ကေဇီ စွံချက် ၁ မှ ၁ဝ နဲ့ အချို့ အလွဲများးးးးး

ဇီဇီAugust 27, 20131min27548

အလွဲ ဆိုလို့ ကိုယ့်ဘဝ လွဲတာတွေ များလွန်းလို့ ဘယ်က စ လွဲရမှန်း (အဲလေ) ဘယ်က စရေးရမှန်းကို မသိဘူးဗျ။

 

မမွေးခင် အမေက အိပ်မက် မက်သတဲ့။

ဘာတဲ့ ဆင် အထီးတဲ့ဗျာ။ အဲလာ ထုံးစံ အတိုင်း ထင်ရာမြင်ရာ ဗုဒ္ဓဟူးသားကြီးထွက်လာမယ်မှတ်တာ။

အင်္ဂါသမီး တဲ့။

မှတ်မိလောက်တဲ့ အရွယ် ကျောင်း စ နေတော့ သူငယ်တန်းးး စစ်ကိုင်းမှာ ကျောင်းစထားတော့……..

ကျောင်းမှာ ကောင်မလေး တစ်ယောက် က တစ် တန်းက။

ကိုယ့်ကို တွေ့တာနဲ့ လိုက်ဖက်နမ်းတာ။ မှတ်မိသလောက် အတော်စိတ်ညစ်တာ။ အခန်းအပြင်လည်း မထွက်ရဲဘူးးး။

ရန်လည်း မဖြစ်ရဲဘူးထင်တယ်။ မုန့်တန်းတွေ့ရင်လည်း ပါးလိုက်ဖဲ့တာတို့ဘာတို့ လုပ်တာ။

စိတ်ညစ်လွန်းမက ညစ်တော့ ဆရာမ တိုင်မိတယ်လားးး၊ အိမ်ကို ပြောမိလားမသိဘူးးး

အဲ့ ကောင်မလေးကို မေးတော့ “ဒီ ကောင်လေးက ချစ်စရာလေးမို့” တဲ့ဗျာ။ (ကေဇီတို့က အဲလို စွံတာပါ။)

အဲတုန်းက ဒီလို ယူနီဖောင်း အပြည့်အစုံတောင် ဟုတ်သေးဘူးးး။ အိမ်က ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီ၊ ဝေ့စကုတ်လေးနဲ့ ဆင်ထားတာကိုးးး။

ဆံပင်က ဘာကေတုန်း သိလားးး

ကာတွန်း သော်က ရဲ့ အရိုင်း ကေ တဲ့ အရပ်ကတို့။ ရပ်ကွက်ထဲက အရိုင်းရေ၊ အရိုင်းရေ လို့ ခေါ်သတဲ့။ ပြာဂလောင် ပြာလချောင်မဖြစ်တာ တော်သေးမှတ်ရမယ်။   😀

 

၈ တန်းလောက် ကျတော့ ကြက်တောင် ကျောင်းလက်ရွေးစင်ဖြစ်ပါတယ်။ အလယ်တန်းကျောင်းမှာပါ။ မြို့နယ်အတွက် ရွေးတဲ့ ကျောင်းပေါင်းစုံ ပွဲမှာ ရိုက်တော့ ပြိုင်ဘက်ကောင်မလေးက အထက်တန်းကျောင်းက ပါ။

ကျောင်းအုပ်ကြီးသမီးလို့ ပြောတာပဲ။

သူရှုံးတယ်လေ။ ဒါပေမဲ့ မြို့နယ်ကိုယ်စားပြု မှာ အတူတူပါလာပါတယ်။

ဟုတ်ကဲ့။ ထူးတာက သူက ယောင်္ကျားလျှာပါ။ ကေဇီကို ကြိုက်လို့ ဒီ ခရီးစဉ်မှာ ရအောင်ယူမယ်လို့ ရပ်သိရွာသိ ကျိန်း လို့ ဒီ ခရီးစဉ်ကို အိမ်က မထည့်ပါဘူးးး (စွံချက်များးးးးးးး)။။  :mrgreen:

 

၉ တန်း၊ မန်းလေးကျောင်းတက်တဲ့ အချိန်မှာ အဲလို အချစ်တော်တွေ သိပ်ခေတ်စားပါတယ်။ အစ က မသိပါဘူးးး။

လူကလည်း အလိုလိုက်တဲ့ အဖေအမေနဲ့ခွဲနေရ၊ အဖိုးအိမ်မှာနေရပြီးး အဒေါ်တွေ ရှိတဲ့ ကျောင်းမှာနေရတော့ လိမ်လိမ်မာမာပေါ့လေ။ စာကြိုးစားတယ်ပေါ့။ စာကြမ်းပိုးပေါ့။ အဲလို ပုံစံပါ။

အဲလာနဲ့ သိပ်မကြာခင် ကေဇီသဘောကျတဲ့ ပုံစံနဲ့ ကောင်လေးတစ်ယောက် အတန်းရှေ့ကို လာလာကြည့်ပါတယ်။ လူက စာသာကြည့်နေတာ ဒါတော့ အသိသားကလားးး။

စိတ်တွေ လှုပ်ရှားးး ချွေးတွေ ပြန်ပေါ့လေ။   😛

အဲဒါ တစ်ပတ်လောက် ကြာတော့မှ သိတယ်။

သူ့ညီမ က ကေဇီ ကို သဘောကျတယ် ပြောလို့ လာလာ ကြည့်သတဲ့။ ဒင်းတို့ မောင်နှမ ၂ ယောက်ကို စိတ်နာချက်များတော့ ပြော ပြောချင်တော့ပါဘူးးး။ အဲလောက် စွံ တဲ့ ကိုယ့်ဘွကိုလည်း အသီးနာပါရဲ့ ပိတ်သတ်ကြီးရယ်။

😥

 

အဲလာနဲ့ ၁ဝ တန်းမှာ စာကို ကြိုးစားးးး (အဟွတ်) တက္ကသီလာကြီးကို သွားရတော့ ကျောင်းစတက်ကတည်းက ဆံပင် အတိုလေးဟာ ဘီအီးပြီးတဲ့ထိ အတိုလေးပါပဲ။

မိန်းမ ဆန်ဆန်ကလည်း မဝတ်တတ်တော့ ဘာပုံပေါက်နေလည်း စဉ်းစားကြည့်ကြပါတော့။

မျက်နှာပေးကလည်း ရိုက်ပေါက်ပါ။ အဲတုန်းက။

 

ကွကိုယ်တော့ မသိဘူးဗျ။ သူငယ်ချင်းကောင်မလေးတွေကလည်း အတော်ချစ်ကြပါတယ်။

ဒါပေမဲ့ ကိုယ်နဲ့ တွဲနေတုန်းဆို သူတို့ကိုလိုက်မဲ့သူမရှိ။

ကိုယ် က အမေအဖေရှိတဲ့ နယ် ကို တစ်ခေါက်ပြန်တိုင်းး သူငယ်ချင်းတစ်ယောက်စီ က ရည်းစားရပါတယ်။

ကိုယ် ကတော့ သတိမထားမိခင် ကိုယ်နဲ့တွဲနေတဲ့ ဒီ တစ်ယောက်ရ နောက်တစ်ယောက်ပြောင်းပြီး တွဲတာပေါ့။

တကယ်ပါ။ ၂ ယောက်ကနေ ၃ ယောက်ကျ သိသာလာလို့ “ငါ နယ်ကို မပြန်ရဲတော့ဘူး” လို့ “ပြန်တိုင်း နင်တို့ တစ်ယောက်ပြီးတစ်ယောက် အကောင်တွေနောက်ပါကုန်တယ်” လို့ ပြောမိတော့လည်း ရီ ကြပါတယ်။

ဖြစ်ပုံက ကိုယ့်ပုံစံက လွှမ်းမိုးတဲ့ ပုံပေါက်တယ်ထင်တယ်။

ကိုယ့် အချစ်တော်ကို ကိုယ်ရှိတုန်း မဝင်ရဲတဲ့ ပုံစံမျိုးတွေပါ။ ဒါမဲ့ ကိုယ်တွေက အချစ်တော်လည်းမဟုတ်။ ကျောင်းတက်ကာစက တက္ကသိုလ်တက်တာ ရည်းစားရှာဖို့ မဟုတ် ဘာညာသာရကာ လေကြီးလေကျယ်က ပြောမိသကိုးးးး။။

ပြီးတော့ ကိုယ့် အကြောင်းသိမှ ပြန်ပြောကြတာ အဲ့တုန်း က ကိုယ့်ကို အတော်ချဉ်တယ် ဆိုပဲ။

အဲလာနဲ့ နောက် ဘာမှ မပြောရဲ၊ မပါရဲတော့ပဲ လွှတ်လိုက်ပါတယ်။   😀

 

နောက် တတိယ နှစ်မှာ ဇော်သန့်က ဆေးကျောင်း ပထမနှစ် ကိုယ့် ကျောင်းကို လာလည်ပါတယ်။

ကိုယ်ကလည်း ကိုယ့်မောင်လေးနဲ့သူငယ်ချင်းတွေ လာမယ်ပေါ့။ သူ့ သူငယ်ချင်းတွေထဲမှာ ငယ်တုန်းကတည်းက ကိုယ်တွေနဲ့ အရမ်းရင်းနှီးတဲ့ မောင်လေးတစ်ယောက်လည်း ပါပါတယ်။

သူနဲ့ကိုယ်နဲ့က မျက်နှာဝိုင်း ရုပ်ချင်းကလည်း ဆင်သေးတယ်။

အဲ့ဒီ မောင်လေးနဲ့ က စကားပြောမိရင် ရေပတ်မဝင်တော့ သူ့ကို ကိုယ့်မောင်မှတ်ပြီးးး ဇော်သန့်ကိုတော့ မောင်လေးသူငယ်ချင်းမှတ်ပြီး မမတွေက စ ကြပါတယ်။ ကိုယ်က ကိုယ့် မောင်ကို တိုမှန်းသိတော့ မောင်လေးကို မစ ပဲ ကျန်တဲ့သူကို စ ကြတာပါ။

ဇော်သန့်က မျက်နှာသွယ်မို့ ဘယ်သူ့မှ ကိုယ့်မောင်လို့ မထင်။ သူက စကားကလည်း အင်မတန်နည်းပါတယ်။

နောက် ကျောင်းကို ဘယ်လောက် ခေါ်ခေါ် မလာတော့ဘူးးး ဟီးဟီးးး

ခုတော့ ဂလောက် ပဲ ထောင်းပါရစေ။

နောက်မှ ဒီ ရောက်ပြီး လွဲတဲ့ အလွဲတွေ ပြောပါဦးမယ်လေ။

 

 

.

.

.

.

 

.

.

.

.

.

ဂယ်ကြီး မှတ်ကြနဲ့နော်။

ဒီနေ့ ရွာမှာ ပို့ အသစ် အများကြီး မရှိလို့ လျှောက်ရေးပြီး တင်လိုက်ရတာ။

ခွိခွိခွိ    😀

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

48 comments

  • GARFIELD

    August 27, 2013 at 2:34 pm

    အော်… အခုတော့လဲ… ခရေကောက်မြဲပါလေ… ဟိဟိ

    ခင်မင်လျက်-
    ဂါဂါးကြီး

    • garfield

      August 27, 2013 at 2:43 pm

      ခရေပင်အောက်က ပိတောက်ချစ်သူရယ်ပါလေ။ 😀

  • Crystalline

    August 27, 2013 at 2:39 pm

    ငယ်တုန်းကစွံသလို..အခုတစ်လောလည်းတော်တော်စွံတယ်နော်.. :hee: ချစ်လို့စတာနော်.. စိတ်အဆိုးရဘူးနော်. 🙂

    • garfield

      August 27, 2013 at 2:42 pm

      စိတ်မဆိုးဘူးဗျ။
      ခရစ်(စ) ကွန်တက်သိလားလို့ ကျုပ်ကို လာမေး၊လို့ ကျုပ်ကလည်း သိချင်နေတာလို့ ပြန်ပြောမိလို့
      ကျုပ်ကို ခရစ်(စ) ကို ကြိုက်နေတာလားတဲ့ မေးခံလိုက်ရတယ် ကွဲ့။

      တိန်!!!

      :mrgreen:

  • ဦးကျောက်ခဲ

    August 27, 2013 at 2:40 pm

    ဒေါ်ကေဇွီ ့ ပါးကိုလိုက်ဖဲ့ ချင်မှာပေါ့ ဘာဂါ ၂လုံးငုံထားတာကိုး…
    ဟီ ဟိ… အဲသည်တုန်းက ယောက်ျားလျာနဲ့ အကြောင်းပါရင်…
    ရွာထဲမှာ အခုဆို လိင်တူချစ်သူ ဇာတ်လမ်းတွေ ဖတ်ရပြီ… အား ဟိ
    😀

    • garfield

      August 27, 2013 at 2:46 pm

      အွန်။
      ပြောရက်ပါ့၊.

      ဟိဟိ။
      ခု လှုပ်ရှားလိုက်ရမားးးးး

      😀

  • ခင် ခ

    August 27, 2013 at 2:50 pm

    အမလေး ဖတ်လာတာကောင်းမိကောင်းရက်နဲ့ ပိုစ့်ဆုံးခါနီးမှ “ဂယ်ကြီး မှတ်ကြနဲ့နော်။
    ပို့(စ) အသစ်မရှိလို့ လျှောက်ရေးပြီး တင်လိုက်ရတာ။´´ လို့ဖတ်လိုက်ရရော ကေဇီတို့များ တယ်ဟုတ် ပါလား စွံလှချည်လား ဖတ်ရင်းငါတွေးမိလာခဲ့တာလည်း လွဲပါပေါ့လို့။

    • garfield

      August 27, 2013 at 2:54 pm

      ဟီးးးး
      တကယ် စွံတာတွေ ရေးလိုက်ရင် မျက်စိပြူးသွားကြမဆိုးလို့။

      အဟိဟိ။
      မျက်စိ စွံ တာပြောပါတယ်။

      :mrgreen:

  • အရီးခင်

    August 27, 2013 at 2:54 pm

    အရီး က မိန်းကလေး ကျောင်းထွက်နော်။
    မွေးချင်းတွေက ကျားတွေချည်းဘဲ။
    ဇာတ်လမ်းတွေ မဖွချင်တော့ဘူး။
    ညည်း တော့ တွေ့ရင် ဖက်နမ်းခံရတော့မယ်။
    😉

    • garfield

      August 27, 2013 at 2:58 pm

      အဟီးဟီးးးး
      ဒီရွာထဲ က ဘယ်သူ့ ဇ မှ အထင်မသေးရဲပါဘူး အရီးရယ်။

      ကျနော် မိန်းကလေးကျောင်းမနေဖူးဘူးးး
      အဲလို ကံကြောင့် မန်းလေးကျောင်းမှာတက်တော့ မိန်းကလေးကျောင်း မရွေးပဲ။
      မိန်းကလေးကျောင်း (၄) နဲ့ (၈) ကြားက (၁၁) မှာပဲ ရွေးထားကြတာ။
      ဒါကို မလွတ်တာ။ ကတောက်!!!

      😀

      • အရီးခင်

        August 27, 2013 at 3:09 pm

        နောက် အလွဲ တွေ ကို မျှော် နေသနော်။ 😛

  • အလင်းဆက်

    August 27, 2013 at 3:05 pm

    ကျွန်မနှင့်အလွဲများပေါ့နော်..။

    ဖတ်ပြီး….ပြုံးစိစိလုပ်သွားပါကြောင်းးးး
    :kwi:

    • garfield

      August 27, 2013 at 3:08 pm

      ဟွန့်။ သူ က ကဖိုးစွံဆိုတော့ တူညားကို လှောင်တဲ့ သဘောပေါ့လေ

      :kwi:

  • Mr. MarGa

    August 27, 2013 at 3:06 pm

    ဪ………..ဪ…
    စွံတာမှ အဲသလိုကို စွံသကိုး
    အခုလဲ အစွံလွန်ပြီး ပတ် ပုန်းနေတာလား ပြော
    စာမလာ သတင်းမကြား နဲ့
    ဘယ်သူ့ လက်ချက်ပါလိမ့်နော်…
    :mrgreen:

    • garfield

      August 27, 2013 at 3:09 pm

      အဲလာ ပေါ့။
      နာ ပြေးရင် ဖမ်းလို့ မမိနိုင်ဘူးဆိုတာ လက်တွေ့ပြတာ။
      ဝရဇိန်လည်း မကြောက်ဘူးးးး

      :mrgreen:

      • Mr. MarGa

        August 27, 2013 at 6:02 pm

        အွန် ဂလိုပေါ့လေ
        အင်း…အင်း
        တွေ့ကြသေးတာပေါ့ :kwi:

  • Wow

    August 27, 2013 at 3:49 pm

    နာလက်ထပ်ခွင့်တောင်းလိုက်ကထဲက ဟန်ဘာဂါနှစ်လုံးငုံပြီးပျောက်သွားတာ…. မပြေးနဲ့ မိဘီ :mrgreen:

    • garfield

      August 27, 2013 at 3:51 pm

      အဟွတ်။
      မိသွားပြီ။
      စီလင်းဒီယွန် ကို မချစ်ရဲတဲ့ ဘွမို့ပါ။
      ဟိဟိဟိ

      :mrgreen:

      • Wow

        August 27, 2013 at 4:40 pm

        နာမယ်ဖျက်တဲ့ ဂဏန်းကို ရေနွေးအိုးပေါ် နှစ်ခေါက်ဖြတ်လျှောက်ခိုင်းမယ် :mrgreen:

  • kyeemite

    August 27, 2013 at 4:00 pm

    ကေဇီကဗျာလွတ်ရဲ့ အလွဲလေးတွေဖတ်ပီး ပြုံးမိတယ်
    အလွဲလေးတွေဆက်ပါအုံးနော… 😀
    ရွာထဲချောက်ကပ်နေတာတော့မပြောပါနဲ့ဗျာ
    ကွန်မန့်တောင် ပေးသူနဲလာတယ်…
    အားလုံးဖွဘုတ်ပေါ်မှာပဲနေကြထင်ရဲ့…

    • garfield

      August 27, 2013 at 4:09 pm

      ဟုတ်တယ်ဗျ။
      တဂျီးတော့ ပလိုမိုးရှင်းလုပ်သင့်ပြီ။ 😀

      တခုခုပေါ့။
      မာကက်တာတို့။ ပလိုမိုတာတို့ ကြံကြပါဦးးးး
      ကိုယ်တိုင်စွံရာစွံကြောင်းတွေချည်းမကြံနေကြပါနဲ့။
      :mrgreen:

      • Min Zarni

        August 27, 2013 at 4:31 pm

        အားဘူး
        ပက်ကညောမလေးကိုအချိန်ပေးရအူးမယ်.
        ဒချိ ဒချိ

  • Ma Ei

    August 27, 2013 at 4:21 pm

    နေ့တစ်ဝက်လောက် စိတ်တိုနေတာ
    ခုမှပြုံးရတော့တယ်ကွာ…
    နောက်ထပ်လွဲတာလေးတွေ
    မျှော်ဦးမှ… :kwi:

    • garfield

      August 27, 2013 at 4:27 pm

      ဟီးဟီးးး
      ချစ်သော မွအိ ပြုံးသွားနိုင်ရင်ကို ဒီနေ့ အားချင်းရေးတင်ရကျိုးနပ်ပါ့။
      :kwi:

  • Ma Ma

    August 28, 2013 at 8:34 am

    ဂယ်ကြီး မှတ်ကြနဲ့နော်…….
    ဆိုတော့ ရေးလည်းရေးတတ်ပါ့လို့။

    နောက်မှ ဒီ ရောက်ပြီး လွဲတဲ့ အလွဲတွေ ပြောပါဦးမယ်လေ……
    ဆိုတော့ စောင့်မျှော်နေပါကြောင်းးးးးးးးး 🙂

    • garfield

      August 28, 2013 at 8:42 am

      အဖြစ်မှန် နည်းနည်းတော့ အခြေခံထားပါ တယ် ချစ်မမ။
      ခွိခွိ :kwi:

  • မဟာရာဇာ အံစာတုံး

    August 28, 2013 at 10:25 am

    လွဲ လွဲ လေးပဲ ကောင်းပါတယ် ….
    စိတ်ကျေနပ်ရင် ပီးဘီ ကောင်းဒါဘဲ ..
    လိုအပ်ရင် ရူးလိုက်အုံး …. အိုးဟိုးးး

    စိတ်သာရှင်စော ဘုရားဟော .. ဒဲ့ .. (သတ်ပုံမှန်ဒလား မတိ)
    ဘာဒွေ ဘီလို ဖစ်ဖစ်ဘာ မမကေဇက်ရာ …
    စိတ်ချမ်းသာနေရင် ပီးဒါဘာဘဲ ….
    ဟုတ်ဝူးလားလို့ …

    • garfield

      August 28, 2013 at 11:07 am

      နာ့ကို လွဲလွန်းမက လွဲရာက ရူးခိုင်းနေပြီပေါ့လေ။
      ခုတော့လဲ……. 😥

      နာ လည်း နဂိုကတည်းက အကောင်းတော့ မဟုတ်ပါဘူးးးး

      :kwi:

  • Nay Chi

    August 29, 2013 at 9:10 am

    မွေးကတည်းက လွဲလာမှတော့ ဘယ်တော့မှ တည့်မလဲ ဂါဂါရယ်..။ တည့်ချင်တဲ့အချိန်ကျ တလွဲလေးတွေ လျှောက်လုပ်လိုက်တော့…။ 😛 😛

    ဂါဂါနော်… ခုတလော နောက်ကြောင်း ပြန်ပြန်လှည့်နေတယ်..။ မပြောချင်ဘူးးးး 😛 😛

    • garfield

      August 29, 2013 at 9:13 am

      ပြန်လှည့်စရာ ဒီနောက်ကြောင်းပဲရှိတာကိုးးးးးး ခြည် ရယ်။
      😀

  • Shwe Ei

    August 29, 2013 at 1:11 pm

    လိင်တူချစ်သူ ကိစ္စကတော့ တော်တော်လေးအလှမ်းဝေးတဲ့အထဲမှာပါတယ်

    ကြားဖူးနားဝဘဲရှိတာ

    ဘာပုလို့လဲဆိုတော့ သများက ငယ်ငယ်ထဲက ကောင်လေးချောချောမြင်ရင် အော်ရီဂျင်ဒယ် လိုက်ငမ်း

    အဲလေ လိုက်ငေးတတ်တာ…ခိခိ (အခုထိလဲ အိုက်ဂလိုဘဲ..ဟိ)

    သို့သော် အမျိုးထဲက အန်တီအပျိုရီးတေကတော့ အချစ်တော်ကိုယ်စီနဲ့အိုခီ နေကျတယ်ဗျာ (ဆန်းပါ့)

    ငယ်ငယ်က သိပ်ကြောက်ရတဲ့ အပျိုရီးတေကို အိုက်ဂလို အချစ်တော်တေနဲ့တွေ့တော့ ဘီလိုရီးမှန်းကို

    မသိဝူး

    သို့သော် ဂဂျိုးဂဂျောင်တော့မပြောရဲဝူး…အခုထိလက်သံပြောင်တုန်း :mrgreen:

    • KZ

      August 29, 2013 at 1:23 pm

      ဟုတ်တယ်။
      ကိုယ့် စိတ် အတိုင်းဆို အတော်အလှမ်းဝေးတယ်။။ သဘောမကျသလိုပဲ။
      မိန်းကလေးချင်းချစ်တာကို လုံးဝလက်ခံပါတယ်။
      ဒါမဲ့ ယောင်္ကျားစိတ်ပေါက်ပြီးချစ်တာမျိုးကို လက်ခံဖို့ ခက်တယ်။
      ဒါနဲ့တောင် ကျုပ်ကို အမြဲစွပ်စွဲကြတယ်။
      အနေမတတ်ချက်!!!

      😀

    • GARFIELD

      August 30, 2013 at 11:32 am

      သူတို့လဲ ကြည့်ရတာ… မရရတာနဲ့… အစားထိုးကြတယ်ထင်ပါ့…

  • nozomi

    August 29, 2013 at 3:10 pm

    စွံတဲ့ ဆေး
    စွံတဲ့ နည်း ကလေး များ ဝေမျှ မပေးချင်ဘူးလား

    • KZ

      August 29, 2013 at 3:21 pm

      ဘယ်လို စွံချင်တာတုန်းးး
      ကေဇီ လိုဂျီး စွံချင်တလားးး
      😀

  • ဦးကြောင်ကြီး

    August 30, 2013 at 9:06 am

    ဇော်သန့်
    ယောက်ဖ
    ပေါ်ဆန့်
    တောက်ပ
    ညှော်နံ့
    ကြောက်ရ
    စော်လန့်
    သောက်ဂွ..

    • KZ

      August 30, 2013 at 9:17 am

      ဟမ်။
      ဇော်သန့် ကို ယောက်ဖလို့ ခေါ်သွားပါလားးးး
      ကြောင်ရဲ့ ညီမလေး ကြောင်မလေးကို ပေးမို့လားဟမ်?? 😀

  • ကျော်စွာခေါင်

    September 1, 2013 at 3:53 pm

    ကေဇီက
    နှစ်ဖက်စွံ ပေါ့လေ…
    မျက်လုံးလေးတွေကတော့ ရိုးသားပြီး လှတယ်လို ့ မြင်ပါတယ်…
    လူပြောများတဲ့ ပါးလေးကိုတော့ မမြင်ဘူးပါ

    • KZ

      September 1, 2013 at 4:08 pm

      အဟွတ်။
      အဟမ်းးးးး
      ဟီးဟီးးး ဝမ်းသာလုံးဆို့ပြီး ကော်မန့်ရီပလိုင်းချက်ချင်းမလုပ်နိုင်ဘူးဖြစ်သွားတယ်။
      :mrgreen:
      ခွိ။
      ပါး ကလည်း အဲလူဂျီးတွေ ပြောသလောက် မဆိုးပါဘူးဗျာ။
      ဟမ်ဘာဂါမငုံရပါဘူးးး
      ချိုချဉ်လောက်ပါ။ 😀

      • TNA

        September 1, 2013 at 4:45 pm

        နာ့စိတ်ထင်တော့ ဘဲဥလောက်ပါပဲ

        • KZ

          September 1, 2013 at 4:52 pm

          ဘဲဥ က ကြော်ပြီးသားနော်။
          အလုံးလိုက်ဟုတ်ဝူးးးးး
          😀

  • TNA

    September 1, 2013 at 4:43 pm

    ဟီဟိ သူ့ညီမကြိုက်လို့လာကြည့်တာဆိုတဲ့အလွဲကို သဘောအကျဆုံးပဲ။ အားရပါးရရီပလိုက်တယ်။ အာဟိ

    • KZ

      September 1, 2013 at 4:53 pm

      အွန်။
      ခုချိန်တော့ ရီနိုင်ပါတယ်။
      အဲ့တုန်းကတော့ အပီ ကြေကွဲတာပေါ့။
      :kwi:

  • Crystalline

    September 2, 2013 at 9:27 am

    ဒီပုံဘယ်တုန်းကထည့်လိုက်တာတုန်း မမကေဇီရဲ့..အရင်တခါတုန်းက မမြင်မိပါဘူး.. :mrgreen:

    • KZ

      September 2, 2013 at 9:56 am

      အန်။
      ကြာပါပြီကွယ်။
      တဂျီး က အဘာတာ ပုံတွေ ကြီးလိုက်လို့ ပါ ခရစ်(စ) လေးရယ်။
      စ မြင် ခါစက ကွကိုယ် လန့်သွားတယ်။

      😀

  • cobra

    September 2, 2013 at 2:53 pm

    စွံချက်က 9 လောက်ရှိတယ်
    ကောင်လေးလာကြည့်တာကိုအကောင်းထင်နေတာ
    ဟိုက သူ့ညီမအတွက်လာကြည့်တာတဲ့
    😀

    • KZ

      September 2, 2013 at 2:59 pm

      တူညား အသီးကွဲတာကို ရီတဲ့သူ အတော်များပါလားးးး

      :mrgreen:

Leave a Reply