ်းအုပ်ချုပ်ခဲ့တဲ့ကာလများမှာတော့ အတော်လေးငြိမ်သွားပြီး

၂၀၀ဝခုနှစ်ရဲ့ အင်္ဂလိပ်နှစ်သစ်ကူးညမှာ အရှေ့ကျုံးဒေါင့်မှာ နှစ်သစ်ကူးပွဲဆင်နွဲရာကနေစပြီး

တစ တစနဲ့ သူတို့ကြီးစိုးတဲ့နယ်မြေဖြစ်သွားခဲ့တာပါ။

ဒီတစ်ခါမှာတော့ သောင်းကျန်းနေတဲ့လူတစ်စုကိုဖမ်းလိုက်တာကနေစပြီး

လိင်တူချစ်သူများဘက်က သတင်းစာရှင်းလင်းပွဲတွေလုပ်ကြ

ကန့်ကွက်ကြ နဲ့ အတော်လေးကို တက်တက်ကြွကြွပါဘဲ။

မန်းလေးမြို့မှာဖြစ်လိုက်တာလေးက တပြည်လုံးအတိုင်းအတာထိကိုသက်ရောက်သွားသလိုပါဘဲ။

တကယ်တော့လဲ မန်းလေးဆိုတာ ဒီလိုလူတန်းစားတွေကို ခွင့်လွှတ်ထားတဲ့မြို့ဆိုလဲမမှားခဲ့ပြန်ပါဘူး။

မြန်မာပြည်ရဲ့အထင်က ရနတ်ပွဲဆိုတာ မန္တလေးအနီးတစ်ဝို်က်က

တောင်ပြုံးနဲ့ရတနာဂူဘဲရှိပါတယ်။

နတ်ပွဲကာလရောက်ပြီဆိုတာနဲ့  နတ်ကတော်အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုကြတဲ့

မာမီကြီးတွေ မာမီလေးတွေမာမီပိစိကွေးတွေ လက်သင်မျိုးဆက်သစ်ကလေးတွေ

အစရှိတဲ့မြန်မာတစ်ပြည်လုံးက ဒီလိုလူတန်းစား အယုတ်အလတ်အမြတ်မရွေး မန်းလေးကိုအုံလိုက်ကျင်းလိုက်ဆင်းလာတတ်ပါတယ်.။

ဒါကြောင့်လဲ မန်းလေးကိုဒီအချိန်လောက်သာ အလည်လာဘူးတဲ့သူက  အခြောက်မြို့တော်လို့

ပုဏ္ဏားဆင်စမ်းသလို ရမ်းသမ်းပြီးပြောခဲ့ဘူးပါတယ်။

 

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ယောကျာ်းလေးကနေ မိန်းမစိတ်ပေါက်လို့ မိန်းမလို ဝတ်စားလို့နေသူများကို

မိန်းမရှာ မာမရှိန်း အခြောက် ဂန်ဒူး ဂျီပုန်း ဆိုပြီးခေတ်အဆက်ဆက်  အမျိုးမျိုးခေါ်ကြပါတယ်။

အခုခေတ်အထာနဲ့ပြောရရင်တော့”ဂေး”ဒါမှမဟုတ် “အပုန်း”ပေါ့။

လှတပတလေးပြောရင်တော့ လိင်တူချစ်သူများပေါ့။

 

ဒီလိုလူတန်းစားတွေအပေါ်မှာ အမြင်အမျိုးမျုးိရှိကြပါတယ်။

ရှေးဘဝက ဝဋ်ကြွေးလို့ ဘာသာရေးအမြင်နဲ့ကြည့်သူလဲရှိ၊

X ဟိုမုန်း နဲ့ Y ဟိုမုန်း ဟိုဟာများလို့ ဒီဟာများဖြစ်ရတာလို့ ဆေးပညာအမြင်နဲ့ကြည့်သူလဲရှိ၊

မိန်းမတွေများတဲ့ မိသားစုကပေါက်ဖွားလို့

အဲလိုစိတ်ရှိတဲ့ပါတ်ဝန်းကျင်ကိုရောက်သွားလို့

ဆိုပြီး ပေါင်းသင်းဆက်ဆံရေးအမြင်နဲ့ကြည့်သူလဲရှိ၊

ဗီဇစိတ်ကိုက ဖြစ်နေတာ ပြုပြင်လို့မရနိုင်ဘူးဆိုတဲ့ အမြင်နဲ့ကြည့်သူလဲရှိဆိုတော့

ကိုယ့်အတွေးနဲ့ကိုယ် သုံးသပ်ကြတယ်လို့ဆိုနို်င်ပါတယ်။

 

ဒီလိုမိန်းမစိတ်ပေါက်နေတဲ့သူတွေကို အမျုးိမျုးိမြင်ကြသလို

သူတို့ကလဲအမျိုးမျိုးအစားစားပါဘဲ။

မိန်းမများတဲ့မိသားစုမှာနေလို့ နုနုရွရွလေးနဲ့ ကိုယ့်ကိုကိုယ်လှတပတလေးဖြစ်အောင်’သ’နေသူရှိတယ်။

ယောက်ျားလေးတွေကိုမှ ဇွတ်လိုက်ပြီး ပရောပရီနဲ့ နေတဲ့သူရှိတယ်။

မိန်းကလေးလိုဝတ်စားထားပေမယ့် ကိုယ့်မာနနဲ့ကိုယ် ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်သူရှိတယ်။

ယောက်ျားလေးကိုကျွေးမွေးပေးကမ်းပြီး သူ့ရဲ့ယောက်ျားလို သဘောထားပြီး ပေါင်းသင်းနေသူရှိတယ်။

ခြောက်လက ယောက်ျားလိုနေ  ခြောက်လက မိန်းမလိုနေ ပြီး ဘဝကို ထက်ဝက်ခြမ်းထားသူရှိတယ်။

ယောက်ျားပုံစံဒေါင်းတိမောင်းတိ နေပေမယ့် လူကွယ်ရာကျမှ မိန်းမစိတ်ပေါက်နေသူလဲရှိတယ်၊

အိမ်ထောင်ရက်သားကျပြီးသားသမီးတွေရှိနေပမယ့် ဆိတ်ကွယ်ရာမှာတော့ လိင်တူခြင်းကို မှ

ှ လိုက်ပြီး မြူဆွယ်နေသူလဲရှိတယ်။

အဲဒီအထဲမှာ တကယ်မခြောက်ဘဲ အခြောက်ဟန်ဆောင်ပြီးစီးပွားရှာကြသူတွေလဲရှိပါတယ်။

အရင်ကလမ်းတကာလည် သီချင်းဆိုပြ ကပြ ပြီး ရှောက်သီးဆေးပြားတို့အချဉ်ထုပ်တို့ရောင်းတဲ့

လူတန်းစားတစ်ရပ်ရှိခဲ့ပါတယ်။

အခုတော့ မမြင်ရသလောက်။

 

အရင်ကတော့ သူတို့လိုလူတန်းစားအတွက်ကအလုပ်ရှားပါတယ်။

နီးစပ်ရာ ဆိုင်တွေမှာအ ရောင်းသမားတို့ အပ်ချုပ်ဆိုင်မှာအကျင်္ီချုပ်တာ

တွေလောက်ဘဲလုပ်ရတာများပါတယ်။

အစိုးရရုံးဌာနတွေမှာ မျက်စေ့လည်ပြီးခန့်ထားတယ်လို့ထင်ရတဲ့တစ်ယောက်စ

နှစ်ယောက်စတော့ ရှိတာကို တွေ့ရပါတယ်။

ဒါကလဲ အတော်ကိုနည်းပါးတဲ့အရေအတွက်ဘဲဖြစ်ပါတယ်။

မြန်မာပြည်က လူအများ ယုံကြည်ကြတဲ့ နတ်ကိုးကွယ်မူ့အလေ့အထရှိနေတော့

နတ်ကတော်လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းလုပ်သူတွေကပိုများပြားပါတယ်။

ဒီလိုတောင်ပြုံးပွဲ တို့ ရတနာဂူပွဲဆိုတာကတော့ သူတို့အတွက်တကယ့် ပွဲကြီးလမ်းကြီးပါဘဲ။

သူတို့လိုလူတွေ တရားဝင်လူစုခွင့်ရတဲ့ ပွဲလဲဖြစ်ပါတယ်။

နတ်ပွဲဆိုတာနဲ့ မိန်းမလျာ ပွဲတွေဘဲ အများစုဖြစ်နေပါတယ်။

အဲတော့ မိန်းမလျာ ဆိုရင် နတ်ကတော်လို့ဘဲ  သတ်မှတ်ထားကြတာများပါတယ်။

အချို့ကတော့ ရုပ်ရှင်လုပ်ငန်းမှာ မင်းသမီးတွေရဲ့တိုးတိုးဖော်တိုးတိုးဖက်လက်စွဲတော်လိုလို

မိတ်ကပ်လိမ်းပေးသူ လိုလို အဖြစ်နဲ့ နေကြသူတွေလည်းရှိပါတယ်။

 

 

လွန်ခဲ့သောနှစ်များစွာကမိန်းမလျာတွေဘဲပါတဲ့  “မိုးကြိုးငှက်ငယ်လေးများ”ဆိုတဲ့

အကအဖွဲ့လေးက ခေတ်စားခဲ့ သလို လူအများကလဲ လက်ခံခဲ့ကြပါတယ်။

ကျနော်အထင်တော့ အဲဒီအချိန်က စလို့ သူတို့လိုလူများအတွက် လူတောထဲ

ဝင်ဆန့်နို်င်ဘို့အခွင့်အရေး ရလာခဲ့တယ်လို့ ထင်မိပါတယ်။

အလှပြင်လုပ်ငန်းတွေခေတ်စားလာတော့အလှဖန်တီးရှင်ဆိုတဲ့လုပ်ငန်းကသူတို့ရဲ့မူပိုင်လုပ်ငန်းလိုဖြစ်လာပါတယ်

လက်ဝတ်ရတနာတွေရောင်းတဲ့လုပ်ငန်းကလဲ ဟိုဟိုဒီဒီဝင်ထွက်ပြီးပြောနိုင်ရောင်းနိုင်တဲ့ဆိုတော့

သူတို့နဲ့မှပိုအဆင်ပြေသလိုလို

အဝတ်အစားဒီဇိုင်းတွေထုတ်တဲ့နေရမှာလဲ သူတို့က စူးရှတဲ့အမြင်ရှိသလို အမျိုးသမီးများအကြိုက်ကို

ပိုသိသလိုဖြစ်နေတော့ ဒီလုပ်ငန်းတွေမှာနေရာရလို့လာပါတယ်။

အလှအပနဲ့ပါတ်သက်တဲ့နေရာမှာ သူတို့တစ်တွေရဲ့ အာရုံက ပိုပြီး ထူးခြားနေတတ်ပါတယ်။

သူတို့က မရှက်မကြောက်နဲ့လုပ်ရဲတဲ့ အစွမ်းသတ္တိလဲရှိကြပါတယ်။

ဒီတော့လဲ ကောင်းမွန်စွာလုပ်ကိုင်ချင်သူအဖို့ နေရာသစ်တစ်ခုရလာခဲ့ကြတာပါ။

အရင်ကထက်စာရင်သူတို့အတွက် အခွင့်အလမ်းတွေပိုလို့ ပွင့်လာပါတယ်။

လူအလှပြင်တဲ့လုပ်ငန်းတွေလဲရှိ

ရှပ်ရှင် ဗွီဒီယိုလုပ်ငန်းတွေမှာ အလှပြင်ပေးရတဲ့လုပ်ငန်းတွေရှိ

မင်္ဂလာအခန်းအနားအလှပြင်တဲ့လုပ်ငန်းတွေလဲရှိ

ပန်းအလှပြင်တဲ့လုပ်ငန်းတွေလဲရှိ

အဝတ်အစားဖက်ရှင်ဒီဇိုင်းထွင်တဲ့လုပ်ငန်းတွေလဲရှိ

အထည်ချုပ်လုပ်တဲ့လုပ်ငန်းတွေလဲရှိ ။

လုပ်ငန်းတွေတစ်စထက် တစ်စများလာတဲ့အခါ

မာမီ အမည်ခံပြီး တပည့်တပန်းတွေနဲ့ တစ်ထီးတစ်နန်းနေနိုင်တဲ့ခေတ်ရောက်လို့လာပါတယ်။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

 

ဟိုးအရင်ကစလို့အခုချိန်ထိကျနော်တို့မြန်မာ့အသိုင်းအဝိုင်းက မိန်းမလျာ တွေကို

သနားစရာလူတန်းစားအဖြစ်သတ်မှတ်ကြသူရှိသလို မုန်းတီးသူများလဲရှိပါတယ်။

ကိုယ့်အမျိုးအဆွေထဲမှာဒီလိုလူမျိုးပါလာရင် အင်မတန်မှကို အရှက်သည်းကြတဲ့သူတွေလဲရှိပါတယ်။

ဒါပေမယ့်သူတို့တစ်တွေကို  လွန်လွန်ကဲကဲ ပြဿနာမရှာသလို နေရာပေးဆက်ဆံခြင်းလဲမရှိကြပါဘူး။

တစ်ဆင့်နိမ့်အနေအထားနဲ့နေခဲ့ကြရတာ တန်ဘိုးထားခြင်းမခံခဲ့ကြရတာအမှန်ပါဘဲ။

အဲတော့  မိန်းမလျာ တွေက ခပ်ကုပ်ကုပ်နဲ့ကွယ်ကွယ်ဝှက်ဝှက်နေကြရတာများပါတယ်။.

သိပ်တော့ ပပလွှားလွှားလုပ်ဘို့လဲအခွင့်အရေးမရခဲ့ပါဘူး။

 

ကျနော်တို့ဆီမှာသာ  ပြဿနာမကြီးပေမယ့် ကမ္ဘာမှာတော့ သူတို့လူတန်းစား

များရဲ့ ပြဿနာကကြီးမားပါတယ်။

လိင်တူဆက်ဆံသူလို့ လူသိရှင်ကြားဖြစ်သွားတာနဲ့တစ်ပြိုင်နက် ရာထူးကဖယ်ရှားခံရတဲ့

အဖြစ်အပျက်တွေရှိခဲ့ပါတယ်။

အဲဒီအထဲကမှ AIDS ဆိုတဲ့ရောဂါဆိုးကြီးက လိင်တူဆက်ဆံသူတွေဆီကနေကူးစက်တယ်

ဆိုတဲ့ကောက်ချက်ပေါ်ထွက်လာတဲ့အခါမှာတော့ အဖိနှိပ်ခံရတဲ့လူတန်းစားအဖြစ်ကူူးပြောင်း

သွားခဲ့ပါတယ်။

အဲဒီအချိန်မှာသူတို့လို တူရာလူတွေစု အဖွဲ့အစည်းတွေထောင်ကြ ဆန္ဒပြကြတာတင်

မကတော့ ဘဲ လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်တဲ့အဆင့်ထိရောက်သွားတဲ့အခါမှာ

တော့ အုပ်ချုပ်သူတွေ ခေါင်းစား ရတဲ့ အနေအထားကိုရောက်သွားပြီး သူတို့ပြဿနာကို

ကိုင်တွယ်နိုင်ဘို့နည်းလမ်းတွေရှာရပါတော့တယ်။

 

ကျနော်တို့ဆီမှာတော့ အခုအချိန်မှာ သူတို့လိုလူတန်းစားက လူမူ့အသိုင်းအဝိုင်းမှာ

ဝင်ဆန့်တဲ့ အနေအထားကိုရောက်ရှိလို့လာပါတယ်။

ဒါကလဲ ဆင်ခြင်နို်င်စွမ်းရှိသူတွေက သူတို့နဲ့ သင့်တော်တဲ့အတတ်ပညာတွေကို

နိုင်ငံခြားထိတောင်သွားရောက်လို့သင်ယူပြီးကောင်းမွန်စွာလုပ်ကိုင်စားသောက်ကြတာ

ကြောင့်ဘဲဖြစ်ပါတယ်။

အရင်က လူကဲ့ရဲ့စရာ နောက်ပြောင်စရာ လူတန်းစားအဖြစ်ကနေ အတတ်ပညာနဲ့

ပါတ်သက်ပြီး လူအလေးစားခံရသလို ပွဲလမ်းသဘင်တွေမှာလဲ တက်ရောက်ခွင့်ရလာပြီး

ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်တဲ့လူတန်းစားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

 

အခုအချိန်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရင် သူတို့ကလဲ လူများစုဖြစ်လာပါပြီ။

သူတို့နှစ်သက်ရာဘဝကို ရွှေးချယ်လို့နေထိုင်တာကတော့သူူ့လွတ်လပ်ခွင့်ပါဘဲ။

လူဆိုတာ ကိုယ်နှစ်သက်ရာပုံစံနဲ့ နေထိုင်နို်င်တာကတော့

မွေးရာပါအခွင့်အရေးတစ်ရပ်ပါဘဲ။

ဘယ်လိုဘဲပြုမူနေထိုင်သည်ဖြစ်စေ ပိတ်ပင်တားဆီးလို့က

တော့ မရစကောင်းပါဘူး။

ဒါပေမယ့် ကိုယ့်နှစ်သက်တဲ့ရွေးချယ်မူ့ကအခြားသူတွေကို အနှောင့်

အယှက်ဖြစ်အောင်ပြုမူလို့တော့မရနို်င်ပါဘူး။

နောက်တစ်ချက်က အခြားသူက မိမိအပေါ်မှာအထင်သေးခြင်းမသေးခြင်းဆို

တာက မိမိရဲ့ပြုမူနေထိုင်ပုံပေါ်မှာလဲမူတည်ပါတယ်။

အဲတော့ လူရာဝင်အောင် လူတန်းစေ့အောင် ဖြစ်လာဘို့က

ဘယ်သူမပြုမိမိ အမူ့လို့ဆိုချင်ပါတယ်။

အဆင့်အတန်းရှိစွာနေချင်တယ်ဆိုရင်တော့ အဆင့်အတန်းရှိတဲ့

အပြုအမူအလုပ်အကိုင်နဲ့ နေနို်င်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

 

ဒါပေမယ့် လိင်တူခြင်းလက်ထပ်ပေါင်းသင်းတာကတော့ သဘာဝတရားနဲ့ဖြစ်စေ

ဘာသာတရားနဲ့ ဖြစ်စေ ၊တရားဥပဒေနဲ့ဖြစ်စေ ချိန်ထိုးကြည့်မယ်ဆိုရင်တော့

လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ယူဆပါတယ်။

ဖိုနဲ့မပေါင်းသင်းနေထို်င်တယ်ဆိုတာ အာသာပြေရုံသက်သက်မဟုတ်ဘဲ

လူသားမျုးိနွယ်ကြီး ပွားများလာဘို့က အဓိကအချက်ပါ။

အဲလိုသာ လိင်တူခြင်းလက်ထပ်မယ်ဆိုရင်ကမ္ဘာကြီးမှာလူသားတွေတစ်စထက်တစ်

နည်းပါးသွားမှာအမှန်ပါဘဲ။

အဲတော့မျုးိဆက်သစ်ဆက်လက်မဖြစ်ထွန်းနို်င်တဲ့လက်ထပ်ပေါင်းသင်းခြင်းကတော့

အနှစ်သာရမဲ့တယ်လို့ဆိုနိုင်ပါတယ်။

မိမိနှစ်သက်တဲ့ပုံစံနဲ့နေထို်င်ပါ။

ဒါက လူတစ်ဦးခြင်းစီရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ်။

ဒီလိုနေတဲ့အတွက်  ဝိုင်းပယ်စရာအကြောင်းမရှိဘူးလို့ ခံယူနိုင်ပါတယ်။

လိင်တူခြင်းလက်ထပ်ပေါင်းသင်းတာကို ခွင့်ပြုဘို့ဆိုတာကတော့

လူသားမျိုးနွယ်ထု တစ်ခုလုံးနဲ့ပါတ်သက်တဲ့ကိစ္စဆိုတော့

အများကြီးစဥ်းစားဘို့လိုပါတယ်။

နို့မဟုတ်ရင် အမျိုးပျောက်မှာ စိုးကြောက်ရပါသည် ဆိုပြီး

ဆိုင်းဘုတ်တတ်နေရမှာစိုးလို့ပါ။

 

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-8-2013

 

 

 

 

16 comments

  • မင်းခန့်ကျော်

    August 26, 2013 at 2:50 pm

    လူတွေရဲ့စိတ်က အလွန်ကျယ်ပြန့်ပါတယ်။ကြီးမားပါတယ်။

    လောဘ မာန သစ္စာ မေတ္တာ ဒေါသ မောဟ ဘာမဆို

    လွတ်ရင်လွတ်သလောက် ပြေးပါတယ်။

    ဒါတွေဒီလောက်လူ့ပါတ်ဝန်ကျင်မှာပြဿ နာတွေ ပြောစရာတွေ

    ဖြစ်လာရတာလဲဆိုတာကလဲ ထိန်းကြောင်းမူ့ ခွင့်ပြုထားမူ့

    မသိလိုက်ဘာသာ နေမူ့ အစအစတွေကြောင့်လဲဖြစ်လာတယ်

    ထင်ပါတယ်။

    ကျနော်တော့ ဆန့်ကျင်ဘက်လိင်စိတ်ဝင်ခြင်းရဲ့ ဆိုးကျိုးအဖြာဖြာ

    ကို လူထုမီဒီယာတွေကနေ မိဘများအချိန်မလွန်ခင် ထိန်း

    ကြောင်းနိုင်ရန်ပညာပေးဖို့ လိုလားပါတယ်။

    ကျနော့်ပါတ်ဝန်းကျင်မှာ ဒီလို ဂေးပေါက်စတွေကို သူတို့မိဘများ

    က စောစောသိပြီး နည်းမျိုးစုံနဲ့ ထိန်းကြောင်းပေးတော့ ခုများဆို

    မိန်းမနဲ့ သားသမီးနဲ့ အဆင်ပြေနေကြပါပြီ။

    စိတ်ကိုအချိန်မှီကြောင်းပေးနိုင်တာကိုး။

    လိင်တူခြင်းလက်ထပ်ဖို့တောင်းဆိုလာရင်တော့

    အရင်ဆုံး၎င်းတို့ရဲ့အုပ်ထိန်းသူများ ၏ဆန္ဒ များသဘောတူ

    ရာခိုင်းနူံန်းနဲ့စဉ်းစားစေချင်ပါတယ်။

    သူတို့ရဲ့အနီးဆုံးတာဝန်ရှိသူတွေကမှသဘောတူကြရင်တော့

    မတတ်နိုင်ဘူးဗျာ။

    အသက် ၁၈ နှစ်အထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဘာတွေနဲ့

    တော့လာမပြောစေချင်ဘူး။ မြန်မာ့ဓလေ့ စရိုက်ကချန်လို့မရဘူး

    ပေါ့ဗျာ။

  • Ma Ma

    August 26, 2013 at 2:52 pm

    ကိုယ့်သဘောနဲ့ဆိုရင်တော့ သူတို့ဘာသာ မိန်းမစိတ်ဝင်တာကို အပြစ်မပြောလိုပေမယ့် …….
    အခြားသူကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုမူပြောဆိုနေထိုင်တာ
    ပတ်ဝန်းကျင်ကို လူအများကို ဒုက္ခပေးတာတွေကိုတော့ ရှုတ်ချတယ်။ 😈

  • ကိုရင်စည်သူ

    August 26, 2013 at 3:08 pm

    ကိုပေါက်ရေ…. သိပ်မှန်ကန်တဲ့ အရေးအသားလို့တော့
    တဆိတ်လောက် ချီးမွမ်းပါရစေ…
    အဲ.. အဲ.. လူသားအရင်းအမြစ်ကို ပြုန်းတီးထိခိုက်အောင် လုပ်မယ့်
    ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်းမျိုးပြုတ်ခဲ့ဒါတွေ မသိလို့များ
    ကျားစစ်စစ်ဒွေကဘာ.. အလိုတူအလိုပါဖြစ်နေတာကတော့…
    ကောင်းပါတယ်… များများခြောက်ကျ…
    ဒါမှ တာမီးလေးတွေ တားတားတို့ အကုန်ရမှာ… :mrgreen:
    စကားမစပ်.. သတင်းတစ်ပုဒ်မှာ နာမည်ကျော် Prison Break ဇာတ်လမ်းတွဲက
    မင်းသား စကိုးဖီလ်ကလည်း ဂေလ်းပါလို့ ဝန်ခံသွားဒယ်နော်…
    အိုဘယ့်.. အသင်လောက… 👿

    • garfield

      August 27, 2013 at 11:35 am

      အမငိ။
      အသီးကွဲပါဘီ သိန်းငှက် ညက်လုံးလေးရယ်… 😥

  • အလင်းဆက်

    August 26, 2013 at 5:50 pm

    လိင်တူချစ်သူများ ကလည်းးစည်းနဲ့ကမ်းနဲ့ချစ်
    လိင်တူချစ်သူကို မုန်းသူများကလည်း စည်းနဲ့ကမ်းနဲ့မုန်း

    လွန်လွန်ကျွံကျွံတွေ မဖြစ်အောင် ထိန်းနိုင်သူများကလည်း ထိန်းးး

    ဒီလိုနဲ့ပဲ
    သူ ့အကန့် ကိုယ့်အကန့်ခွဲ နေထိုင်ပြီး
    လူ့အဖွဲ့အစည်းကောင်းတစ်ခု ဖြစ်ဖို ့
    ချီတက်ရမှာ ပေါ့နော်

    အဟိ ကိုယ်တွေးမိတာလေး ဝင်ပေါတာပါ လေး ပေါက်ရေ

    🙂

    ကိုဂီတော့ အနော့်ကို
    လိင်တူချစ်သူအခွင့်အရေး တက်ကြွ လှ ုပ်ရှားသူ ဆိုပြီး အမည်တပ်ဦးမလား မသိ ။

    အဟိ
    အဟိ
    :kwi:

  • Mr. MarGa

    August 26, 2013 at 6:08 pm

    လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ထားရာကနေ
    သူတို့လည်း လူပါပဲလေ ဆိုပြီးတော့ ပြန်လည် နေရာပေးလာရာက
    အဖုအထစ်တွေ ထွက်လာခဲ့သကိုး
    ဟိုတုန်းကတော့ သူတို့ဟာ သီးသန့် သူတို့ဖာသာပဲ နေကြတာ
    အခုတော့ သူတို့ဘက်ပါအောင် ဆွယ်တာတွေ ရှိလာပြီ ဗျ။
    တကယ်တမ်းတော့
    သဘာဝ တရားကို လွန်ဆန်သလို ဖြစ်နေတာကြောင့်
    ကျွန်တော်ကတော့ အဲသလို လက်ထပ်တာတွေကို လက်မခံဘူး လို့ ပြောချင်မိပါသဗျို့

  • koyinmaung

    August 26, 2013 at 8:03 pm

    ယောက်ကျားလျာ နဲ့စာယင်
    မိန်းမလျာ အရေအတွက်များနေတာကြည့်ယင်
    ယောက်ကျားလျာတွေက မိန်းမဘဝပြောင်းဘို့လွယ်ပေမဲ့
    မိန်းမလျာတွေက ယောက်ကျားဘဝပြန်ပြောင်းဘို့ခက်နေပုံက
    အင်…..တယ်..အရသာတွေ့နေပုံရတယ်နော့……..

  • Ko chogyi

    August 27, 2013 at 8:20 am

    Myanmar Miss Red Ribbon 2009 ကလည်း
    အခြေခံအုတ်မြစ် ဖြစ်သွားပုံရပါတယ်။

  • kyeemite

    August 27, 2013 at 11:25 am

    ကိုရင်စည်သူ says:
    စကားမစပ်.. သတင်းတစ်ပုဒ်မှာ နာမည်ကျော် Prison Break ဇာတ်လမ်းတွဲက
    မင်းသား စကိုးဖီလ်ကလည်း ဂေလ်းပါလို့ ဝန်ခံသွားဒယ်နော်…
    ဒွတ်ခ..ကျုပ်က စကိုးဖီလ် ကြိုက်လို့ ဂျီတော့မှာတောင်သူ့ပုံတင်ထားတာ
    လိင်တူချစ်သူလိုဖစ်နေဘီ… 🙂

  • ခင် ခ

    August 27, 2013 at 12:11 pm

    ကိုမိုက်တို့များ တင်တုန်းကတင်ခဲ့ပြီးမှ အခုမှတော့ ဟိုဝေ့ဒီဝေ့လုပ်မနေပါနဲ့တော့ဗျာ။

  • ဦးကျောက်ခဲ

    August 27, 2013 at 12:40 pm

    ယိုးဒယားမှာ ၁၉၉ဝခုနှစ်ဝန်းကျင်လောက်က…
    ဂေးအထီးတွေချည်းပါတဲ့ တက္ကသိုလ်လက်ရွေးစဉ် ဘက်စကတ်ဘောအသင်းကို…
    မီဒီယာတွေက ဇောင်းပေးပြီး မြှင့်တင်လိုက်တာ…
    ရလဒ်ကတော့ အခုဖြတ်ဖောက်ချုပ်တွေ ပေါ်လာတာပါပဲ…
    ကိုယ့်ဟာကိုယ် ဂေးချင်ရင်ဂေးကြပါ၊ သူတပါးကို မြှူဆွယ်ရင်တော့ ဆောဒီးပါလို့…
    🙂

  • Green Rose

    August 27, 2013 at 12:56 pm

    အင်း.. အမျိုးသားတွေ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးစိတ်ဝင်ကြတာကို မဝင်ကြဖို့ တားလို့မှမရတာ။ သူတို့နှစ်သက်ရာ ရပ်တည်မှုနဲ့ နေထိုင်ဖို့က သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ။
    သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးထက်ပိုပြီး ပါတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်အောင်လုပ်တာမျိုးကိုတော့ လက်မခံချင်ပါဘူး။
    အမျိုးသမီးစိတ်ဝင်နေတဲ့ အမျိုးသားတွေက ယောက်ျားလေးတွေကို ကြိုက်ကြ၊ ချစ်ကြ၊ ပိုးပမ်းကြတာ ပုံမှန်ပါပဲ။
    သူတို့က သူတို့ကိုယ်သူတို့ မိန်းမအဖြစ်ခံယူထားတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စား တော့တာပေ့ါ။
    အဲ….. Green Rose နားမလည်နိုင်ဆုံးကတော့ အမျိုးသားစစ်စစ်ကြီးတွေက ဘာကြောင့်များ အမျိုးသမီးစစ်စစ်တွေကို ကျော်ပြီးတော့ အဲဒီ့ အမျိုးသမီးစိတ်ဝင်နေတဲ့ အမျိုးသားတွေကို ချစ်မိကြ၊ ကြိုက်မိကြ နောက်ဆုံး လက်ထပ်ကြတာမျိုးများ ဖြစ်ကြရတာပါလဲလို့….. :kwi:

    လိင်တူခြင်း လက်ထပ်တာကို ခွင့်ပြုဖို့ မပြုဖို့ဆိုတာကတော့……. Green Rose ကတော့ ခွင့်ပြု သင့်တယ်လို့ ထင်ပါတယ်။
    သဘာဝအတိုင်း မိန်းမစစ်စစ်နဲ့ ယောက်ျားစစ်စစ် လက်ထပ်ကြတာတောင်မှ အိမ်ထောင်ရေးမှာ မသာယာနိုင်ကြတာတွေ အများကြီးပါ။ အဲဒီ့သဘာဝကို လွန်ဆန်ပြီး လိင်တူခြင်း လပ်ထပ်ကြတဲ့ အိမ်ထောင်တစ်ခုမှာ ဘယ်လောက်များ စိတ်ချမ်းသာနိုင်ပါမလဲ။… ဥပဒေက ခွင့်ပြုလို့ လက်ထပ်ကြသည့်တိုင်အောင် ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ သူတို့ ရင်ဆိုင်ရမှာတွေက အများကြီးပါ။ အဲဒါတွေကိုမှ ခံနိုင်ရည်ရှိလို့ လက်ထပ်ချင်သပဆိုရင်တော့ ခွင့်ပြုသင့်ပါတယ်လို့ပဲ….
    (လူတိုင်းမှာ ကိုယ့်ဘဝကိုယ် ရွေးချယ်ပိုင်ခွင့် ရှိသင့်ပါတယ်)

    လေးစားလျှက်

    (Green Rose)

  • Ma Ei

    August 27, 2013 at 12:56 pm

    သူတို့တွေထဲမယ်…
    တင့်တင့်တယ်တယ် လောကကို အလှဆင် ကောင်းကျိုးပြုနေသူတွေလဲရှိ ဆိုတော့
    ပယ်စေသင့်၏ လားဆိုရင်..မသင့်၏။
    ဒါပေမယ့်လဲ…
    မကြားဝံ့ မနာသာ…မတင့်တယ်၊မြင်မကောင်းအောင် အကျည်းတန်စေသူတွေလဲ ရှိပြန်တော့
    လက်ခံကောင်း၏ လားဆိုရင်…မကောင်း၏ ။
    လို့ အမေးအဖြေ လုပ်လိုက်ပါတယ် ….
    😀

    • ခင် ခ

      August 27, 2013 at 1:12 pm

      “ပယ်စေသင့်၏မသင့်၏ လက်ခံကောင်း၏မကောင်း၏” ဆိုတဲ့အပေါ် မအိ အမေးအဖြေလေးမန့်သွားတာ အားကျပြီး ကျွန်တော်လည်း ဖြေလိုက်မယ်ကိုပေါက်ရေ “ နေမြဲ´´

  • kai

    August 27, 2013 at 2:25 pm

    ကမ္ဘာ့လူဦးရေ.. ရဘီလီယန်ကျော်ပြီမို့.. ဒီကမ္ဘာမြေရဲ့.. ပေးနိုင်ထုတ်နိုင်စွမ်းအားနဲ့.. ချိန်ဆတွက်ရင်.. များမကြာမှီနှစ်တွေမှာ.. လူသားတွေရှင်သန်ရေးအတွက်.. အစားအသောက်ပြဿနာတွေတက်တော့မယ်လို့.. ခန့်မှန်းနေကြတယ်တဲ့..
    အဲဒါ…
    စားနေကြ.. ကြက်၊ဝက်၊အမဲသားတွေအစား.. အင်းဆက်တွေကိုပါစားကြဖို့အကြံပေးတာ.. သတင်းထဲနားထောင်လိုက်ရတယ်..
    အဓိကက.. ပုရစ်တဲ့…။ ပရိုတိန်းကြွယ်ဝဆိုလား.. :kwi:

    ပြောချင်တာက…
    လူဦးရေတိုးနှုန်းကျလာအောင်… လုပ်ကြရမှာလည်း.. တပိုင်းလို့ထင်တယ်..။
    ဆိုတော့…
    တရားဝင်ယူလို့ရတဲ့.. လိင်တူလင်မယားတွေ.. မိဘမဲ့.. အဆင်မပြေ… ကလေးတွေ.. မွေးစားကြမယ်လို့… ထင်တယ်..
    တွေ့လည်းတွေ့နေ..ကြားနေရပြီ…

    လိင်တူချင်းတရားဝင်မင်္ဂလာဆောင်တာ.. အားပေးကြောင်း.. :mrgreen:

  • အရီးခင်

    August 27, 2013 at 3:38 pm

    အရင် မိုးကြိုးငှက်ငယ် လေးများထဲ မှာ တစ်ယောက်၊ နှစ်ယောက် က တကယ် ကို ချောတာ အဟုတ်ဘဲ။
    ဒါပေမဲ့ အဲဒီ သူတွေက လွဲလို့ မြန်မာပြည်က ဂေး တွေ အားလုံးနီးပါး ရဲ့ မျက်နှာ၊ ဇလုပ်၊ ကိုယ်ခန္တာ၊ အသားအရည် ဘယ်လိုမှ မိန်းမ နဲ့ မတူတာအမှန်ပါ။
    ကျားကြီးတွေမှန်း သိသာပါတယ်။ အဲလို လူကြီးတွေက နွဲ့ နေတာမို့ ကြည့်မကောင်းတာအမှန်ပါ။

    ယိုးဒယားမှာ ဂေးပွဲ ကြည့်ဖူးတယ်။
    တကဲ့ မိန်းမ တွေထက်တောင် လှ တာအမှန်ဘဲ။
    သူတို့ အသားအရည်၊ မျက်နှာ၊ ခန္တာ မယုံနိုင်အောင်ဘဲ။ ဇလုတ်တောင် မရှိကြဘူး။
    အဲဒါမျိုးကျ ကြည့် ကောင်းသေးတော့။
    တစ်ချို့ တွေ ကျားကြီးမှန်းသိရက် တကယ်ကြွေကြတာ။
    ဒါမျိုးမှာ ထိန်းချုပ်မှုအား နည်းရင် ပေါင်းကြဖို့ ဝန်မလေးဘူးပေါ့။

    တကယ်ပင်ကိုယ်စိတ် ကို က ဂေး နေသူတွေ ကိုတော့ အတင်း ပုံပြောင်းဖို့ မလွယ်ပါဘူး။
    အဲဒီ ဂေး တွေ ကို အသုံးချ နေသူတွေ က ပိုကြောက်ဖို့ကောင်းမယ် ထင်ရဲ့။
    ဒါပေမဲ့ သူတို့ အချင်းချင်း တကယ် မေတ္တာမျှ လဲ ယူ ပါစေ။ ဘာဖြစ်လဲ။
    သူတို့ လို လူတူချင်း၊ စိတ်တူချင်း မို့ ပိုပြီး တစ်ခြားသူကို ယူတာထက် ပိုပြီး နားလည်ပေးနှိုင်မှုရှိ မှာလို့ တွေးမိလို့ပါ။
    အများပါတ်ဝန်းကျင် ကို အနှောက်အယှက် မပေးရင်ပြီးတာဘဲ။

Leave a Reply